India နိုင်ငံမှာတရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Redmi 7s

Xiaomi အနေနဲ့  Remi Note 7 နဲ့  Redmi Note 7တို့ မှာအကြီးအကျယ်အောင်မြင်ခဲ့သလို 7 Series ကိုမစွန့် လွတ်သေးပဲ အသစ်စက်စက် Redmi 7s လေးကိုမနေ့ က India နိုင်ငံမှာမိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဆောင်ပုဒ်မှာထဲကိုက 48Mp for everyone ဆိုပြီးလုပ်ချလာတဲ့ Redmi 7s ရဲ့ အဓိက Main Selling Point Main Camera Sensor ဖြစ်တဲ့ 48 MP Camera ကိုပဲအသုံးချသွားခဲ့ပါတယ်။ Redmi Note 7s မှာတော့ 6.3လက်မ FHD+ Display ကို Waterdrop Notch နဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီးအဆိုပါ Waterdrop Notch ထဲမှာတော့ 13MP Selfie Camera ကိုထည့်သွင်းပေးထားတာပါ။ Gorilla Glass 5 ကို အရှေ့ ရောအနောက်ပါသုံးပေးထားသလို ဘေးပတ်လည်က Frame တွေကိုတော့ Aluminium Frame တွေကိုသုံးပေးထားတာပါ။

Image Credit: Xiaomi
Qualcomm ရဲ့  Snapdragon 660 SoC နဲ့ ပွဲထွက်လာတာဖြစ်ပြီး RAM 3GB / 4GB Version ၂ မျိုးနဲ့  Storage ပိုင်းမှာလည်း 32GB /64GB ဆိုပြီးထွက်ရှိလာမှာပဲဖြစ်ပါ တယ်။Main Selling Point လို့ ပြောလို့ ရတဲ့ 48 MP Camera မှာတော့ Aperture f/1.8 ထိရိုက်ကူးနိုင်မှာဖြစ်သလို အစောပိုင်းမှာထဲက ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ Quad Bayer Layer တွေရဲ့  ကိုပေါင်းစပ်ပေးတဲ့နည်းပညာပဲသုံးပေးထားတာဖြစ်ပြီး နောက်ထပ် Sensor တစ်လုံးကိုတော့ Depth Sensor ကိုပဲထည့်သွင်းပေးထားတာပါ။ Night Mode လဲရိုက်ကူးနိုင်မှာဖြစ်ပြီး Multi HDR Exposures က Low Light Photography တွေမှာပိုမိုကောင်းမွန်လာစေနိုင်မှာဖြစ်ပါတယ်။

Image Credit:Xiaomi
Battery အနေနဲ့ တော့ 4000 mAh Battery ကိုအသုံးပြုပေးထားသလို Quick Charge 4 ကို 18W ထိ Support ပြုလုပ်ပေးထားပြီး ဖုန်းရဲ့ ဘူးအတွင်းထဲမှာတော့ 10W Charger သာပါဝင်လာမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ပိုမိုမြန်ဆန်စွာအားသွင်းချင်တယ်ဆိုရင်တော့ Adapter ထပ်ဝယ်ရမှာပါ။ Redmi 7s မှာ Android 9 ကိုအခြေခံထားတဲ့ MIUI 10 နဲ့ ပွဲထွက်လာတာဖြစ်ပြီးအခြားသော Feature တွေအနေနဲ့  IR Blaster , 3.5mm headphone jack နဲ့  P2i water repellent nano coating နည်းပညာတွေလည်းထည့်သွင်းပေးထားပါသေးတယ်။ Redmi Note 7s ကိုတော့ Onyx Black , Sapphire Blue , Ruby Red ဆိုပြီးအရောင် ၃ ရောင်နဲ့ ရောင်းချပေးသွားမှာဖြစ်သလို ဈေးနှုန်းတွေအနေနဲ့ တော့ 3GB/32GB အတွက် $158 ( မြန်မာငွေ ၂သိန်း၎သောင်း ၀န်းကျင်) နဲ့  4GB/64GB အတွက်ကိုတော့ $187 ( မြန်မာငွေ ၂ သိန်း၉သောင်းဝန်းကျင်ခန့် ) ကျသင့်မှာဖြစ်ပြီး India နိုင်ငံမှာတော့ Flipkart Online Shopping website ကတဆင့် မေလ ၂၃ ရက်နေ့ မှစတင်ပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref: Xiaomi Twitter

The post India နိုင်ငံမှာတရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Redmi 7s appeared first on Myanmar Mobile Phones Review.

Comments