Galaxy S10+ နဲ့  P30 Pro ကိုနှိုင်းယှဉ်သုံးသပ်ကြည့်ခြင်း

သာမာန်အားဖြင့် ကျွန်တော်က Smart Phone တွေကို Compassion Review လုပ်ပေးလေ့ မရှိပါဘူး။ အထူးသဖြင့် Brand ချင်းမတူတဲ့ဖုန်းတွေဆိုတစ်ခါမှကိုမလုပ်ပေးခဲ့ဖူးတာပါ။ အခုတစ်ခါမှာတော့ Huawei Myanmar က နေ P30 Pro ကို Review Unit လေးရလာတာရယ် လက်ထဲမှာ S10+ ရယ်ကိုင်ထားဖြစ်တာဆိုတော့ ဒီနှစ်ခုမှာဘယ်ဖုန်းကဘယ်နေရာတွေအားသာလဲဆိုတဲ့ နှိုင်းယှဉ်ချက်လေးလုပ်ပေးသွားပါမယ်။

ဒီဖုန်းနှစ်လုံးက လောလောဆယ် Android phone တွေထဲမှာ ဈေးအကြီးဆုံးနှစ်လုံးလို့ ပြောလို့ ရတယ်။ ဈေးကြီးတဲ့အလျောက် တစ်လုံးဆီမှာ မတူညီတဲ့ အကောင်းဆုံး Feature တွေ ပါလာတာကိုတွေ့ ရတယ်။ ဆိုတော့ ပထမဆုံး ဒီဖုန်းနှစ်လုံးရဲ့  Design ပိုင်းကို ကျွန်တော့်ရဲ့ အမြင့်လေးအရင်ပြေပေးသွားပါမယ်။
Design
Design ပိုင်းကတော့အကြိုက်ချင်းမတူနိုင်တဲ့အတွက်လွတ်လပ်စွာကွဲလွဲနိုင်တယ် အခုပြောပေးသွားမှာကတော့ ကျွန်တော့ Personal အမြင်သပ်သပ်လို့ ပြောလို့ ရပါတယ်။ ပထမဆုံးအရောင်ကစပြောရရင် S10+ က Prism White P30 Pro က Breathing Crystal လို့ နာမည်ပေးထားတယ်။ပေးထားတဲ့နာမည်တွေနဲ့ လိုက်အောင် Samsung က အဖြူဘက်သိသိသာသာရောက်ပြီး တစ်ခြားအရောင်ပါးပါးလေး ပါတာကိုတွေ့ ရတယ်။P30 Pro က Breathing Crystal ဆိုတဲ့အတိုင်းလက်ထဲ Crystal တစ်လုံးကိုင်ထားသလို အပြင်ဘက်အလင်းရောင်ကိုလိုက်ပြီးအရောင်ပြောင်းပေးတာကိုတွေ့ ရတယ်။အရောင်ပိုင်းမှာတော့ P30 Pro ကိုပိုသဘောကျပါတယ်။

S10+ ကလက်ထဲကိုင်ရတာဘေးဘက်က Curve က တော်တော်လေးComfort P30 Pro မှာကျတော့ဖုန်းကနဲနဲ Strong ဖြစ်တဲ့ပုံစံဘက်ရောက်နေတဲ့အတွက် ကိုင်ရတာအရမ်းကြီး Comfort မဖြစ်ဘူးလို့ ပြောလို့ ရတယ်။ဒါပေမဲ့ ကျစ်ကျစ်လစ်လစ်ဘယ်ဖုန်းကပိုဖြစ်လဲဆိုရင်တော့ P30 Pro လို့ ပြောရမှာပါ။ ကျစ်ကျစ်လစ်လစ်ပိုဖြစ်တယ်လို့ ခံစားရသလို weight ကလည်း ပိုလေးနေတာသိသိသာသာခံစားရပါတယ်။အဲ့အတွက်လည်း comfort ပိုဖြစ်တဲ့ S10 plus ကို တော့ဒီနေရာမှာပိုသဘောကျမိတယ်။

