အင္တာနက္သံုးၿပီဆုိလွ်င္ Browser ကမရွိမျဖစ္။ အင္တာနက္ေခတ္ဦးမွာ IE ကလြဲၿပီး သံုးစရာ browser မ်ားမ်ားစားစားမရွိပါ။ ယင္းေနာက္တြင္ Firefox browser ေပၚလာသည္။ IE ထက္စြမ္းေဆာင္ရည္ပုိေကာင္းသည္။ Add-on ပိုေပါသည္။ ထို႔ေၾကာင့္ လူအမ်ားစုမက္မက္စက္စက္သံုးၾကပါသည္။ ယင္းေနာက္တြင္ Chrome browser ေပၚလာသည္။Page loading ပုိျမန္ၿပီး extension လည္းေပါသည့္အတြက္ လူအမ်ားကသံုးလာျပန္သည္။ ယခုအခ်ိန္တြင္ ယင္း browser သံုးခုထက္ပုိလြန္ေသာ browser ေပါင္းမ်ားစြာထြက္ေနပါၿပီ။ အေကာင္းဆံုးအဆင့္တြင္ရွိေနေသာ browser မ်ားကုိေအာက္ပါအတုိင္းေတြ႕ရပါမည္။ ယင္း browser တို႔ကုိအခမဲ့သံုးႏိုင္ျခင္းကား ၀မ္းသာဖို႔အေကာင္းဆံုးျဖစ္ပါသည္။
Vivaldi
ဤbrowser ကိုေရးဆြဲသူမွာ ယခင္က Opera ကုမၸဏီကုိ ပူးတြဲတည္ေထာင္သူျဖစ္သည္။ ထို႔ေၾကာင့္ တည္ေဆာက္ပံုမွာ Opera browser version အေဟာင္းမ်ားႏွင့္ဆင္တူေနသည္။ ယခုအခ်ိန္တြင္မူ Vivaldi ၏ ဖြဲ႕စည္းပံုမွာ Chrome browser ႏွင့္ဆင္တူေနျပန္သည္။ Opera တည္ေထာင္သူကေရးဆြဲေသာေၾကာင့္ Opera က ဆင္းသက္ေသာ browser ဆန္သည္ဟုလည္းေကာင္း၊ ပံုေဟာင္းႀကီးႏွင့္တူသည္ဟုလည္းေကာင္း ထင္ၾကမည္ျဖစ္ေသာ္လည္းလက္ေတြ႕တြင္ ဤသုိ႔မဟုတ္ပါ။
Vivaldi သည္သူ႔မူသူ႔ဟန္ႏွင့္လာသည္။ ဤဖက္ႏွစ္မ်ားထဲတြင္ တုိးတက္မႈအရွိဆံုး browser လည္းျဖစ္ပါသည္။သူ၏default interface ကုိၾကည့္လွ်င္ထူးထူးျခားျခားေကာင္းမြန္မည္ဟုမထင္ရပါ။ သုိ႔ေသာ္ အတြင္းဖက္သုိ႔နက္နက္႐ိႈင္း႐ႈိင္း၀င္ၾကည့္လွ်င္ ဤ browser ၏ထူးျခားေကာင္းမြန္ေသာစြမ္းေဆာင္ခ်က္မ်ားစြာကုိေတြ႕ရပါမည္။ အခ်ိန္ကုန္သက္သာေစမည့္လွည့္ကြက္မ်ား မိမိစိတ္ႀကိဳက္ျပဳျပင္ေျပာင္းလဲႏိုင္မည့္စြမ္းေဆာင္ခ်က္မ်ားကိုလည္းေတြ႕ရပါဦးမည္။ ထိုစြမ္းေဆာင္ခ်က္တို႔ကုိေကာင္းသည္ထက္ပုိေကာင္းေအာင္သန္႔စင္ျပဳျပင္ေနၿပီး အခါမလပ္ Update လုပ္ေနသည္။ ထိုသုိ႔ျပဳျပင္မႈမ်ားကုိ vivaldi blog တြင္၀င္ေရာက္ဖတ္႐ႈႏိုင္သည္။
Vivaldi အားပထမဆံုးအႀကိမ္အသံုးျပဳသည့္အခါ ဆြဲေဆာင္မႈအားေကာင္းေသာ Theme ေျခာက္မ်ဳိးအနက္မွတစ္မ်ဳိးကုိအသံုးျပဳရန္ဖိတ္ေခၚျခင္းခံရပါမည္။ ၿပီးလွ်င္ tool bar ၏ တည္ေနရာကုိအတည္တက်သတ္မွတ္ရပါမည္။ ယင္းေနာက္တြင္background wallpaper ကုိေရြးခ်ယ္ေပးရပါမည္။ Webpage မ်ားကုိတစ္ခုစီဆြဲထုတ္ၾကည့္ႏိုင္ေသာ panel မ်ားျဖင့္ ျပသေပးထားပါသည္။ Webpage အတြင္းတစ္ေနရာမွတစ္ေနရာသို႔ mouse gesture မ်ားျဖင့္ လွည့္ပတ္သြားလာႏိုင္သည္။ Webpage မ်ားအားအနာဂတ္တြင္ အကုိးအကားအျဖစ္ သံုးရန္စာတန္းထိုးၿပီးမွတ္သားႏိုင္သည္။Webpage တစ္ခုအား screenshot tool ျဖင့္ ပံုရိပ္ဖမ္းယူထားႏိုင္သည္။
