Huawei P30 Pro – A Camera King ? Full Review By MMPR

Smart Phone တွေရဲ့ ကင်မရာဟာကြောက်ဖို့ ကောင်းလာပါတယ် ။ အရင်ကပြောနေကြစကားတွေရှိခဲ့ဖူးတာက Smart Phone တွေရဲ့ ကင်မရာဟာ DSLR ကင်မရာလိုမျိုးဘယ်လိုမှဖြစ်လာမှမဟုတ်ဖူးဆိုတဲ့စကားတွေကိုအခုချိန်မှာ Huawei နဲ့  Pixel တို့ က ဆက်တိုက်စိန်ခေါ်နေသလိုပါပဲ။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ P9 ကနေ စတင်ပြီး Leica နဲ့ တစ်စိုက်မက်မက်ပူးတွဲလုပ်လာတဲ့ Huawei က P30  Series မှာ ဘယ်သူမှမထင်ထားခဲ့တာမျိုးဖြစ်တဲ့ Digital Zoom ကို အဆ ၅၀ ထိဆွဲပြီးရိုက်ကူးနိုင်တဲ့ Periscope Tele Lens ကိုတပ်ဆင်ပေးလာခဲ့သလို အရင်တုန်းက ကျွန်တော်တို့ ကြားသိခဲ့ရတဲ့ RGB Sensor ဆိုတာကို ချိုးဖောက်ပြီး အလင်းပိုမိုရရှိအောင် RYYB ဆိုတဲ့ Sensor ကိုပါပြောင်းတပ်ခဲ့ပါတယ်။အဲ့အတွက်ရလဒ်ကဘယ်လိုတွေရှိလာမလဲ ….P30 Pro က တစ်ကယ်ပဲ ကင်မရာအကောင်းဆုံးဖုန်းလားဆိုတာကတော့ Review မှာပဲ ဆက်ပြောကြတာပေါ့ ။

ကင်မရာအကောင်းဆုံးဖုန်းတစ်လုံး လို့ ခေါင်းစဉ်တပ်ထားမှတော့ ကင်မရာအကြောင်းကိုပဲအသားပေးပြီး Review လုပ်ကြတာပေါ့။ Huawei က ကင်မရာပိုင်းမှာ Feature အစုံလင်ဆုံးဖုန်းဆိုတဲ့အတိုင်းအခု P30 Pro မှာလည်း Feature တော်တော်လေးစုံတာကိုတွေ့ ရတယ်။ Micro ရိုက်လေ့ ရိုက်ထရှိသူတွေအတွက် အခု P30 Pro မှာပါတဲ့ Super Micro Feature 2.5 cm ထိကပ်ရိုက်လို့ ရတယ်ဆိုတာ ကတော်တော်လေးသဘောကျမဲ့ Feature ဆိုတာအာမခံလို့ ရတယ်။နောက် 50 X ထိကို Digital Zoom ဆွဲလို့ ရတာမျိုးတွေ Moon Shoot လိုမျိုး Feature တွေကလည်းသဘောကျစရာပါ။ ဒီထဲမှာ ရိုက်လိုက်တဲ့ပုံတိုင်းကို ၃စက္ကန့် စာလောက် Record လုပ်ပေးနိုင်တဲ့ Feature ပါလာပေမဲ့ အမြဲရိုက်လိုက်တဲ့ Moving Picture အနေနဲ့  Record လုပ်ပေးထားတာမျိုးမဟုတ်ပဲဒီ Feature အတွက်ကို သပ်သပ် ၀င်ရိုက်ရတာကတော့မလိုအပ်ပဲ အလုပ်ပိုရှုပ်စေသလို သာမန် အမြန်ရိုက်လိုက်တဲ့ပုံတွေအတွက် Moving Picture Feature က အလွယ်တကူဝင်ရိုက်ဖို့ တိုင်ပတ်နိုင်တဲ့အနေအထားပါ။နောက်တစ်ချက်က 40MP Main Sensor နဲ့ ၇ိုက်မယ်ဆိုရင် Zoom ဆွဲတာတွေမလုပ်နိုင်တဲ့အတွက် 10MP ကို Default ထားမိနေပါတယ်။အဲ့အတွက် 40MP နဲ့ ရိုက်ချင်တဲ့အခါမျိုးမှာအလွယ်တကူပြောင်းလို့ မရပဲ Setting ထဲဝင်ပြောင်းနေရတာလဲဘ၀င်မကျစရာပါပဲ။ တစ်ကယ်တန်းပြောရရင် ကင်မရာကတော်တော်လေးကောင်းသလောက် ကင်မရာ UI ပိုင်း Setting ပိုင်းမှာ တစ်ချို့ အထားအသိုလေးတွေကဘ၀င်မကျစရာလေးတွေတွေ့ ရပါတယ်။ Main sensor နဲ့ ရိုက်တဲ့ပုံတွေကတော့ 40MP နဲ့ ရိုက်ရိုက် 10MP နဲ့ ရိုက်ရိုက်သဘောကျဖို့ တော်တော်လေးကောင်းတယ်ဆိုတာဘယ်လို မှငြင်းလို့ မရပါဘူး။

