ASUS Zenbook UX533f User Experience Review By MMPR

ပထမဆုံးဝန်ခံရရင် ဒီ Laptop က အစအဆုံးရေးပြီးမှ ပြန်ဖျက်ပြီးအသစ်တစ်ခေါက်ထပ်ရေးတဲ့ Review တစ်ခုဖြစ်သလို အချိန်အကြာဆုံး အပြစ်ရှာခဲ့တဲ့ Laptop တစ်လုံးလဲဖြစ်တယ်ဆိုတာနဲ့ စပြောပါရစေ။ ပုံမှန်အားဖြင့် ကျွန်တော်က Laptop တွေကို Gaming laptop တွေပိုသဘောကျတဲ့သူ တစ်ယောက်ဖြစ်သလို သာမာန် Gaming Laptop တွေအားလုံးလိုလိုဟာ ထုနဲ့ ထည်နဲ့ Laptop တွေလို့ ပြောလို့ ရပါတယ်။ အခုအဲ့တာနဲ့ ဆန့် ကျင်ဘက် Laptop တစ်လုံးဖြစ်တဲ့ Ultrabook Laptop တစ်လုံးကို Review လုပ်ပေးရမှာဖြစ်သလို ဒီ Ultrabook Laptop တစ်လုံးကို Review လုပ်ပြီးတဲ့ အချိန်မှာ ကျွန်တော့်စိတ်ကိုပြောင်းသွားစေနိုင်တဲ့ Laptop တစ်လုံးလားဆိုတာကတော့ Review ကိုအဆုံးထိဆက်ဖက်ကြည့်ပေးပါလို့ တစ်ခါတည်းတောင်းဆိုသွားခြင်ပါတယ်။

Asus ZenBook 15 (UX533F) – Display
ပထမဆုံး ဒီ Laptop ကို Review လုပ်မပေးသွားခင် ဒီ Laptop ကို ကျွန်တော်စကိုင်ပြီး တစ်ပါတ်အတွင်းမှာ ရခဲ့တဲ့ ခံစားချက် အကြိုက်ဆုံးအချက် ( ၅ ) ချက်ကို Video လေးလုပ်ပေးဖူးပါတယ်။ ဒီ Video ကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီ ပို့ စ်ရဲ့  Status မှာတင်ပေးထားတဲ့ Link ကနေတစ်ဆင့်သွားကြည့်လို့ ရပါတယ်။အခု ဒီကောင့်ကို Review စလုပ်ပေးမှာက အကြိုက်ဆုံး ၅ ချက်ထဲမှာပါတဲ့ Display အကြောင်းကိုအရင်ဆုံးလုပ်ပေးသွားပါမယ်။Physical Feature တွေဖြစ်တဲ့ ဘေးဘက် bezel တွေမတရားပါးနေတာ ၊ ဒီ Display ကိုကြည့်နေ ရင်း Sharpness တော်တော်လေးကောင်းတာကိုသဘောကျနေတာတွေအပြင် လက်တွေ့ ရေရှည်လို့ ပြောလို့ ရတဲ့အချိန်အတိုင်းအတာအတွင်းမှာသဘောထပ်ကျလာတာတစ်ခုက Peak Brightness , Contrast နဲ့  Color Reproduction အပိုင်းပါ။ ရုပ်ရှင်ကြည့်တာမျိုးမှာ ဒီ Display Panel က ထင်ထားတာထက်တော်တော်ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။Portable ဖြစ်တဲ့ Laptop တစ်လုံးအတွက်ဒီ Brightness က အပြင်ဘက်လို နေရာတွေမှာအသုံးပြုတတ်တဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေစေနိုင်တဲ့အနေအထားပါ။ တစ်ခုပြောစရာရှိတာက ဒီ Display Glass က Glossy ဖြစ်ပြီး reflection တော်တော်လေးပြန်တဲ့တစ်ချက်ကိုတော့ သိပ်အားမရဘူးလို့ ပဲပြောပါရစေ။ ဒါက Outdoor တွေလိုမျိုးနေရာတွေမှာသုံးတဲ့အခါအနည်းနဲ့ အများတော့ စိတ်အနှောင့်ယှက်ဖြစ်စေနိုင်တဲ့တစ်ချက်လို့ ပြောလို့ ရပါတယ်။

Asus ZenBook 15 (UX533F) – Design
Design ပိုင်းမှာတော်တော်လေး သပ်သပ်ရပ်ရပ်ရှင်းရှင်းလင်းလင်းဖြစ်တယ်။ နောက် Ultrabook Laptop တစ်လုံးဆိုတဲ့အတိုင်း ကိုင်ရတာ ကျစ်ကျစ်လစ်လစ်နဲ့ သဘောကျစရာကောင်းတယ်။ ဆိုတော့ Design ပိုင်းကအကြိုက်ချင်းကွဲလွဲနိုင်သလို ကျွန်တော့်အမြင်တွေသိပ်မပြောချင်ဘူး။ Build Quality ပိုင်းကတော့တော်တော်လေးကောင်းတယ်ဆိုတဲ့ ထဲထည့်ထားလို့ ရတယ်။ ဆိုတော့ ကျွန်တော်သုံးနေတဲ့အချိန်အတွင်းမှာ တွေ့ ခဲ့ရတာလေးတွေပဲအဓိကထားပြောသွားမယ်။ ပထမဆုံးတစ်ချက်က အဆင်းလေးတွေထင်လွယ်တဲ့တစ်ချက်ကိုသတိထားမိတယ်။ဒါက ကျွန်တော်ရထားတဲ့ Review Unit အရောင်ကြောင့်လို့ ပြောလို့ ရတယ်။ နောက်တစ်ချက်က Finger Print အရမ်းထင်တာပါ။ Lid မှာရော Keyboard အောက်ကဘောင်တွေနေရာမှာရောတော်တော်လေးထင်တဲ့တစ်ချက်ကိုသွားသတိထားမိတယ်။ ဒီနှစ်ချက်က စိတ်အနည်းငယ်ပျက်ဖို့ ကောင်းတယ်လို့ တော့ပြောလို့ ရပါတယ်။


Laptop Lid ကိုဖွင့်လိုက်တာနဲ့ အရင်ဆုံးသတိထားမိနိုင်တာက ဘေးဘက် 3mm သာရှိတဲ့ Display ဘေးဘက်က ဘောင်တွေရယ် 5mm သာရှိတဲ့အပေါ်ဘက်ဘောင်နဲ့ 4.5mm သာရှိတဲ့ အောက်ဘက်ကဘောင်တွေကြောင့် မြင်လိုက်တာနဲ့ တန်းသဘောကျစေနိုင်တဲ့အနေအထားပါ။နောက်တစ်ချက်က Keyboard အပေါ်ဘက်မှာ ရွှေအိုရောင်ဘားတန်းလေးနဲ့ ASUS Zenbook ဆိုတဲ့ စာတန်းလေးက Premium ဆန်တဲ့Laptop တစ်လုံးမှန်းသိသာစေတယ်လို့ ပြောလို့ ရပါတယ်။ အလေးချိန်အနေနဲ့ ၃.၇ ပေါင်ဝန်းကျင်လောက်ရှိတယ်ဆိုတော့အလွယ်တကူသယ်သွားပြုသွားတာမျိုးတွေမှာအဆင်တော်တော်လေးပြေပါတယ်။


Build Quality ပိုင်းနဲ့ Design ပိုင်းမှာ ကိုချုံပြောရရင်အရမ်းကြီးသဘောကျနေတာမျိုးမဟုတ်ပေမဲ့ ဒီ Laptop ရဲ့  Key Selling Point လို့ ပြောလို့ ရတဲ့ Light & Thin ဖြစ်နေတယ်ဆိုတဲ့ ဘောင်ထဲဝင်နေတာ Compact ဖြစ်လွန်းနေတာကိုတော့ဘယ်လိုမှငြင်းလို့မရပါဘူး။ အကြိုက်ဆုံးတစ်ချက်က ASUS ကအခေါ် Ergolift Hinge က Laptop ရဲ့  Lid ကိုဖွင့်လိုက်တာနဲ့ Keyboard အနေအထားက မြင့်တက်လာပြီး စာရိုက်ရတာတော်တော်လေးအဆင်ပြေတဲ့အနေအထားကိုရောက်သွားတဲ့တစ်ချက်ပါ။ ဒီတစ်ချက်က ကျွန်တော့်ကို Build and Design အပိုင်းမှာအဆွဲဆောင်နိုင်ဆုံးလို့ ပြောလို့ ရပါတယ်။
Keyboard & Track Pad
Keyboard & Track Pad အကြောင်းပြောရင်တော့ စာရိုက်တဲ့သူတွေအတွက်ဆိုဒီ Keyboard က သဘောကျစရာကောင်းတဲ့ Keyboard လို အာမခံလို့ ရတဲ့အထိကိုကောင်းပါတယ်။စာရိုက်တဲ့အချိန်မှာဒီ Keyboard ကပြန်ရတဲ့ Haptic Feedback ကဘယ်လိုမှသဘောမကျပဲမနေနိုင်ပါဘူး။နောက်တစ်ခုက စာရိုက်တဲ့အချိန်မှာ Keyboard သံကတော်တော်လေးငြိမ်နေတဲ့တစ်ချက်က ကိုယ့်ကြောင့်ပတ်ဝန်းကျင်ကိုအနှောင့်အယှက်မဖြစ်စေတဲ့အနေအထားလို့ ပြောလို့ ရပါတယ်။ တစ်ခုလေးပြောစရာရှိတာက Num Pad ကိုထည့်ထားပေးတာတော်တော်လေးကပ်သီးကပ်သတ်ဖြစ်လွန်းတာကမထည့်ပေးတာပိုတောင်ကောင်းမိမှာလို့ တွေးမိခဲ့တာအမှန်ပါ။ ဒါပေမဲ့ 15.6 လက်မအရွယ် Laptop တစ်လုံးအတွက်လည်း ဒီိ လို Dedicated Numpad ကပါကိုပါသင့်တယ်လို့ ပြောလို့ ရနေပြန်ပန်ပါတယ်။နောက်ထပ်ASUS က Ultrabook တွေမှာ ဒီ Numpad ပြသာနာကိုဘယ်လိုရှင်းမလဲ ဥပမာ Zenbook 433 လိုမျိုး Trackpad မှာ Virtual Numpad ကိုထည့်ပေးမလားဆိုတာကစိတ်ဝင်စားစရာပါပဲ ။