ေနရာအစားသက္သာေစရန္အတြက္ tab မ်ားအား အုပ္စုဖြဲ႕ၿပီးထားႏုိင္သည္။ သုိ႔တည္းမဟုတ္ titleမ်ားအျဖစ္ဖြဲ႔စည္းၿပီးေဘးခ်င္းကပ္ထားကာၾကည့္ႏိုင္သည္။ Browser အမ်ားစုသည္ keyboard shortcut မ်ားကိုခြင့္ျပဳသည္။ Vivaldi ကမူယင္းထက္ပုိ၍တစ္ဆင့္ျမင့္သည္။မိမိစိတ္ႀကိဳက္ keyboard shortcut မ်ားကုိဖြဲ႔စည္းသံုးစြဲႏုိင္သည္။ ထို႔ျပင္ search engine တစ္ခုမကကုိေပါင္းထည့္ႏိုင္သည္။ ယင္ းsearch engine မ်ားအား default option အျဖစ္ေပါင္းထည့္ႏိုင္ျခင္းမွာလည္းထူးျခားသည္။ Privacy ႏွင့္ပတ္သက္၍လည္း အထင္ႀကီးစရာေကာင္းေလာက္ေအာင္ထိန္းခ်ဳပ္ခြင့္ေပးသည္ကုိေတြ႕ရပါသည္။ ကုိယ္ေရးကုိယ္တာႏွင့္ဆုိင္ေသာ data မ်ားအားတစ္ခ်က္တည္းႏွင့္ ရွင္းပစ္ႏိုင္သည္။
Page Loading ႏွင့္ပတ္သက္သည့္ speed test တြင္Chrome ၏ေနာက္နားမွကပ္၍ ဒုတိယေနရာျဖစ္ခဲ့ေသာ္လည္း ဖြင့္ၾကည့္သည့္ page မ်ားသည္ တည္ၿငိမ္ၿပီးအေရႊ႕အေျပာင္းလုပ္ရာတြင္ညက္ေညာသည္ကုိေတြ႕ရပါသည္။ Vivaldi သည္ေလာေလာဆယ္တြင္ကုိယ္ပုိင္ extension site မရွိေသးေသာ္လည္း Chrome webstore ကုိသံုးႏိုင္သည္။သုိ႔ရာတြင္ extension မ်ား၌ Add to Chrome တံဆိပ္ကပ္ထားသည္ျဖစ္ရာအသံုးျပဳရာတြင္ ထင္ေယာင္ထင္မွားျဖစ္ႏုိင္သည္။ သုိ႔ေသာ္ Chrome add-on အေတာ္မ်ားမ်ားသည္ Vivaldi ေပၚတြင္ေကာင္းစြာအလုပ္လုပ္သည္ကုိေတြ႕ရပါသည္။ Chrome add-on မ်ားကုိပင္သံုးေသာ Brave ႏွင့္ Epic browser မ်ားထက္စာလွ်င္ပုိ၍အဆင္ေျပပါသည္။ေျပာစရာဆုိ၍ browser ထဲတြင္ built-in security tool မထည့္ထားျခင္းသာရွိသည္။ Vivaldi ကုိ mobile version အျဖစ္လည္းထုတ္လုပ္ထားသည္။ ယင္းတို႔တြင္ browser bookmark အျဖစ္ႀကိဳတင္ထည့္သြင္းေပးထားေသာအရာနည္းသည္ကုိေတြ႕ရပါသည္။ Vivaldi သည္သူ႔တြင္ရွိေသာခ်ဳိ႕ယြင္းခ်က္ (bug) မ်ားကုိလ်င္ျမန္စြာ ျပဳျပင္ႏိုင္ရန္အတြက္ feedback ေတာင္းခံရာ ယင္းကုိေပးသင့္ပါသည္။ ဤ browser ကုိ www.vivaldi.com မွေန၍ download ဆြဲခ်ၿပီး အခမဲ့အသံုးျပဳႏိုင္သည္။
Chrome