Button placement ပိုင်းမှာတော့ S10+ ကVolume Rocker တွေကို ဖုန်းရဲ့ Power button နဲ့ တွဲမထည့်ပေးထားပဲ တစ်ခြားဖက်မှာသီးသန့်ထည့်ပေးလိုက်တာကိုသဘောကျမိတယ်။ဒါပေမဲ့ Vol down button နဲ့ Bixby button ကသိပ်နေရာမကွာတဲ့အတွက်တစ်ချက်တစ်ချက်မှားနှိပ်မိတဲ့ ပြသာနာရှိတယ်။နောက် S10 plus မှာ Power button က်ုအပေါ်ဘက်သိသိသာသာ တင်ထားတဲ့ တစ်ချက် က သိပ်အဆင်မပြေတာကို ခံစားရတယ်။

P30 pro မှာကျတော့ Power button ကိုထားပေးထားတဲ့နေရာက တော်တော်လေးအဆင်ပြေသလို Texture Bar လေးထည့်ပေးထားတာက ပိုသဘောကျဖို့ကောင်းနေတယ်လို့ပြောရမှာပါ။ နောက် AI assistant Button ကို ကျွန်တော့် Personal အမြင်အရဆိုရင် Dedicated ထည့်ပေးတာထက် Power Button မှာပဲ Long press /Short press ထည့်ပေးတာကိုပိုသဘောကျတယ်ပါတယ်။ပြောစရာရှိတာက Power Button နဲ့  Volume Rocker နဲ့ ကို တစ်ဖက်ထဲမှာပဲ ထည့်ပေးထားတဲ့အတွက် ခလုပ်မှားနှိပ်မိတဲ့ပြသာနာကရှိနေတာခြင်းတူနေတုန်းပါပဲ။ Button တွေနှိပ်ရတာအနည်းငယ်မာပေမဲ့ ပိုသဘောကျတဲ့လို့ထင်မြင်မိပါတယ်။နောက်တစ်ချက်က 10 သိန်းကျော်ပေးဝယ်တဲ့ဖုန်းတစ်လုံးမှာ Plastic Sim Tray တော့မြင်ချင်ကြမယ်မထင်ပါဘူး။ ဒီနေရာမှာလည်း P30 pro ကိုအမှတ်ပိုပေးချင်ပါတယ်။

ဆိုတော့ ဒီဖုန်းနှစ်လုံးက Design ပို်င်းနဲ့ Build Quality ပိုင်းမှာ အပြင်ပန်းကကြည့်ရင် ခပ်ဆင်ဆင်ပုံစံပေမဲ့ လားရာမတူညီကြတာကိုသွားသတိထားမိမှာပါ။ Comfort ဖြစ်ပြီး ပေါ့ပေါ့ပါးပါးကိုသဘောကျတယ် Classic ဆန်တဲ့ Design ဘက်ကို ကြိုက်တယ်ဆိုတဲ့သူအတွက် S10+ ကိုရွေးချယ်သင့်သလို ကျစ်ကျစ်လစ်လစ် တောင့်တောင့်တင်းတင်းကိုသဘောကျတယ် Fancy ဆန်တဲ့ Design ဘက်ကိုပိုသဘောကျတယ်ဆိုရင်တော့ P30 Pro ကိုရွေးယုံပါပဲ ။ ဖုန်းနှစ်မျိုးလုံးက IP 68 ထိ Dust and water ဒဏ်ခံနိုင်ပေမဲ့ တစ်လုံးမှ Warranty မပေးထားပါဖူး 😅
Display
Display ပိုင်းမှာတော့ Size အရွယ်အစားကတစ်လုံးနဲ့ တစ်လုံိးူပ်မကွာသလို Curve Display ကိုပဲ ဖုန်းနှစ်မျိုးလုံးကသုံးပေးထားတာပါ။ ဒါပေမဲ့ သုံးပေးထားတဲ့ panel တွေမတူကြသလို Huaweiက BOE ကထုတ်တဲ့ OLED Panel သုံးပေးထားပြီး FullHD+ resolution ထိ Support လုပ်ပေးထားတယ်။ S10+ မှာကျတော့ Samsung ကထုတ်တဲ့ Super AMOLED Display Panel ကိုသုံးပေးထားသလို resution ကို QuadHD + ထိ Support လုပ်ပေးထားတယ်။ ဖုန်းနှစ်လုံးစလုံး Display ပိုင်းကသဘောကျစရာကောင်းတယ်။

Resolution ကွာသွားတဲ့အတွက် တစ်ချို့နေရာတွေမှာ Details အတိအကျကြည့်လို့ရတာမျိုးကြ S10+ ကအားသာသလို Color reproduction ပိုင်း Contrast ပိုင်းတွေမှာ S10+ ကိုပိုသဘောကျမိတယ် ။ ဒါပေမဲ့ Huawei ရဲ့ Display ပိုင်း improvement ဖြစ်တာကိုမဖြစ်မနေထည့်သွင်းချီးကြူးရမှာပါ။ အခုက ဖုန်းတစ်လုံးထဲရဲ့ Review မဟုတ်ပဲ ဖုန်းနှစ်လုံး နှိုင်းယှဉ်ပြောရတာဖြစ်တဲ့အတွက် Contarst , Details , Color Saturation စတာတွေမှာ အားပိုသာနေတဲ့ S10+ ကိုပဲ ရွေးချယ်ပေးပါရစေ။waterdrop Notch နဲ့ infinity O နေရာတွေကတော့ နှစ်ခုလုံးရေရှည်သုံးနေရင် ပြသာနာကြီးကြီး မားမား မရှိတဲ့အတွက် စာဖတ်သူ စိတ်ကြိုက်ရွေးလို့ရပါတယ်။

Performance
ခင်ဗျားတို့ က Snapdragon fan တွေဆိုရင်တော့ ဒီ Flagship ဖုန်းနှစ်လုံးဟာခင်ဗျားတို့ ကျော်သွားသင့်တဲ့ ၁၂ သိန်းအထက်ဖုန်းတွေပါ။ တစ်လုံးမှာက Kirin 980SoC ကိုသုံးပေးထားတယ် ။နောက်တစ်လုံးမှာက Exynos 9820 ကိုသုံးပေးထားတယ်။ kirin 980 SoC က 7nm SoC ဖြစ်သလို Exynos 9820 က 8nm SpC ဆိုတော့ ဒီဖုန်းနှစ်လုံးမှာသုံးနေရင်းသိသိသာသာ Lagနေတာတွေ hang သွားတာမျိုးတွေမရှိဖူး။ App launch လုပ်ရတဲ့အပိုင်းတွေမှာလည်း သိသိသာသာ ဖုန်းနှစ်လုံးစလုံးကမြန်နေပြန်တယ် ။ အဲ့အတွက် ဒီဖုန်းနှစ်လုံးရဲ့ Performance ပိုင်းကသိပ်ပြီးထူထူးခြားယှဉ်ပြစရာမရှိဖူးလို့ပြောလို့ရတယ်။ App တွေဖွင့်ပြ အချိန်မှတ်ပြီး ပိုမြန်တဲ့ ဖုန်းတစ်လုံးကိုရှာချင်တယ်ဆိုရင်တော့ Youtube မှာ အများကြီးပါ။အဲ့တာက တစ်ကယ့် Usage မှာအထောက်အကူပြုမပြုတော့မပြောတတ်။
Haptic
နောက် ဒီဖုန်းနှစ်လုံးရဲ့ Haptic မှာ S10+ရဲ့ Haptic အကြောင်းအရင်ပြောရမယ်ဆို အရင်တုန်းက samsung ဖုန်းတွေနဲ့ ကွဲထွက်နေတဲ့ အရသာကိုခံစားရတယ်။touch တစ်ချက်ချင်းစီကပြန်ရတဲ့ Haptic ပြန်ရတာတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ P30 Pro မှာကျတော့ သိသိသာသာ Haptic feedback ကကောင်းတယ်လို့မခံစားရဖူး။ကိုယ်ပိုင် Keyboard မပါတဲ့ အတွက် Third Party Keyboard တွေနဲ့ စာရိုက်တဲ့အခါမျိုးမှာပြန်ရတဲ့ Haptic ကသာမာန် Haptic မကောင်းတဲ့ ဖုန်းတစ်လုံး ထက်အနည်းငယ်ပိုသာနေတာမျိုးပဲခံစားရတယ်။ ဒီနေရာမှာတော့ S10+ ကပိုသာတယ်လို့ပြောလို့ရပါတယ်။


