Dual Display နဲ့  Go Pro ကိုဖိုက်မဲ့ DJI ရဲ့  အကြမ်းစား OSMO Action Camera

DJI ကနေပြီးတော့ ၄င်းတို့ ရဲ့ ပထမဆုံး Action Camera အဖြစ် OSMO Action ကိုမနေ့ ကမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ Action Camera ဖြစ်သလို အဓိကပြိုင်ဘက်ဖြစ်တဲ့ Go Pro ကိုအဓိကထားယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ Feature တွေထည့်သွင်းပေးထားပြီး Feature တစ်ခုစီတိုင်းဟာပြီးပြည့်စုံလုနီးပါးကောင်းအောင်သေချာပြင်ဆင်ထားလာခဲ့ပုံပါပဲ။ အဲ့အတွက်ကျသင့်ငွေက $349 ( မြန်မာငွေ ၅သိန်း၎သောင်း ) ၀န်းကျင်ခန့် သာကျသင့်မှာပဲဖြစ်ပါတယ်။ Action Camera ဖြစ်တဲ့အလျောက် လှုပ်လှုပ်ရှားရှား ပြုလုပ်နေချိန်တွေမှာ Helmelts , Bike Frames , Electric Skate boards အစရှိတဲ့ နေရာတွေပေါ်မှာ Go Pro Mounts နဲ့ တွဲ သုံးလို့ ရတဲ့ အရာမှန်သမျှနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Image Credit : DJI Youtube Video
ရေအောက် အနက် ၁၁ မီတာထိရိုက်ကူးနိုင်မှာဖြစ်သလို Shockproof အနေနဲ့ အမြင့် ၁.၅မီတာ ၅ပေ အမြင့်ကနေ ပြုတ်ကျတာမျိုးကိုခံနိုင်မှာဖြစ်ပြီး အလေးချိန်အနေနဲ့ ဝ.၃ ပေါင်သာလေးမှာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ အဓိက ဒီ OSMO Action Camera ရဲ့ Main Selling Point က အရှေ့ ဘက်နဲ့ အနောက်ဘက်မှာပါ Display တစ်ခုစီပါလာမှာဖြစ်ပြီး Main Screen အနေနဲ့ တော့ 2.25 လက်မရှိမှာဖြစ်ပြီး နောက်ထပ် Display တစ်ခုအနေနဲ့ Selfie လိုမျိုးရိုက်ကူးနိုင်ရန်အတွက်အရှေ့ ဘက်မှာ 1.4လက်မရှိတဲ့  Display တစ်ခုပါရှိမှာပါ။ Secondary Display က Touch Screen Display မဟုတ်ပါဘူး။ ဒါပေမဲ့ Display ၂ ခု ကချိတ်ဆက်ထားမှာဖြစ်ပြီး ခလုပ်အားလုံးနဲ့  Setting အပြောင်းအလဲပြုလုပ်တာတွေကို Display ၂ ခုလုံးမှာမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီ Display ၂ ခုလုံးကိုတစ်ပြိုင်တည်းအသုံးပြုနိုင်မှာတော့မဟုတ်ပါဘူး။

Image Credit : DJI Youtube Video
Dji OSMO Action Camera မှာ 12 megapixel Cameraကိုတပ်ဆင်ပေးထားပြီး 4k Videoကို60 fps နဲ့1080p Videoကို 240 fps အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။Stabilizationကတော့ရှယ်ပါ။Rock steadyဆိုတယ့်Featureက Dji Osmo Actionရဲ့အသက်လို့တောင်ပြောလို့ရပါတယ်။ကျွန်တော်Youtudeမှာတွေ့ရသလောက်တော့ Go Proထက်တောင်နည်းနည်းလေးပိုSmoothဖြစ်သလိုပဲ။Go Pro နဲ့  မတူတဲ့အချက်က HDMI အပေါက်ပါဝင်လာမှာမဟုတ်ပဲ TV တွေ Monitor တွေနဲ့ ကိုယ်ရိုက်ထားတဲ့ Footage တွေကိုကြည့်ဖို့ အတွက်ချိတ်ဆက်ကြည့်ရှုလို့ တော့ရမှာမဟုတ်ပါဖူး။ USB Type C အပေါက်သာပါဝင်တဲ့အတွက် External Microphones ကိုအသုံးပြုချင်တယ်ဆိုရင်တော့ DJI ကမကြာခင် Accessory ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။ OSMO Action Camera မှာတော့ ခလုတ် ( ၃ ) ခုပါဝင်မှာဖြစ်ပြီး Shutter ( Start/ Stop Recording ) အတွက် တစ်ခု ၊ Power အဖွင့်အပိတ်အတွက် တစ်ခု နဲ့  Quick Set လို့ ခေါ်တဲ့ Modes တွေပြောင်းလဲပေးနိုင်တဲ့ ခလုတ်တစ်ခုပါဝင်မှာပါ။ Battery အနေနဲ့ တော့ 1300 mAh ပါဝင်လာမှာဖြစ်ပြီး Full HD ကို ၂ နာရီခွဲဝန်းကျင်ထိရိုက်ကူးနိုင်တယ်လို့ သိရှိရပါတယ်။

Video Credit : DJI Youtube Channel

Go Proနဲ့ခြေရာတိုင်းနေတယ့်Osmo Action Camera ဟာ Go Proထက် 51$လောက်သက်သာနေပါတယ်။ဒါ့အပြင်HDR Video modeလဲပါဝင်ပါသေးတယ်။ပြီးတော့အပေါ်မှာပြောခဲ့တယ့်အတိုင်းRock Steadyဆိုတယ့် Featureနဲ့ Front Facing Displayဆိုတာကြီးတွေက Osmo Actionကသောက်ချဉ်မဟုတ်ဘူးလို့သက်သေပြသွားခဲ့တာပါ။GPS မပါတာတစ်ပေါက်တော့နည်းနည်းဆိုးပါတယ်။ပြီးတော့Basics Social Featuresတွေမပါတယ့်အတွက်Liveတွေဘာတွေလွှင့်ချင်ရင်တော့Sorryပါညေး ( OSMO အနေနဲ့ တော့ နောက်ပိုင်း Accessories တွေသပ်သပ်ထပ်ရောင်းလာမယ်ဆိုရင်တော့ ပြောင်းစဉ်းစားရမှာပါ။) ဘယ်လိုပဲဖြစ်ဖြစ် Action Camera လောကမ အချိန်အတော်ကြာ မင်းမှုနေခဲ့တဲ့ Go Pro အတွက်တော့ DJI ရဲ့  OSMO Action ဆိုတာ ပြိုင်ဘက်ကောင်းဖြစ်လာပြီလို့ ပြောလို့ ရပါတယ်။
Ref: The Verge

The post Dual Display နဲ့  Go Pro ကိုဖိုက်မဲ့ DJI ရဲ့  အကြမ်းစား OSMO Action Camera appeared first on Myanmar Mobile Phones Review.

Comments