ေန႔စဥ္အသံုးျပဳေနၾကတဲ့ ဆဲလ္ဖုန္းေတြဟာ ဦးေႏွာက္ကင္ဆာျဖစ္ပြားေစတယ္လု႔ိ ေျပာဆိုသံေတြကို အနည္းနဲ႔အမ်ား ၾကားဖူးၾကပါလိမ့္မယ္။ မီဒီယာေတြကေရာ၊ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္သူေတြကပါ သတိေပးခဲ့ၾကတာေၾကာင့္ ဆဲလ္ဖုန္း အသံုးျပဳသူအမ်ားစု ယေန႔အခ်ိန္ထိ ေၾကာက္ရြံ႕ထိတ္လန္႔ေနၾကတာကိုလည္း ေတြ႕ရပါတယ္။ ဒီသတင္းေတြရဲ႕ ရင္းျမစ္က အေမရိကန္အမ်ိဳးသားအဆိပ္ေဗဒေလ့လာေရးအဖြဲ႕ (US National Toxicology Program) ရဲ႕ေၾကညာခ်က္ပဲျဖစ္မယ္လုိ႔ ခန္႔မွန္းရပါတယ္။ NTP ဟာ ၂၀၁၆ ခုႏွစ္အတြင္းက ဆဲလ္ဖုန္းအသံုးျပဳျခင္းေၾကာင့္ ဦးေႏွာက္နဲ႔ ႏွလံုးကင္ဆာေတြျဖစ္ပြားႏုိင္ေျခရွိတယ္လုိ႔ ကနဦးစမ္းသပ္ခ်က္အေျဖကို ထုတ္ျပန္္ေၾကညာခဲ့ပါတယ္။ ဒီေၾကညာခ်က္ဟာ တစ္ကမၻာလံုးက စမတ္ဖုန္းအသံုးျပဳ သူေတြအေပၚ ႀကီးမားတဲ့႐ိုက္ခတ္မႈ ေတြရွိခဲ့မယ္ဆိုတာကို အထူးေျပာစရာမလုိပါဘူး။
NTP ဟာ ဆဲလ္ဖုန္းေၾကာင့္ ကင္ဆာျဖစ္ႏုိင္တယ္လို႔ေၾကညာခဲ့ေပမယ့္ စမ္းသပ္မႈရဲ႕ေနာက္ဆံုးအေျဖကို အတိအလင္း မေဖာ္ျပခဲ့ပါဘူး။ ဒါ့ေၾကာင့္လည္း ဒီေၾကညာခ်က္ကို လက္မခံႏုိင္ေၾကာင္းေ၀ဖန္မႈေတြလည္းထြက္ေပၚခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ ပိုၿပီးဂ႐ုတစိုက္စဥ္းစား အကဲျဖတ္ႏုိင္မယ့္သတင္းအခ်က္အလက္ေတြကို တိတိက်က်ရရွိခဲ့ၿပီလုိ႔ သိရပါတယ္။ တကယ္ေတာ့ ဆဲလ္ဖုန္းက ထုတ္လႊတ္တဲ့အခ်က္ျပလိႈင္းေတြနဲ႔ပတ္သက္ၿပီး NTP ဟာ ၾကြက္ေတြနဲ႔စမ္းသပ္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ဓာတ္ခြဲခန္းသံုးၾကြက္ငယ္ေလးေတြ မဟုတ္ဘဲ ေျမၾကြက္ႀကီးေတြကို အသံုးျပဳခဲ့တာျဖစ္ပါတယ္။ ၿပီးေတာ့ ၾကြက္အထီးေတြခ်ည္း သီးသန္႔စမ္းသပ္ခဲ့တာလိ႔ုလည္း သိရပါတယ္။ ဒီၾကြက္ေတြကို တစ္ရက္မွာ ဆဲလ္ဖုန္းထိေတြ႕မႈ ၉ နာရီေပးခဲ့ရာမွာ တခ်ိဳ႕ဟာ ကင္ဆာေရာဂါတစ္မ်ိဳးျဖစ္ပြားတာကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ ေဆးပညာရွင္တခ်ိဳ႕ေတာင္မွ မႀကံဳဖူးေလာက္ေအာင္ အေတြ႕ရနည္းတဲ့ ႏွလံုးတစ္သွ်ဴးအႀကိတ္တည္တဲ့ကင္ဆာေရာဂါတစ္မ်ိဳးပါပဲ။ အေစာပိုင္းက ေဖာ္ျပခဲ့တဲ့ ဦးေႏွာက္ကင္ဆာျဖစ္ပြားတာကို မေတြ႕ရတာေၾကာင့္ ေၾကညာခ်က္ကေတာ္ေတာ္ႀကီးကြဲလြဲေနတာ ကိုေတြ႕ရပါတယ္။

