Android ဖုန်းတွေအနေနဲ့  Notch ကိုနှုတ်ဆက်ဖို့ အသင့်ဖြစ်နေပြီလား ?

ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ဖုန်းမိတ်ဆက်ပွဲတွေဆက်တိုက်ကျင်းပခဲ့သလို ဒီအထဲမှာတော့ Flagship နေရာတစ်နေရာကို တက်ထိုင်လိုက်ပြီဖြစ်တဲ့ One Plus 7 Pro , Flip Camera ကနေ 4K Video Recording ကို 60 Fps နဲ့ ရိုက်ကူးနိုင်တဲ့ ASUS Zenfone 6 နဲ့  Mid range ဈေးကွက်ကို ၀ါးလုံးရှည်နဲ့ သိမ်းကြုံးရိုက်လိုက်တဲ့ Realme X အစရှိတဲ့ ဖုန်းတွေကိုမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအထဲမှာတော့ One Plus 7 Pro မှာ 90 Hz Display , Pop up Selfie Camera တွေနဲ့ Software Feature အသစ်တွေကို ဥပမာ Zen Mode အစရှိတာတွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ One Plus 7 Pro ဟာ One Plus fan တွေအတွက် စိတ်ကြေနပ်မှု အတိုင်းအတာတစ်ခုထိပေးနိုင်သလို အခြားသော ဖုန်းကိုင်နေသူတွေအတွက်လည်း မျက်စိကြစရာဖုန်းတစ်လုံးဖြစ်ခဲ့တယ်ဆိုတာငြင်းလို့ မရပါဘူး။

Image Credit: One Plus
ဒါ့အပြင် ASUS ကမိတ်ဆက်ပေးလိုက်တဲ့ Zenfone 6 မှာဆိုရင်လည်း Liquid Material ကိုအသုံးပြုထားတဲ့ Flip Rotation Camera , Snapdragon 855 SoC , အစရှိတာတွေအပြင် စိတ်ဝင်စားဖို့ ကောင်းတဲ့ Camera Feature တစ်ခုဖြစ်တဲ့ Automatic Rotation Panaroma Feature တွေပါထည့်သွင်းခဲ့ပြီး ဈေးနှုန်း $499 နဲ့ သာရောင်းချပေးတာတစ်ခုကလည်းသဘောကျစရာလို့ ပြောရမှာပါ။ ဒါ့အပြင် Zen UI ကို လည်း Pure Android နီးပါးပြောင်းလဲပေးပစ်လိုက်တဲ့အတွက် Pure Android ဖုန်းကိုသဘောကျနေသူတွေရွေးချယ်စရာလည်းတစ်ခုတိုးလာတယ်လို့ ဆိုရမှာပါ။ battery ပိုင်းမှာလည်း 5000 mAh ထိပါတယ်ဆိုတာက Flagship ဖုန်းတွေမှာတွေ့ လေ့တွေ့ ထမရှိတဲ့ Batteryပမာဏလို့ ပြောရမှာဖြစ်ပြီး ASUS ရဲ့  Zenfone 6 ကလည်းအရင် One Plus ကနေရာယူထားတဲ့ Flagship Killer ဆိုတဲ့နေရာကိုတက်ယူတော့မှာလားဆိုတာစောင့်ကြည့်ကြရမှာပါ။

Image Credit : ASUS
နောက်ဆုံးအနေနဲ့  Realme ရဲ့ ဖုန်းတစ်ခုလုံးကို Upper mid range Specification ပိုင်းကောင်းကောင်းသုံးပေးထားပြီး $200 ကျော်ကျော်လေးနဲ့ ထုတ်လိုက်တဲ့ Realme X ကလည်းလူပြောအများဆုံးဖုန်းထဲပါသွားခဲ့ပါတယ်။ Pop up Selfie Camera , Snapdragon 710 SoC , 48 megapixel Camera တွေနဲ့ ပွဲထွက်လာခဲ့တဲ့ Realme X ဟာလက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းသာ စတင်ရောင်းချပေးတော့မှာဖြစ်ပေမဲ့ တစ်ခြားနိုင်ငံတွေအတွက်လည်းမကြာခင် Global အနေနဲ့ ထွက်လာဖို့ ရှိနေပါတယ် ။ ပြောင်းလဲလာတဲ့ Color OS 6 အပြင် ဈေးနှုန်းလေးကလည်း $200 ကျော်ကျော်လေးဆိုတော့ mid range ဈေးကွက်မှာတစ်ခြားဖုန်းတွေထွက်မလာခင်အထိ Realme X အနေနဲ့ အောင်ပွဲခံနိုင်ဦးမဲ့ပုံပါပဲ။

Image Credit: Realme
ဒီအထဲမှာ ထူးခြားချက်တွေအနေနဲ့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး BKK ကထုတ်တဲ့ ဖုန်းနှစ်လုံးတောင်ပါဝင်လာခဲ့ပြီး ၂ လုံးစလုံးဟာလဲ ဘာ Notch ဘာ Punch hole မှမပါတဲ့ Full View စစ်စစ်ဖုန်းတွေဖြစ်သလိုအခြားသော ထိုင်ဝမ်ကုမ္ပဏီကထုတ်တဲ့ ASUS ရဲ့  Zenfone 6 ကလည်း Notch တွေ punch hole တွေမပါတဲ့ ဖုန်းဖြစ်နေတာက Android ဖုန်းတွေအတွက်လောလောဆယ်မှာအားတက်ဖွယ်ဖြစ်နေပြီလို့ ပြောရမှာပါ။အဲ့အတွက်နောက်ထပ်ထွက်လာမဲ့ ကုမ္ပဏီတွေကလည်း Full View Display ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားလာကြမှာဖြစ်တဲ့အတွက် Android ဖုန်းတွေအနေနဲ့  Notch တွေကိုနှုတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ရင်း…….

Ref: Android Authority

The post Android ဖုန်းတွေအနေနဲ့  Notch ကိုနှုတ်ဆက်ဖို့ အသင့်ဖြစ်နေပြီလား ? appeared first on Myanmar Mobile Phones Review.

Comments