ျပႆနာျဖစ္ခဲ့တဲ့ Galaxy Fold ရဲ႕ Protective Layer ကို မ်က္ႏွာျပင္နဲ႔ ကိုယ္ထည္ေအာက္ထည့္လိုက္ၿပီျဖစ္ေၾကာင္း သိရ
[Zawgyi]
Samsung ရဲ႕ Galaxy Fold ဟာ Review Unit ေတြမွာ မ်က္ႏွာျပင္အက္ကြဲပ်က္စီးတဲ့ ျပႆနာနဲ႔ ႀကဳံေတြ႕ခဲ့တာေၾကာင့္ ျဖန႔္ခ်ိမယ့္ရက္ကို ေနာက္ဆုတ္လိုက္ရပါတယ္။ ဒီအေတာအတြင္းမွာ ကုမၸဏီဟာ ထုတ္ကုန္နဲ႔ ပတ္သက္ၿပီး မြမ္းမံျပဳျပင္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
အဓိကျပႆနာျဖစ္တဲ့ Protective layer ကိုေတာ့ မ်က္ႏွာျပင္နဲ႔ ကိုယ္ထည္ရဲ႕ေအာက္ဘက္ကို ထည့္သြင္းလိုက္ၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ အစမထြက္ေတာ့ဘဲ ဆြဲခြာတာမ်ိဳးလည္း မျဖစ္ႏိုင္ေတာ့ဘူးလို႔ ယူဆရပါတယ္။ ဒါေပမယ့္ ထိပ္ပိုင္းနဲ႔ ေအာက္ေျခပိုင္း ပတၱာၾကားမွာေတာ့ ေနရာလြတ္အနည္းငယ္ ျဖစ္သြားမယ္လို႔ သိရပါတယ္။
Samsung အေနနဲ႔ အဆိုပါ ေနရာလြတ္ကိုလည္း တတ္ႏိုင္သမွ်ေလွ်ာ့ခ်ဖို႔ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Samsung အေနနဲ႔ ဒီ Protective layer နဲ႔ပတ္သက္ၿပီး Screen Protector မဟုတ္ေၾကာင္းနဲ႔ ခြာထုတ္လိုက္ရင္ မ်က္ႏွာျပင္ပ်က္စီးႏိုင္ေၾကာင္း သတိေပးစာသားေတြကိုေတာ့ အရင္အတိုင္း ထည့္သြင္းထားရဦးမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ မ်က္ႏွာျပင္မွာလည္း screen Protector လိုမ်ိဳး ေကာ္ပါတဲ့အရာေတြကို မကပ္မိေစဖို႔ တားျမစ္ထားရဦးမွာ ျဖစ္ပါတယ္။ လက္ရွိေျဖရွင္းမႈဟာ Review Unit ေတြတုန္းကထက္ ပိုၿပီး သပ္ရပ္သြားတယ္၊ လုံၿခဳံသြားတယ္လို႔ ဆိုႏိုင္ေပမယ့္ ၁၀၀% အျပည့္အဝေတာ့ စိတ္ခ်ရျခင္း မရွိေသးတဲ့ အေျခအေနျဖစ္ပါတယ္။
Ref: GSMArena
[Unicode]
ပြဿနာဖြစ်ခဲ့တဲ့ Galaxy Fold ရဲ့ Protective Layer ကို မျက်နှာပြင်နဲ့ ကိုယ်ထည်အောက်ထည့်လိုက်ပြီဖြစ်ကြောင်း သိရ
Samsung ရဲ့ Galaxy Fold ဟာ Review Unit တွေမှာ မျက်နှာပြင်အက်ကွဲပျက်စီးတဲ့ ပြဿနာနဲ့ ကြုံတွေ့ခဲ့တာကြောင့် ဖြန့်ချိမယ့်ရက်ကို နောက်ဆုတ်လိုက်ရပါတယ်။ ဒီအတောအတွင်းမှာ ကုမ္ပဏီဟာ ထုတ်ကုန်နဲ့ ပတ်သက်ပြီး မွမ်းမံပြုပြင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဓိကပြဿနာဖြစ်တဲ့ Protective layer ကိုတော့ မျက်နှာပြင်နဲ့ ကိုယ်ထည်ရဲ့အောက်ဘက်ကို ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် အစမထွက်တော့ဘဲ ဆွဲခွာတာမျိုးလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့် ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်း ပတ္တာကြားမှာတော့ နေရာလွတ်အနည်းငယ် ဖြစ်သွားမယ်လို့ သိရပါတယ်။
Samsung အနေနဲ့ အဆိုပါ နေရာလွတ်ကိုလည်း တတ်နိုင်သမျှလျှော့ချဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် Samsung အနေနဲ့ ဒီ Protective layer နဲ့ပတ်သက်ပြီး Screen Protector မဟုတ်ကြောင်းနဲ့ ခွာထုတ်လိုက်ရင် မျက်နှာပြင်ပျက်စီးနိုင်ကြောင်း သတိပေးစာသားတွေကိုတော့ အရင်အတိုင်း ထည့်သွင်းထားရဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မျက်နှာပြင်မှာလည်း screen Protector လိုမျိုး ကော်ပါတဲ့အရာတွေကို မကပ်မိစေဖို့ တားမြစ်ထားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိဖြေရှင်းမှုဟာ Review Unit တွေတုန်းကထက် ပိုပြီး သပ်ရပ်သွားတယ်၊ လုံခြုံသွားတယ်လို့ ဆိုနိုင်ပေမယ့် ၁၀၀% အပြည့်အဝတော့ စိတ်ချရခြင်း မရှိသေးတဲ့ အခြေအနေဖြစ်ပါတယ်။
Ref: GSMArena
The post ျပႆနာျဖစ္ခဲ့တဲ့ Galaxy Fold ရဲ႕ Protective Layer ကို မ်က္ႏွာျပင္နဲ႔ ကိုယ္ထည္ေအာက္ထည့္လိုက္ၿပီျဖစ္ေၾကာင္း သိရ appeared first on MyTech Myanmar.


Comments
Post a Comment