ဒါ့အျပင္ ဆဲလ္ဖုန္းနဲ႔ထိေတြ႕တဲ့ၾကြက္ေတြဟာ သာမန္ထိန္းသိမ္းထားတဲ့ ၾကြက္ေတြထက္ပိုၿပီး အသက္ရွည္ခဲ့တယ္ လုိ႔လည္း သိရပါတယ္။ ဒါဆုိရင္ တကယ္တမ္းထုတ္ျပန္သင့္တာက “ဆဲလ္ဖုန္းအသံုးျပဳျခင္းဟာ အသက္ ပိုရွည္ေစႏုိင္တယ္” ဆိုတဲ့ေၾကညာခ်က္ပဲမဟုတ္ပါလား။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဆဲလ္ဖုန္းအသံုးျပဳျခင္းနဲ႔ ကင္ဆာျဖစ္ႏုိင္ေျခကို ေဆြးေႏြးတဲ့ ေနရာမွာ သိပၸံနည္းက်ယုတိၱတန္တဲ့ သေဘာတရားေတြခ်န္ထားခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဆဲလ္ဖုန္းေတြဟာ ေရဒီယိုႀကိမ္ ႏႈန္းလိႈင္းေတြကို ထုတ္လႊတ္ပါတယ္။ ဒီလိႈင္းေတြဟာ လူအမ်ားစုနား လည္ထားၾကတဲ့ ဓာတ္ေရာင္ျခည္ျဖာထြက္ျခင္း (Radiation) နဲ႔မတူပါဘူး။ Spectrum လို႔ေခၚတဲ့ေရာင္စဥ္တန္းမွာပါ၀င္တဲ့ စြမ္းအင္အသီးသီးဟာ က်ဥ္းေျမာင္းတဲ့အလင္း ေရာင္တန္းေတြအျဖစ္ ျမင္ေတြ႕ႏုိင္ၾကပါတယ္။ တစ္နည္းအားျဖင့္ အနီ၊ လိေမၼာ္၊ အ၀ါ၊ အစိမ္း၊ အျပာ၊ မဲနယ္၊ ခရမ္း ဆိုတဲ့ ေရာင္စဥ္ခုႏွစ္သြယ္ပဲျဖစ္ပါတယ္။ ခရမ္းေရာင္ကို ေက်ာ္လြန္သြားရင္ေတာ့ Ultraviolet ဆိုတဲ့ခရမ္းလြန္ေရာင္ျခည္ျဖစ္လာၿပီး ပံုမွန္အားျဖင့္ အဆိုပါေရာင္ျခည္ကိုု ေနကထုတ္လႊတ္ပါတယ္။ ဒါ့အျပင္ X-rays နဲ႔ Gamma rays ဆိုတဲ့ ေရာင္ျခည္အမ်ိဳးအစား ေတြလည္း ရွိပါေသးတယ္။ ဒီေရာင္စဥ္တန္းေတြဟာ Radiation အမ်ိဳးအစားထဲမွာပါ၀င္ၿပီး စြမ္းအင္မ်ားျပားတဲ့အတြက္ လူ႕ခႏၶာကုိယ္တစ္သွ်ဴးထဲက DNA ကို ဖ်က္ဆီးႏုိင္စြမ္းရွိၾကပါတယ္။ တစ္နည္းအားျဖင့္ ကင္ဆာျဖစ္ေစႏုိင္တဲ့ ေရာင္ျခည္ေတြပါ။
ေရာင္စဥ္တန္းရဲ႕အစမွာပါ၀င္တဲ့ အနီေရာင္ထက္ နိမ့္တဲ့ေရာင္ျခည္ကိုေတာ့ Infrared Light (အနီေအာက္ေရာင္ျခည္) လို႔ေခၚၾကပါတယ္။ ေရဒီယိုလိႈင္း၊ ႐ုပ္ျမင္သံၾကားလိႈင္းေတြဟာ မိုက္ခ႐ိုေ၀့ဗ္လို႔ေခၚတဲ့ အနီေအာက္ေရာင္ျခည္လိႈင္း အမ်ိဳး အစားေတြပဲျဖစ္ပါတယ္။ စြမ္းအင္ပါ၀င္မႈ နည္းပါးတာေၾကာင့္ DNA ကို မထိခိုက္ေစႏုိင္ပါဘူး။ ဒါ့ေၾကာင့္ ဆဲလ္ဖုန္းက ထြက္လာတဲ့အခ်က္ျပလိႈင္းဟာ ကင္ဆာျဖစ္ေစႏုိင္တယ္ဆိုရင္ အထက္ပါသိပၸံနည္းက်အခ်က္အလက္ေတြနဲ႔ ကြဲလြဲေနတယ္လုိ႔ ဆိုရမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ NTP ရဲ႕စစ္တမ္းမွာ ဆဲလ္ဖုန္းဟာ ကင္ဆာျဖစ္ေစႏိုင္ပါတယ္လုိ႔ ဘာေၾကာင့္ေတြ႕ရွိခဲ့ရတာပါလဲ။ တစ္ခ်က္ျပန္စဥ္းစားသင့္တာက စမ္းသပ္မႈမွာအသံုးျပဳခဲ့တဲ့တိရစၦာန္ဟာ ဓာတ္ခြဲခန္းသံုးၾကြက္ငယ္ေလးေတြမဟုတ္ဘဲ ေျမၾကြက္ ႀကီးေတြျဖစ္တဲ့အျပင္ အားလံုးဟာ အထီးေတြျဖစ္ခဲ့တယ္ဆိုတဲ့အခ်က္ပါ။ ဒါ့အျပင္ ၾကြက္ေတြကို အုပ္စု ၄ ခု ခြဲၿပီး ကင္ဆာအမ်ိဳးအစား ၉ မ်ိဳးအထိ စမ္းသပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ေၾကာင့္ ေနာက္ဆံုးမွာ ရလဒ္ ၃၆ မ်ိဳးထြက္ေပၚ ခဲ့ပါလိမ့္မယ္။ ဒီရလဒ္ေတြထဲက တစ္ခုခုဟာ အေပါင္းလကၡဏာျပၿပီဆုိတာနဲ႔ ဆဲလ္ဖုန္းေၾကာင့္ ကင္ဆာျဖစ္ႏုိင္တယ္ဆိုတဲ့အေျဖ ကို ကတ္သတ္ထုတ္ယူ လုိ႔ရသြားမွာပါပဲ။ ေသခ်ာတာကေတာ့ ဒီလုိစမ္းသပ္မႈမ်ိဳးကို အတည္ယူလုိ႔မရပါဘူး။ တကယ္လို႔ ရွားရွားပါးပါးထြက္ေပၚခဲ့တဲ့ ကင္ဆာရလဒ္တစ္ကို စိုးရိမ္ေနမယ္ဆိုရင္လည္း စာဖတ္သူဟာ ၾကြက္တစ္ေကာင္မဟုတ္သလို တစ္ရက္ကို ၉ နာရီၾကာေအာင္ ဖုန္းေျပာမွာမဟုတ္ဘူးဆိုတာ ျပန္စဥ္းစားသင့္ပါတယ္။
Ref : (Opinion: Study on cellphones and cancer is reassuring)
ကုိဆြဲ (မုံရြာ)
(Unicode Version)
ဆဲလ်ဖုန်းအသုံးပြုခြင်းနဲ့ ကင်ဆာအယူအဆအလွဲများ
နေ့စဉ်အသုံးပြုနေကြတဲ့ ဆဲလ်ဖုန်းတွေဟာ ဦးနှောက်ကင်ဆာဖြစ်ပွားစေတယ်လု့ိ ပြောဆိုသံတွေကို အနည်းနဲ့အများ ကြားဖူးကြပါလိမ့်မယ်။ မီဒီယာတွေကရော၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကပါ သတိပေးခဲ့ကြတာကြောင့် ဆဲလ်ဖုန်း အသုံးပြုသူအများစု ယနေ့အချိန်ထိ ကြောက်ရွံ့ထိတ်လန့်နေကြတာကိုလည်း တွေ့ရပါတယ်။ ဒီသတင်းတွေရဲ့ ရင်းမြစ်က အမေရိကန်အမျိုးသားအဆိပ်ဗေဒလေ့လာရေးအဖွဲ့ (US National Toxicology Program) ရဲ့ကြေညာချက်ပဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ NTP ဟာ ၂၀၁၆ ခုနှစ်အတွင်းက ဆဲလ်ဖုန်းအသုံးပြုခြင်းကြောင့် ဦးနှောက်နဲ့ နှလုံးကင်ဆာတွေဖြစ်ပွားနိုင်ခြေရှိတယ်လို့ ကနဦးစမ်းသပ်ချက်အဖြေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ တစ်ကမ္ဘာလုံးက စမတ်ဖုန်းအသုံးပြု သူတွေအပေါ် ကြီးမားတဲ့ရိုက်ခတ်မှု တွေရှိခဲ့မယ်ဆိုတာကို အထူးပြောစရာမလိုပါဘူး။
