Flip Rotation ကင်မရာ , 5000 mAh Battery ,SD855 SoC နဲ့ မိတ်ဆက်လိုက်တဲ့ Zenfone 6

ASUS က သူတို့ ရဲ့ နောက်ဆုံးထွက် Flagship ဖုန်းတစ်လုံးကို မနေ့ က စပိန်နိုင်ငံ ဗလင်စီယာမြို့ မှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပေးပွဲမတိုင်ခင်က စိတ်ဝင်စားစရာ ကောလဟာလသတင်းတွေအနေနဲ့ ၂ ခုထွက်ရှိခဲ့ပြီး ထွက်ရှိခဲ့တဲ့ ကောလဟာလ ၂ ခုလုံးဟာလည်း ဖုန်းရဲ့ မျက်နှာပြင်ကို Full View Display ရရှိအောင်အတွက် Slider သုံးသွားမယ်ဆိုတဲ့ သတင်းနဲ့  ပွဲနားနီးကပ်တဲ့အချိန်မှာထွက်ရှိလာတဲ့ Flip Rotation Camera သုံးသွားမယ်ဆိုတဲ့ သတင်းတို့ ပဲဖြစ်ပါတယ်။ တစ်ကယ်တန်းထွက်ရှိလာတဲ့အချိန်မှာတော့ ASUS က Flip Rotation Camera ကိုအသုံးပြုပြီး Full View Display ရရှိနိုင်တဲ့ နည်းလမ်းတွေထဲက လက်ရှိ ကျွန်တော်သဘောအကျဆုံးဖြစ်တဲ့ Flip Rotation Camera ကိုအသုံးပြုပေးသွားခဲ့တာပါ။

Image Credit : ASUS
Rotation ပြုလုပ်နိုင်တဲ့ Flip Camera မှာတော့ Sony ရဲ့  IMX 586 – 48 Megapixel f/1.8 Camera ကို အသုံးပြုပေးသွားခဲ့သလို နောက်ထပ်ကင်မရာတစ်လုံးကိုတော့ 13MP ultra wide Camera ကိုအသုံးပြုပေးသွားခဲ့ပြီး Flip Rotation Camera ဖြစ်တဲ့အတွက် Front Camera ကိုလည်း ဒီကင်မရာနဲ့ ပဲအသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။ 4K Video ကို 60 fps နဲ့ ရိုက်ကူးနိုင်မှာကတော့ အထင်ကြီးစရာဖြစ်သလို EIS လို့ ခေါ်တဲ့ Electronic Image Stabilization လည်းပါဝင်လာဦးမှာပါ။ အခြားသော Feature တွေအနေနဲ့  Rotation Mechanism က Automatic Panoramas Feature ကိုလည်းရိုက်ကူးနိုင်မှာဖြစ်သလို HDR+ , Night Mode အစရှိတဲ့ Feature တွေလည်းပါဝင်လာဦးမှာပါ။

Image Credit : GSMArena
Design ပိုင်းမှာသေချာစဉ်းစားထားပုံ ရတဲ့ ASUS က ဖုန်းရဲ့  Display Size ကို ၆.၄ လက်မ မျက်နာပြင်ကို သုံးပေးထားပေမဲ့လည်း ဖုန်းရဲ့ ဗျဒ်အကျယ်ကို ၇၅ မီလီမီတာ အကျယ်သာထားထားတဲ့အတွက် ဖုန်း ကို ကိုင်ရတာသက်တောင့်သက်သာကိုင်နိုင်မှာဖြစ်သလို Flip Rotation Camera နဲ့  Vlog လုပ်ချင်တဲ့အခါမျိုးမှာ ရိုက်ကူးရပိုမိုလွယ်ကူနိုင်စေတဲ့အနေအထားလို့ ပြောလို့ ရပါတယ်။ IPS LCD Display ကိုသုံးထားပြီး Brightness အနေနဲ့  600 nits ထိ ရှိမှာဖြစ်သလို DCI-P3 ကို Support ပြုလုပ်ပေးထားပြီး Finger Print Sensor ကိုတော့ ကျောဘက်မှာပဲတပ်ဆင်ပေးထားတာပါ။ မနှစ်တုန်းကတော့ Zenfone 5z ဆိုပြီး နာမည်ပေးထားခဲ့ပေမဲ့ ဒီနှစ်မှာတော့ Zenfone 6 လို့ သာနာမည်ပေးထားသလို Processor ပိုင်းမှာ Snapdragon 855 Soc , အမြင့်ဆုံး RAM 8GB နဲ့  Storage ကို 256 GB အထိ ထုတ်လုပ်ပေးထားတာတွေ့ ရပေမဲ့ Storage အတွက်ကိုတော့ UFS 2.1 ကိုပဲအသုံးပြုပေးထားပါသေးတယ်။ Dual Sim အမျိုးအစားဖြစ်သလို Storage ထပ်မံတိုးမြင့်ချင်တယ်ဆိုရင်တော့ Hybrid Sim အမျိုးအစားဖြစ်တဲ့အတွက် Sim Slot 2 နေရာကနေ တိုး မြင့်လို့ ရဦးမှာပါ။

