မ်က္စိေရွ႕က ေပ်ာက္ကြယ္သြားေတာ့မယ့္ နည္းပညာထုတ္ကုန္မ်ား

ဒီကေန႔ ကြၽန္ေတာ္တုိ႔ လက္ထဲကအသံုးအေဆာင္ထုတ္ကုန္ေတြအတြက္ နက္ျဖန္ ဒါမွမဟုတ္ သန္ဘက္ခါမွာမတူညီတဲ့ ပစၥည္းသစ္ ဒါမွမဟုတ္ ပိုအဆင့္ျမင့္တဲ့ဗားရွင္းတစ္ခု ထပ္ထြက္ရင္ထြက္လာမွာပါ။ ဒါေၾကာင့္လည္း ပိုမိုဆန္းသစ္တဲ့ နည္းပညာ သစ္ေတြ အရွိန္အဟုန္နဲ႔ မျပတ္ထြက္ရွိေနတာေၾကာင့္ ယေန႔ကိုယ္ေတြျမင္ေတြ႕သံုးစြဲေနရတဲ့ ထုတ္ကုန္ေတြထဲက တခ်ိဳ႕ဟာ သိပ္မၾကာခင္ အပိုင္းအျခားကာလမွာ ေပ်ာက္ကြယ္သြားေတာ့မွာျဖစ္တယ္လို႔ နည္းပညာကြၽမ္းက်င္သူေတြက ဆိုၾကပါတယ္။ အဲဒါေတြကဘာေတြလဲဆုိတာ ကြၽန္ေတာ္တို႔ ၾကည့္ၾကရေအာင္။

Image result for digital camera

ဒစ္ဂ်စ္တယ္ကင္မရာေတြ

စမတ္ဖုန္းေတြမွာ ကင္မရာေတြ တပ္ဆင္လုိက္ကတည္းက ဒစ္ဂ်စ္တယ္ကင္မရာေတြရဲ႕ အေရးပါမႈက အဆံုးသတ္ သြားခဲ့ၿပီျဖစ္ပါတယ္။ ဒီကေန႔ေခတ္ စမတ္ဖုန္းေတြဟာ ဒစ္ဂ်စ္တယ္ကင္မရာေတြထက္ လုပ္ေဆာင္ခ်က္ေတြပိုၿပီး စံုလင္ျပည့္စံု လာေနပါတယ္။ အထူးသျဖင့္ ဖုန္းကင္မရာေတြကေနတစ္ဆင့္ အရည္အေသြးျမင့္ဓာတ္ပံုေတြနဲ႔ ဗီဒီယိုေတြကို HD စနစ္နဲ႔ ႐ိုက္ကူးႏိုင္ေနၿပီျဖစ္တဲ့အတြက္ ဒစ္ဂ်စ္တယ္ကင္မရာေတြရဲ႕က႑က အဆံုးသတ္သြားခဲ့ပါျပီ။

Hard Drive  ေတြ

Hard Drive  ေတြကို ေဒတာစုေဆာင္းထားရွိဖို႔ အသံုးခ်ၾကပါတယ္။ ကြန္ပ်ဴတာသံုးစြဲသူအေတာ္မ်ားမ်ားဟာ Hard Drive  ေတြကို အထူးတလည္ အသံုးျပဳေနၾကဆဲပါ။ ဒါေပမယ့္ သိပ္မၾကာခင္မွာေတာ့ လူတိုင္းက သူတို႔ရဲ႕အခ်က္အလက္ ေတြကို “cloud” ေပၚမွာ သိမ္းဆည္းေတာ့မွာ ျဖစ္တဲ့အတြက္ physical storage device ေတြ လိုအပ္ေတာ့မွာမဟုတ္ပါဘူး။

Image result for Thumb drive

Thumb drive ေတြ

သူလည္း Cloud နဲ႔ ရင္ဆုိင္ရေတာ့မွာျဖစ္ပါတယ္။ Floppy-disk  ေတြကို အႏုိင္ယူၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္ လူသံုး မ်ားခဲ့တဲ့ Thumb drive ေတြဟာ ခုေတာ့ လမ္းဆံုးကိုေရာက္လုေနပါၿပီ။ Thumb drive ေတြဟာ အခ်က္အလက္ေတြကို အိတ္ကပ္ထဲထည့္ၿပီး သယ္ေဆာင္ရာမွာ အဆင္ေျပေစေပမယ့္ ဒီကေန႔မွာေတာ့ cloud computing ေၾကာင့္ အခ်က္အလက္ ေတြကို ဒီနည္းအတိုင္းသယ္ေဆာင္ဖို႔ မလိုေတာ့ပါဘူး။