NTP ဟာ ဆဲလ်ဖုန်းကြောင့် ကင်ဆာဖြစ်နိုင်တယ်လို့ကြေညာခဲ့ပေမယ့် စမ်းသပ်မှုရဲ့နောက်ဆုံးအဖြေကို အတိအလင်း မဖော်ပြခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ဒီကြေညာချက်ကို လက်မခံနိုင်ကြောင်းဝေဖန်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပိုပြီးဂရုတစိုက်စဉ်းစား အကဲဖြတ်နိုင်မယ့်သတင်းအချက်အလက်တွေကို တိတိကျကျရရှိခဲ့ပြီလို့ သိရပါတယ်။ တကယ်တော့ ဆဲလ်ဖုန်းက ထုတ်လွှတ်တဲ့အချက်ပြလှိုင်းတွေနဲ့ပတ်သက်ပြီး NTP ဟာ ကြွက်တွေနဲ့စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဓာတ်ခွဲခန်းသုံးကြွက်ငယ်လေးတွေ မဟုတ်ဘဲ မြေကြွက်ကြီးတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ကြွက်အထီးတွေချည်း သီးသန့်စမ်းသပ်ခဲ့တာလိ့ုလည်း သိရပါတယ်။ ဒီကြွက်တွေကို တစ်ရက်မှာ ဆဲလ်ဖုန်းထိတွေ့မှု ၉ နာရီပေးခဲ့ရာမှာ တချို့ဟာ ကင်ဆာရောဂါတစ်မျိုးဖြစ်ပွားတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဆေးပညာရှင်တချို့တောင်မှ မကြုံဖူးလောက်အောင် အတွေ့ရနည်းတဲ့ နှလုံးတစ်သျှူးအကြိတ်တည်တဲ့ကင်ဆာရောဂါတစ်မျိုးပါပဲ။ အစောပိုင်းက ဖော်ပြခဲ့တဲ့ ဦးနှောက်ကင်ဆာဖြစ်ပွားတာကို မတွေ့ရတာကြောင့် ကြေညာချက်ကတော်တော်ကြီးကွဲလွဲနေတာ ကိုတွေ့ရပါတယ်။
ဒါ့အပြင် ဆဲလ်ဖုန်းနဲ့ထိတွေ့တဲ့ကြွက်တွေဟာ သာမန်ထိန်းသိမ်းထားတဲ့ ကြွက်တွေထက်ပိုပြီး အသက်ရှည်ခဲ့တယ် လို့လည်း သိရပါတယ်။ ဒါဆိုရင် တကယ်တမ်းထုတ်ပြန်သင့်တာက “ဆဲလ်ဖုန်းအသုံးပြုခြင်းဟာ အသက် ပိုရှည်စေနိုင်တယ်” ဆိုတဲ့ကြေညာချက်ပဲမဟုတ်ပါလား။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆဲလ်ဖုန်းအသုံးပြုခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေကို ဆွေးနွေးတဲ့ နေရာမှာ သိပ္ပံနည်းကျယုတ္တိတန်တဲ့ သဘောတရားတွေချန်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆဲလ်ဖုန်းတွေဟာ ရေဒီယိုကြိမ် နှုန်းလှိုင်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီလှိုင်းတွေဟာ လူအများစုနား လည်ထားကြတဲ့ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း (Radiation) နဲ့မတူပါဘူး။ Spectrum လို့ခေါ်တဲ့ရောင်စဉ်တန်းမှာပါဝင်တဲ့ စွမ်းအင်အသီးသီးဟာ ကျဉ်းမြောင်းတဲ့အလင်း ရောင်တန်းတွေအဖြစ် မြင်တွေ့နိုင်ကြပါတယ်။ တစ်နည်းအားဖြင့် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း ဆိုတဲ့ ရောင်စဉ်ခုနှစ်သွယ်ပဲဖြစ်ပါတယ်။ ခရမ်းရောင်ကို ကျော်လွန်သွားရင်တော့ Ultraviolet ဆိုတဲ့ခရမ်းလွန်ရောင်ခြည်ဖြစ်လာပြီး ပုံမှန်အားဖြင့် အဆိုပါရောင်ခြည်ကို