www.google.com/chrome မွေန၍ download ဆြဲခ်ၿပီးအခမဲ့အသံုးျပဳႏိုင္သည္။ Filehippo.com မွေန၍လည္း download ဆြဲခ်ၿပီးအသံုးျပဳႏိုင္သည္။ ဒုတိယေနရာတြင္ရွိေသာ္လည္း ႐ုိးရွင္းမႈသည္ chrome ၏ အင္အားျဖစ္သည္။သုိ႔ရာတြင္ Chrome ၌ feature အလြန္စံုသည္။ Extension မ်ဳိးစံုကုိ Chrome web store မွရယူအသံုးျပဳႏိုင္သည္။ Theme မ်ားကုိလည္း ယင္း webstore (http://bit.ly/2e2lt7b) မွေန၍ရႏုိင္သည္။
Third party tool မ်ားအေပၚတြင္ Chrome ကမွီခုိေနမႈေၾကာင့္ မၾကာေသးမီႏွစ္မ်ားအတြင္း၌ Chrome သည္တီထြင္ဆန္းသစ္မႈအားနည္းသည္ကုိေတြ႕ရပါသည္။ Chrome ၏ မူအသစ္ျဖစ္သည့္ rapid release cycle ေၾကာင့္ version အသစ္မ်ား ျမန္ဆန္စြာထြက္ေသာ္လည္း ယင္း version အသစ္တုိ႔တြင္ အဓိကက်ေသာအေျပာင္းအလဲမ်ားမပါသည္ကုိေတြ႕ရပါသည္။ သို႔ေသာ္ Chrome တြင္အလြန္အသံုး၀င္ေသာ built-in toolမ်ားပါ၀င္သည္။ ယင္းတို႔သည္အလြန္ေျဖာင့္တန္းစြာအလုပ္လုပ္ႏိုင္သည္ကုိလည္းေတြ႕ရပါသည္။ ယင္း tool မ်ားထဲတြင္ form filler, spell checker password manager စသည္တို႔ပါ၀င္သည္။ ထို႔ျပင္ Google ၏ feature အသစ္မ်ားျဖစ္ေသာ Translate ႏွင့္ Voice control စသည္တို႔ပါ၀င္လာသည္။
Extensionမ်ား အားေကာင္းပင္ေကာင္းျငားေသာ္လည္း Google သည္ search, sync ႏွင့္ Security ေပၚတြင္အားျပဳပါသည္။ Address bar မွေန၍ အလြယ္တကူ searchလုပ္ႏိုင္မည္။ bookmark, history, Password, tab မ်ားႏွင့္ မိမိ၏ device မ်ားေပၚတြင္ရွိေသာ data အားလံုးကုိ sync လုပ္ႏိုင္သည္။ သံသယျဖစ္ဖြယ္ေကာင္းေသာ website မ်ားေတြ႕ရပါက သတိေပးႏိုင္သလို browser setting ကုိေျပာင္းပစ္ႏုိင္ေသာ add-on မ်ားေတြ႕ရပါကလည္း သတိေပးႏိုင္သည္။ သံသယျဖစ္ဖြယ္ software မ်ားေတြ႕လွ်င္လည္း သတိေပးႏိုင္သည္။ ယင္းတို႔ထက္ပုိၿပီးသေဘာက်စရာေကာင္းသည့္အခ်က္မွာ Chrome speed ျဖစ္သည္။ သုိ႔ေသာ္ Page loading စမ္းသပ္ခ်က္တြင္ Chrome သည္ Vivaldi ကုိပြတ္ကာသီကာမွ်ျဖင့္အႏိုင္ရခဲ့ပါသည္။ Chrome သည္ tab တစ္ခုစီတုိင္းအတြက္ seperate background process ကုိအသံုးျပဳေသာေၾကာင့္ Memory အစားၾကမ္းျခင္းမွာမူအားနည္းခ်က္တစ္ရပ္ျဖစ္ပါသည္။
Opera
www.opera.com မွေန၍ download ဆြဲခ်ၿပီးအခမဲ့အသံုးျပဳႏိုင္သည္။ Browser သက္တမ္း ၂၂ႏွစ္ရွိၿပီျဖစ္ေသာ္လည္း ေစ်းကြက္ေ၀စုမွာ ၆% ထက္မပုိပါ။ သုိ႔ရာတြင္ အျခားေသာ browser မ်ားထက္ Opera သည္ တီထြင္ဆန္းသစ္မႈမ်ားစြာျပဳလုပ္ပါသည္။ 50.0 version တြင္မူ built-in ad blocker ကဲ့သို႔ေသာအသံုး၀င္သည့္ feature မ်ားပါ၀င္လာပါသည္။ ထို႔ျပင္ web page ပံုရိပ္ဖမ္းႏိုင္သည့္ screenshot tool,whatApp ႏွင့္ facebook messenger ရွိသူငယ္ခ်င္းမ်ားအား chatting လုပ္ႏိုင္မည့္ sidebar, laptop သံုးသူမ်ားအတြက္ power-saving mode, pop-out video player စသည္တုိ႔မွာလည္း အသံုး၀င္သည့္အရာမ်ားျဖစ္ပါသည္။
