Honor မှ အသစ်ထွက်ရှိလာမည့် flagship level စမတ်ဖုန်းအသစ်ကို လန်ဒန်မြို့တွင် လာမည့် မေလ ၂၁ ရက် နေ့တွင် ခန့်မှန်းချေ ဒေါ်လာ ၅၅၀ တန်ဖိုးဖြင့် စတင်မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ Honor အနေဖြင့် Honor 20 မျိုးဆက် ၃ မျိုးဖြစ်သော Honor 20i ၊ Honor 20 နှင့် Honor 20 Pro တို့ကို ယခုနှစ်ထဲတွင် မိတ်ဆက်ပေးသွားမည်ဟု ကြေညာထားခဲ့ပြီးလည်းဖြစ်သည်။မတူညီသောဈေးနှုန်းအစားစားဖြင့် ထွက်ရှိလာမည့် ဖုန်းများကို မတူညီသော ဈေးကွက်များသို့ ဦးတည်ရောင်းချ သွားဖွယ်ရှိနေပြီး ဈေးနှုန်းအားဖြင့်သက်သာသော “i” version၊ သာမန်အသုံးပြုလိုသူများအတွက် Honor 20 နှင့် ပိုမိုပြည့်စုံသော function များပါဝင်မည့် Pro version စသည်ဖြင့် ခွဲခြားသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။
Honor က ယခုတစ်ခါတွင်လည်း ဖုန်း၏ အနောက်ဘက်တွင် ဖန်သားသုံးထပ်အားပေါင်းစည်းကာ ရောင်ပြန်ဖြစ်စေရန်ဖန်တီးပေးသော “Triple 3D Mesh” နည်းပညာကိုအသုံးပြုထားပြီး holographic ဒီဇိုင်းအသစ်ကိုထည့်သွင်းသွားမည်ဖြစ်ပြီး အဆိုပါ ဖန်သားသုံးထပ်အားဖုန်း၏အနောက်ဖက်တွင် ဖန်သားပြင်တစ်ချပ်တည်းပုံစံ နောက်ခံ အဖြစ်ပြုလုပ်လာဖို့ ရှိနေပါတယ်။ပထမဦးဆုံးသတင်းပေါက်ကြားထားသော ဓါတ်ပုံများကို ခန့်မှန်းကြည့်ခြင်းအားဖြင့် ဖုန်းကိုယ်ထည်ကို ခန့်မှန်းရ လျှင် ပါဝါခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်များက ဖုန်းကိုယ်ထည်၏ ညာဖက်တွင်ရှိနေနိုင်မည်ဟု အချို့ သော နိုင်ငံတကာမီဒီယာများက ထင်မြင်ချက်များ ခန့်မှန်းသုံးသပ်ထားကြသလို ဖုန်းကိုယ်ထည်ပေါ်တွင် fingerprint (လက်ဗွေစနစ်) အတွက်နေရာချန်ထားခြင်းမရှိသည်ကိုကြည့်ခြင်းအားဖြင့် fingerprint sensor (လက်ဗွေဖတ်စနစ်) မှာ ဖုန်းမျက်နှာပြင် သို့မဟုတ် ဖုန်းကိုယ်ထည်၏ဘေးတွင်ရှိနိုင်သည်ဟုခန့်မှန်းထားကြပါသေးတယ်။ဖုန်း၏ဘယ်ဘက်ထောင့်ဆုံးတွင် ရှိနေသည့် ကင်မရာသုံးလုံးအပြင် ဒေါင်လိုက်အနေအထားရှိ စာတန်း အစရှိ သည့် ဒီဇိုင်းပိုင်းဆိုင်ရာတွင်လည်း Huawei P30 Pro တော်တော်လေးကိုတူတဲ့ပုံစံကိုတွေ့ ရမှာပဲဖြစ်ပါတယ်။
