ကမ္ဘာပထမဆုံး 100W Output ထွက်တဲ့ Power Bank ကိုမိတ်ဆက်

နည်းပညာတွေမြင့်မားလာတဲ့နည်တူ ဖုန်းတွေမှာ Displayနည်းပညာသစ် ၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Chipsets တွေ သုံးလာကြပေမဲ့ တစ်ကယ့်တစ်ကယ်တန်းမှာတော့ Battery Capacity ပိုင်းနဲ့ ပတ်သတ်လာရင် တိုးတက်မှုနှုန်းကအရမ်းနှေးတယ်လို့ ပြောရမှာပါ။ များသောအားဖြင့်ဖုန်းတွေမှာ Battery Capacity ဟာ 3500 mAh ကနေ 5000 mAh အတွင်းမှာရှိကြသလို ဖုန်းမိတ်ဆက်ပွဲတိုင်းမှာတော့ Battery Capacity တွေဟာ ဒီဝန်းကျင်တွေပဲဖြစ်ကြပြီး Charging Rate တွေကတော့ တိုးတက်လာတာကိုသတိထားမိကြမှာပါ။အဲ့အတွက်လည်း ကျွန်တော်တို့ လို Power User တွေအနေနဲ့ Power Bank ဆိုတာ Daily life ရဲ့  Essential တစ်ခုလို ဖြစ်လာပါတယ်။

Image Credit:Gizmochina
ဒီနေ့ မှာတော့ Hyper ကုမ္ပဏီကနေ Hyper Juice လို့ နာမည်ပေးထားတဲ့ Power Bank အသစ်တစ်မျိုးကိုမိတ်ဆက်ပေးလိုက်ပြီး USB Type C ကနေတစ်ဆင့် 100W ထိ Power Output ကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။USB Type C ပေါက် ၂ပေါက်ပါဝင်လာတဲ့ Hyper Juice မှာတော့ တစ်ပေါက်ကနေ 100W ထိ Output အသုံးပြုနေချိန်မှာတစ်ပြိုင်တည်းတစ်ခြားဘက်ကနေ 60W ထိကို output ကိုအသုံးပြုနိုင်ဦးမှာပါ။ Hyper Juice မှာသဘောကျဖို့ ကောင်းတာတစ်ခုက USB Type C ပေါက်ကို Power Charge Support ပေးထားတဲ့ Smart Phone , Laptop တွေအပြင် Apple ရဲ့  MacBook Air နဲ့  MacBook Pro တို့ မှာအသုံးပြုနိုင်မှာဖြစ်ပြီး Standard USB Port အဖြစ် 18W Output ကိုလည်း Support ပေးထားပါသေးတယ်။ Battery အနေနဲ့  27000mAh ပါဝင်မှာဖြစ်ပြီး ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ Macbook Pro တစ်လုံးကိုအားအပြည့်သွင်းဖို့ လုံလောက်တဲ့ ပမာဏလို့ ပြောထားသလို ခရီးတွေဘာတွေသယ်ဆောင်ရန်အတွက်လည်း Airline တွေကခွင့်ပြုပေးထားတဲ့ပမဏအတွင်းမှာရှိအောင် 27000 mAh ကိုအသုံးပြုပေးထားတယ်လို့ သိရှိရပါတယ်။ Power Bank ရဲ့ အရွယ်အစားကတော့ 164.33 x 77.15 x 25 mm ရှိမှာဖြစ်ပြီး အလေးချိန်အနေနဲ့  661g ရှိမှာဆိုတော့နည်းတဲ့ပမာဏတော့မဟုတ်ဘူး။ အရောင်တွေအနေနဲ့  Silver နဲ့  Deep Gray အရောင် ၂ ရောင်ထုတ်ပေးသွားမှာဖြစ်သလို ဈေးနှုန်းကလည်းမသေးလှတဲ့ ပမာဏဖြစ်တဲ့ $250 ( မြန်မာငွေ ၃သိန်း ၉သောင်း ၀န်းကျင် ) ခန့် ကျသင့်မှာပဲဖြစ်ပါတယ်။

Ref:Gizmochina

The post ကမ္ဘာပထမဆုံး 100W Output ထွက်တဲ့ Power Bank ကိုမိတ်ဆက် appeared first on Myanmar Mobile Phones Review.

Comments