UX533f ရဲ့  Trackpad ကတစ်ခြား Laptop တွေနဲ့ ကွဲလွဲနေတာကိုသိသိသာသာခံစားရတယ်။ Track Pad ကိုသုံးရတာ Mouse ကိုင်ပြီး သုံးရတာလောက်အားမရပေမဲ့ တော်တော်လေး Accurate ဖြစ်တယ်လို့ ခံစားရတယ်။နောက် Placement ပိုင်းကအလယ်ဘက်ကိုနည်းနည်းပို ရောက်တဲ့အတွက် သဘောကျဖို့ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။
Performance ပိုင်းမှာကတော့နည်းနည်းပြောစရာတွေရှိလာပြီ။Core i7 Whiskylake Processor ကိုသုံးပေးထားတယ်။Graphic ပိုင်းမှာ Nvidia GTX 1050 MaxQ ကိုသုံးပေးထားတယ်။ ဆိုတော့ Adobe Premier Pro တို့Photoshop တို့သုံးတာကိုကောင်းကောင်းနိုင်တယ် ။ ဒါကို ဒီ Display က Color accurate ပိုင်းကောင်းတာနဲ့ တွဲလိုက်တော့ Video Editing ,Photo Editing ပိုင်းမှာတော်တော်လေးအဆင်ပြေတယ်။ Game ဆိုရင် FIFA 19 , PUBG LITE တို့ကောင်းကောင်းဆော့လို့ရတယ်။ Steam Version PUBG ကိုဆော့လို့ရတယ်။ဒါပေမဲ့ Heatတက်လာတာသိသိသာသာ ခံစားရတယ်။ပုံမှန် ထက်ပိုပြီးweb browsing အတွက် Chrome tab ၁၂ခု ၁၃ ခုလောက်သုံးတဲ့အနေအထားမျိုးမှာတောင် lagတာမျိုးမရှိဖူးဆိုတော့သဘောကျစရပါ။

နောက် compact ဖြစ်တဲ့ Laptop တော်တော်များများမှာကြုံတွေ့ရတာ port တွေမလောက်တဲ့ပြသာနာပါ။ ဒီ UX 533 မှာ USB 3.1 ၁ပေါက် ၊ 3.0 တစ်ပေါက်၊ USB Type C ပေါက်တစ်ပေါက် HDMI ပေါက်နဲ့  Micro SD ပေါက်တို့ ပါတယ်ဆိုတော့လုံလောက်တယ်လို့ ပြောလို့ ရတဲ့အနေအထားထဲပါပါတယ်။

ဆိုတော့ အများကြီးရေးဖြစ်မယ်ထင်ထားခဲ့ပေမဲ့ ထင်ထားသလောက်အများကြီးမရေုးဖြစ်ခဲ့တဲ့ Review မှာ ဒီ Laptop ကဘယ်လိုလူတွေနဲ့ သင့်တော်မလဲဆိုတာလေးထည့်ပြောချင်ပါတယ်။ အကယ်၍ Compact ဖြစ်ပြီး Performance ပိုင်းကောင်းတဲ့ Laptop တစ်လုံး ၊ Battery အားခံတဲ့ Laptop တစ်လုံး ကိုရှာနေတယ်ဆိုရင် ဒီ UX 533f ကရွေးချယ်သင့်တယ် Laptop တစ်လုံးပါ။ အကယ်၍ ၀ိတ်နည်းနည်းလျှော့မယ် Game ထက် တစ်ခြား Performance ပိုင်းပိုသုံးမယ်ဆိုရင် ရွေးချယ်ဖို့ UX433f ရှိနေပါသေးတယ်။ ASUS က Compact ဖြစ်ပြီး Premium ဆန်တဲ့ Notebook ဈေးကွက်ကို ဒီတစ်ခေါက် သိမ်းပိုက်လိုက်တယ်လို့ ထင်ရအောင် Performance ပိုကောင်းတာကို လိုချင်တယ်ဆိုရင် UX533f က ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်နေပြန်တယ်လို့ သုံးသပ်ရင်း အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။

The post ASUS Zenbook UX533f User Experience Review By MMPR appeared first on Myanmar Mobile Phones Review.

Comments