အေကာင္းဆံုးပါလာေသာ tool မွာ VPN ျဖစ္သည္။ IP address ကုိလွည့္စားႏိုင္သည္။ မိမိ၏ data မ်ားအား encrypt လုပ္ေပးႏိုင္သည္။ သုိ႔ျဖင့္ အြန္လုိင္းတြင္ကုိယ္ေပ်ာက္လူသားျဖစ္ႏိုင္သည္။ အျခား browser မ်ားတြင္ ဤကဲ့သုိ႔ေျပာင္ေျမာက္ေသာ VPN မပါပါ။ Privacy ကုိအေလးထားပါသည္ဆုိေသာ Brave ႏွင့္ Epic browser မ်ားသည္ပင္လွ်င္ VPN အစား Proxy server မ်ားကုိအားထားပါသည္။ Speed test တြင္လည္း Opera သည္တတိယအဆင့္ကုိရရွိခဲ့ပါသည္။ တတိယအေကာင္းဆံုး browser ျဖစ္ေသာ္လည္း Chrome ႏွင့္ Firefox browser မ်ားထက္ Memory အစားနည္းပါသည္။ Extension အတြက္ Chrome အားမွီခုိေနရျခင္း၊ အေကာင္းဆံုး feature မ်ားကုိအလြယ္တကူမျမင္သာျခင္း၊ interface ပုိင္းအနည္းငယ္ေခတ္ေနာက္က်ျခင္းတို႔မွာ Opera ၏အားနည္းခ်က္မ်ားျဖစ္ပါသည္။
ဧဧသက္(ၿဖိဳးဓနဒစ္ဂ်စ္တယ္ဓာတ္ပံု)
(Unicode Version)
ပြောင်းသုံးသင့်ပြီဖြစ်သော Browser
အင်တာနက်သုံးပြီဆိုလျှင် Browser ကမရှိမဖြစ်။ အင်တာနက်ခေတ်ဦးမှာ IE ကလွဲပြီး သုံးစရာ browser များများစားစားမရှိပါ။ ယင်းနောက်တွင် Firefox browser ပေါ်လာသည်။ IE ထက်စွမ်းဆောင်ရည်ပိုကောင်းသည်။ Add-on ပိုပေါသည်။ ထို့ကြောင့် လူအများစုမက်မက်စက်စက်သုံးကြပါသည်။ ယင်းနောက်တွင် Chrome browser ပေါ်လာသည်။Page loading ပိုမြန်ပြီး extension လည်းပေါသည့်အတွက် လူအများကသုံးလာပြန်သည်။ ယခုအချိန်တွင် ယင်း browser သုံးခုထက်ပိုလွန်သော browser ပေါင်းများစွာထွက်နေပါပြီ။ အကောင်းဆုံးအဆင့်တွင်ရှိနေသော browser များကိုအောက်ပါအတိုင်းတွေ့ရပါမည်။ ယင်း browser တို့ကိုအခမဲ့သုံးနိုင်ခြင်းကား ဝမ်းသာဖို့အကောင်းဆုံးဖြစ်ပါသည်။
Vivaldi
ဤbrowser ကိုရေးဆွဲသူမှာ ယခင်က Opera ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်သည်။ ထို့ကြောင့် တည်ဆောက်ပုံမှာ Opera browser version အဟောင်းများနှင့်ဆင်တူနေသည်။ ယခုအချိန်တွင်မူ Vivaldi ၏ ဖွဲ့စည်းပုံမှာ Chrome browser နှင့်ဆင်တူနေပြန်သည်။ Opera တည်ထောင်သူကရေးဆွဲသောကြောင့် Opera က ဆင်းသက်သော browser ဆန်သည်ဟုလည်းကောင်း၊ ပုံဟောင်းကြီးနှင့်တူသည်ဟုလည်းကောင်း ထင်ကြမည်ဖြစ်သော်လည်းလက်တွေ့တွင် ဤသို့မဟုတ်ပါ။