Image Credit : ASUS
Dual amplifier ပါဝင်လာသလို Audio ပိုင်းမှာ Hi Res Audio ကို Certified ရရှိထားတဲ့အတွက် Audio ပိုင်းမှာ သိသိသာသာကောင်းနေဦးမှာဖြစ်သလို 3.5 mm Headphone Jack လဲပါဝင်လာပါသေးတယ်။ Wireless headphone အသုံးပြုမယ်ဆို ရင်လည်း aptX HD Sound ကို Support ပြုလုပ်ပေးထားတဲ့အတွက် Zenfone 6 ရဲ့  Audio ပိုင်းကစိတ်ကျေနပ်စေနိုင်မယ်လို့ ပြောလို့ ရတဲ့အနေအထားပါ။ အားသာချက်ကြီးကြီးမားမားလို့ ပြောလို့ ရတဲ့နောက်တစ်ခုကတော့ Battery အနေနဲ့  5000 mAh ထိ ပါဝင်လာသလို 18W ထိ Quickcharge Support ပြုလုပ်ပေးထားပါသေးတယ်။ ဒါပေမဲ့ လည်း Wireless Charging Feature မပါဝင်လာပဲ ASUS ကတော့ ကြီးမားလွန်းတဲ့ Battery အတွက် Wireless Charging နဲ့ အားသွင်းမယ်ဆို အချိန်ကြာနိုင်တဲ့အတွက်လို့ ဖြေရှင်းသွားခဲ့ပါတယ်။

Image Credit : ASUS
ASUS က ZenUI6 ကို လုံးဝပြောင်းပြစ်လိုက်ပြီး Stock Android နီးပါးဖြစ်အောင်အခြေခံထားသလို Android 10 Q နဲ့  Android 10 R အထိ Update ပြုလုပ်နိုင်မယ်လို့ ပြောသွားခဲ့ပါသေးတယ်။ ဒါ့အပြင် ၂ နှစ်ကြာအောင် Security Patches တွေကိုလအလိုက်လဲ Update ပေးသွားဦးမယ်လို့  သိရှိရပါတယ်။ အရှေ့ ဘက်နဲ့ အနောက်ဘက် ကို Gorilla Glass 6 ကိုအသုံးပြုပေးထားသလို ကြားထဲက ဘောင်တွေကိုတော့ Aluminium 6000 Series ကိုအသုံးပြုပေးထားတာပါ။

Image Credit : ASUS
ဒီဖုန်းမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်တဲ့ ကင်မရာကိုတော့ Liquid Metal ကိုအသုံးပြုပေးထားပြီး ဒီ Material အမျိုးအစားက Stainless Steel ထက်ပိုမိုမာကျောမှာဖြစ်သလို ၄ ဆလဲပိုမိုသန်မာမယ်လို့ သိရပါတယ်။ နောက် fall detection လဲပါဝင်လာမှာဖြစ်တဲ့အတွက် ပြုတ်ကျတဲ့အခါမျိုးမှာ အလိုအလျောက်ပိတ်သွားမှာဖြစ်ပြီး ASUS ကတော့ ဒီ Flip Rotation ကင်မရာကို အကြိမ်၁၀၀၀၀၀ ထိစမ်းသပ်ထားပြီးဖြစ်တဲ့အတွက် တစ်နေ့ မှာ ၂၈ ကြိမ် Selfie ဆွဲမယ်ဆိုရင်တော့ ၅ နှစ်လောက်တော့ခံမယ်ဆိုတဲ့သဘောပါ။ ဈေးနှုန်းတွေအနေနဲ့ တော့ Basic Model ရဲ့ ဈေးကို $499 ( မြန်မာငွေ ၇သိန်း ၇သောင်း ) ၀န်းကျင်ခန့် သာရှိမှာဖြစ်သလို ဒီဈေးနှုန်းကမနှစ်က Zenfone 5z ရဲ့ ဈေးနဲ့အတူတူပဲဖြစ်လို့  ASUS အနေနဲ့  အရင်က One Plus ရဲ့  Flagship Killer ဆိုတဲ့နေရာကို ၀င်ယူဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

The post Flip Rotation ကင်မရာ , 5000 mAh Battery ,SD855 SoC နဲ့ မိတ်ဆက်လိုက်တဲ့ Zenfone 6 appeared first on Myanmar Mobile Phones Review.

Comments