ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ က ASUS အနေနဲ့ မကြာခင်အချိန်မှာ မြန်မာနိုင်ငံအတွင်းကို လာမဲ့ July လ၀န်းကျင်မှာ တင်သွင်းရောင်းချဖို့ ရှိနေတဲ့ Gaming Laptop တွေကို Novotel Hotel မှာ ကျင်းပတဲ့ ASUS ရဲ့ Media Gathering မှာ စတင်ပြသလိုက်ပြီဖြစ်ပါတယ်။အဆိုပါ Product တွေကတော့ROG Mothership လိုခေါ်တဲ့ Gaming AIO (all-in-one) PC အရမ်းကို လှပသေသပ်ပီး ဂိမ်းကစားဖို့ စွမ်းဆောင်ရည် အပြည့်နဲ့ Zephyrus S Gaming အတွက် innovated အဖြစ် ဆက်လက်ဖြစ်တည်နေဆဲဖြစ်သည့် Scar III ROG Strix G (G531) နှင့် နေက်ပြီးတော့ ASUS ရဲ့ TUF Gaming FX505 တို့ပဲ ဖြစ်ပါတယ်။
ROG Mothership
ROG Mothership ကတော့ အလွယ်ပြောမယ်ဆိုရင် ကျနော်တို့ တွေ့ဖူးနေကြ Desktop All-In-One PC တွေလို ပုံစံမျိုးပဲ ဒါပေမယ့် Gaming အတွက် ဖြစ်တာကြောင့်မလို့ Technical ပိုင်းရော Design ပိုင်းကိုပါ အများကြီး ပိုကောင်းအောင် Advanced ဖြစ်အောင် ပြုလုပ်ထားတဲ့ ပုံစံမှာရှိပါတယ်။ ဂိမ်းကစားလို့ CPU နဲ့ GPU တွေက ပုံမှန်ထက်ပိုတဲ့ မြန်နှုန်းနှင့် အလုပ်လုပ်နေတဲ့အခါမှာ ထွက်ပေါ်လာမည့် အပူကို ထိန်းချုပ် စွန့်ထုတ်ပေးဖို့ အထူး design ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။သူမှာပါတဲ့ Features တွေကတော့ Factory overclocked Intel Core i9 eight-core CPU | Factory overclocked NVIDIA GeForce RTX 2080 GPU | 4K G-SYNC display | Intel Wi-Fi 6 လို့ခေါ်တ့ Gig+ (802.11ax) နှင့် 2.5G Ethernet တွေအပြင် ESS Sabre DAC ရမည့် speakers တွေ အရှေ့ဘက်မှာ ပါဝင်မှာ ဖြစ်ပြီး ဖြုတ်/တပ် ပြုလုပ်လို့ ရသည့် desktop-grade gaming keyboard လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Image Credit : ASUSROG
Chassis ဘော်ဒီပေါ်မှာလည်း လေဆာ engraving နှင့် တစ်လုံးချင်းစီအတွက် unique ဖြစ်တဲ့ Serial တွေ ရေးထိုးပေးထားမှာ ဖြစ်တဲ့အတွက် အသေးစိတ်လေးတွေကို တော်တော် ဂရုတစိုက် ပြုလုပ်ပေးထားတာ ဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။သူရဲ့ အချက်အလက်တွေအရ ကြည့်ရင် Desktop Gaming PC တွေ နေရာကို တိုက်ရိုက် အစားထိုး ဝင်ရောက်လာနိုင်မည့် Product တစ်ခုအဖြစ် ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Zephyrus Series
ကျစ်လစ်သေသပ်မှုနှင့် အကောင်းမွန်ဆုံး စွမ်းဆောင်ရည် အပြည့် နဲ့ Zephyrus Series တွေမှာတော့ Zephyur S17 , Zephyrus S ( GX531GXR ) တို့ အပြင်Zephyrus M တို့ ကိုရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံးက Zephyrus S (GX531 ) Model လို့ ပြောရမှာဖြစ်ပြီး 240Hz refresh rate 3ms response time ရမည့် IPS anti-glare Pantone Validated Display နဲ့ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်.. RTX 2080 Max-Q နဲ့ လာမည့် ဆိုတော့ ဒီစက်ပေါ်မှာ ဘယ်လိုဂိမ်းတွေ ဆော့ရင်ကောင်းမလည်း တွေးကြည့်တာနဲ့တင် တော်တော်ပျော်ဖို့ကောင်းပါတယ်.. နောက်ပီး သူမှာ ပါဝင်တဲ့ AAS (Active Aerodynamic System) ရ chassis ကို lift လုပ်လိုက်ပီး airflow ကို ပိုမိုအားကောင်းသွားစေမှာပဲ ဖြစ်ပါတယ်။ အားသာချက်လို့ ပြောလို့ ရတာတွေက Gaming Laptop တွေထဲမှာ ကမ္ဘာအပါးဆုံး Gaming Laptop ဖြစ်လာမှာဖြစ်သလို ASUS ရဲ့ ပြောကြားချက်အရ Gaming Laptop ၀ယ်ယူသူရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ Gaming အတွက်သာမဟုတ်ပဲ Design ပိုင်းဆိုင်ရာ Software များ Video Editing Software များအပြင် Engineering Software တွေအတွက်အသုံးပြုကြတယ်လို့ သိရပါတယ်။အဲ့အတွက်လည်း ASUS အနေနဲ့  Gaming Laptop တစ်လုံးကိုအခုလို ပါးအောင် အဓိကထား Design ဆွဲခဲ့တယ်လို့ သိရှိရပါတယ်။ ကျန်တဲ့ Zephyur S17 မှာတော့ G Sync ပါဝင်တဲ့ ၁၇.၃ လက်မ 144 Hz Display Core i7 9th Generation 9750H Processor , RTX 2070 Max Q တို့ ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့ 1TB M2 PCIe ကိုသုံးပေးထားသလို RAM အနေနဲ့  32GB RAM ပါဝင်လာမှာပါ။ Zephyur M ( GU502 ) မှာတော့ 144Hz Display ကို 9th generation i7 နဲ့  Graphic GTX1660Ti တို့ ပါဝင်လာမှာပါ။Storage အနေနဲ့ တော့ 512GB M2 PCIe Storage , 16GB RAM တွေပါဝင်လာမှာဖြစ်သလို အချို့ သော Specification တွေကိုတော့ အသုံးပြုလိုသူ စိတ်ကြိုက် Configuration ပြုလုပ်နိုင်မှာပါ။
Image Credit: ASUS ROG
ROGScar III & ROG STRIX G
Scar III ကတော့ ထွေထွေထူးထူး ပြောနေစရာမလိုအောင် ဂိမ်းမာတွေ အကြိုက်တွေ့ခဲ့ကြတဲ့ Scar II ရဲ့ နောက်ထပ်မျိုးဆက်အသစ်လေးပဲ ဖြစ်ပါတယ်.. ဒီ device လေးမှာ ထူးထူးခြားခြားပါဝင်လာတာတော့ ROG Keystone ဆိုပီး ပါဝင်လာတာလေးပဲပဲ ဖြစ်ပါတယ်.. အဲ့ဒီ docking လေးက NFC enable device တွေနှင့် ချိတ်ဆက်အသုံးပြုဖို့ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပီး ROG ID နှင့် အခြားသော security ပိုင်းဆိုင်ရာတွေကို Physical key အနေဖြင့် encrypts ပြုလုပ် အသုံးပြုနိုင်မှာပဲ ဖြစ်တယ်လို့ သိရပါတယ်။ သူရဲ့ ကိုယ်ထည်မှာတော့ 3D Flow Zone ဆိုပီး ပိုပီးအဆင်မြင့်တဲ့ Cooling စနစ်လည်း ထည့်သွင်းပေးထားတာဖြစ်တယ် ။ Affordable ဘက်ကိုအားစိုက်လာခဲ့တဲ့ ASUS က ROG SCARIII ကို နှစ်မျိုးထုတ်ပေးမှာဖြစ်ပြီး Graphic ပိုင်းမှာတော့ RTX 2070 နှင့် GTX 1660Ti တို့ဖြင့် ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။သဘောကျဖို့ ကောင်းတာကတော့ ဒီ Scar III ကို BMW Engineer တွေနဲ့ ဒီဇိုင်းဆွဲပြီး RGB Lighting တွေကိုထားဖို့ နေရာကအစအသေးစိတ် ဒီဇိုင်းဆွဲထားတယ်လို့ သိရှိရပါတယ်။