Vivaldi သည်သူ့မူသူ့ဟန်နှင့်လာသည်။ ဤဖက်နှစ်များထဲတွင် တိုးတက်မှုအရှိဆုံး browser လည်းဖြစ်ပါသည်။သူ၏default interface ကိုကြည့်လျှင်ထူးထူးခြားခြားကောင်းမွန်မည်ဟုမထင်ရပါ။ သို့သော် အတွင်းဖက်သို့နက်နက်ရှိုင်းရှိုင်းဝင်ကြည့်လျှင် ဤ browser ၏ထူးခြားကောင်းမွန်သောစွမ်းဆောင်ချက်များစွာကိုတွေ့ရပါမည်။ အချိန်ကုန်သက်သာစေမည့်လှည့်ကွက်များ မိမိစိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်မည့်စွမ်းဆောင်ချက်များကိုလည်းတွေ့ရပါဦးမည်။ ထိုစွမ်းဆောင်ချက်တို့ကိုကောင်းသည်ထက်ပိုကောင်းအောင်သန့်စင်ပြုပြင်နေပြီး အခါမလပ် Update လုပ်နေသည်။ ထိုသို့ပြုပြင်မှုများကို vivaldi blog တွင်ဝင်ရောက်ဖတ်ရှုနိုင်သည်။
Vivaldi အားပထမဆုံးအကြိမ်အသုံးပြုသည့်အခါ ဆွဲဆောင်မှုအားကောင်းသော Theme ခြောက်မျိုးအနက်မှတစ်မျိုးကိုအသုံးပြုရန်ဖိတ်ခေါ်ခြင်းခံရပါမည်။ ပြီးလျှင် tool bar ၏ တည်နေရာကိုအတည်တကျသတ်မှတ်ရပါမည်။ ယင်းနောက်တွင်background wallpaper ကိုရွေးချယ်ပေးရပါမည်။ Webpage များကိုတစ်ခုစီဆွဲထုတ်ကြည့်နိုင်သော panel များဖြင့် ပြသပေးထားပါသည်။ Webpage အတွင်းတစ်နေရာမှတစ်နေရာသို့ mouse gesture များဖြင့် လှည့်ပတ်သွားလာနိုင်သည်။ Webpage များအားအနာဂတ်တွင် အကိုးအကားအဖြစ် သုံးရန်စာတန်းထိုးပြီးမှတ်သားနိုင်သည်။Webpage တစ်ခုအား screenshot tool ဖြင့် ပုံရိပ်ဖမ်းယူထားနိုင်သည်။
နေရာအစားသက်သာစေရန်အတွက် tab များအား အုပ်စုဖွဲ့ပြီးထားနိုင်သည်။ သို့တည်းမဟုတ် titleများအဖြစ်ဖွဲ့စည်းပြီးဘေးချင်းကပ်ထားကာကြည့်နိုင်သည်။ Browser အများစုသည် keyboard shortcut များကိုခွင့်ပြုသည်။ Vivaldi ကမူယင်းထက်ပို၍တစ်ဆင့်မြင့်သည်။မိမိစိတ်ကြိုက် keyboard shortcut များကိုဖွဲ့စည်းသုံးစွဲနိုင်သည်။ ထို့ပြင် search engine တစ်ခုမကကိုပေါင်းထည့်နိုင်သည်။ ယင် းsearch engine များအား default option အဖြစ်ပေါင်းထည့်နိုင်ခြင်းမှာလည်းထူးခြားသည်။ Privacy နှင့်ပတ်သက်၍လည်း အထင်ကြီးစရာကောင်းလောက်အောင်ထိန်းချုပ်ခွင့်ပေးသည်ကိုတွေ့ရပါသည်။ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သော data များအားတစ်ချက်တည်းနှင့် ရှင်းပစ်နိုင်သည်။
