အင္တာနက္ကေန ကိုယ္အလိုရွိတဲ့ အရာမွန္သမွ်ကို ရွာေဖြႏိုင္ပါတယ္။ ဒီအထဲမွာမွ E-Books ေတြကို Download ဆြဲဖို႔ရွာေနတဲ့သူေတြကလည္း မနည္းပါဘူး။ အြန္လိုင္းကေန E-Books ေတြကို Download ဆြဲလို႔ ရေပမယ့္ Website အမ်ားစုက တရားမ၀င္ပါဘူး။ ဒါေပမယ့္ တရား၀င္ အခမဲ့ Download ဆြဲခြင့္ေပးထားတဲ့ Website ေတြလည္း ရွိပါတယ္။ အဲဒါေတြကေတာ့ …..
(၁) Project Gutenberg (http://bit.ly/12wFnkG)
ဒီ Website မွာေတာ့ စာအုပ္အေရအတြက္ ၅၀၀၀၀ ေက်ာ္ကို အခမဲ့ Download ဆြဲခြင့္ေပးထားပါတယ္။ သိပၸံ၊ သမိုင္း၊ ပညာေရးနဲ႔ သက္ဆိုင္တဲ့ စာအုပ္အမ်ားအျပားအျပင္ ဂႏၲ၀င္စာအုပ္အမ်ားအျပား ကိုလည္း အခမဲ့ရယူႏိုင္ပါတယ္။
(၂) Book Boon (http://bookboon.com/)
Book Boon မွာေတာ့ စာအုပ္အမ်ိဳးအစား ေတာ္ေတာ္ စံုလင္ပါတယ္။ နည္းပညာစာအုပ္မ်ားအျပင္ စီးပြားေရး၊ ဥပေဒ၊ ေဆးပညာ၊ စာရင္းအင္းနဲ႔ အျခားစာအုပ္အမ်ားအျပားကိုေတြ႕ႏိုင္ပါတယ္။ Website ရဲ႕အသြင္အျပင္က တကယ့္ စာအုပ္ အေရာင္းဆိုင္တစ္ခုနဲ႔တူတဲ့အျပင္ ဘယ္ဘက္ေထာင့္က Menu ကေနလည္း ကိုယ္အလိုရွိတာကို ရွာေဖြလို႔ရပါတယ္။
(၃) Many Books (URL: http://manybooks.net/)
ဒီ Website ကေတာ့ သူ႔ရဲ႕နာမည္နဲ႔လိုက္ပါတယ္။ စာအုပ္အေရအတြက္ သံုးေသာင္းသံုးေထာင္ေက်ာ္ရွိၿပီးေတာ့ ကိုယ္ႏွစ္သက္တာကို Download ဆြဲယူႏိုင္ပါတယ္။ ေဘးဘက္ Menu ကေနၿပီးေတာ့ Genre, Title, Author, Language ဆိုၿပီးလည္း ရွာေဖြႏိုင္ပါတယ္။
(၄) Free Ebooks (URL: http://bit.ly/18mXEhX)
Website ရဲ႕ ပထမစာမ်က္ႏွာမွာတင္ စာအုပ္ အမ်ိဳးအစားအမ်ားအျပားကို ခြဲျခားေပးထားပါတယ္။ အသြင္အျပင္က ႐ိုးရွင္းသလို Review အတိုေလးေတြလည္းပါပါတယ္။ ေနာက္ၿပီးေတာ့ သူ႔ရဲ႕ Menu က သူမ်ား Website ေတြလို ေဘးဘက္မွာမဟုတ္ဘဲ အလယ္တည့္တည့္မွာပါ။
(၅) Open Library (URL: http://bit.ly/1aqIwCr)
ဒီ Website ကေတာ့ စာၾကည့္တုိက္ဒီဇိုင္းေလးနဲ႔ပါ။ စာအုပ္အုပ္ေရ တစ္သန္းနီးပါးေလာက္ရွိပါတယ္။ စာအုပ္အမ်ားစုကုိ Download ဆြဲလို႔ရတဲ့ အျပင္ တခ်ိဳ႕စာအုပ္ေတြကိုေတာ့ ငွားရမ္းဖတ္႐ႈႏိုင္ပါတယ္။ စာအုပ္ေတြကို Digital Format (PDF, Plain Text, ePub) အမ်ိဳးမ်ိဳးနဲ႔ ရရွိႏိုင္ၿပီးေတာ့ ကိုယ္ႏွစ္သက္တာကို ေရြးခ်ယ္ႏိုင္ပါတယ္။
မင္းသုခ
(Unicode Version)
E-Books တွေကို Free Download ဆွဲနိုင်တဲ့ Website များ
အင်တာနက်ကနေ ကိုယ်အလိုရှိတဲ့ အရာမှန်သမျှကို ရှာဖွေနိုင်ပါတယ်။ ဒီအထဲမှာမှ E-Books တွေကို Download ဆွဲဖို့ရှာနေတဲ့သူတွေကလည်း မနည်းပါဘူး။ အွန်လိုင်းကနေ E-Books တွေကို Download ဆွဲလို့ ရပေမယ့် Website အများစုက တရားမဝင်ပါဘူး။ ဒါပေမယ့် တရားဝင် အခမဲ့ Download ဆွဲခွင့်ပေးထားတဲ့ Website တွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ …..
