Huaweiအနေနဲ့ ဒီတစ်ခါမှာတော့ ပြသာနာ အကြီးကြီး နဲ့ ကြုံတွေ့ ရဖွယ်ရှိနေပြီ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ် နယ် ထရမ့်အနေနဲ့ National Security ကိုအကြောင်းပြပြီး တရုတ်နိုင်ငံက ဆက်သွယ်ရေးကုမ္ပဏီတွေကို ပိတ်ပင် ထားတာဟာ ထင်ထားတာထက်ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတဲ့အတ့က်ကြောင့်ပါ။ ဘာကြောင့်လဲ ဆိုရင်တော့ Google အနေနဲ့ Huawei နဲ့ ပတ်သတ်ပြီး Hardware များ ၊ Software များ ထောက်ပံပေးနေမည်ဆိုပါက အရေးယူခံရဖို့ရှိနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ Google ရဲ့ အတွင်းပိုင်းမှာ အပြန်အလှန်ဆွေးနွေးနေကြသလို ဘယ်လို Service တွေကိုပိတ်ပင်ပြစ်လိုက်မှာလဲ မထုတ်ပြန်ကြသေးပေမဲ့ Google အနေနဲ့တော့ Technical service တွေအကုန်လုံးကို ပိတ်ဆို့သွားရမဲ့ ပုံမှာ ရှိနေပါတယ်။ သတင်းတွေအရတော့ Google အနေနဲ့ Android Open Source Project အနေနဲ့ Android OS ကို တင်ထားခဲ့ တဲ့ အတွက်ကြောင့် Huawei အနေနဲ့ Android OS Project ကိုရရှိမှာဖြစ်ပြီး အဆိုပါ AOSP ကိုအခြေခံတဲ့ EMUI မှာသာလျှင် Android Feature အချို့ ကိုထည့်သွင်းအသုံးပြုခွင့်ရနိုင်ဖွယ်ရှိနေပါတယ်။အဲ့အတွက်ကြောင့်လည်း Huawei ရဲ့  Smart Phone တွေမှာ Android Q အထိအသုံးပြုခွင့်ရရှိနိုင်ဖွယ်ရှိနေသလို အဲ့နောက်ပိုင်း Update တွေမှာတော့ AOSP ကိုအခြေခံထားတဲ့ OS ကိုသာအသုံးပြုသွားရတော့မဲ့အခြေအနေပါ။ သေချာသလောက်ရှိနေတာကတော့ Google Play service တွေကိုအသုံးပြု ခွင့်မရရှိတော့တဲ့ အချက်ဖြစ်ပြီး Huawei အနေနဲ့ Third Party app ပုံစံ နဲ့ ထည့်သွင်းအသုံးပြု ခွင့်ကိုအသုံးချသွားမလားစောင့်ကြည့်ရမှာပါ။ဒါပေမဲ့လည်း အခုက Google ရဲ့ Sever ဘက်ကနေ Ban မှာဖြစ်တဲ့အတွက် Third Party app အနေနဲ့ တောင်အသုံးပြုခွင့်ရမရက စိုးရိမ်စရာအခြေအနေလို့ပြောရမှာပါ။ လက်ရှိအချိန်မှာ Huawei အနေနဲ့ Android Q ရရှိမဲ့ ဖုန်းစာရင်းတွေကိုလည်းထုတ်ပြန်ပေးပြီးသွားပြီ ဖြစ်တဲ့ အတွက် အဆိုပါဖုန်းတွေမှာလည်း Andorid Q update လုပ်ခွင့်ရမရ စိတ်ဝင်စားဖို့ကောင်းနေပြီလို့ပြောရမှာပါ။
အခြားသောသတင်းတွေအရ Intel နဲ့ Qualcomm တို့ကပါ Huawei ကို နည်းပညာပိုင်း Hardware နဲ့ Software ထောက်ပံမှု ရပ်ဆိုင်းသွားတော့မယ်လို့လည်း သတင်းတွေထွက်လာတဲ့ အတွက် Huawei အနေနဲ့ ဒီအကျပ်အတည်းကဘယ်လို လွတ်မြောက်အောင်ကျော်ဖြတ်မလဲ ဆိုတာကတော့ ရင်တမမနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Ref:AndroidCentral
The post Google Service တွေ ကို Huawei ဖုန်းတွေ အတွက်ထောက်ပံတာရပ်ဆိုင်းသွားဖွယ်ရှိ appeared first on Myanmar Mobile Phones Review.

Comments
Post a Comment