အားလုံးသိပြီးသားဖြစ်ကြတဲ့အတိုင်း တနေ့ ကညထဲကတက်လာတဲ့သတင်းတွေအရ Google အပါအ၀င် Chipset ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Intel နဲ့  Qualcomm တို့ ကပါ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာပြီး တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကိုထောက်ပံနေတဲ့ Hardware ပိုင်း Software ပိုင်းမှာပါရပ်တန့် သွားတော့မှာဖြစ်ပါတယ်။ အထူးသဖြင့် ထိခိုက်လာနိုင်တာတွေကတော့ Huawei ရဲ့  စမတ်ဖုန်းထုတ်လုပ်တဲ့ လုပ်ငန်းဘက်မှာ အကြီးအကျယ်ထိခိုက်လာနိုင်မှာဖြစ်ပြီး Huawei ဖုန်းအသစ်တွေမှာ Google ရဲ့  OS ဖြစ်တဲ့ Android OS ကိုအသုံးပြုခွင့်ရတော့မှာမဟုတ်ပဲ Open Source အနေနဲ့ အသုံးပြုခွင့်ပေးထားတဲ့ Android Open Source Project ဖိုင်ပေါ်မှာသာ EMUI ကိုဆက်ပြီးအသုံးပြုခွင့်ရရှိတော့မှာပါ။ Huawei အနေနဲ့ မနေ့ ကညနေပိုင်းမှာ တရားဝင်ဖြေရှင်းချက်ထုတ်ပြန်ကြေငြာခဲ့ပြီး အဆိုပါထုတ်ပြန်ကြေငြာချက်ထဲမှာတော့ လတ်တလော ဈေးကွက်ထဲမှာရောင်းချပြီးသားဖြစ်တဲ့ ဖုန်းတွေအတွက် Security Update နဲ့ အခြား Update များဆက်လက်ပေးအပ်သွားမယ်ဆိုတာပါခဲ့ပေမဲ့ မေးခွန်းထုတ်စရာရှိလာတာက Android OS Update လား ဒါမှမဟုတ် EMUI Update ပေးသွားမှာလားဆိုတာကမေးခွန်းထုတ်စရာရှိလာတာပါ။ Android OS တစ်ခုလုံးကြီးတောင်ဆုံးရှုံးသွားနိုင်တဲ့ Huawei အတွက်ပိုအထိနာတာတွေက Google Play Service တွေဖြစ်တဲ့ Gamil , Google Map , Youtube အစရှိတဲ့ Service တွေပါအပိတ်ခံရတဲ့အပြင် Intel ကထုတ်နေတဲ့ Chipset များ Qualcomm ကထုတ်လုပ်ပေးနေတဲ့ Chipset များကိုပါ အသုံးပြုခွင့်ရတော့မှာမဟုတ်ပါဘူး။
A message to our UK fans regarding the announcement by Google. Further updates to follow. pic.twitter.com/Thxwm8BtNJ
— Huawei Mobile UK (@HuaweiMobileUK) May 20, 2019
ဒီရက်ပိုင်းအတွင်းထွက်လာတဲ့သတင်းတွေကိုပြန်ကြည့်မယ်ဆိုရင် Huawei အနေနဲ့  2019 ခုနှစ် Q1 မှာတင် Smart Phone ဈေးကွက်မှာအောင်မြင်မှုများစွာရရှိခဲ့သလို Apple ရဲ့ နံပါတ် ၂ နေရာကိုသိမ်းပိုက်နိုင်ခဲ့ပြီး ထိပ်ဆုံးမှာရှိနေတဲ့ Samsung ထက်တောင် မနှစ်ကထက်ပိုမိုရောင်းချထားနိုင်တဲ့အထိအခြေအနေကောင်းနေခဲ့တာပါ။ ဒါပေမဲ့လည်းအခုလိုမျိုးရုတ်တရက်အခက်တွေ့ လာတဲ့အချိန်မှာ Huawei အနေနဲ့ ဘယ်လိုမျိုးအကွက်ရွှေ့ သွားမလဲဆိုတာက ပိုစိတ်ဝင်စားဖို့ ကောင်းလာပြီဖြစ်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ကစားကွက်အောက်ကနေဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
