Huawei Ban ခံရေပမယ့္ လက္ရိွထုတ္ကုန္ေတြမွာ Google , Android တို႔ဆက္လက္သုံးႏိုင္

ဒီေန႔မွာ Huawei ရဲ႕သတင္းဟာ စမတ္ဖုန္းသုံးစြဲသူတို႔အၾကားအလြန္ေရပန္းစားေနပါတယ္။ အေနအထားေကာင္းနဲ႔ သတင္းႀကီးေနတာမဟုတ္ဘဲ Huawei ထုတ္ကုန္မ်ားတြင္ Google Service နဲ႔ Android Updates ေတြရရိွသုံးစြဲႏိုင္ေတာ့မွာမဟုတ္ဘူးဆုိတဲ့ သတင္းဆုိးနဲ႔လူအမ်ားၾကားေရပန္းစားေနတာျဖစ္ပါတယ္။ အေမရိကန္အစုိးရရဲ႕တားျမစ္ပိတ္ပင္မႈေတြေၾကာင့္ Huawei အေနနဲ႔ တစ္မနက္တည္းမွာပင္ သုံးစြဲသူေတြရဲ႕စိုးရိမ္ ပူပန္ေမးခြန္းထုတ္မႈေတြကို ခံလုိက္ရပါတယ္။

ဒါေပမယ့္ လက္ရိွအခ်ိန္မွာေတာ့ Huawei ထုတ္ကုန္သုံးစြဲေနသူေတြအေနနဲ႔ Google နဲ႔ Android စနစ္ေတြကို ဆက္လက္သုံးစြဲႏိုင္ဦးမွာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာထုတ္မယ့္ စမတ္ဖုန္းအသစ္ေတြမွာေတာ့ အဆုိပါစနစ္ေတြ ကန္႔သတ္ပိတ္ပင္ခံရႏိုင္ေျခမ်ားပါတယ္။Huawei တံဆိပ္တစ္ခုတည္းအတြက္သာ အဲလုိစိုးရိမ္ရတ့ဲအေနအထားျဖစ္တာ မဟုတ္ဘဲ Honor တံဆိပ္အတြက္လည္း စိုးရိမ္စရာအေျခအေနရိွပါတယ္။

Huawei Myanmar ရဲ႕ မီဒီယာပိုင္းဆုိင္ရာထုတ္ျပန္ခ်က္မွာေတာ့ Huawei နဲ႔ Honor ထုတ္ကုန္ေတြရဲ႕ security updates နဲ႔ after-sales services ပိုင္းနဲ႔ပတ္သက္ၿပီး အေကာင္းဆုံးဆက္လက္ပံ့ပိုးေပးသြား ပါမယ္လုိ႔ဆုိထားပါ တယ္။  ေရာင္းခ်ၿပီးသားထုတ္ကုန္ေတြကိုသာမက မေရာင္းရေသးတဲ့ ထုတ္ကုန္ေတြအတြက္ပါ ၀န္ေဆာင္မႈပိုင္း ဆက္လက္ေပးသြားမွာျဖစ္ပါတယ္။

လုံၿခံဳစိတ္ခ်ရတဲ့ software ပုိင္းဆုိင္ရာတီထြင္စမ္းသပ္တာကိုလည္း လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ထား ပါတယ္။ Huawei ရဲ႕အနာဂတ္မွာ အေမရိကန္ကုမၸဏီေတြမပါဘဲ ဆက္လက္ေလွ်ာက္လွမ္းသြားမွာလား၊ဒါမွမဟုတ္ အျခားနည္းလမ္းေတြနဲ႔ဆက္လက္ရပ္တည္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါမယ္။ အေမရိကန္၊တရုတ္ ကုန္သြယ္ေရး စစ္ပြဲမွာေတာ့ Huawei ကအခုေလာေလာဆယ္မွာ အထိနာေနၿပီျဖစ္ပါတယ္။

(Unicode Version)

Huawei Ban ခံရပေမယ့် လက်ရှိထုတ်ကုန်တွေမှာ Google , Android တို့ဆက်လက်သုံးနိုင်

ဒီနေ့မှာ Huawei ရဲ့သတင်းဟာ စမတ်ဖုန်းသုံးစွဲသူတို့အကြားအလွန်ရေပန်းစားနေပါတယ်။ အနေအထားကောင်းနဲ့သတင်းကြီးနေတာမဟုတ်ဘဲ Huawei ထုတ်ကုန်များတွင် Google Service နဲ့ Android Updates တွေရရှိသုံးစွဲနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ သတင်းဆိုးနဲ့လူအများကြားရေပန်းစားနေတာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့တားမြစ်ပိတ်ပင်မှုတွေကြောင့် Huawei အနေနဲ့ တစ်မနက်တည်းမှာပင် သုံးစွဲသူတွေရဲ့စိုးရိမ်ပူပန်မေးခွန်းထုတ်မှုတွေကို ခံလိုက်ရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ Huawei ထုတ်ကုန်သုံးစွဲနေသူတွေအနေနဲ့ Google နဲ့ Android စနစ်တွေကို ဆက်လက်သုံးစွဲနိုင်ဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာထုတ်မယ့် စမတ်ဖုန်းအသစ်တွေမှာတော့ အဆိုပါစနစ်တွေ ကန့်သတ်ပိတ်ပင်ခံရနိုင်ခြေများပါတယ်။Huawei တံဆိပ်တစ်ခုတည်းအတွက်သာ အဲလိုစိုးရိမ်ရတဲ့အနေအထားဖြစ်တာမဟုတ်ဘဲ Honor တံဆိပ်အတွက်လည်း စိုးရိမ်စရာအခြေအနေရှိပါတယ်။

Huawei Myanmar ရဲ့ မီဒီယာပိုင်းဆိုင်ရာထုတ်ပြန်ချက်မှာတော့ Huawei နဲ့ Honor ထုတ်ကုန်တွေရဲ့ security updates နဲ့ after-sales services ပိုင်းနဲ့ပတ်သက်ပြီး အကောင်းဆုံးဆက်လက်ပံ့ပိုးပေးသွား ပါမယ်လို့ဆိုထားပါတယ်။ ရောင်းချပြီးသားထုတ်ကုန်တွေကိုသာမက မရောင်းရသေးတဲ့ ထုတ်ကုန်တွေအတွက်ပါ ဝန်ဆောင်မှုပိုင်းဆက်လက်ပေးသွားမှာဖြစ်ပါတယ်။

လုံခြုံစိတ်ချရတဲ့ software ပိုင်းဆိုင်ရာတီထွင်စမ်းသပ်တာကိုလည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ Huawei ရဲ့အနာဂတ်မှာ အမေရိကန်ကုမ္ပဏီတွေမပါဘဲ ဆက်လက်လျှောက်လှမ်းသွားမှာလား၊ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ဆက်လက်ရပ်တည်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ အမေရိကန်၊တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာတော့ Huawei ကအခုလောလောဆယ်မှာ အထိနာနေပြီဖြစ်ပါတယ်။

Comments