ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ သင်္ကေတများရဲ့သမိုင်းကြောင်း

ကျွန်တော်တို့နေ့စဉ်လူနေမှုဘ၀မှာ သင်္ကေတအများအပြားကို နေ့စဉ်မြင်တွေ့ရပါတယ်။ ဒီသင်္ကေတတွေထဲကအချို့က ကျွန်တော်တို့နဲ့လက်ပွန်းတတီးတော်တော်ရှိပါတယ်။ ပိုပြီးထူးဆန်းတာက ဒီသင်္ကေတတွေဖြစ်ပေါ်လာရတဲ့သမိုင်းကလည်း အတိအကျရှိတာပါ။

“နှင့်”သင်္ကေတ (သို့) “&”

ကျွန်တော်တို့ “နှင့်” ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးနေတဲ့ ဒီသင်္ကေတလေးဟာ လက်တင်ဘာသာနဲ့ “et” လို့ခေါ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ “and” လို့အဓိပ္ပာယ်ရပါတယ်။ ဒီသင်္ကေတကိုစတင်တီထွင်သုံးစွဲခဲ့တဲ့သူ ရောမနိုင်ငံရေးသုခမိန် ဆီဆာရို (Cicero) ရဲ့လက်ထောက် ထရီရိုဖြစ်ပါတယ်။ ဟိုတုန်းကဘယ်အရာကိုမဆို လက်ရေးမူနဲ့ပဲ မှတ်တမ်းတင်ရတာကြောင့် စာရေးတဲ့အချိန်မှာလျင်လျင်မြန်မြန်အသုံးပြုနိုင်အောင် ဒီသင်္ကေတကို တီထွင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ ထရီရိုဟာ စာတိုရေး နည်းစနစ်တစ်မျိုးကို တီထွင်ခဲ့ပြီး ဒါကို ထရီရို၏မှတ်စုများ (Tiro Notes) လို့ ခေါ်ဝေါ်ကြပါတယ်။

ရာစုနှစ်များစွာကြာတဲ့အချိန်မှာတော့ ဒီ “နှင့်”လို့ အဓိပ္ပာယ် ရတဲ့စကားလုံးဟာ ဥရောပနဲ့အမေရိက အထိပျံ့နှံ့ခဲ့ပြီး အင်္ဂလိပ်အက္ခရာမှာ မပါမဖြစ်စကားလုံးတစ်လုံးဖြစ်ခဲ့ပါတယ်။ ၂၀ ရာစုအတောအတွင်း အနည်းငယ်ငုပ်လျှိုးပျောက်ကွယ်ခဲ့ ပေမယ့် နောက်ပိုင်းမှာတွင်ကျယ်လာတဲ့ စကားလုံးပါ။ သူ့ရဲ့မူလအသံအမှန်က အမ်ပါစီအမ် “And per se and” ဖြစ်ပေမယ့် နောက်ပိုင်းရေးသားတဲ့နေရာမှာ “E” နဲ့ “T” က ပေါင်းစပ်သွားပြီး ဒီနေ့ခေတ်လို ပုံစံဖြစ်လာတာပါ။

အသည်းပုံ သင်္ကေတ (သို့) Heart Sign

ကျွန်တော်တို့ရဲ့နှလုံးသားက ဘယ်လိုပုံစံရှိတယ်ဆိုတာကို လူတိုင်းသိပါတယ်။ အခုအသုံးပြုနေတဲ့ အသည်းပုံသင်္ကေတ နဲ့ လုံးလုံးမတူတာ ကိုတော့ သတိထားမိမှာပါ။ သူ့ရဲ့နောက်ခံသမိုင်းကတော့ အနည်းငယ် ကွဲပြားမှုရှိပါတယ်။

ငန်းနှစ်ကောင်ရေကန်ထဲမှာ နှုတ်ခမ်းခြင်းတေ့တဲ့အချိန်မှာ အသည်းပုံ တစ်ခုဖြစ်ပေါ်လာပါတယ်။ ကမ္ဘာယဉ်ကျေးမှု တော်တော်များများမှာလည်း ဒီလိုငန်းနှစ်ကောင်နမ်းနေတဲ့ပုံကို အချစ်၊ သစ္စာရှိမှုနဲ့ တစ်ဘ၀လုံးနှစ်သက် မြတ်နိုးမှုကို ကိုယ်စားပြုပါတယ်။

နောက်ထပ်ပြောဆိုတဲ့သမိုင်းတစ်ခုက ဒီသင်္ကေတဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုကနေ ဆင်းသက်လာတယ်ဆိုတာပါ။ အမျိုးသမီးတွေရဲ့ တင်ပဆုံရိုးပုံစံကို ရေးဆွဲတာကနေ ဒီလိုမျိုးအသည်းပုံ သဏ္ဌာန်ကို ရရှိလာတယ်လို့လည်းပြောကြပါတယ်။ ရှေးခေတ်ဂရိလူမျိုး တွေက အမျိုးသမီးတွေရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံကို ကျွမ်းကျွမ်း ကျင်ကျင် နားလည်ကြသလို အချစ်နတ်သမီး အက်ဖရိုဒိုက် (Aphrodite)ရဲ့ နတ်ကွန်းတည်ဆောက်တုန်းကလည်း ဒီပုံသဏ္ဌာန်ကို ထည့်သွင်းအသုံး ပြုခဲ့ကြပါတယ်။