Ultrawide နဲ့ ရိုက်တဲ့ပုံတွေမှာတော့ တော်တော်လေးမြင်ကွင်းကျယ်ကျယ်ရိုက်လို့ ရတယ်။ Details တွေလည်းပါသင့်သလောက်ပါတယ်ဆိုတော့ ဒီ Ultrawide Camera လဲသဘောကျစရာပါပဲ။ဒါပေမဲ့ အစောပိုင်းမှာ S10+ ရဲ့  Ultrawideကို မြင်ထားပြီးသားဖြစ်တဲ့အတွက် ဒီ Ultra wide ကအရမ်းတော့ရင်ခုန် ဖို့ မကောင်းနေပါဘူး။ နောက်တစ်တစ်ခုက Telephoto Lens 10x အထိ Hybrid Zoom ရသလို 50x ထိကို Digital Zoom ရတယ်လုံးဝသဘောကျစရာကြီးပါ။ ဒါပေမဲ့ Daily Life မှာတစ်ကယ်ရောလိုအပ်ရဲ့ လားဆိုတာပြန်စဉ်းစားရပါမယ်။ အကယ်၍ ကိုယ်က Telephoto Lens ကိုအမြဲသုံးဖြစ်နေတဲ့သူ ဥပမာ Journalism လိုမျိုး အဝေးကြီးကဟာတွေလှမ်းမှတ်တင်တာမျိုးလုပ်တတ်တဲ့သူဆိုရင်တော့မဖြစ်မနေလိုအပ်တဲ့ ကင်မရာမျိုးပါ။ သာမာန်ကျွန်တော်လို သူအတွက်ဆိုရင်တော့ မလိုအပ်ပါဘူး ။ 10x Zoom လောက်နဲ့ တင် အဆင်ပြေနေပါပြီ။

ဆိုတော့ ကင်မရာ ( ၃ ) လုံးအကြောင်းရယ် Feature တစ်ချို့ ရယ်တော့ပြောပြီးသွားပြီး နောက်တစ်ခုထပ်ပြောချင်တာက Low Light အကြောင်း ပါ။ အားလုံးလဲသိပြီးသားဖြစ်မှာပါ Huawei က RGB ဆိုတဲ့ Sensor နေရာမှာ RYYB ဆိုတဲ့ Sensor ကိုသုံးပြီး အလင်းပိုဝင်မှုအားကောင်းအောင်လုပ်ပေးထားတယ်။ဒါကကျွန်တော်တို့ အရင်ကမြင်တွေ့ ခဲ့ရတဲ့ Aperture ကိုပိုကျယ်အောင်လုပ်ပြီး အလင်းပိုဝင်လာအောင်လုပ်တဲ့နည်းနဲ့ ကွဲပြားနေတဲ့နည်းပါ။ နည်းပညာအသစ်လို့ လဲပြောလို့ ရပါတယ်။အဲ့အတွက် ကျွန်တော်စမ်းသပ်ကြည့်ရသလောက်ကတော့ Night Mode နဲ့ အလင်းရောင်အားနည်းတဲ့နေရာတွေမှာရိုက်ရင် Color က Soft ဖြစ်တဲ့ဘက်ကိုသိသိသာသာရောက်သွားပြီး Contrast တော်တော်လေးများတာကိုတွေ့ ရတယ်။ဆိုတော့ သဘာဝမဆန်ပေမဲ့ အရေးပေါ်အခြေအနေတွေမှာအသုံးတည့်မှာကတော့အမှန်ပါပဲ ။တစ်ကယ်သဘောကျတာက အရမ်းမှောင်နေတဲ့အချိန်ပါ။တော်တော်လေးကောင်းပါတယ်။ မထင်မှတ်ထားလောက်အောင်ကောင်းပါတယ်။ မတရားကောင်းပါတယ်။