Honor 20 နှင့် Honor 20 Pro တို့တွင် Honor View 20 ၏မျက်နှာပြင်နည်းပညာနှင့် ဆင်တူသော ၆.၂၆ လက်မ မျက်နှာပြင်၊ ၉၁.၆% ဖုန်းမျက်နှာပြင်အချိုးအစား နှင့် ၄.၅ မီလီမီတာအရွယ်ရှိ pinhole ကင်မရာတို့ ပါဝင်လာမည်ဖြစ်သည်။ ဓာတ်ပုံတွင်မြင်တွေ့ရသည့်အတိုင်း ဖုန်း၏အောက်ခြေမှာ အလွန်ပါးလွှာပြီး မျက်နှာပြင် ကို အဝိုင်းသဏ္ဍာန် ဝန်းရံထားသည်။ဖုန်းမျက်နှာပြင်မှာမြင်တွေ့နေရတဲ့ အက်ပလီကေးရှင်းက Amazon Alexa App icon ဖြစ်နိုင်ချေရှိနေသလို အကယ်၍ ဟုတ်နေခဲ့မည်ဆိုပါက ယခင် Google Assistant ကိုသာ သုံးစွဲခဲ့ရာမှ ယခု Amazon Alexa ကို ထည့်သွင်းလိုက်ခြင်းဖြင့် Honor အနေနှင့် ၎င်း၏ ဦးတည်ချက်အား ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။ သို့သော် လည်း အံ့အားသင့်ဖွယ်ကောင်းသော ပြောင်းလဲမှုမျိုးတော့ မဟုတ်ဘူးလို့ တော့ပြောရမှာပါ။
၂၀၁၇ ခုနှစ်တွင် Huawei မှ ၎င်း၏ Mate 9 စမတ်ဖုန်းအတွက် Alexa ကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုခဲ့ပြီးလည်း ဖြစ်ပါသည်။ပေါက်ကြားထားသော ဓါတ်ပုံများအရ Honor 20 pro ၏ ကင်မရာမှာ periscope zoom နည်းပညာ, 5x optical zoom နှင့် 10x hybrid zoom အား time-of-flight (ToF) censor စနစ်ပါဝင်သော Huawei P30 Pro ၏ နည်းပညာနှင့် တူညီလိမ့်မည်ဖြစ်ပြီး အဓိကကင်မရာများမှာ ဖုန်း၏ ဘယ်ဖက်အပေါ်ခြမ်းတွင် 48MP ဖြင့် တည်ရှိ နေမည်။ ဖုန်းကာဗာကိုကြည့်ခြင်းဖြင့် ကင်မရာသုံးလုံး မှ လေးလုံး အထိပါမည်ဟုလည်း ယုံကြည်ရသည့် သတင်းဌာနများမှ မှတ်ချက်ပေးခဲ့သည်။Honor 20 ၏ ကင်မရာများသည် Honor View 20 ၏ ကင်မရာများကဲ့သို့ 48-megapixel ရှိ အဓိကကင်မရာ၊ 20-megapixel ရှိ ဒုတိယကင်မရာနှင့် 8-megapixel lens ရှိ တတိယ ကင်မရာတို့ ပါဝင်လာဖို့ ရှိနေပါတယ်။Kirin 980 processor နှင့် 3560 mAh ဘက်ထရီကို သုံးထားနိုင်မည်ဖြစ်ကာ Chipset အစိတ်အပိုင်းမှာ Huawei P30 Pro နှင့်တူညီသည့် 980 အမျိုးအစားလည်း ဖြစ်သည်။ သိုလှောင်မှုပမာဏအပိုင်းအနေနှင့်လည်း 6GB ၊ 8GB RAM သို့မဟုတ် 128GB ၊ 256GB ROM ဖြင့်ထွက်လာဖွယ်ရှိနေပါတယ်။
The post ဈေးကွက်တွင်း မကြာမီ မိတ်ဆက်သွားတော့မည် Honor 20 နှင့် Honor 20 Pro appeared first on Myanmar Mobile Phones Review.



Comments
Post a Comment