ေကာ္ဖီဆိုတာနည္းပညာသမားေတြအတြက္ အားေဆးတစ္ခြက္ဆိုေပမယ့္…

ေကာ္ဖီဆိုတာက ႐ံုးတိုင္းလိုလိုမွာအခမဲ့ကုမၸဏီပိုက္ဆံနဲ႔ ေသာက္ခြင့္ေပးထားတဲ့ အရာတစ္ခုပါ။ အထူးသျဖင့္ နည္းပညာနဲ႔သက္ဆိုင္တဲ့ ကုမၸဏီေတြမွာဆိုရင္ ေကာ္ဖီဆိုတာကလူတိုင္းလုိလိုေသာက္ၾကပါတယ္။  ကြၽန္ေတာ္ကိုယ္တိုင္လည္း ေကာ္ဖီကို ႏွစ္ၿခိဳက္တဲ့လူတစ္ေယာက္ပါ။ ေနာက္ထပ္ေသာက္ေလ့ေသာက္ထရွိတာကေတာ့ M150၊ လစ္ပိုနဲ႔ ကြၽဲ႐ိုင္း တို႔လို အားျဖည့္အခ်ိဳရည္ေတြပါပဲ။ ဒီလိုမ်ိဳးအခ်ိဳရည္ေတြနဲ႔ ေကာ္ဖီေတြ ကိုနည္းပညာသမားေတြႏွစ္သက္ၾကတဲ့ အဓိကအေၾကာင္း အရင္းက ကာဖင္း (Caffine) ဓာတ္ေၾကာင့္ပါ။ ကာဖင္းဓာတ္ခႏၶာကိုယ္ထဲ ေရာက္ေနတဲ့အခ်ိန္ဆိုရင္ အလုပ္လုပ္လို႔ ေကာင္းတာကိုဒီနယ္ပယ္ကညီအစ္ကိုေတြ သတိထားမိမွာပါ။

တကယ္ေတာ့ ကာဖင္း (Caffine) ဓာတ္သံုးစြဲမႈလြန္သြားတယ္ဆိုတာက တကယ္ေတာ့ ျဖစ္ေတာင့္ျဖစ္ခဲျပသနာပါ။ ဒါမ်ိဳးကအမ်ားအားျဖင့္ ကာဖင္းဓာတ္ပါ၀င္တဲ့ ေဆးျပား (ဒါမွမဟုတ္) ကာဖင္းအမႈန္႔ေတြကိုသံုးစြဲမွသာျဖစ္ေလ့ရွိပါတယ္။ ပုံမွန္ အေဖ်ာ္ယမကာေတြ ေသာက္သံုးရင္းနဲ႔ေတာ့ ျဖစ္ေလ့မရွိပါဘူး။ ကာဖင္းလြန္မႈအေၾကာင္းေလ့လာေနတဲ့ ဆြီဒင္ႏိုင္ငံ Linkoping တကၠသိုယ္က Alex Wayne Jones ကေတာ့ “ကာဖင္း၊ အယ္ကိုေဟာနဲ႔ ေဆးေျခာက္အကုန္လံုးက လူကိုလန္းဆန္း ေစတဲ့ မူးယစ္ေဆး၀ါးေတြျဖစ္ပါတယ္။ အဲ့ဒီအထဲမွာမွ ကာဖင္းက အႏၲရာယ္အကင္းဆံုးပါ”လို႔ေျပာထားပါတယ္။ ဒါေပမယ့္ ကာဖင္း ဘယ္ေလာက္ပမာဏေလာက္ေရာက္ရင္ လူကိုထိခိုက္ေစႏိုင္တယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။ ဒါမွလည္းခ်င့္ခ်ိန္ ႏိုင္မွာပါ။