GPS Devices

စမတ္ဖုန္းေတြရဲ႕ ႐ိုက္ခ်က္တစ္ခုျဖစ္လာပါတယ္။ ဖုန္းေတြက GPS ထုတ္ကုန္ေတြရဲ႕ လုပ္ေဆာင္ခ်က္အားလံုးကို တစ္ေသြမတိမ္းလုပ္ေဆာင္ ေပးႏိုင္လာတဲ့ေခတ္မွာ GPS ပစၥည္းေတြ တျဖည္းျဖည္းနဲ႔ ေနရာေပ်ာက္လာေနပါတယ္။

Image result for fax

Fax

e-government စနစ္ေတြ Microsoft နဲ႔ Google Docs ေတြ တြင္က်ယ္လာတာေၾကာင့္ Fax ေတြဟာ မလိုအပ္ ေတာ့ပါဘူး။ တကယ္တမ္းအားျဖင့္လည္း Fax ေတြဟာ ဟိုးအရင္ကတည္းက ေပ်ာက္ကြယ္သင့္ေနတာပါ။ ႐ံုးလုပ္ငန္းေတြ Paperless ျဖစ္သြားတာနဲ႔ ဒီစက္ေတြလည္း ေပ်ာက္ကြယ္သြားေတာ့မွာပါ။

CD ေတြ

အင္တာနက္ေပၚမွာ Music Store ေတြ ေပါေပါမ်ားမ်ားေပၚထြက္လာေနသလို Live Streaming ၀န္ေဆာင္မႈေတြလည္း တိုးပြားလာေနတာေၾကာင့္ သီခ်င္းေတြကို CD နဲ႔ ၀ယ္ယူမႈက က်ဆင္းလာေနပါၿပီ။ ေနာက္ထပ္ ၃ ႏွစ္အထိ ဆက္ရွိေနဖို႔ေတာင္ မလြယ္ေတာ့ပါဘူး။

DVD နဲ႔ Blu-ray player ေတြ

Netflix  တို႔ iflix တို႔လို movie streaming  ၀န္ေဆာင္မႈေတြနဲ႔ Free Movie Streaming Website ေတြ ေပါမ်ားလာေနတာက DVD နဲ႔ Blu-ray player ေတြကို တျဖည္းျဖည္းေပ်ာက္ကြက္သြားေစပါတယ္။ လက္ရွိမွာလည္း ဖြံ႕ၿဖိဳးၿပီးႏုိင္ငံေတြမွာဆိုရင္ အသံုးျပဳမႈႏႈန္းက အေတာ္ က်ဆင္းလာေနပါျပီ။

ဂဏန္းေပါင္းစက္ေတြ

ဖုန္းတုိင္းမွာဂဏန္းေပါင္းစက္က built in ပါ၀င္ပါတယ္။ ဒါ့အျပင္  ကိုယ္လိုခ်င္တဲ့ ဒီဇိုင္းအသြင္အျပင္နဲ႔ function ေတြပါ၀င္တဲ့ ဂဏန္းေပါင္းစက္ App တစ္ခုခုကိုလည္း စိတ္ၾကိဳက္ေရြးခ်ယ္ၿပီးအခမဲ့ ေဒါင္းလုတ္ဆြဲလို႔လည္း ရေနပါတယ္။ ဒါေၾကာင့္ လူတိုင္းအတြက္သီးသန္႔ ဂဏန္းေပါင္းစက္ တစ္ခုထပ္၀ယ္ဖို႔ လိုအပ္ေတာ့မွာမဟုတ္ပါဘူး။

ႏိႈးစက္နာရီေတြ

ဂဏန္းေပါင္းစက္ေတြလိုပါပဲဖုန္းတိုင္းမွာ alarm clock, stopwatch နဲ႔ timer တို႔ built in ပါ၀င္ပါတယ္။ ဒါ့အျပင္ က်န္းမာေရးနဲ႔ ပိုကိုက္ညီၿပီး ပိုအဆင့္ျမင့္မားတဲ့ Sleeping App ေတြကိုလည္း App Store ေတြမွာ ေဒါင္းလုတ္ဆြဲလို႔ရေနပါၿပီ။ ဒီေတာ့ ႏိႈးစက္နာရီေတြဟာ ေခတ္ေရစီးထဲမွာ မပါေတာ့ပါဘူး။