Page Loading နှင့်ပတ်သက်သည့် speed test တွင်Chrome ၏နောက်နားမှကပ်၍ ဒုတိယနေရာဖြစ်ခဲ့သော်လည်း ဖွင့်ကြည့်သည့် page များသည် တည်ငြိမ်ပြီးအရွှေ့အပြောင်းလုပ်ရာတွင်ညက်ညောသည်ကိုတွေ့ရပါသည်။ Vivaldi သည်လောလောဆယ်တွင်ကိုယ်ပိုင် extension site မရှိသေးသော်လည်း Chrome webstore ကိုသုံးနိုင်သည်။သို့ရာတွင် extension များ၌ Add to Chrome တံဆိပ်ကပ်ထားသည်ဖြစ်ရာအသုံးပြုရာတွင် ထင်ယောင်ထင်မှားဖြစ်နိုင်သည်။ သို့သော် Chrome add-on အတော်များများသည် Vivaldi ပေါ်တွင်ကောင်းစွာအလုပ်လုပ်သည်ကိုတွေ့ရပါသည်။ Chrome add-on များကိုပင်သုံးသော Brave နှင့် Epic browser များထက်စာလျှင်ပို၍အဆင်ပြေပါသည်။ပြောစရာဆို၍ browser ထဲတွင် built-in security tool မထည့်ထားခြင်းသာရှိသည်။ Vivaldi ကို mobile version အဖြစ်လည်းထုတ်လုပ်ထားသည်။ ယင်းတို့တွင် browser bookmark အဖြစ်ကြိုတင်ထည့်သွင်းပေးထားသောအရာနည်းသည်ကိုတွေ့ရပါသည်။ Vivaldi သည်သူ့တွင်ရှိသောချို့ယွင်းချက် (bug) များကိုလျင်မြန်စွာ ပြုပြင်နိုင်ရန်အတွက် feedback တောင်းခံရာ ယင်းကိုပေးသင့်ပါသည်။ ဤ browser ကို www.vivaldi.com မှနေ၍ download ဆွဲချပြီး အခမဲ့အသုံးပြုနိုင်သည်။
Chrome
www.google.com/chrome မှနေ၍ download ဆွဲချပြီးအခမဲ့အသုံးပြုနိုင်သည်။ Filehippo.com မှနေ၍လည်း download ဆွဲချပြီးအသုံးပြုနိုင်သည်။ ဒုတိယနေရာတွင်ရှိသော်လည်း ရိုးရှင်းမှုသည် chrome ၏ အင်အားဖြစ်သည်။သို့ရာတွင် Chrome ၌ feature အလွန်စုံသည်။ Extension မျိုးစုံကို Chrome web store မှရယူအသုံးပြုနိုင်သည်။ Theme များကိုလည်း ယင်း webstore (http://bit.ly/2e2lt7b) မှနေ၍ရနိုင်သည်။
Third party tool များအပေါ်တွင် Chrome ကမှီခိုနေမှုကြောင့် မကြာသေးမီနှစ်များအတွင်း၌ Chrome သည်တီထွင်ဆန်းသစ်မှုအားနည်းသည်ကိုတွေ့ရပါသည်။ Chrome ၏ မူအသစ်ဖြစ်သည့် rapid release cycle ကြောင့် version အသစ်များ မြန်ဆန်စွာထွက်သော်လည်း ယင်း version အသစ်တို့တွင် အဓိကကျသောအပြောင်းအလဲများမပါသည်ကိုတွေ့ရပါသည်။ သို့သော် Chrome တွင်အလွန်အသုံးဝင်သော built-in toolများပါဝင်သည်။ ယင်းတို့သည်အလွန်ဖြောင့်တန်းစွာအလုပ်လုပ်နိုင်သည်ကိုလည်းတွေ့ရပါသည်။ ယင်း tool များထဲတွင် form filler, spell checker password manager စသည်တို့ပါဝင်သည်။ ထို့ပြင် Google ၏ feature အသစ်များဖြစ်သော Translate နှင့် Voice control စသည်တို့ပါဝင်လာသည်။