ကာဖင္း၏ ေကာင္းက်ိဳး၊ ဆိုးက်ိဳးမ်ား

ကာဖင္းကဦးေႏွာက္၏ ဗဟိုအာ႐ံုေၾကာစနစ္ကို လႈံ႔ေဆာ္ေပးတဲ့ ဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ေနာက္ၿပီးအရြယ္ေရာက္ၿပီးတဲ့ လူေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ကကာဖင္းဓာတ္ပါ၀င္တဲ့ လက္ဖက္ရည္၊ ေကာ္ဖီ၊ ဆိုဒါနဲ႔ အျခားအေဖ်ာ္ယမကာေတြကို ေန႔စဥ္ေသာက္သံုးေလ့ရွိပါတယ္။

ဒီတရား၀င္ မူးယစ္ေဆး၀ါးဟာလူကိုလန္းဆန္းတက္ၾကြေစတဲ့အျပင္ သိစိတ္ရဲ႕လုပ္ေဆာင္မႈကိုတိုးတက္ေစၿပီး ေရတို မွတ္ဥာဏ္ကိုလည္းေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ပံုမွန္ေကာ္ဖီေသာက္သံုးျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးရႏိုင္ တယ္လို႔ေျပာၾကျခင္းျဖစ္ပါတယ္။ ေကာ္ဖီပံုမွန္ေသာက္တဲ့သူေတြက ႏွလံုးေသြးေၾကာနဲ႔ဆက္စပ္တဲ့ေရာဂါေတြနဲ႔ Type 2 အမ်ိဳး အစားဆီးခ်ိဳေရာဂါျဖစ္ႏိုင္စြမ္းကို ေလ်ာ့က်ေစပါတယ္။ အေမရိကန္က ၀ိတ္ေလ်ာ့ဖို႔လမ္းညႊန္မႈေတြမွာလည္း တစ္ေန႔ကို ေကာ္ဖီ ၃ ခြက္ကေန ၅ ခြက္ေလာက္အထိ ေသာက္ဖို႔လမ္းညႊန္ေလ့ရွိၾကတာကို လည္း ေတြ႕ရပါတယ္။

အရြယ္ေရာက္ၿပီးလူတစ္ေယာက္အေနနဲ႔ တစ္ေန႔ကိုကာဖင္းဓါတ္ 400 mg ထက္ပိုမိုၿပီးသံုးစြဲခဲ့မယ္ဆိုရင္ ကတုန္ကယင္ ျဖစ္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ စိတ္တိုလြယ္ျခင္းစတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ျဖစ္ေစပါမယ္။

အေမရိကန္ ကေလးသူငယ္မ်ားက်န္းမာေရးေလ့လာမႈအဖြဲ႕အစည္းႀကီးက ၁၂ ႏွစ္ကေန ၁၈ ႏွစ္အတြင္းရွိတဲ့ ကေလးေတြအတြက္ တစ္ေန႔ ကာဖင္းဓာတ္ 100 mg ေအာက္သာသံုးစြဲဖို႔ အႀကံေပးထားပါတယ္။ ဒါဟာတစ္ေန႔ကိုတစ္ခြက္ႏႈန္း ထက္မပိုဖို႔ အႀကံေပးတဲ့သေဘာပါ။ ကာဖင္းဓာတ္ဟာ ႏွလံုးခုန္ႏႈန္းကို ျမန္ဆန္ေစသလို ခႏၶာတြင္းေသြးစီးဆင္းမႈကိုလည္း အေႏွာင့္အယွက္ေပးပါတယ္။

ကာဖင္းဓာတ္ ဘယ္ေလာက္ပမာဏဆိုရင္ လူကိုအႏၲရာယ္ျဖစ္ေစသလဲ။

တစ္ေန႔တည္းမွာအခ်ိန္တိုအတြင္းေကာ္ဖီအခြက္ ၃၀ ေလာက္ေသာက္မယ္ဆိုရင္ အဆိပ္သင့္သလိုခံစားမႈမ်ိဳးခံစားရပါမယ္။ လကၡဏာေတြကပ်ိဳ႕ အန္မယ္၊ ၀မ္းဗိုက္တစ္၀ိုက္မွာနာက်င္မႈကိုခံစားရမယ္၊ သတိလြတ္ခ်င္သလုိလိုျဖစ္မယ္၊ အခန္႔ မသင့္ရင္ ေလျဖတ္သလိုပါျဖစ္ႏိုင္ပါတယ္။