ဘာရယ်မဟုတ် P30 pro မှာပါတဲ့ Moon Mode ကိုစမ်းမရိုက်ကြည့်ခင်က သိပ်အထင်မကြီးခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်လာသလိုမျိုး P30 Pro ရဲ့  Moon Mode က ရိုက်လိုက်တဲ့ပုံကို AI Chips ထဲမှာပါပြီးသားအနီးစပ်ဆုံးပုံနဲ့  Processing ပြန်လုပ်ပေးလိုက်တယ်ဆိုတဲ့သတင်းတွေထွက်လာလို့ စမ်းကြည့်ဖြစ်ခဲ့ပါတယ်။ AI Chips ထဲက ရှိပြီးသားပုံနဲ့  Image Processing ပြန်လုပ်ပေးတာမလုပ်ပေးတာခနထား ထွက်လာတဲ့ရလဒ်ကလုံးဝကျေနပ်စရာကြီးပါ။ လုံလောက်တဲ့ Zoom တစ်ခုဆွဲပြီး ကင်မရာ Frame ထဲ လ၀င်လာပြီဆိုတာနဲ့ ဘေးဘက်က Noise တွေဖျောက်ပစ်ပေးလိုက်တဲ့ AI ကလည်းကြောက်စရာပါ။ဘယ်လိုပဲပြောပြော လက်နဲ့ ကိုင်ပြီးရိုက်တာတောင်ဒီလိုရလဒ်ထွက်လာတယ်ဆိုတာကြီးကတော့ Applause လုပ်ပါတယ်။