Image result for analog clock

Analog နာရီေတြ

စမတ္နာရီေတြဟာ စမတ္ဖုန္းေတြကိုေက်ာ္တက္ဖို႔ အသင့္မျဖစ္ေသးေပမယ့္ Analog နာရီေတြရဲ႕ေနရာမွာ အစားထိုး ၀င္ေရာက္ေနပါၿပီ။ စမတ္ဖုန္းကုမၸဏီေတြသာမကဘဲ Luxury Brand ေတြျဖစ္တဲ့ MichealKors လို အမွတ္တံဆိပ္မ်ိဳးေတြကေတာင္ စမတ္နာရီေတြထုတ္ေနတာေၾကာင့္ သမား႐ိုးက်နာရီေတြရဲ႕ အခန္းက႑ကေမွးမွိန္လာေနပါတယ္။

Image result for telephone

ႀကိဳးဖုန္းေတြ

၂၀၁၆ ခုႏွစ္ဟာ အေမရိကန္ကအိမ္အမ်ားစုမွာ ႀကိဳးဖုန္းမရိွေတာ့တဲ့ ပထမဆံုးႏွစ္ျဖစ္တယ္လို႔ Center for Disease Control က ထုတ္ျပန္ခဲ့ပါ တယ္။ ဒါ့အျပင္ အသက္ ၂၅ ႏွစ္ကေန ၃၄ ႏွစ္အတြင္းရိွတဲ့ အရြယ္ေရာက္ၿပီးသူ ၇၀ ရာခိုင္ႏႈန္း ေက်ာ္က ႀကိဳးမဲ့စနစ္ကိုသာ သံုးစြဲၾကတယ္လို႔ ဆို ပါတယ္။

Image result for telephone

အခေပးဖုန္းေတြ

လူတိုင္းမွာမိုဘုိင္းဖုန္းေတြရိွေနၾကတဲ့အခ်ိန္မွာ အခေပးဖုန္းေတြဟာ အသံုးမ၀င္ေတာ့ပါဘူး။ နာမည္ေက်ာ္ AT&T ဆိုရင္ ၂၀၀၇ ခုႏွစ္ကတည္းက အခေပးဖုန္းေစ်းကြက္ကေန ထြက္ခြာခဲ့တာပါ။

ဖုန္းေပၚကခလုတ္ေတြ

၂၀၁၇ ႏို၀င္ဘာ ၃ ရက္မွာ ျဖန္႔ခ်ိခဲ့တဲ့ iPhone X ဟာ home ခလုတ္မပါ၀င္တဲ့ ပထမဆံုး iPhone ျဖစ္ပါတယ္။ အသစ္ထြက္ရွိလာေနတဲ့ Android ဖုန္းအမ်ားစုမွာလည္း home ခလုတ္ေတြကို ဖယ္ရွားထားၾကပါတယ္။

ပံုမွန္ Password ေတြ

Password ေတြကို စတင္စိန္ေခၚခဲ့တာက Fingerprint နည္းပညာပါ။ ခုဆိုရင္ Apple နဲ႔ Samsung တို႔က Face Recognize နည္းပညာေတြကို ပြဲထုတ္လာၾကပါၿပီ။ Microsoft ကလည္း Windows Hello facial recognition စနစ္ကို ၂၀၁၅ ခုႏွစ္ကတည္းကလုပ္ေဆာင္ေနတာပါ။ ဇီ၀ေဗဒဆိုင္ရာ password ေတြကစံသတ္မွတ္ခ်က္ျဖစ္လာေတာ့မွာမို႔ အကၡရာေတြ၊ ဂဏန္းေတြနဲ႔ အထူးအကၡရာေတြကိုအသံုးျပဳဖို႔ မလိုေတာ့ပါဘူး။

Remote Control မ်ား

အေ၀းကခိုင္းေစႏိုင္တဲ့ Smartphone App ေတြ၊ အသံနဲ႔ ေစခိုင္းမႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ အသံုးျပဳလာတာေၾကာင့္ remote ေပ်ာက္လို႔ ရွာေဖြရတာေတြ၊ ဘက္ထရီလဲလွယ္တာေတြ လုပ္ဖို႔မလိုေတာ့ပါဘူး။ နည္းပညာသစ္ဟာ ထုတ္ကုန္အားလံုးမွာလည္း အလြယ္တကူသံုးႏုိင္လာေနပါၿပီ။