(၁) Project Gutenberg (http://bit.ly/12wFnkG)
ဒီ Website မှာတော့ စာအုပ်အရေအတွက် ၅၀၀၀၀ ကျော်ကို အခမဲ့ Download ဆွဲခွင့်ပေးထားပါတယ်။ သိပ္ပံ၊ သမိုင်း၊ ပညာရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်အများအပြားအပြင် ဂန္တဝင်စာအုပ်အများအပြား ကိုလည်း အခမဲ့ရယူနိုင်ပါတယ်။
(၂) Book Boon (http://bookboon.com/)
Book Boon မှာတော့ စာအုပ်အမျိုးအစား တော်တော် စုံလင်ပါတယ်။ နည်းပညာစာအုပ်များအပြင် စီးပွားရေး၊ ဥပဒေ၊ ဆေးပညာ၊ စာရင်းအင်းနဲ့ အခြားစာအုပ်အများအပြားကိုတွေ့နိုင်ပါတယ်။ Website ရဲ့အသွင်အပြင်က တကယ့် စာအုပ် အရောင်းဆိုင်တစ်ခုနဲ့တူတဲ့အပြင် ဘယ်ဘက်ထောင့်က Menu ကနေလည်း ကိုယ်အလိုရှိတာကို ရှာဖွေလို့ရပါတယ်။
(၃) Many Books (URL: http://manybooks.net/)
ဒီ Website ကတော့ သူ့ရဲ့နာမည်နဲ့လိုက်ပါတယ်။ စာအုပ်အရေအတွက် သုံးသောင်းသုံးထောင်ကျော်ရှိပြီးတော့ ကိုယ်နှစ်သက်တာကို Download ဆွဲယူနိုင်ပါတယ်။ ဘေးဘက် Menu ကနေပြီးတော့ Genre, Title, Author, Language ဆိုပြီးလည်း ရှာဖွေနိုင်ပါတယ်။
(၄) Free Ebooks (URL: http://bit.ly/18mXEhX)
Website ရဲ့ ပထမစာမျက်နှာမှာတင် စာအုပ် အမျိုးအစားအများအပြားကို ခွဲခြားပေးထားပါတယ်။ အသွင်အပြင်က ရိုးရှင်းသလို Review အတိုလေးတွေလည်းပါပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ Menu က သူများ Website တွေလို ဘေးဘက်မှာမဟုတ်ဘဲ အလယ်တည့်တည့်မှာပါ။
(၅) Open Library (URL: http://bit.ly/1aqIwCr)
ဒီ Website ကတော့ စာကြည့်တိုက်ဒီဇိုင်းလေးနဲ့ပါ။ စာအုပ်အုပ်ရေ တစ်သန်းနီးပါးလောက်ရှိပါတယ်။ စာအုပ်အများစုကို Download ဆွဲလို့ရတဲ့ အပြင် တချို့စာအုပ်တွေကိုတော့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေကို Digital Format (PDF, Plain Text, ePub) အမျိုးမျိုးနဲ့ ရရှိနိုင်ပြီးတော့ ကိုယ်နှစ်သက်တာကို ရွေးချယ်နိုင်ပါတယ်။
မင်းသုခ
Comments
Post a Comment