နောက်တစ်ခုက Video Recording မှာ flagship ဖုန်းတွေရဲ့ ထုံးစံအတိုင်း 4K ကို 30fps နဲ့ ရိုက်လို့ ရမယ်။ တော်တော်လေးကို Stabilization ကောင်းတယ်လို့ ပြောလို့ ရတယ်။ သာမာန် 1080p ကိုတော့ 60 fps နဲ့ ရိုက်လို့ ရမယ်။တစ်ခုသဘောကျဖို့ ကောင်းတာက Video recording ကို 21:9 ရော 16:9 ပါရိုက်ကူးနိုင်တဲ့တစ်ချက်ကတော့သဘောကျဖို့ ကောင်းပါတယ်။ ဒီဖုန်းမှာ Video နဲ့ ပတ်သတ်ပြီး သဘောအကျဆုံးတစ်ချက်က Dual Video Recording လို့ ခေါ်တဲ့ Zoom Camera နဲ့ ရော Main Camera နဲ့ ပါရိုက်လို့ ရတဲ့တစ်ချက်ကိုတော်တော်လေးသဘောကျမိတယ်လို့ ပြောရမှာပါ။ ဆိုတော့ P30 Pro ရဲ့  ကင်မရာပိုင်းနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးပါဆိုရင်တော့ Pixel 3 က Software ပိုင်းနဲ့ အကောင်းဆုံးကင်မရာဖုန်းလို့ သတ်မှတ်ထားရင် P30 Pro က အခုချိန်မှာ Hardware ပိုင်းနဲ့ Software ကိုမှီအောင်လိုက်နိုင်တဲ့ တစ်ခုထဲသောဖုန်းလို့ သတ်မှတ်ပေးချင်ပါတယ်။ကင်မရာပိုင်းပြီးသွားတော့ ဒုတိယသဘောအကျဆုံးအချက်ဖြစ်တဲ့ Battery life အကြောင်းဆက်ပြောပါမယ်။ P30 Pro က 4200 mAh Battery သုံးပေးထားတဲ့ဖုန်းပါ။ S10+ က 4100 mAh သုံးပေးထားတဲ့ဖုန်းပါ။ ဒီနေရာမှာ Battery Optimization ဘယ်လောက်ထိဆိုင်လဲဆိုရင် ကျွန်တော်ပုံမှန်သုံးနေကျအတိုင်း S10+ ကိုသုံးရင် ၅နာရီလောက်ဆိုအားကုန်လုနီးပါးအချိန်မှာ P30 Pro မှာ ၃၀ ကျော်ဝန်းကျင်လောက်ကျန်ပါသေးတယ်။ ဒါဟာ 100 mAh ပိုများတဲ့အတွက်ကြောင့်လို့ လာပြောရင်တော့ဘယ်လိုမှလက်ခံနိုင်မှာမဟုတ်ပါဖူး။ နောက်အားပြန်သွင်းတဲ့နေရာမှာလည်းတော်တော်လေးမြန်တယ်လို့ ပြောလို့ ရတယ်။ ဆိုတော့ P30 Pro မှာ ဒုတိယသဘောအကျဆုံးဖြစ်နေတဲ့အချက်က Battery အားခံတဲ့အချက်လို့ ပြောလို့ ရပါတယ်။

Build Quality ပိုင်းကတတိယသဘောအကျဆုံးအချက်ပါ။ တစ်ခြားသူတွေအတွက် Build Quality ပိုင်းကိုဘယ်လို တိုင်းလဲမသိပေမဲ့ ကျွန်တော့်အတွက်က လက်ထဲကိုင်ရတာကျစ်ကျစ်လစ်လစ်ဖြစ်တာမျိုး ဖုန်းကိုသုံးနေတဲ့အချိန် အပေါ်နဲ့ အောက် Balance မျှတာမျိုး နောက်ခလုပ်တွေနှိပ်ရတာသက်တောင့်သက်သာဖြစ်တာမျိုးတွေနဲ့  Sim Tray ကအစကြည့်ပါတယ်။အဲ့အချက်တွေအားလုံး P30 Pro က ပြည့်စုံတယ်လို့ ပြောလို့ ရတယ်။Mate 20 Series ကစတင်ပြီး Build Quality ပိုင်းကိုပိုဂရုစိုက်လာတဲ့ Huawei က ဒီ P30 Pro မှာလည်းကျွန်တော့်အတွက်ကျေနပ်စေလောက်တဲ့အနေအထားတစ်ခုကိုပေးတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ခလုပ်တွေနှိပ်ရတာနည်းနည်းလေးမာကျစ်ကျစ်ဆန်တယ်လို့ တော့ခံစားမိတယ်။ ဘာပဲပြောပြော p30 Pro ကလက်ထဲမှာ ကိုင်ရတာ လုံးဝ Premium ဆန်တဲ့ဖုန်းတစ်လုံးလို့ ခံစား၇တာအမှန်ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် Huawei ထဲမှာ Mate Series ထဲပိုကောင်းတဲ့ Build Quality မျိုး ကိုင်ရတာ ဒီ P30 Pro တစ်မျိုးပဲရှိပါတယ်။