Image result for mobile battery charger

အားသြင္းႀကိဳးမ်ား

Wireless Charging  စနစ္ဟာ စမတ္က်တယ္ဆိုတဲ့ ခံစားခ်က္ကို ေပးစြမ္းႏုိင္ပါတယ္။ ဒီအခ်က္ေၾကာင့္ Charging pad ေတြပါ၀င္တဲ့ ႀကိဳးမဲ့စနစ္အားသြင္းစက္ေတြကိုလူေတြက က်ယ္က်ယ္ျပန္႔ျပန္႔ သံုးလာၾကပါတယ္။ ႀကိဳးမဲ့စနစ္မပါတဲ့ ထုတ္ကုန္ေတြမွာ Adaptor တပ္ၿပီးသံုးတဲ့ အထိပါပဲ။

Delivery Network

အေမရိကမွာလက္ရိွအလုပ္လုပ္ကိုင္ေနတဲ့ ယာဥ္ေမာင္း ၃.၁ သန္းနီးပါးဟာ သူတို႔ရဲ႕အလုပ္ေတြကိုအလိုအေလ်ာက္ စနစ္သံုးယာဥ္ေတြနဲ႔ လုပ္ေဆာင္ရႏိုင္တယ္လို႔ အိမ္ျဖဴေတာ္က ၂၀၁၆ ခုႏွစ္မွာေဟာကိန္းထုတ္ခဲ့ပါတယ္။ အခုဆိုရင္ Amazon ရဲ႕ Prime Air drone delivery service က ေဖာက္သည္ေတြဆီကို မိနစ္ ၃၀ အတြင္းကုန္ပစၥည္းေတြေပးပို႔ေနပါၿပီ။

Image result for car keys

ကားေသာ့မ်ား

BMW  မွာကားပိုင္ရွင္ေတြက ေသာ့မလိုဘဲ တံခါးဖြင့္ႏိုင္မယ့္ app တစ္မ်ိဳးရိွပါတယ္။ ဒါ့အျပင္ ကားေသာ့ေတြေနရာမွာ မိုဘိုင္းဖုန္း app ေတြနဲ႔ အစားထိုးမယ့္အေၾကာင္းကိုလည္း စက္တင္ဘာလမွာ ေၾကညာခဲ့ပါတယ္။

ဒါ့အျပင္ နည္းပညာထုတ္ကုန္ေတြမဟုတ္ေပမယ့္လည္း ခရီးသြား ေအဂ်င္စီေတြ၊ ဖတ္စာအုပ္ေတြ၊ ေျပစာစာရြက္ေတြ၊ မွီျငမ္းစာအုပ္ေတြ၊ ခ်က္လက္မွတ္စာအုပ္ေတြ၊ ေငြေတာင္းခံလႊာေတြ၊ပံုႏွိပ္မဂၢဇင္းနဲ႔ သတင္းစာေတြ၊ ေျမပံုစာရြက္ေတြနဲ႔ ႐ံုးစာ လုပ္ငန္းေတြဟာလည္း လာမယ့္ ၃ႏွစ္အတြင္း ဒစ္ဂ်စ္တယ္စနစ္၊ ဒစ္ဂ်စ္တယ္ပံုစံေတြနဲ႔ အစား ထုိးခံၾကရေတာ့မယ့္လုပ္ငန္းေတြ ျဖစ္ပါတယ္။

Ref: BusinessInsider

ေမာင္မိုးဇြန္

(Unicode Version)

မျက်စိရှေ့က ပျောက်ကွယ်သွားတော့မယ့် နည်းပညာထုတ်ကုန်များ

ဒီကနေ့ ကျွန်တော်တို့ လက်ထဲကအသုံးအဆောင်ထုတ်ကုန်တွေအတွက် နက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါမှာမတူညီတဲ့ ပစ္စည်းသစ် ဒါမှမဟုတ် ပိုအဆင့်မြင့်တဲ့ဗားရှင်းတစ်ခု ထပ်ထွက်ရင်ထွက်လာမှာပါ။ ဒါကြောင့်လည်း ပိုမိုဆန်းသစ်တဲ့ နည်းပညာ သစ်တွေ အရှိန်အဟုန်နဲ့ မပြတ်ထွက်ရှိနေတာကြောင့် ယနေ့ကိုယ်တွေမြင်တွေ့သုံးစွဲနေရတဲ့ ထုတ်ကုန်တွေထဲက တချို့ဟာ သိပ်မကြာခင် အပိုင်းအခြားကာလမှာ ပျောက်ကွယ်သွားတော့မှာဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အဲဒါတွေကဘာတွေလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြရအောင်။