နောက်ဆုံးဇာတ်လမ်းကတော့ ဒီသင်္ကေတက နွယ်ရွက်တစ်မျိုးဖြစ်တဲ့ Ivy Leaf ရဲ့ပုံသဏ္ဌာန်ကနေ ဆင်းသက်လာ တယ်ဆိုတာပါ။ ဂရိတွေက အချစ်ကိုစောင့်ကြပ်တဲ့ နတ်ဘုရားဖြစ်သလို ၀ိုင်နတ်ဘုရားလည်းဖြစ်တဲ့ Dionysus ရဲ့အကြောင်း ဖော်ကျူးတဲ့နေရာမှာ ဒီအရွက်လေးတွေကို အမြောက်အမြားအသုံးပြုခဲ့ကြပါတယ်။

Bluetooth သင်္ကေတ

ကွဲပြားနေတဲ့နယ်မြေများစွာကို စုစည်းပေးခဲ့တဲ့ အေဒီ ၉ ရာစုက ဒိန်းမတ်ဘုရင်ကြီး Harald Bluetooth ကိုအဆွဲပြုပြီး ဒီသင်္ကေတဖြစ်ပေါ် လာတာဖြစ်ပါတယ်။ လက်တင်ဘာသာက “H” နဲ့ အဓိပ္ပာယ်တူတဲ့ Scandinavian တွေရဲ့စကားလုံး “Hagall” နှင့် “B” နဲ့ အဓိပ္ပာယ်တူတဲ့ “Bjarkan” တို့ကို ပေါင်းစပ်ပြီးတော့ Bluetooth သင်္ကေတကိုဖော်ကျူး ထားတာဖြစ်ပါတယ်။ Bluetooth ကလည်း အမျိုးအစား ကွဲပြားနေတဲ့ ဖုန်းတွေကို တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်နိုင်စွမ်းရှိပါတယ်။

ပါဝါခလုတ်ရဲ့ သင်္ကေတ

ကွန်ပျူတာတွေရဲ့ အခြေခံက “1” နဲ့ “0” ပါ။ တစ်ပိုင်းလျှပ်ကူး (Semiconductor) လေးတွေရဲ့ ဖွင့်ခြင်း၊ ပိတ်ခြင်းကို အခြေခံပြီးတော့ လုပ်ပါတယ်။ ပါဝါခလုတ်မှာပါဝင်တဲ့ ဒီသင်္ကေတလေးက “0” နဲ့ “1” ကို လှလှပပပေါင်းစပ်ထားတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးသင်္ကေတ

၁၉၅၈ တစ်ဝိုက် နျူကလီးယားလက်နက်ဆန္ဒပြပွဲတွေမှာ ငြိမ်းချမ်းရေးသင်္ကေတကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြ ပါတယ်။ အဲဒီအချိန် တုန်းက ဗြိတိန်နိုင်ငံပိုင်ဆိုင်တဲ့ နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းဖို့ အကြီးအကျယ်ဆန္ဒပြခဲ့ကြပြီး ဒီလိုဂိုဒီဇိုင်းကို Gerald Holtom ကရေးဆွဲပေးခဲ့တာပါ။ နျူကလီးယားလက်နက်ဖျက်သိမ်းတာကို အင်္ဂလိပ်လို Nuclear Disarmament လို့ခေါ်ပါတယ်။ အစစာလုံး”N” နဲ့ “D” ကို ရေကြောင်း အလံအချက်ပြသင်္ကေတနဲ့ ပေါင်းစပ်ပုံဖော်ထားတာဖြစ်ပါ တယ်။ ဒီအလံ အချက်ပြသင်္ကေတစနစ်မှာ “N” ကို အင်္ဂလိပ်အက္ခရာ “V” ပုံစံပြောင်းပြန် ကိုင်တွယ်ပြသရပြီး “D” ကိုတော့ အပေါ်၊ အောက် လက်ကို ဆန့်တန်းပြသရပါတယ်။

ခေတ္တရပ်ခြင်း “Pause”

ဖုန်းမှာ သီချင်းနားထောင်ရင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်ရင်ပဲဖြစ်ဖြစ် “Pause” သင်္ကေတလေးကို မလွှဲမသွေတွေ့ရမှာ ဖြစ်သလို ရီမု (Remote) တိုင်းမှာလည်း ဒီသင်္ကေတက မပါမဖြစ်ပါ။ ဂီတသင်္ကေတတွေထဲမှာ အသက်ရှုသံတစ်ချက်စာ ရပ်ဖို့အတွက် မျဉ်းနှစ်ချောင်းကိုခြစ်ပြီး အမှတ်အသားပြပါတယ်။ တကယ်တော့ “Pause” သင်္ကေတက အဲဒီကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

မင်းသုခ

(Unicode Version)



“နှင့ျ”သငျ်ကတေ (သို့) “&”






Bluetooth သငျ်ကတေ

ပါဝါခလုတျရဲ့ သငျ်ကတေ


ခတေ်တရပျခွငျး “Pause”


Comments