Forbes မဂၢဇင္းမွာ Tara Haelle ေရးသားထားတာကေတာ့ “ဒီလို ျဖစ္ရပ္ေတြဟာတကယ္ရွိပါတယ္။ ဒါေပမယ့္ အေဖ်ာ္ယမကာတစ္မ်ိဳးတည္း ေသာက္သံုးေနတဲ့သူေတြမွာေတာ့ ေတြ႕ရခဲပါတယ္”တဲ့။

ေဆးပညာရပ္ဆိုင္ရာေလ့လာမႈစစ္တမ္းေတြမွာေတာ့ ၁၉၅၉ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အတြင္း ကာဖင္းနဲ႔ ပတ္သက္ၿပီးေသဆံုးမႈျဖစ္စဥ္ ၄၅ ခုသာရွိခဲ့တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ ၂၀၁၇ ခုႏွစ္အတြက္ လုပ္ထားတဲ့ေလ့လာမႈမွာေတာ့ ေသဆံုးမႈ ၅၁ ခုအထိရွိခဲ့ပါတယ္တဲ့။ ေသဆံုးရတဲ့ အဓိကအေၾကာင္းရင္းက ေသြးထဲမွာ ကာဖင္းပမာဏအလြန္အမင္း မ်ားျပားေနလို႔ပါ။

ေကာ္ဖီတစ္ခြက္မွာပံုမွန္ဆိုရင္ ကာဖင္းဓာတ္ 100mg ေလာက္ ပါ၀င္ၿပီးေသြးထဲကို ၅ (သို႔မဟုတ္) 6 mg/L ေလာက္အထိ ေရာက္ေစပါတယ္။ ၂၀၁၇ မွာကာဖင္းဓာတ္လြန္ၿပီးေသဆံုးခဲ့တဲ့သူေတြရဲ႕ ေသြးေတြ ကိုစစ္ေဆးၾကည့္တဲ့အခါ မွာေတာ့ ပွ်မ္းမွ် 180 mg/L ေလာက္အထိ ပါ၀င္ေနတာကိုေတြ႕ရပါတယ္။ ဒါဟာပံုမွန္ေကာ္ဖီေသာက္သူတစ္ေယာက္အတြက္ အခြက္ ၃၀ ေလာက္ကိုအခ်ိန္သိပ္မျခားဘဲေသာက္မွ ေသြးထဲ ေရာက္ႏိုင္တဲ့ပမာဏပါ။

အားျဖည့္အခ်ိဳရည္ (Energy Drink) ေတြကေတာ့ ေကာ္ဖီထက္ ကာဖင္းဓာတ္ပိုမိုပါ၀င္ပါတယ္။ ပ်မ္းမွ်အားျဖည့္ အခ်ိဳရည္တစ္ဘူးမွာ ကာဖင္း 300 mg ေလာက္ပါ၀င္ပါတယ္။ တကယ္လို႔အားျဖည့္အခ်ိဳရည္ ၁၀ ဘူးေလာက္ကိုအခ်ိန္မျခားဘဲ ဆက္တိုက္ေသာက္မယ္ဆိုရင္ေတာ့ ဒါဟာအႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