ဒစ်ဂျစ်တယ်ကင်မရာတွေ
စမတ်ဖုန်းတွေမှာ ကင်မရာတွေ တပ်ဆင်လိုက်ကတည်းက ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့ အရေးပါမှုက အဆုံးသတ် သွားခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ခေတ် စမတ်ဖုန်းတွေဟာ ဒစ်ဂျစ်တယ်ကင်မရာတွေထက် လုပ်ဆောင်ချက်တွေပိုပြီး စုံလင်ပြည့်စုံ လာနေပါတယ်။ အထူးသဖြင့် ဖုန်းကင်မရာတွေကနေတစ်ဆင့် အရည်အသွေးမြင့်ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို HD စနစ်နဲ့ ရိုက်ကူးနိုင်နေပြီဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့ကဏ္ဍက အဆုံးသတ်သွားခဲ့ပါပြီ။

Hard Drive  တွေ
Hard Drive  တွေကို ဒေတာစုဆောင်းထားရှိဖို့ အသုံးချကြပါတယ်။ ကွန်ပျူတာသုံးစွဲသူအတော်များများဟာ Hard Drive  တွေကို အထူးတလည် အသုံးပြုနေကြဆဲပါ။ ဒါပေမယ့် သိပ်မကြာခင်မှာတော့ လူတိုင်းက သူတို့ရဲ့အချက်အလက် တွေကို “cloud” ပေါ်မှာ သိမ်းဆည်းတော့မှာ ဖြစ်တဲ့အတွက် physical storage device တွေ လိုအပ်တော့မှာမဟုတ်ပါဘူး။

Thumb drive တွေ
သူလည်း Cloud နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ Floppy-disk  တွေကို အနိုင်ယူပြီး ဆယ်စုနှစ်တစ်ခုကျော် လူသုံး များခဲ့တဲ့ Thumb drive တွေဟာ ခုတော့ လမ်းဆုံးကိုရောက်လုနေပါပြီ။ Thumb drive တွေဟာ အချက်အလက်တွေကို အိတ်ကပ်ထဲထည့်ပြီး သယ်ဆောင်ရာမှာ အဆင်ပြေစေပေမယ့် ဒီကနေ့မှာတော့ cloud computing ကြောင့် အချက်အလက် တွေကို ဒီနည်းအတိုင်းသယ်ဆောင်ဖို့ မလိုတော့ပါဘူး။

GPS Devices
စမတ်ဖုန်းတွေရဲ့ ရိုက်ချက်တစ်ခုဖြစ်လာပါတယ်။ ဖုန်းတွေက GPS ထုတ်ကုန်တွေရဲ့ လုပ်ဆောင်ချက်အားလုံးကို တစ်သွေမတိမ်းလုပ်ဆောင် ပေးနိုင်လာတဲ့ခေတ်မှာ GPS ပစ္စည်းတွေ တဖြည်းဖြည်းနဲ့ နေရာပျောက်လာနေပါတယ်။

Fax
e-government စနစ်တွေ Microsoft နဲ့ Google Docs တွေ တွင်ကျယ်လာတာကြောင့် Fax တွေဟာ မလိုအပ် တော့ပါဘူး။ တကယ်တမ်းအားဖြင့်လည်း Fax တွေဟာ ဟိုးအရင်ကတည်းက ပျောက်ကွယ်သင့်နေတာပါ။ ရုံးလုပ်ငန်းတွေ Paperless ဖြစ်သွားတာနဲ့ ဒီစက်တွေလည်း ပျောက်ကွယ်သွားတော့မှာပါ။

CD တွေ
အင်တာနက်ပေါ်မှာ Music Store တွေ ပေါပေါများများပေါ်ထွက်လာနေသလို Live Streaming ဝန်ဆောင်မှုတွေလည်း တိုးပွားလာနေတာကြောင့် သီချင်းတွေကို CD နဲ့ ဝယ်ယူမှုက ကျဆင်းလာနေပါပြီ။ နောက်ထပ် ၃ နှစ်အထိ ဆက်ရှိနေဖို့တောင် မလွယ်တော့ပါဘူး။