UI Experience
Android အပေါ်က Skinတစ်ခုက ဖုန်းတစ်လုံးအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ Samsung ကပြလိုက်သလိုပါပဲ ။ အရင် Samsung ဖုန်းတွေရဲ့ UI ဖြစ်တဲ့ TouchWiz နဲ့ ဆန့်ကျင်ဘက်လို့ပြောလို့ရအောင် Experience ပိုင်းသိသိသာသာ Strong ဖြစ်လာတယ်။ One UI မှာ One Hand သုံးလို့အဆင်ပြေစေတဲ့ Setting ပိုင်း ကတော်တော်လေးသဘောကျဖို့ကောင်းသလို ဖုန်းတစ်လုံးရဲ့ Setting ထဲဝင်လိုက်တာနဲ့ ရှင်းလင်းနေတဲ့ Setting Design ကသဘောကျစရာလို့ပြောလို့ရတယ်။ တစ်ခုရှိတာက Navigation Gesture မှာ ကျွန်တော်က back ကိုပြန်သွားတဲ့ပုံစံအတွက် ဘေးဘက်က နေပြန်ဆွဲ တဲ့ Gesture Design ကိုပိုသဘောကျတဲ့အတွက် One UI က အောက်ဘက်ကနေဆွဲ တင်ရတာကိုသိပ်မကြိုက်သလို Volume တိုးလိုက်တဲ့အခါမျိုးမှာ Button ကိုတစ်ချက်ပဲနှိပ်ပြီး Touch ကနေ Adjust လုပ်ရတဲ့နေရာမှာလည်း Volume Adjust Bar ဟာ အပေါ်ဘက်ထိသွားပြီးသုံးရတာမျိုးလည်းသဘောမတွေ့ဖူးပဲပြောရမှာပါ။


အပေါ်မှာပြောသွားတဲ့အချက်တွေထဲကနောက်ဆုံးအချက်နှစ်ချက်ကလွဲရင် EMUI9 မှကျွန်တော်သဘောကျတာရှာမတွေ့သလောက်ပါပ။ ရှုပ်ထွေးလွန်းတဲ့ setting Theme , အလွယ်တကူ မှတ်မိဖို့ခက်တဲ့ တစ်ချို့ Icon Design တွေ က ကျွန်တော်ကိုအနည်းနဲ့အများစိတ်ရှုပ်ထွေးစေပါတယ်။ ဒါပေမဲ့ UI တွေအကြောင်းပြောတဲ့အခါ Personal Preference ကကပ်ပါလာမှာပါ။ အဲ့အတွက် အကြိုက်ချင်းတူချင်မှတူနိုင်သလို လွတ်လပ်စွာကွဲလွဲ နိုင်ပါတယ်။
Camera
မလုပ်ချင်ဆုံးနေရာ မပြောချင်ဆုံး နေရာကိုရောက်လာပါပြီ။ ဒါပေမဲ့မပြောမဖြစ်ပြောရမယ်ဆိုရင် P30 Pro မှာ ကင်မရာ ၄လုံး S10+ မှာ ၃လုံး P30 မှာ Main Camera sensor ကို 40MP ထည့်ပေးထားတယ်။ တော်တော်လေးသဘောကျဖို့ကောင်းသလို Details လည်းရသင့်သလောက်ရတယ်။ exposure , Contrast အပြစ်ပြောစရာမရှိ တော်လေးအဆင်ပြေတယ်။ ဒါပေမဲ့ 40MP နဲ့ရိုက်မယ်ဆို Zoom ဆွဲတာမျိုးတွေလုပ်လို့မရဖူး အဲ့အတွက်ပြသာနာရှိလားဆိုရင်တော့မရှိဖူးပဲ ဖြေရမှာပဲ။ ဘာလို့လဲဆိုရင် 50x အမြှောညက်တစ်လက်လုံးပါနေတာပဲလေ ။ ဒါပေမဲ့ ပြသာနာရှိတာက Main sensor ကို 40 MP ကနေ 10MP ပြောင်းတာမျိုးအလွယ်တကူပေးမလုပ်ပဲ Setting ထဲသွားပြောင်းနေရတာကအလုပ်တစ်ခုလိုဖြစ်နေတယ်။ပြောရရင် Camera UI လေးပေါ့။ အဲ့တစ်ချက်ကပြင်ကိုပြင်ပေးရင်ပိုကောင်းမယ်လို့မြင်မိတယ်။