နေကထုတ်လွှတ်ပါတယ်။ ဒါ့အပြင် X-rays နဲ့ Gamma rays ဆိုတဲ့ ရောင်ခြည်အမျိုးအစား တွေလည်း ရှိပါသေးတယ်။ ဒီရောင်စဉ်တန်းတွေဟာ Radiation အမျိုးအစားထဲမှာပါဝင်ပြီး စွမ်းအင်များပြားတဲ့အတွက် လူ့ခန္ဓာကိုယ်တစ်သျှူးထဲက DNA ကို ဖျက်ဆီးနိုင်စွမ်းရှိကြပါတယ်။ တစ်နည်းအားဖြင့် ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ခြည်တွေပါ။
ရောင်စဉ်တန်းရဲ့အစမှာပါဝင်တဲ့ အနီရောင်ထက် နိမ့်တဲ့ရောင်ခြည်ကိုတော့ Infrared Light (အနီအောက်ရောင်ခြည်) လို့ခေါ်ကြပါတယ်။ ရေဒီယိုလှိုင်း၊ ရုပ်မြင်သံကြားလှိုင်းတွေဟာ မိုက်ခရိုဝေ့ဗ်လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်လှိုင်း အမျိုး အစားတွေပဲဖြစ်ပါတယ်။ စွမ်းအင်ပါဝင်မှု နည်းပါးတာကြောင့် DNA ကို မထိခိုက်စေနိုင်ပါဘူး။ ဒါ့ကြောင့် ဆဲလ်ဖုန်းက ထွက်လာတဲ့အချက်ပြလှိုင်းဟာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုရင် အထက်ပါသိပ္ပံနည်းကျအချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် NTP ရဲ့စစ်တမ်းမှာ ဆဲလ်ဖုန်းဟာ ကင်ဆာဖြစ်စေနိုင်ပါတယ်လို့ ဘာကြောင့်တွေ့ရှိခဲ့ရတာပါလဲ။ တစ်ချက်ပြန်စဉ်းစားသင့်တာက စမ်းသပ်မှုမှာအသုံးပြုခဲ့တဲ့တိရစ္ဆာန်ဟာ ဓာတ်ခွဲခန်းသုံးကြွက်ငယ်လေးတွေမဟုတ်ဘဲ မြေကြွက် ကြီးတွေဖြစ်တဲ့အပြင် အားလုံးဟာ အထီးတွေဖြစ်ခဲ့တယ်ဆိုတဲ့အချက်ပါ။ ဒါ့အပြင် ကြွက်တွေကို အုပ်စု ၄ ခု ခွဲပြီး ကင်ဆာအမျိုးအစား ၉ မျိုးအထိ စမ်းသပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာ ရလဒ် ၃၆ မျိုးထွက်ပေါ် ခဲ့ပါလိမ့်မယ်။ ဒီရလဒ်တွေထဲက တစ်ခုခုဟာ အပေါင်းလက္ခဏာပြပြီဆိုတာနဲ့ ဆဲလ်ဖုန်းကြောင့် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့အဖြေ ကို ကတ်သတ်ထုတ်ယူ လို့ရသွားမှာပါပဲ။ သေချာတာကတော့ ဒီလိုစမ်းသပ်မှုမျိုးကို အတည်ယူလို့မရပါဘူး။ တကယ်လို့ ရှားရှားပါးပါးထွက်ပေါ်ခဲ့တဲ့ ကင်ဆာရလဒ်တစ်ကို စိုးရိမ်နေမယ်ဆိုရင်လည်း စာဖတ်သူဟာ ကြွက်တစ်ကောင်မဟုတ်သလို တစ်ရက်ကို ၉ နာရီကြာအောင် ဖုန်းပြောမှာမဟုတ်ဘူးဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
Ref : (Opinion: Study on cellphones and cancer is reassuring)
ကိုဆွဲ (မုံရွာ)
Comments
Post a Comment