နိဂံုးခ်ဳပ္ေျပာရရင္

အေမရိကန္ႏိုင္ငံရဲ႕ FDA ကေျပာၾကားထားတာကေတာ့ ဒီလုိကာဖင္းမႈန္႔လက္ဖက္ရည္ဇြန္းတစ္ဇြန္းက ေကာ္ဖီ ၂၈ ခြက္ေလာက္ ေသာက္တာနဲ႔ အၾကမ္းဖ်င္းညီမွ်ပါတယ္တဲ့။ ဘယ္လိုပဲျဖစ္ျဖစ္ ဘယ္အရာမဆိုတန္ေဆးလြန္ေဘးပါ။ ေကာ္ဖီပဲ ျဖစ္ျဖစ္၊ ကာဖင္းဓာတ္မ်ားျပားတဲ့ အားျဖည့္အခ်ိဳရည္ေတြပဲျဖစ္ျဖစ္ အလြန္အကြၽံ မသံုးစြဲသင့္ပါဘူး။ အရက္ နဲ႔အားျဖည့္အခ်ိဳရည္ ေရာေသာက္ၾကတဲ့ ေဘာ္ဒါေတြလည္း အစစအရာရာ သတိထားၾကပါ။ ဘယ္ေလာက္ပဲႀကိဳက္ႀကိဳက္ ေကာ္ဖီဆိုလည္း တစ္ေန႔ကို ခြက္ ၃၀ ထက္ပိုမေသာက္ပါနဲ႔။ အားျဖည့္အခ်ိဳရည္ေတြဆိုရင္လည္း ၁၀ ဘူးထက္ ပိုမေသာက္ၾကပါနဲ႔လိုိ႔ သတိေပးလိုက္ပါရေစ။

မင္းသုခ

(Unicode Version)

ကော်ဖီဆိုတာနည်းပညာသမားတွေအတွက် အားဆေးတစ်ခွက်ဆိုပေမယ့်…

ကော်ဖီဆိုတာက ရုံးတိုင်းလိုလိုမှာအခမဲ့ကုမ္ပဏီပိုက်ဆံနဲ့ သောက်ခွင့်ပေးထားတဲ့ အရာတစ်ခုပါ။ အထူးသဖြင့် နည်းပညာနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေမှာဆိုရင် ကော်ဖီဆိုတာကလူတိုင်းလိုလိုသောက်ကြပါတယ်။  ကျွန်တော်ကိုယ်တိုင်လည်း ကော်ဖီကို နှစ်ခြိုက်တဲ့လူတစ်ယောက်ပါ။ နောက်ထပ်သောက်လေ့သောက်ထရှိတာကတော့ M150၊ လစ်ပိုနဲ့ ကျွဲရိုင်း တို့လို အားဖြည့်အချိုရည်တွေပါပဲ။ ဒီလိုမျိုးအချိုရည်တွေနဲ့ ကော်ဖီတွေ ကိုနည်းပညာသမားတွေနှစ်သက်ကြတဲ့ အဓိကအကြောင်း အရင်းက ကာဖင်း (Caffine) ဓာတ်ကြောင့်ပါ။ ကာဖင်းဓာတ်ခန္ဓာကိုယ်ထဲ ရောက်နေတဲ့အချိန်ဆိုရင် အလုပ်လုပ်လို့ ကောင်းတာကိုဒီနယ်ပယ်ကညီအစ်ကိုတွေ သတိထားမိမှာပါ။

တကယ်တော့ ကာဖင်း (Caffine) ဓာတ်သုံးစွဲမှုလွန်သွားတယ်ဆိုတာက တကယ်တော့ ဖြစ်တောင့်ဖြစ်ခဲပြသနာပါ။ ဒါမျိုးကအများအားဖြင့် ကာဖင်းဓာတ်ပါဝင်တဲ့ ဆေးပြား (ဒါမှမဟုတ်) ကာဖင်းအမှုန့်တွေကိုသုံးစွဲမှသာဖြစ်လေ့ရှိပါတယ်။ ပုံမှန် အဖျော်ယမကာတွေ သောက်သုံးရင်းနဲ့တော့ ဖြစ်လေ့မရှိပါဘူး။ ကာဖင်းလွန်မှုအကြောင်းလေ့လာနေတဲ့ ဆွီဒင်နိုင်ငံ Linkoping တက္ကသိုယ်က Alex Wayne Jones ကတော့ “ကာဖင်း၊ အယ်ကိုဟောနဲ့ ဆေးခြောက်အကုန်လုံးက လူကိုလန်းဆန်း စေတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ ကာဖင်းက အန္တရာယ်အကင်းဆုံးပါ”လို့ပြောထားပါတယ်။ ဒါပေမယ့် ကာဖင်း ဘယ်လောက်ပမာဏလောက်ရောက်ရင် လူကိုထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒါမှလည်းချင့်ချိန် နိုင်မှာပါ။