S10+ Main Camera ကျတော့ 16MP f/1.5 sensor သုံးပေးထားတယ်။ Main Sensor နဲ့ရိုက်တဲ့ပုံတွေက S10+မှာလည်း အပြစ်ပြောစရာမရှိ Contarst ပိုင်း Exposure ပိုင်းအကုန်အဆင်ပြေတယ်လို့ပြောလို့ရတယ်။ တစ်ခုထဲပြောစရာရှိတာက color tone တွေကနည်းနည်းလေး Warm ဖြစ်တဲ့ ဘက်မသိမသာလေးရောက်နေတယ်။ နဲနဲအပြင်ထက်ပိုစိုပိုတောက်တဲ့ဘက်ကိုရောက်တယ်လို့ပြောလို့ရပါတယ်။

Ultrawide Camera မှာကျတော့ Samsung ရဲ့ Ultrawide Camera ကိုပိုသဘောကျမိတယ်။ Details တော်တော်လေးပါတာတွေ ၊ နောက်wide ပိုပြီးရတာတွေက P30 Pro ထက်ပိုသဘောကျစရာကောင်းနေပြန်တယ်။ ဒါပေမဲ့ P30 pro ကလည်း ခေတဲ့ကောင်တော့မဟုတ်ပါဖူး။

Wideမှာသူ့ဟာနဲ့သူတော်တော်လေးကျယ်ကျယ်ရိုက်လို့ရပေမဲ့ S10+ နဲ့ယှဉ်လိုက်ရင်မြင်ကွင်းကျယ်တာနည်းနေတာသိသာစေတယ်။ Tele မှာတော့အပြတ်အသတ်ပါ။ P30 Pro သာပါတယ်။ periscope အကူအညီနဲ့ 50x ထိDigital Zoom ဆွဲရိုက်လို့ရသလို 5x လောက်ထိကို Optical ရိုက်ကူးနိုင်တဲ့အတွက်သိသိသာသာပိုအဆင်ပြေပြီး ပိုသဘောကျစရာကောင်းတယ်လို့ပြောရမှာပါ။

Low light လိုအနေအထားမှာတော့ သုံးထားတဲ့ နည်းပညာကကွာသွားပါတယ်။ အလင်းပိုဝင်နိုင်အောင် Aperture ကိုကျယ်ကျယ်ထားတဲ့ ပုံမှန်နည်းပညာကို S10 + ကသုံးထားသလို P30 Pro မှာကျတော့ နည်းပညာအသစ်တစ်ခုလို့ ပြောလို့ ရတဲ့ RYYB Sensor ကိုပြောင်းသုံးတဲ့နည်းပညာကိုအသုံးပြုထားပါတယ်။ ကျွန်တောယှဉ်ရိုက်ကြည့်ရသလောက်တော့ ပထမပုံနှစ်ပုံမှာ S10+ က Color ပိုရသလို Details လည်းနဲနဲ ပိုအဆင်ပြေတာကိုတွေ့ ရတယ်။

P30 Pro ကြတော့ Dark ဖြစ်ရမဲ့ Area တွေမှာဆွဲတင်တာများလွန်းပြီး အရမ်း Contrast လျော့သွားတယ်လို့ ခံစားရတယ်။ ဒါကအလင်းရောင်အနည်းငယ်ရတဲ့နေရာမှာ Night Mode နဲ့ ရိုက်ထားတာပါ။ တစ်ကယ်အရမ်းအလင်းရောင်အားနည်းတဲ့နေရာမှာဆိုရင်ရော နောက်ထပ်ပုံနှစ်ပုံကိုထပ်ရိုက်ကြည့်တယ်။ ဒီနေရာမှာတော့ P30 Pro က သိသိသာသာအကုန်သာသွားတာကိုတွေ့ ရတယ်။ဆိုတော့ အလင်းရောင်လေးနဲနဲရနေရင် S10+ ကအဆင်ပြေတယ်။အကယ်၍ လုံးဝမှောင်သွားပြီဆိုရင်တော့ P30 Pro ကသိသိသာသာကြီးအားကောင်းတယ်လို့ သုံးသပ်မိပါတယ်။


