Chips ကုမ္ပဏီ ARM ရဲ့ ပိတ်ဆို့ တာထပ်မံခံရတော့မဲ့ Huawei

BBC ကတက်လာတဲ့သတင်းတွေအရတော့ Huawei အတွက် နောက်ထပ်အဆိုးဆုံးအခြေအနေတစ်ခုကို ရင်ဆိုင်ရတော့မဲ့ ပုံလို့ ပြောရမှာပါ။ လက်ရှိအချိန်မှာအမေရိကန်အခြေစိုက်ကုမ္ပဏီတွေဖြစ်တဲ့ Google Inc , Qualcomm , Intel အစရှိတဲ့ ကုမ္ပဏီတွေက Huawei နဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတွေရပ်ဆိုင်းတော့မှာဖြစ်ပြီး နောက်ထပ်သတင်းတစ်ခုထွက်လာတဲ့ကုမ္ပဏီကတော့ UK အခြေစိုက် Chip Designer ကုမ္ပဏီဖြစ်တဲ့ ARM ကပါ သူတို့ ရဲ့ ဝန်ထမ်းတွေကို Huawei နဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတွေရပ်ဆိုင်းတော့မယ်ဆိုပြီး အကြောင်းကြားလိုက်ပြီလို့ သိရှိရပါတယ်။တစ်ကယ်တန်းမှာတော့ ARM က UK Base ကုမ္ပဏီတစ်ခုဖြစ်ပေမဲ့ ARM Design တွေကို US Origin technology နဲ့ စာချုပ်ချုပ်ဆိုထားတဲ့အတွက် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ မှုတွေထဲမှာ အမေရိကန်အခြေစိုက်ကုမ္ပဏီမဟုတ်ပေမဲ့လည်းပါဝင်သွားတယ်လို့  သိရှိရပါတယ်။

Image Credit:9To5Google
BBC ကသတင်းတွေထဲမှာတော့ ARM ရဲ့ ဝန်ထမ်းတွေအနေနဲ့  လက်ရှိအချိန်မှာ Huawei အပြင် Honor နဲ့ ပါ Interaction ပြုလုပ်ချင်းတွေကိုတားမြစ်ထားတယ်လို့ သိရှိရပြီး ARM ၀န်ထမ်းတွေက Huaewi ကိုအကြောင်းကြားချက်ထဲမှာ ARM အနေနဲ့  technology ပိုင်းမှာ Support ပြုလုပ်ပေးတော့မှာမဟုတ်သလို Technology ဆိုတဲ့အတိုင်း ( Software , code တို့ အပြင် အခြားသော Update တွေလဲပါဝင်တယ်လို့ သိရှိရပါတယ်။ Huawei အနေနဲ့  ARM နဲ့ အတူလက်တွဲလုပ်ဆောင်လာခဲ့တာတောက်လျှောက်လို့ ပြောရမှာဖြစ်ပြီး Huawei ရဲ့ ကိုယ်ပိုင် Chipset တွေဖြစ်တဲ့ နောက်ဆုံးထွက် Kirin 980 Processor တောင်အပါအ၀င်ဖြစ်သလို Hisilicon Chips ဟာ တရုတ်နိုင်ငံအတွင်းမှာထုတ်တာဖြစ်ပေမဲ့လည်း ARM ရဲ့ နည်းပညာတွေအများအပြားပါဝင်တယ်လို့ သိရှိရပါတယ်။ Huawei ရဲ့  Founder ဖြစ်သူ Ren အနေနဲ့ တော့ ပိတ်ဆို့ ခံရမှုတွေအများအပြားရှိနေပေမဲ့လည်း သူတို့ ရဲ့  Business လုပ်ငန်းဟာဆက်လက်တိုးတက်အောင်လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားခဲ့ပေမဲ့လည်း ARM လို ကုမ္ပဏီ ပါလာမယ်လို့ ရော ကြိုတင်တွက်ဆထားမထားဆိုတာကတော့မေးခွန်းထုတ်စရာပဲဖြစ်ပါတယ်။

Ref:9to5google

The post Chips ကုမ္ပဏီ ARM ရဲ့ ပိတ်ဆို့ တာထပ်မံခံရတော့မဲ့ Huawei appeared first on Myanmar Mobile Phones Review.

Comments