ROG Strix G (G531) မှာတော့ ကိုယ်ထည့် Design ပိုင်းမှာ Scar III နှင့် အနည်းငယ် ဆင်သလိုရှိပေမယ့် သူမှာတော့ ROG Keystone ပါဝင်လာခြင်း တော့ မရှိပါဘူး .. GTX 1650 ၊ GTX 1660Ti တို့ဖြင့် ပွဲထွက်လာခဲ့တဲ့ ဒီ Gaming model လေးက ဂိမ်းကစားခြင်းအတွက် ရော တစ်ခြားသော Design ပိုင်းဆိုင်ရာ Software တွေနဲ့ Engineering Software တွေပါအဆင်ပြေပြေသုံးနိုင်မှာပါ။ ဒီကောင့်မှာစိတ်ဝင်စားဖို့ အကောင်းဆုံးက Design ပိုင်းလို့ ပြောရမှာဖြစ်ပြီး Laptop ရဲ့ အပူချိန်ကိုလျှော့ချဖို့အတွက် 3D Thermal Design နဲ့  Air Flow ကို ROG Intelligent Cooling နည်းပညာနဲ့ ပေါင်းစပ်ပြီး လျှော့ချပေးမဲ့ နည်းပညာအသစ်ကစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောရမှာပါ။
ASUS TUF FX505 Series
နောက်ဆုံးတစ်ခုအနေနဲ့ ကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောလို့ ရတဲ့ Budget Gaming Laptop ASUS TUF FX505 လို့ ပြောရမှာပါ။ စိတ်ဝင်စားဖို့ ကောင်းတာက မနှစ်က Budget Laptop ထဲမှာတော်တော်လေးသဘောကျဖို့ ကောင်းခဲ့တဲ့ FX504 ကို တော်တော်လေးအဆင်မြင့်တင်ခဲ့သလို ASUS က TUF FX505 ကလည်း ဈေးမသိရသေးပေမဲ့ Budget Gaming Laptop ထဲမှာ သက်သာမယ်ဆိုတော့ စောင့်ကြည့်ရဦးမှာပါ။FX504 ကိုတော့ Series 4 မျိုးထုတ်ပေးမှာဖြစ်ပြီး FX505DD , FX505DT, FX505 DU ဆိုပြီး ၃ မျိုးထုတ်လုပ်ပေးမှာပါ။အပြောင်းအလဲ နည်းနည်းကြမ်းတယ်လို့ ပြောလို့ ရတဲ့ ဒီ ASUS TUF FX505 DDမှာတော့ မနှစ်က Intel Processor ကိုအသုံးပြုခဲ့ပေမဲ့ ဒီနှစ်မှာတော့ AMD ရဲ့  Ryzen 7 – 3750 Processor ကိုသုံးပေးထားသလို 15.6 လက်မ IPS 60Hz Display ကိုပဲသုံးပေးထားတာပါ။ ကျန်တဲ့ DT နဲ့ DU Series တွေမှာတော IPS 120Hz Display ကိုသုံးပေးထားပါသေးတယ်။ DD, DT , DU သုံးမျိုးမှာတော့ အဓိကကွာခြားသွားတာက Graphic Card လို့ ပဲပြောရမှာဖြစ်ပြီး DD မှာတော့ Nvedia Geforce GTX 1050 နဲ့  DT မှာတော့ Nvedia Geforce GTX 1650 နဲ့  DU မှာတော့ Nvedia Geforce GTX 1660 Ti ကိုသုံးပေးထားတာပါ။ Budget Gaming Laptop တစ်လုံးအတွက် GTX 1650 နဲ့ ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောရမှာပါ။
Image Credit : ASUS
ဒီနှစ် Gaming Laptop ဈေးကွက်မှာ မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ ဝင်ရောက်လာမဲ့ ASUS ရဲ့  Gaming Laptop တွေအကုန်လုံးမှာ Military Grade အကြမ်းခံနိုင်တယ်ဆိုတာကတော့ဘာပဲပြောပြောစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောရမှာသေချာပါတယ်။ မနှစ်တုန်းကလိုမျိုးဈေးလေးတွေ များနေရင်တော့ အလုပ်ဖြစ်ဖို့ သိပ်မပြောတတ်ပေမဲ့  Affordable ဘက်ကိုပိုအားစိုက်ထားတယ်ဆိုတဲ့ ASUS စကားကြောင် တစ်ကယ်တန်း ဈေးကွက်ထဲဝင်လာတဲ့အချိန်မှာ လူတော်တော်များများ ကိုင်နိုင်တဲ့ ဈေးနဲ့ ဝင်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာအသေအချာပါပဲ။
The post ပြည်တွင်းဈေးကွက်ထဲကိုဝင်လာဖို့ ရှိနေတဲ့ ASUS ROG Gaming Laptop များအကြောင်း appeared first on Myanmar Mobile Phones Review.




Comments
Post a Comment