flagship ဖုန်းကို K20 လိုနာမည်ပေးမယ်ဆိုတာအတည်ပြုလိုက်တဲ့ Redmi

ကာလအတန်ကြာ ဘယ်လိုနာမည်နဲ့ ထွက်လာမလဲဆိုပြီးစောင့်စားနေရတဲ့ Redmi ရဲ့  flagship ဖုန်းကတော့ အခုနာမည်ရသွားပြီဖြစ်ပါတယ်။ နာမည်ရသွားပြီဆိုလို ကျွန်တော်တို့ ပေးလိုက်တာတော့ မဟုတ်ပါဖူး။ Xiaomi ရဲ့  General Manager Lu Weibing က တရုတ် Social Network တစ်ခုဖြစ်တဲ့ Weibo ကနေတစ်ဆင့် မနေ့ ညနေ က ဖုန်းအသစ်နဲ့ ပတ်သတ်ပြီးဘယ်လိုနာမည်ပေးရမလဲ အကြံအညဏ်တောင်းခံရပြီးနောက် ဒီနေ့ မှာတော့အဆိုပါဖုန်းအသစ်နဲ့ ပတ်သတ်ပြီး နာမည်ကို K20 လို့ ပေးလိုက်ပြီပဲဖြစ်ပါတယ်။Weibo ကတစ်ဆင့် တရားဝင်ကြေငြာလိုက်ပြီးတဲ့နောက်မှာတော့ Redmi ရဲ့  K Series တွေဟာ Performance flagship ဖုန်းတွေဖြစ်လာတော့မှာဖြစ်ပြီး K ဆိုတဲ့အဓိပ္ပာယ်ကတော့ ခုတလောရေပန်းစားနေတဲ့စကားဖြစ်တဲ့ Killer ကို ကိုယ်စားပြုထားတယ်လို့ ပါထည့်သွင်းကြေငြာသွားတာပါ။ ဒါပေမဲ့ K10 နဲ့ စရမှာဘယ်လိုဖြစ်ပြီး K20 ဆိုပြီး စထားလဲဆိုတာတော့ မသိရှိရသေးပါဘူး။

Image Credit : Gizmochina
တစ်ခြားသောသတင်းတွေအရ အဆိုပါ Redmi K20 နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေလဲထွက်ရှိထားပြီးဖြစ်သလို ၆.၃၉လက်မ FullHD+ resolution ကို AMOLED သုံးပေးထားမှာဖြစ်သလို In display Finger Scanner လဲပါဝင်လာမှာဖြစ်ပါတယ်။ ဒါကို Corning Gorilla Glass 6 တောင်ဖုန်းအုပ်ပေးထားဦးမှာပါ။ Front Camera ကို Full View Display ရအောင်အတွက် Pop up Selfie Camera ကိုတပ်ဆင်ပေးထားပြီး အဆိုပါ Front Camera မှာတော့ 20 megapixel sensor ပါဝင်လာမှာပါ။ ဒီဖုန်းရဲ့ အဓိက Main Selling Point အနေနဲ့ Processor ကိုအားပြုထားတဲ့အတွက် Qualcomm ရဲ့  Snapdragon 855 SoC ကိုအသုံးပြုလာမှာသေချာသလောက်ဖြစ်သလို Xiaomi အနေနဲ့ Redmi ကို Sub brand တစ်ခုအဖြစ်ခွဲထုတ်လိုက်ပြီးနောက်ပိုင်း ပထမဆုံး Flagship Processor သုံးပေးထားတဲ့ဖုန်းဖြစ်လာတော့မှာပါ။

Image Credit : GSMArena

ကျောဘက်မှာတော့ ကင်မရာ ၃ လုံးတောင်တပ်ဆင်ပေးထားမယ်လို့ သတင်းတွေထွက်နေပြီး အဆိုပါ ကင်မရာ ၃ လုံးမှာတော့ 48 megapixel Main Camera , 8 Megapixel Ultrawide Sensor နဲ့  16 Megapixel telephoto sensor တို့ ကိုသုံးပေးထားတာပါ။ Battery အနေနဲ့ လည်း 4000 mAh ပါဝင်လာမှာဖြစ်ပြီး Fast Charging ကို 27W ထိ Support ပြုလုပ်ပေးသွားမယ်လို့ သိရှိရပါတယ်။ အဆိုပါ Redmi K20 ကိုတစ်ချို့ သောနိုင်ငံတွေမှာတော့ POCO F2 ဆိုတဲ့ နာမည်နဲ့ ရောင်းချပေးသွားဖို့ ရှိနေပြီး အရောင်တွေအနေနဲ့  Carbon Black , Glacier Blue , Flame Red Colors ဆိုပြီး အရောင် ၃ ရောင်ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေတာပါ။ အခုချိန်မှာနာမည်အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် Redmi K20 နဲ့ ပတ်သတ်တဲ့ သတင်းတွေဆက်လက်ထွက်ရှိလာဖို့ ရှိနေသလို ဈေးနှုန်းတွေလည်းနောက်ပိုင်းထွက်လာဖို့ ရှိနေပြီဖြစ်ပါတယ်။
Ref:GSMArena

The post flagship ဖုန်းကို K20 လိုနာမည်ပေးမယ်ဆိုတာအတည်ပြုလိုက်တဲ့ Redmi appeared first on Myanmar Mobile Phones Review.

Comments