ဆိုတော့ကြိုက်တဲ့အချက်တွေတန်းစီပြောပြီးသွားပြီး ဒီတစ်ခါပြောချင်တာက ချီးကျူးချင်တာပါ။ Huawei ဆီက ဒီလို Display Quality မျိုးရလာလိမ့်မယ်လို မထင်ထားခဲ့တာအမှန်ပါပဲ ။ ပုံမှန် OLED Display တစ်ခု Full HD+ resolution နဲ့  ဖုန်းလေးတစ်လုံးက Display ပိုင်းမှာတော်တော်ကောင်းနေတာတွေ့ ရတယ်။ Color တွေတော်တော်လေး Sharpness ဖြစ်တယ် ။ Brightness တွေတော်တော်လေးကောင်းတယ်။ တစ်ကယ်တော့ ကျွန်တော်မမျှော်လင့်ထားတဲ့ရလဒ်ကိုရလို့ တော်တော်လေးသဘောကျနေတာပါ။ သူ့ ရဲ့ အနီးကပ်ဆုံးပြိုင်ဘက် S10+ လို Display မျိုးရဖို့ တော့လိုအပ်နေသေးတယ်လို့ ပြောရမှာပါ။နောက်တစ်ခုက Flagship ဖုန်းတစ်လုံးအတွက် On Paper မှာပါကောင်းနေဖို့ လိုအပ်နေတယ်ဆိုတဲ့ တစ်ချက်ကို Huawei သတိထားမိဖို့တော့ ဆုတောင်းပါတယ်။ Improvement ဖြစ်လာတာကိုချီးကျူးတယ် ဒါပေမဲ့ Perfect မဟုတ်သေးဘူးလို့ ပဲပြောပါရစေ။ Finger Print Sensor ကတော့ S10+ထက်တောင်ပိုမြန်ပါတယ်။ Ultrasonic လို့ပဲပြောပြော Security ကောင်းပါ့မလားမေးမေး လက်တွေ့မှာတော့ပိုအသုံးတည့်တာလက်ခံရပါမယ်။

ဒီတစ်ခါတော့ မကြိုက်တဲ့အချက်ပြောဖို့ ရောက်လာပါပြီ။ Audio ပိုင်းပါ။ Entertainment ပိုင်းကိုလုံးဝထည့်မစဉ်းစားတာလား Stereo Speaker မလိုဖူးလားဆိုတာ Huawei ပဲသိပါလိမ့်မယ်။အပေါ်ဘက် Frame မှာနေရာလွတ်လဲရှိနေပါရက်နဲ့ Earpiece Speaker ကိုကောင်းကောင်းတပ်ပြီး Stereo Speaker လုပ်ပေးလိုက်ရင်တောင်လက်ခံလို့ ရဦးမှာပါ။ အခုက အပေါ်ဘက်နေရာလွတ်ကို အလွတ်အတိုင်းထားထားတယ်။ Mate 20 Pro တုန်းကမပေါက်ခဲ့တဲ့ Invisible Speaker လိုမျိုး Display အောက်မှာ Speaker တပ်ပေးထားတယ်။ အဲ့အတွက် ဖုန်းပြောတဲ့အခါမှာလည်းတစ်ခြားဖုန်းတွေနဲ့ နည်းနည်းကွာနေတယ်လို့ ခံစားရသလို ကျွန်တော်အရင်ကပြောနေတဲ့အတိုင်းဘယ်လောက်ကောင်းတဲ့ Mono Speaker ဖြစ်ဖြစ် Stereo Speaker အစုတ်ကိုမှီဖို့ တော်တော်မလွယ်သလို အခု Mono Speaker က တော်တော်လေးကျယ်တယ် Clear ဖြစ်တယ်ဆိုပေမဲ့ 14 သိန်းကျော်တန် ဖုန်းတစ်လုံးအတွက်ဘယ်လို မှမဖြစ်သင့်တဲ့အနေအထားပါ။ ဆိုတော့ ဒီဖုန်းမှာလုံးဝမကြိုက်ဆုံးတစ်ချက်ကိုပြောပါဆိုရင်တော့ ဒီ Audio ပိုင်းကိုပဲပြောရမှာပါ။