Photo Credit: Reuters Top New
ဖြစ်လာနိုင်ချေရှိနေတာက Huawei အနေနဲ့ ကိုယ်ပိုင် OS တစ်ခုနဲ့ ရုန်းထွက်ဖို့ ကြိုးစားလာမလားဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ပြန်လည်သုံးသပ်ရမယ်ဆိုရင် Huaewi က Telecommunication နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေကို အမေရိကန်နိုင်ငံအပါအ၀င်တစ်ခြားနိုင်ငံအချို့ မှာရောင်းချခွင့်ပိတ်ပင်ခံထားရပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်ထဲက ကိုယ်ပိုင် Operating System တစ်ခုကို စမတ်ဖုန်းတွေအတွက်သာမကပဲ ကွန်ပြူတာတွေအတွက်ပါ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပြီးပြီလို့ သိရှိရပါတယ်။အဲ့လိုပဲ Huawei ရဲ့  CEO ဖြစ်သူ Richard Yu အနေနဲ့  German Publication က သတင်းစာတစ်ခုရဲ့  Interview တစ်ခုမှာဖြေကြားသွားပေးတာကတော့ Huawei အနေနဲ့ Google Android OS ရဲ့  Alternative ဖြစ်လာမဲ့  OS တစ်ခုကို ကာလရှည်ကြာ Project တစ်ခုအနေနဲ့ တည်ဆောက်ထားပြီးဖြစ်ပေမဲ့  မိမိတို့ ရဲ့  Partner ဖြစ်သူ ( Google’s Android OS ) ကို အပြည့်အ၀ Support ပေးထားမှာဖြစ်ကြောင်း နဲ့ မိမိတို့ အနေနဲ့ အဆိုပါ Operating System ကိုအသုံးပြုရတာသဘောကျနှစ်သက်သလို Customer တွေကလည်းသဘောကျတဲ့အတွက် Android နဲ့  Window တို့ ဟာ မိမိတို့ ရဲ့  ပထမဦးစားပေး OS တစ်ခုအနေနဲ့ တည်ရှိနေမှာလို့ ဖြေကြားထားခဲ့တာကြည့်ရင် Huawei က ဒီလိုအခြေအနေတွေကို ကြိုတင်ရိပ်စားထားမိကထဲက ပြင်ဆင်ထားပြီးဖြစ်နိုင်သလို ဖြစ်လာတဲ့အခြေအနေတွေအပေါ်မှာ အကောင်းဆုံး Plan B ကိုသုံးသွားဖို့ လည်းအဆင်သင့်ဖြစ်နေပုံပါပဲ ။
Photo Credit: wccftech
ဆိုတော့ ကျွန်တော်တို့ Huawei ရဲ့ ကိုယ်ပိုင်OS ဆိုတာကလည်းမနေ့ ကညနေ ထဲကတက်လာတဲ့ သတင်းတွေကိုကြည့်လိုက်ရင် Homang OS ဆိုတဲ့သတင်းတွေတက်လာပြီဖြစ်သလို ဒီနာမည်ကတော့ Internal ပေးထားတဲ့နာမည်ဖြစ်ပြီးတစ်ကယ်တန်းထွက်လာမယ်ဆိုရင်ဘယ်လိုနာမည်နဲ့ ထွက်လာမလဲဆိုတာကိုတော့မသိရှိရသေးပါဘူး။ ဖြစ်လာနိုင်ချေရှိနေတာကတော့ Kirin OS ဆိုတဲ့နာမည်နဲ့ ထွက်လာဖို့ ရှိနေသလို အပေါ်မှာကျွန်တော်ပြောခဲ့သလိုမျိုး Huawei အနေနဲ့ 2019 နှစ်စ Q1 မှာ ဒုတိယနေရာကရောင်းအားအများဆုံးဖုန်းကုမ္ပဏီဖြစ်တဲ့အလျောက် ကိုယ်ပိုင် OS နဲ့ ကိုယ်ပိုင် Ecosystem တစ်ခုဖြစ်လာပြီးအောင်မြင်သွားမယ်ဆိုရင်လည်း Huawei ရဲ့  ဆောင်ပုဒ်အတိုင်း Make it Possible ဆိုတဲ့အတွက် အံအောဖို့ တော့မရှိပါဘူး ။အစောပိုင်းမှာအဆင်မပြေတာတွေ ရှိနေရင်တောင်မှကမ္ဘာတ၀န်းက Huawei ပရိတ်သတ်တွေကလည်းနည်းမှမနည်းတဲ့ပမာဏလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ တော်ရုံလွယ်လွယ်နဲ့ တော့မရနိုင်ပါဘူး။