DVD နဲ့ Blu-ray player တွေ
Netflix  တို့ iflix တို့လို movie streaming  ဝန်ဆောင်မှုတွေနဲ့ Free Movie Streaming Website တွေ ပေါများလာနေတာက DVD နဲ့ Blu-ray player တွေကို တဖြည်းဖြည်းပျောက်ကွက်သွားစေပါတယ်။ လက်ရှိမှာလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် အသုံးပြုမှုနှုန်းက အတော် ကျဆင်းလာနေပါပြီ။

ဂဏန်းပေါင်းစက်တွေ
ဖုန်းတိုင်းမှာဂဏန်းပေါင်းစက်က built in ပါဝင်ပါတယ်။ ဒါ့အပြင်  ကိုယ်လိုချင်တဲ့ ဒီဇိုင်းအသွင်အပြင်နဲ့ function တွေပါဝင်တဲ့ ဂဏန်းပေါင်းစက် App တစ်ခုခုကိုလည်း စိတ်ကြိုက်ရွေးချယ်ပြီးအခမဲ့ ဒေါင်းလုတ်ဆွဲလို့လည်း ရနေပါတယ်။ ဒါကြောင့် လူတိုင်းအတွက်သီးသန့် ဂဏန်းပေါင်းစက် တစ်ခုထပ်ဝယ်ဖို့ လိုအပ်တော့မှာမဟုတ်ပါဘူး။

နှိုးစက်နာရီတွေ
ဂဏန်းပေါင်းစက်တွေလိုပါပဲဖုန်းတိုင်းမှာ alarm clock, stopwatch နဲ့ timer တို့ built in ပါဝင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ပိုကိုက်ညီပြီး ပိုအဆင့်မြင့်မားတဲ့ Sleeping App တွေကိုလည်း App Store တွေမှာ ဒေါင်းလုတ်ဆွဲလို့ရနေပါပြီ။ ဒီတော့ နှိုးစက်နာရီတွေဟာ ခေတ်ရေစီးထဲမှာ မပါတော့ပါဘူး။

Analog နာရီတွေ
စမတ်နာရီတွေဟာ စမတ်ဖုန်းတွေကိုကျော်တက်ဖို့ အသင့်မဖြစ်သေးပေမယ့် Analog နာရီတွေရဲ့နေရာမှာ အစားထိုး ဝင်ရောက်နေပါပြီ။ စမတ်ဖုန်းကုမ္ပဏီတွေသာမကဘဲ Luxury Brand တွေဖြစ်တဲ့ MichealKors လို အမှတ်တံဆိပ်မျိုးတွေ ကတောင် စမတ်နာရီတွေထုတ်နေတာကြောင့် သမားရိုးကျနာရီတွေရဲ့ အခန်းကဏ္ဍကမှေးမှိန်လာနေပါတယ်။

ကြိုးဖုန်းတွေ
၂၀၁၆ ခုနှစ်ဟာ အမေရိကန်ကအိမ်အများစုမှာ ကြိုးဖုန်းမရှိတော့တဲ့ ပထမဆုံးနှစ်ဖြစ်တယ်လို့ Center for Disease Control က ထုတ်ပြန်ခဲ့ပါ တယ်။ ဒါ့အပြင် အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အတွင်းရှိတဲ့ အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်း ကျော်က ကြိုးမဲ့စနစ်ကိုသာ သုံးစွဲကြတယ်လို့ ဆို ပါတယ်။

အခပေးဖုန်းတွေ
လူတိုင်းမှာမိုဘိုင်းဖုန်းတွေရှိနေကြတဲ့အချိန်မှာ အခပေးဖုန်းတွေဟာ အသုံးမဝင်တော့ပါဘူး။ နာမည်ကျော် AT&T ဆိုရင် ၂၀၀၇ ခုနှစ်ကတည်းက အခပေးဖုန်းဈေးကွက်ကနေ ထွက်ခွာခဲ့တာပါ။

