မၾကာမီ ျပည္တြင္းကို ၀င္ေရာက္လာေတာ့မယ့္ ASUS ROG Gaming Laptop မ်ား

Gaming Laptop ေတြကို ႀကိဳက္ႏွစ္သက္သူေတြအတြက္ ASUS ကမၾကာမီမွာ ROG Gaming Laptop အသစ္ေတြကို ျပည္တြင္းမွာမိတ္ဆက္ေရာင္းခ်ေပးေတာ့မွာျဖစ္ပါတယ္။ အဲဒီ Laptop ေတြကို အႀကိဳမိတ္ဆက္တဲ့ အခမ္းအနားကိုေတာ့  16.5.2019 ေန႔က Novotel ဟိုတယ္မွာက်င္းပျပဳလုပ္ခဲ့ပါတယ္။ Laptop ေတြရဲ႕စြမ္းရည္ေတြ ကိုေတာ့ ASUS Myanmar ရဲ႕ Country Product Manager ျဖစ္သူ Jim Hsieh ကရွင္းလင္းေျပာၾကားေပးခဲ့ ပါတယ္။

ASUS ROG STRIX Scar III Laptop ရဲ႕ဒီဇိုင္းအတြက္ BMW ဒီဇုိင္းအဖြဲ႕နဲ႔ပူးေပါင္းဖန္တီးခဲ့တာျဖစ္ၿပီး၊ ROG Keystone သုံးႏိုင္မွာျဖစ္တာေၾကာင့္ ကိုယ္ေရးကုိယ္တာအရ လွ်ိဳ႕၀ွက္ခ်င္တာေတြအတြက္ အဆင္ေျပေျပသုံးႏိုင္ပါမယ္။ Laptop ရဲ႕ေအာက္ဘက္ေဘာင္တစ္ေလွ်ာက္လုံးကလည္း Lighting ထုတ္ေပးေနပါမယ္။ U-shaped light လုိ႔ေခၚတဲ့အဲဒီဒီဇုိင္းက Laptop သုံးတဲ့အခါ စတိုင္က်ေစပါလိမ့္မယ္။ Digital Numpad ကိုသုံးထားတာေၾကာင့္ လွပတဲ့အလင္းစနစ္နဲ႔အတူ ဂဏန္းရိုက္ႏွိပ္ႏိုင္မွာျဖစ္ၿပီး၊ Cursor သုံးမယ္ဆိုရင္ေတာ့ number အကြက္ကိုပိတ္ရ မွာျဖစ္ပါတယ္။3D thermal ဒီဇုိင္းက အပူခ်ိန္ကို ေလွ်ာ့ခ်ႏိုင္ေအာင္အေကာင္းဆုံးဖန္တီးေပးထား တာျဖစ္ပါ တယ္။240Hz Refresh Rate,3ms Response Rate, 100% sRGB သုံးထားတာေၾကာင့္ ကမၻာ့အျမန္ဆုံး Gaming Laptop Display လုိ႔ဆုိပါတယ္။ Version ကေတာ့ႏွစ္မ်ဳိးရိွပါမယ္။ Gen 9th Core i7-9750H, RTX2070 (or)GTX 1660Ti,1TB SSH+512M2 PCle,16GB RAM(or)512GB PCle,8GB RAM,Windows 10 တို႔နဲ႔ထုတ္လုပ္မွာျဖစ္ပါတယ္။

ROG Strix G က ေဘးေဘာင္ပါးၿပီး 15လက္မမ်က္ႏွာျပင္အရြယ္အစားရိွကာ၊ Version ေလးမ်ဳိးရိွပါမယ္။ ေအာက္ဘက္မွာ RGB light bar ပါၿပီး၊ အပူခ်ိန္ေလွ်ာ့ခ်ေပးႏိုင္ဖုိ႔အတြက္ ROG Intelligent Cooling with 3D thermal စနစ္ပါရိွပါတယ္။ROG Zephyrus S GX531 ကေတာ့ ကမၻာ့အပါးဆုံး Gaming Laptop ျဖစ္ပါ တယ္။ROG Zephyrus M GU502 ကေတာ့ အေပါ့ဆုံး Gaming Laptopပါ။Zephyrus စီးရီးထဲမွာ S17 GX701GWR လည္းရိွပါေသးတယ္။ သူကလည္းေပါ့ပါးအသုံးခံတဲ့ laptop ျဖစ္ပါတယ္။ ASUS TUF Gaming laptop ေတြကေတာ့ အေမရိကန္စစ္တပ္အဆင့္ အၾကမ္းခံႏိုင္တဲ့အေနအထားျဖစ္ေအာင္စမ္းသပ္ထုတ္လုပ္ ထားတာျဖစ္ပါတယ္။

Asus မိတ္ဆက္လိုက္တဲ့ Gaming Laptop Series ေတြဟာ စီးရီးတစ္ခုထဲမွာတင္ Version ေတြအနည္းငယ္ကြဲျပား ပါေသးတယ္။ ေစ်းႏႈန္းတန္ဖုိးေတြကိုေတာ့ မေၾကျငာေသးပါဘူး။ ဇူလိုင္ပထမပတ္ေလာက္မွာ ေရာင္းခ်မယ္လို႔ တာ၀န္ရိွသူကေျပာပါတယ္။ ASUS ROG ထုတ္ကုန္ေတြရဲ႕ ျပည္တြင္းေစ်းကြက္ Partner ေတြကေတာ့ DIGIWARE နဲ႔ KMD တို႔ျဖစ္ပါတယ္။