နောက်ထပ်မကြိုက်တဲ့အချက်ကိုပြောပါဆိုရင်တော့ EMUI ကိုပဲပြောရပါမယ်။ User Interface လို့ ပြောတာနဲ့ Personal Preference ဆိုတာတွဲပါလာမှာပါ။အဲ့အတွက်လည်း အခု UI ကိုမကြိုက်ဘူးပြောလိုက်တာက Personal Preference ပိုင်း သဘောမကျဖူးလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီနေရာမှကွဲလွဲမှုတွေရှိနေမှာသေချာသလို Personal Preference ဖြစ်တဲ့အတွက်ကျန်တဲ့သူဘယ်လိုပဲမြင်မြင်အမှားလို့ ပြောလို့ မရပါဘူး ။ ကျွန်တော့်အတွက်တော့ EMUI က တော်တော်လေးကို Feature စုံတဲ့ UI ဖြစ်ပေမဲ့ Setting ပိုင်းရှုပ်ထွေးနေတာတွေ တစ်ချို့ သော Interface လေးတွေမှာသဘောမကျတာလေးတွေ တွေ့ နေရပါသေးတယ်။ ဆိုတော့ ကျွန်တော့အတွက် OK Let’s Wait EMUI 10 ပါပဲ၊ Performance ပိုင်းမှာလည်း Specification တွေချပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ Mate 20 မှာသုံးခဲ့တဲ့ flagship Processor ဖြစ်တဲ့ 7nm Kirin 980 SoC ကိုသုံးပေးထားတယ်။ RAM 8GB Storage 256GB ထိရမယ် ။ဒီပမာဏ ဟာသဘောကျစရာတော့ကောင်းသလို Specification အရဆိုရင်လည်းကျေနပ်စရာတော့ကောင်းနေတာအမှန်ပါပဲ ။ဒါပေမဲ့ အခုချိန်ရောက်မှာတော့ ကျွန်တော်တို့ Kirin 985 SoC ကိုပဲစောင့်တာပိုကောင်းမယ်ထင်ပါတယ်။ Performance ပိုင်းခြုံပြောရရင် သဘောကျဖို့ ကောင်းတယ်။ဒါပေမဲ့ EMUI လို ပဲနောက်မကြာခင်လာတော့မဲ့ Processor ကိုစောင့်ကြည့်ဖို့ ကအချိန်မှသိပ်မလိုတော့တာပဲ ။

ဆိုတော့ Overall ခြုံပြောရရင် P30 Pro ဆိုတာ ကင်မရာ မဟားတရားကောင်းတဲ့ဖုန်းတစ်လုံးဖြစ်ပေမဲ့ All Rounder အနေနဲ့ သုံးသပ်ရရင် ကင်မရာကလွဲရင်တစ်ချို့နေရာလေးတွေမှာ လိုအပ်ချက်လေးတွေရှိနေတဲ့ဖုန်းတစ်လုံးပါ။ပွင့်ပွင့်လင်းလင်းပြောရရင် Mate 20 Series ထွက်လာတုန်းကလို အဖက်ဖက်က ဟာကွက်အနည်းဆုံးပုံစံနဲ့ ထွက်လာတာမဟုတ်တာကတော့အားမရဖူးပြောရမှာပါ။ ဘယ်လိုလူတွေနဲ့ သင့်တော်မလဲဆိုရင်တော့ အဖြေကရှင်းပါတယ်။ mobile photography ပိုင်း ရိုက်ချင်တဲ့သူတွေ ဖုန်းကို Fancy ကျကျ Build Quality ကောင်းကောင်းနဲ့ ကိုင်ချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံးပါ ဒီလိုမှမဟုတ်ပဲ ကင်မရာလဲတော်တော်လေးအဆင်ပြေတာမျိုး ကျန်တဲ့အပိုင်းတွေမှာလည်းသိပ်ပြီး အားနည်းတာမျိုးမရှိတဲ့ Mate 20 Pro ကတောင်ကျွန်တော့်အတွက်ပိုရင်ခုန်ဖို့ ကောင်းဦးမယ်လို့ ပြောရင်းအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။

The post Huawei P30 Pro – A Camera King ? Full Review By MMPR appeared first on Myanmar Mobile Phones Review.

Comments