Extensionများ အားကောင်းပင်ကောင်းငြားသော်လည်း Google သည် search, sync နှင့် Security ပေါ်တွင်အားပြုပါသည်။ Address bar မှနေ၍ အလွယ်တကူ searchလုပ်နိုင်မည်။ bookmark, history, Password, tab များနှင့် မိမိ၏ device များပေါ်တွင်ရှိသော data အားလုံးကို sync လုပ်နိုင်သည်။ သံသယဖြစ်ဖွယ်ကောင်းသော website များတွေ့ရပါက သတိပေးနိုင်သလို browser setting ကိုပြောင်းပစ်နိုင်သော add-on များတွေ့ရပါကလည်း သတိပေးနိုင်သည်။ သံသယဖြစ်ဖွယ် software များတွေ့လျှင်လည်း သတိပေးနိုင်သည်။ ယင်းတို့ထက်ပိုပြီးသဘောကျစရာကောင်းသည့်အချက်မှာ Chrome speed ဖြစ်သည်။ သို့သော် Page loading စမ်းသပ်ချက်တွင် Chrome သည် Vivaldi ကိုပွတ်ကာသီကာမျှဖြင့်အနိုင်ရခဲ့ပါသည်။ Chrome သည် tab တစ်ခုစီတိုင်းအတွက် seperate background process ကိုအသုံးပြုသောကြောင့် Memory အစားကြမ်းခြင်းမှာမူအားနည်းချက်တစ်ရပ်ဖြစ်ပါသည်။
Opera
www.opera.com မှနေ၍ download ဆွဲချပြီးအခမဲ့အသုံးပြုနိုင်သည်။ Browser သက်တမ်း ၂၂နှစ်ရှိပြီဖြစ်သော်လည်း ဈေးကွက်ဝေစုမှာ ၆% ထက်မပိုပါ။ သို့ရာတွင် အခြားသော browser များထက် Opera သည် တီထွင်ဆန်းသစ်မှုများစွာပြုလုပ်ပါသည်။ 50.0 version တွင်မူ built-in ad blocker ကဲ့သို့သောအသုံးဝင်သည့် feature များပါဝင်လာပါသည်။ ထို့ပြင် web page ပုံရိပ်ဖမ်းနိုင်သည့် screenshot tool,whatApp နှင့် facebook messenger ရှိသူငယ်ချင်းများအား chatting လုပ်နိုင်မည့် sidebar, laptop သုံးသူများအတွက် power-saving mode, pop-out video player စသည်တို့မှာလည်း အသုံးဝင်သည့်အရာများဖြစ်ပါသည်။
အကောင်းဆုံးပါလာသော tool မှာ VPN ဖြစ်သည်။ IP address ကိုလှည့်စားနိုင်သည်။ မိမိ၏ data များအား encrypt လုပ်ပေးနိုင်သည်။ သို့ဖြင့် အွန်လိုင်းတွင်ကိုယ်ပျောက်လူသားဖြစ်နိုင်သည်။ အခြား browser များတွင် ဤကဲ့သို့ပြောင်မြောက်သော VPN မပါပါ။ Privacy ကိုအလေးထားပါသည်ဆိုသော Brave နှင့် Epic browser များသည်ပင်လျှင် VPN အစား Proxy server များကိုအားထားပါသည်။ Speed test တွင်လည်း Opera သည်တတိယအဆင့်ကိုရရှိခဲ့ပါသည်။ တတိယအကောင်းဆုံး browser ဖြစ်သော်လည်း Chrome နှင့် Firefox browser များထက် Memory အစားနည်းပါသည်။ Extension အတွက် Chrome အားမှီခိုနေရခြင်း၊ အကောင်းဆုံး feature များကိုအလွယ်တကူမမြင်သာခြင်း၊ interface ပိုင်းအနည်းငယ်ခေတ်နောက်ကျခြင်းတို့မှာ Opera ၏အားနည်းချက်များဖြစ်ပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Comments
Post a Comment