ကျန်တဲ့ Camera feature စုံတာတွေက P30 Pro ကတော်တော်လေးစုံတယ်လို့ ပြောလို့ ရသလို P30 Pro ရဲ့  Super Micro Feature က ကျွန်တော့လို တိုလီမိုလီလေးတွေလျှောက်ရိုက်တတ်တဲ့သူတွေကိုသဘောကျစေတယ်လို့ ပြောလို့ ရတယ်။ နောက် Video Recording မှာ Dual Video Recording Feature ပါလာတဲ့ P30 Pro က တော်တော်လေးသဘောကျဖို့ ကောင်းတယ်လို့ ပြောရမှာဖြစ်သလို ဖုန်းနှစ်လုံးစလုံးရဲ့  Video Stabilization ပိုင်းကိုတော့ မဖြစ်မနေချီးကျူးရမှာပဲဖြစ်ပါတယ်။
Security
Security လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တစ်ကယ်ပြောချင်တာကတော့ Finger Print အကြောင်းဆိုပိုမှန်ပါလိမ့်မယ်။ S10+ မှာ Ultrasonic Finger Print Sensor ကိုသုံးပေးထားတယ်။ P30 Pro မှာကျတော့ပုံမှန် In Display Finger Print sensor ကိုသုံးပေးထားတာပါ။ လက်မှရေစိုနေတဲ့အချိန်မျိုးလက်သိပ်မသန့် တဲ့အချိန်မျိုးတွေမှာ S10+ မှာ Unlock လုပ်လို့ ရတယ်ဆိုပေမဲ့ P30 Pro ထက် Unlock လုပ်ရတဲ့အချိန်က အနည်းငယ်ပိုကြာပါတယ်။ ဒါပေမဲ့ P30 Pro မှာကျပြန်တော့လက်နည်းညစ်ပတ်တာမျိုး ရေစိုနေတာမျိုးတွေမှာ Unlock လုပ်လို့ အဆင်မပြေပြန်ဖူးပြောရမှာပါ။ ဒါကတော့ ကိုယ်ဘယ်လို မျိုးကိုပိုကြိုက်လဲ ဆိုတဲ့အပေါ်မှာပဲမှုတည်ပြီး စိတ်ကြိုက်ရွေးလို့ ရမှာဖြစ်ပါတယ်။
Battery
Battery မှာတော့ P30 Pro မှာ 4200 mAh နဲ့  S10 Plus မှာ 4100 mAh ပါတယ်။ mAh အားဖြင့်တွက်မယ်ဆိုရင်တော့ 100 ပဲကွာတဲ့အတွက် ဘာမှကွာမှမဟုတ်ဖူးလို့ ထင်မိပါလိမ့်မယ်။ဒါပေမဲ့ တစ်ကယ့်လက်တွေ့ မှာတော့ P30 Pro က သိသိသာသာပိုအားခံတာကိုတွေ့ ရတယ်။ဖြစ်နိုင်ချေရှိတာက EMUI ရဲ့  Battery Optimization က One UI ထက်သိသိသာသာပိုကောင်းနေတာလဲဖြစ်နိုင်သလို Kirin 980 7nm SoC က Exynox 9820 ထက် Battery Efficiency ပိုကောင်းနေတာလဲဖြစ်နိုင်တယ်။ မနက်နိုးလာတဲ့ အချိန် ၉နာရီဝန်းကျင်လောက်ကနေ Social Media တစ်နေကုန်သုံးမယ်။ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Game တစ်ချို့ ဆော့မယ် ။ youtube နဲ့ Web Browsing လောက်သုံးတယ်ဆိုတဲ့အနေအထားမှာ S10+ က ၅နာရီ လောက်ဝန်းကျင်ဆို ကုန်လုနီးပါးဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကိုရောက်နေပေမဲ့ P30 Pro မှာက ၃၀ရာခိုင်နှုန်းအထက်ဝန်းကျင်ကျန်ပါသေးတယ်။ ဒါက ပါဝင်တဲ့ Battery ပမာဏထက် Actual Usage မှာသုံးတဲ့အနေအထားကိုယှဉ်ပြောထားတာပါ။အဲ့အတွက် Battery ပိုင်းမှာတော့ P30 Pro ကိုအမှတ်ပိုပေးချင်ပါတယ်။
Audio
Huawei က Stereo Speaker ကိုဖြုတ်ပစ်လိုက်တဲ့တစ်ချက်ကို ကျွန်တော်တော်တော်မုန်းပါတယ်။ P30 Pro လို flagship ဖုန်းတစ်လုံးမှာ Mono Speaker နဲ့ သီချင်းနားထောင်ရတဲ့အရသာကဖီးလ်ကွေးတယ်လို့ ပြောလို့ ရသလို စုတ်ပဲ့နေတဲ့ Stereo Speaker က အကောင်းဆုံး mono speaker တစ်လုံးထက်သိသိသာသာပိုနားထောင်လို့ ကောင်းတယ်ဆိုတဲ့အတိုင်း P30 Pro မှာ Stereo Speaker မပါလာတာကိုနှမြောမိတယ်။ နောက် Earpiece Speaker မပါပဲ Display အောက်ဘက်မှာ မြှပ်ပေးထားတဲ့ပုံစံသုံးပေးထားတဲ့အတွက်ပုံမှန် Earpiece Speaker လိုမျိုးဖုန်းပြောတဲ့အခါမှာ ကြားရတာမတူဘူး။နည်းနည်းကွဲပြားနေပါလိမ့်မယ်။