(Unicode Version)

မကြာမီ ပြည်တွင်းကို ဝင်ရောက်လာတော့မယ့် ASUS ROG Gaming Laptop များ

Gaming Laptop တွေကို ကြိုက်နှစ်သက်သူတွေအတွက် ASUS ကမကြာမီမှာ ROG Gaming Laptop အသစ်တွေကို ပြည်တွင်းမှာမိတ်ဆက်ရောင်းချပေးတော့မှာဖြစ်ပါတယ်။ အဲဒီ Laptop တွေကို အကြိုမိတ်ဆက်တဲ့အခမ်းအနားကိုတော့ 16.5.2019 နေ့က Novotel ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ Laptop တွေရဲ့စွမ်းရည်တွေကိုတော့ ASUS Myanmar ရဲ့ Country Product Manager ဖြစ်သူ Jim Hsieh ကရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

ASUS ROG STRIX Scar III Laptop ရဲ့ဒီဇိုင်းအတွက် BMW ဒီဇိုင်းအဖွဲ့နဲ့ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး၊ ROG Keystone သုံးနိုင်မှာဖြစ်တာကြောင့် ကိုယ်ရေးကိုယ်တာအရ လျှို့ဝှက်ချင်တာတွေအတွက် အဆင်ပြေပြေသုံးနိုင်ပါမယ်။ Laptop ရဲ့အောက်ဘက်ဘောင်တစ်လျှောက်လုံးကလည်း Lighting ထုတ်ပေးနေပါမယ်။ U-shaped light လို့ခေါ်တဲ့အဲဒီဒီဇိုင်းက Laptop သုံးတဲ့အခါ စတိုင်ကျစေပါလိမ့်မယ်။ Digital Numpad ကိုသုံးထားတာကြောင့် လှပတဲ့အလင်းစနစ်နဲ့အတူ ဂဏန်းရိုက်နှိပ်နိုင်မှာဖြစ်ပြီး၊ Cursor သုံးမယ်ဆိုရင်တော့ number အကွက်ကိုပိတ်ရမှာဖြစ်ပါတယ်။3D thermal ဒီဇိုင်းက အပူချိန်ကို လျှော့ချနိုင်အောင်အကောင်းဆုံးဖန်တီးပေးထားတာဖြစ်ပါတယ်။240Hz Refresh Rate,3ms Response Rate, 100% sRGB သုံးထားတာကြောင့် ကမ္ဘာ့အမြန်ဆုံး Gaming Laptop Display လို့ဆိုပါတယ်။ Version ကတော့နှစ်မျိုးရှိပါမယ်။ Gen 9th Core i7-9750H,RTX2070 (or)GTX 1660Ti,1TB SSH+512M2 PCle,16GB RAM(or)512GB PCle,8GB RAM,Windows 10 တို့နဲ့ထုတ်လုပ်မှာဖြစ်ပါတယ်။

ROG Strix G က ဘေးဘောင်ပါးပြီး 15လက်မမျက်နှာပြင်အရွယ်အစားရှိကာ၊ Version လေးမျိုးရှိပါမယ်။အောက်ဘက်မှာ RGB light bar ပါပြီး၊ အပူချိန်လျှော့ချပေးနိုင်ဖို့အတွက် ROG Intelligent Cooling with 3D thermal စနစ်ပါရှိပါတယ်။ROG Zephyrus S GX531 ကတော့ ကမ္ဘာ့အပါးဆုံး Gaming Laptop ဖြစ်ပါတယ်။ROG Zephyrus M GU502 ကတော့ အပေါ့ဆုံး Gaming Laptopပါ။Zephyrus စီးရီးထဲမှာ S17 GX701GWR လည်းရှိပါသေးတယ်။ သူကလည်းပေါ့ပါးအသုံးခံတဲ့ laptop ဖြစ်ပါတယ်။ ASUS TUF Gaming laptop တွေကတော့ အမေရိကန်စစ်တပ်အဆင့် အကြမ်းခံနိုင်တဲ့အနေအထားဖြစ်အောင်စမ်းသပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Asus မိတ်ဆက်လိုက်တဲ့ Gaming Laptop Series တွေဟာ စီးရီးတစ်ခုထဲမှာတင် Version တွေအနည်းငယ်ကွဲပြားပါသေးတယ်။ ဈေးနှုန်းတန်ဖိုးတွေကိုတော့ မကြေငြာသေးပါဘူး။ ဇူလိုင်ပထမပတ်လောက်မှာ ရောင်းချမယ်လို့ တာဝန်ရှိသူကပြောပါတယ်။ ASUS ROG ထုတ်ကုန်တွေရဲ့ ပြည်တွင်းဈေးကွက် Partner တွေကတော့ DIGIWARE နဲ့ KMD တို့ဖြစ်ပါတယ်။

Comments