ဒီလိုပဲ တစ်ခြားဘက်တွေကိုကြည့်ရင်လည်း Huawei အနေနဲ့ ကိုယ်ပိုင် Chipset တွေထုတ်လုပ်ပြီးလက်ရှိမှာလည်း Flagship ဖုန်းတွေ mid-range ဖုန်းတွေမှာအသုံးပြုနေပြီဖြစ်တဲ့အတွက်သိပ်ပြီးစိတ်ပူစရာတော့မရှိပါဘူး။Kirin 980 SoC လိုမျိုး Performance ပိုင်းကောင်းကောင်းနဲ့  7nm SoC ကိုတောင် Apple နဲ့ ယှဉ်ပြီး အစောဆုံးထုတ်ထားနိုင်ခဲ့သလို 5G Network ပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း Huawei ရဲ့ ကိုယ်ပိုင် Chipset Balong 5000 ကိုထုတ်လုပ်ထားပြီးဖြစ်သလို အဓိကအစိတ်အပိုင်း တွေတောင်ကိုယ်ပိုင်ထုတ်လုပ်ထားနိုင်တဲ့အတွက်တစ်ခြားသောအစိတ်အပိုင်းတွေကလည်း ပြသာနာကြီးကြီးမားမားဖြစ်လာနိုင်ဖွယ်တော့မရှိဘူးလို့ ပဲပြောရမှာပါ။ဒါ့အပြင် နဂိုထဲက ခပ်ငြိမ်ငြိမ်နေနေတဲ့ Huawei ရဲ့  Hardware ပိုင်းကိုလှုပ်နှိုးလိုက်သလိုလဲဖြစ်သွားနိုင်ပါတယ်။
Image Credit:Huawei
ဘယ်လိုပဲပြောပြော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ Trade War ကိုအကြောင်းပြုပြီး Huawei ကိုနှိပ်ကွပ်နေတာဟာ ဒီတစ်ချက်ကတော်တော်လေးဆိုးဆိုးရွားရွားဖြစ်သွားတယ်လို့ ပြောလို့ ရပါတယ်။ တရုတ်နိုင်ငံအတွင်းမှာဆိုရင် လည်း အခုဆို Campaign တွေစတင်ပြုလုပ်နေကြပြီး iPhone မသုံးဖို့ တွေ ပြီးနောက်အမေရိကန်နိုင်ငံသားဆို ဈေးကို ၂၅ရာခိုင်နှုန်းတွေတင်ရောင်းတာတွေအပြင် တရုတ်နိုင်ငံအစိုးရ ကလည်း သူတို့ နိုင်ငံသားပိုင်ကုမ္ပဏီဘက်ကအပြည့်အ၀ရပ်တည်ပေးသွားဖို့ ကသေချာသလောက်ရှိနေပါပြီ ။တစ်ကယ်တော့ ဒီဖြစ်ရပ်တစ်ခုလုံးပြန်သုံးသပ်ရမယ်ဆို အမေရိကန်နိုင်ငံအတွက်လည်းထိရောက်တဲ့ အကျိုးသပ်ရောက်မှုမရှိ Google အတွက်လည်း Android OS တိုးတက်ဖွံဖြိုးရေးအတွက် Partner ကောင်းတစ်ယောက်လက်လွတ်လိုက်ရသလို Huawei အတွက်လည်းဈေးကွက်စီးပွားရေးမှာ အထိနာတဲ့လုပ်ရပ်ဖြစ်တဲ့အတွက်ကြောင့် Lose-Lose Saturation လို့ ပဲပြောချင်ပါတော့တယ်။
The post Google Service ပိတ်ခံရပြီးတဲ့နောက် Huaewi ရဲ့  Plan B ကဘာတွေဖြစ်လာမလဲ appeared first on Myanmar Mobile Phones Review.




Comments
Post a Comment