S10+ မှာတော့ Stereo Speaker သုံးပေးထားတယ်။ တော်တော်လေးကျယ်တဲ့အနေအထားထိရောက်သလို Clarity တော်တော်လေးကောင်းတယ်။ Bass သံ Treble သံကောင်းကောင်းထုတ်ပေးနိုင်တယ်။ Stereo Speaker Experience အပြည့်အ၀ရတယ်။3.5 mm headphone jack လေးတောင်ပါသေးတယ်ဆိုရင်တော့ ဒီနေရာမှာ ပိုကောင်းတာဘယ်ဖုန်းလဲဆိုတာပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်။

ဆိုတော့ နိဂုံးချုပ်ဖို့ အချိန်ရောက်ရှိလို့ လာပါပြီး ။ ဖုန်းတွေဟာ All rounder ဖုန်းတစ်လုံးဖြစ်အောင်အဘက်ဘက်ကအကောင်းဆုံးဖုန်းဖြစ်အောင် flagship ဖုန်းတွေကသိသိသာသာကြိုးစားလာကြတယ်။ဒါပေမဲ့ All rounder ဖြစ်လောက်အောင်ကောင်းတဲ့ဖုန်း Perfect ဖြစ်တဲ့ဖုန်းကိုပြပါဆိုရင် စာရေးသူအတွက်က ပြဖို့ တစ်လုံးမှမမြင်မိသေးတာအမှန်ပါပဲ။အဲ့လိုပဲ အခု Compassion လုပ်ပေးသွားတဲ့ဖုန်းနှစ်လုံးမှာ အမှတ်တမဲ့ ကြည့်လိုက်ရင် ၀ယ်မယ်ဆိုပြီး ရုတ်တရက်တွေးလိုက်ရင် ဆုံးဖြတ်ရခက်တယ်လို့ ထင်နေရပေမဲ့ တစ်ကယ်သေချာစဉ်းစားကြည့်ရင် သွားတဲ့ way ကမတူတာကိုသိသိသာသာခံစားရပါတယ်။ အဲ့တာဆိုမင်းဘယ်ဖုန်းကိုရွေးပေးမှာလဲဆိုရင်တော့ ပြတ်ပြတ်သားသားပြောပေးလို့ မရတာ Sorry ပါ အဲ့အတွက် Option ၂ ခုနဲ့ ရှင်းရှင်းလေးသွားပါမယ်။ ကင်မရာရိုက်ရတာ ပိုအားသန်တဲ့သူ Design ပိုင်းမှာ Fancy ဆန်တာကြိုက်တဲ့သူအတွက်ဆိုရင်တော့ P30 Pro ကိုရွေးရမှာဖြစ်သလို Entertainment ပိုင်း ဥပမာ ရုပ်ရှင်ကြည့်တာမျိုးဖုန်းနဲ့ ဂိမ်းဆော့တာမျိုး Camera ကို ပိုင်းလည်း အဆင်ပြေနေတာမျိုး အတွက်ဆိုရင်တော့ S10+ ကိုရွေးလို့ ရနိုင်တယ်လို့ သုံးသပ်ရင်းအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။

The post Galaxy S10+ နဲ့  P30 Pro ကိုနှိုင်းယှဉ်သုံးသပ်ကြည့်ခြင်း appeared first on Myanmar Mobile Phones Review.

Comments