ကာဖင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ
ကာဖင်းကဦးနှောက်၏ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီးအရွယ်ရောက်ပြီးတဲ့ လူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကကာဖင်းဓာတ်ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါနဲ့ အခြားအဖျော်ယမကာတွေကို နေ့စဉ်သောက်သုံးလေ့ရှိပါတယ်။

ဒီတရားဝင် မူးယစ်ဆေးဝါးဟာလူကိုလန်းဆန်းတက်ကြွစေတဲ့အပြင် သိစိတ်ရဲ့လုပ်ဆောင်မှုကိုတိုးတက်စေပြီး ရေတို မှတ်ဉာဏ်ကိုလည်းကောင်းမွန်စေပါတယ်။ ဒါကြောင့်ပုံမှန်ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးရနိုင် တယ်လို့ပြောကြခြင်းဖြစ်ပါတယ်။ ကော်ဖီပုံမှန်သောက်တဲ့သူတွေက နှလုံးသွေးကြောနဲ့ဆက်စပ်တဲ့ရောဂါတွေနဲ့ Type 2 အမျိုး အစားဆီးချိုရောဂါဖြစ်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အမေရိကန်က ဝိတ်လျော့ဖို့လမ်းညွှန်မှုတွေမှာလည်း တစ်နေ့ကို ကော်ဖီ ၃ ခွက်ကနေ ၅ ခွက်လောက်အထိ သောက်ဖို့လမ်းညွှန်လေ့ရှိကြတာကို လည်း တွေ့ရပါတယ်။

အရွယ်ရောက်ပြီးလူတစ်ယောက်အနေနဲ့ တစ်နေ့ကိုကာဖင်းဓါတ် 400 mg ထက်ပိုမိုပြီးသုံးစွဲခဲ့မယ်ဆိုရင် ကတုန်ကယင် ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါမယ်။

အမေရိကန် ကလေးသူငယ်များကျန်းမာရေးလေ့လာမှုအဖွဲ့အစည်းကြီးက ၁၂ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့ ကလေးတွေအတွက် တစ်နေ့ ကာဖင်းဓာတ် 100 mg အောက်သာသုံးစွဲဖို့ အကြံပေးထားပါတယ်။ ဒါဟာတစ်နေ့ကိုတစ်ခွက်နှုန်း ထက်မပိုဖို့ အကြံပေးတဲ့သဘောပါ။ ကာဖင်းဓာတ်ဟာ နှလုံးခုန်နှုန်းကို မြန်ဆန်စေသလို ခန္ဓာတွင်းသွေးစီးဆင်းမှုကိုလည်း အနှောင့်အယှက်ပေးပါတယ်။

ကာဖင်းဓာတ် ဘယ်လောက်ပမာဏဆိုရင် လူကိုအန္တရာယ်ဖြစ်စေသလဲ။
တစ်နေ့တည်းမှာအချိန်တိုအတွင်းကော်ဖီအခွက် ၃၀ လောက်သောက်မယ်ဆိုရင် အဆိပ်သင့်သလိုခံစားမှုမျိုးခံစားရပါမယ်။ လက္ခဏာတွေကပျို့ အန်မယ်၊ ဝမ်းဗိုက်တစ်ဝိုက်မှာနာကျင်မှုကိုခံစားရမယ်၊ သတိလွတ်ချင်သလိုလိုဖြစ်မယ်၊ အခန့် မသင့်ရင် လေဖြတ်သလိုပါဖြစ်နိုင်ပါတယ်။