ဖုန်းပေါ်ကခလုတ်တွေ
၂၀၁၇ နိုဝင်ဘာ ၃ ရက်မှာ ဖြန့်ချိခဲ့တဲ့ iPhone X ဟာ home ခလုတ်မပါဝင်တဲ့ ပထမဆုံး iPhone ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာနေတဲ့ Android ဖုန်းအများစုမှာလည်း home ခလုတ်တွေကို ဖယ်ရှားထားကြပါတယ်။

ပုံမှန် Password တွေ
Password တွေကို စတင်စိန်ခေါ်ခဲ့တာက Fingerprint နည်းပညာပါ။ ခုဆိုရင် Apple နဲ့ Samsung တို့က Face Recognize နည်းပညာတွေကို ပွဲထုတ်လာကြပါပြီ။ Microsoft ကလည်း Windows Hello facial recognition စနစ်ကို ၂၀၁၅ ခုနှစ်ကတည်းကလုပ်ဆောင်နေတာပါ။ ဇီဝဗေဒဆိုင်ရာ password တွေကစံသတ်မှတ်ချက်ဖြစ်လာတော့မှာမို့ အက္ခရာတွေ၊ ဂဏန်းတွေနဲ့ အထူးအက္ခရာတွေကိုအသုံးပြုဖို့ မလိုတော့ပါဘူး။

Remote Control များ
အဝေးကခိုင်းစေနိုင်တဲ့ Smartphone App တွေ၊ အသံနဲ့ စေခိုင်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာကြောင့် remote ပျောက်လို့ ရှာဖွေရတာတွေ၊ ဘက်ထရီလဲလှယ်တာတွေ လုပ်ဖို့မလိုတော့ပါဘူး။ နည်းပညာသစ်ဟာ ထုတ်ကုန်အားလုံးမှာလည်း အလွယ်တကူသုံးနိုင်လာနေပါပြီ။

အားသွင်းကြိုးများ
Wireless Charging  စနစ်ဟာ စမတ်ကျတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်ကြောင့် Charging pad တွေပါဝင်တဲ့ ကြိုးမဲ့စနစ်အားသွင်းစက်တွေကိုလူတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ ကြိုးမဲ့စနစ်မပါတဲ့ ထုတ်ကုန်တွေမှာ Adaptor တပ်ပြီးသုံးတဲ့ အထိပါပဲ။

Delivery Network
အမေရိကမှာလက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ယာဉ်မောင်း ၃.၁ သန်းနီးပါးဟာ သူတို့ရဲ့အလုပ်တွေကိုအလိုအလျောက် စနစ်သုံးယာဉ်တွေနဲ့ လုပ်ဆောင်ရနိုင်တယ်လို့ အိမ်ဖြူတော်က ၂၀၁၆ ခုနှစ်မှာဟောကိန်းထုတ်ခဲ့ပါတယ်။ အခုဆိုရင် Amazon ရဲ့ Prime Air drone delivery service က ဖောက်သည်တွေဆီကို မိနစ် ၃၀ အတွင်းကုန်ပစ္စည်းတွေပေးပို့နေပါပြီ။

ကားသော့များ
BMW  မှာကားပိုင်ရှင်တွေက သော့မလိုဘဲ တံခါးဖွင့်နိုင်မယ့် app တစ်မျိုးရှိပါတယ်။ ဒါ့အပြင် ကားသော့တွေနေရာမှာ မိုဘိုင်းဖုန်း app တွေနဲ့ အစားထိုးမယ့်အကြောင်းကိုလည်း စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် နည်းပညာထုတ်ကုန်တွေမဟုတ်ပေမယ့်လည်း ခရီးသွား အေဂျင်စီတွေ၊ ဖတ်စာအုပ်တွေ၊ ပြေစာစာရွက်တွေ၊ မှီငြမ်းစာအုပ်တွေ၊ ချက်လက်မှတ်စာအုပ်တွေ၊ ငွေတောင်းခံလွှာတွေ၊ပုံနှိပ်မဂ္ဂဇင်းနဲ့ သတင်းစာတွေ၊ မြေပုံစာရွက်တွေနဲ့ ရုံးစာ လုပ်ငန်းတွေဟာလည်း လာမယ့် ၃နှစ်အတွင်း ဒစ်ဂျစ်တယ်စနစ်၊ ဒစ်ဂျစ်တယ်ပုံစံတွေနဲ့ အစား ထိုးခံကြရတော့မယ့်လုပ်ငန်းတွေ ဖြစ်ပါတယ်။

Ref: BusinessInsider

မောင်မိုးဇွန်

Comments