Forbes မဂ္ဂဇင်းမှာ Tara Haelle ရေးသားထားတာကတော့ “ဒီလို ဖြစ်ရပ်တွေဟာတကယ်ရှိပါတယ်။ ဒါပေမယ့် အဖျော်ယမကာတစ်မျိုးတည်း သောက်သုံးနေတဲ့သူတွေမှာတော့ တွေ့ရခဲပါတယ်”တဲ့။

ဆေးပညာရပ်ဆိုင်ရာလေ့လာမှုစစ်တမ်းတွေမှာတော့ ၁၉၅၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကာဖင်းနဲ့ ပတ်သက်ပြီးသေဆုံးမှုဖြစ်စဉ် ၄၅ ခုသာရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်အတွက် လုပ်ထားတဲ့လေ့လာမှုမှာတော့ သေဆုံးမှု ၅၁ ခုအထိရှိခဲ့ပါတယ်တဲ့။ သေဆုံးရတဲ့ အဓိကအကြောင်းရင်းက သွေးထဲမှာ ကာဖင်းပမာဏအလွန်အမင်း များပြားနေလို့ပါ။

ကော်ဖီတစ်ခွက်မှာပုံမှန်ဆိုရင် ကာဖင်းဓာတ် 100mg လောက် ပါဝင်ပြီးသွေးထဲကို ၅ (သို့မဟုတ်) 6 mg/L လောက်အထိ ရောက်စေပါတယ်။ ၂၀၁၇ မှာကာဖင်းဓာတ်လွန်ပြီးသေဆုံးခဲ့တဲ့သူတွေရဲ့ သွေးတွေ ကိုစစ်ဆေးကြည့်တဲ့အခါ မှာတော့ ပျှမ်းမျှ 180 mg/L လောက်အထိ ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါဟာပုံမှန်ကော်ဖီသောက်သူတစ်ယောက်အတွက် အခွက် ၃၀ လောက်ကိုအချိန်သိပ်မခြားဘဲသောက်မှ သွေးထဲ ရောက်နိုင်တဲ့ပမာဏပါ။

အားဖြည့်အချိုရည် (Energy Drink) တွေကတော့ ကော်ဖီထက် ကာဖင်းဓာတ်ပိုမိုပါဝင်ပါတယ်။ ပျမ်းမျှအားဖြည့် အချိုရည်တစ်ဘူးမှာ ကာဖင်း 300 mg လောက်ပါဝင်ပါတယ်။ တကယ်လို့အားဖြည့်အချိုရည် ၁၀ ဘူးလောက်ကိုအချိန်မခြားဘဲ ဆက်တိုက်သောက်မယ်ဆိုရင်တော့ ဒါဟာအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

နိဂုံးချုပ်ပြောရရင်
အမေရိကန်နိုင်ငံရဲ့ FDA ကပြောကြားထားတာကတော့ ဒီလိုကာဖင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းက ကော်ဖီ ၂၈ ခွက်လောက် သောက်တာနဲ့ အကြမ်းဖျင်းညီမျှပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါ။ ကော်ဖီပဲ ဖြစ်ဖြစ်၊ ကာဖင်းဓာတ်များပြားတဲ့ အားဖြည့်အချိုရည်တွေပဲဖြစ်ဖြစ် အလွန်အကျွံ မသုံးစွဲသင့်ပါဘူး။ အရက် နဲ့အားဖြည့်အချိုရည် ရောသောက်ကြတဲ့ ဘော်ဒါတွေလည်း အစစအရာရာ သတိထားကြပါ။ ဘယ်လောက်ပဲကြိုက်ကြိုက် ကော်ဖီဆိုလည်း တစ်နေ့ကို ခွက် ၃၀ ထက်ပိုမသောက်ပါနဲ့။ အားဖြည့်အချိုရည်တွေဆိုရင်လည်း ၁၀ ဘူးထက် ပိုမသောက်ကြပါနဲ့လို့ သတိပေးလိုက်ပါရစေ။

မင်းသုခ

Comments