အၿမဲတမ္းေစာင့္ၾကည့္ေနသင့္တဲ့ ထိပ္တန္းဆိုက္ဘာလံုၿခံဳေရး Influencer မ်ား

ကြၽန္ေတာ္တို႔ Facebook ေပၚမွာအားက်ရတဲ့ Social Influencer ေတြရွိပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အမ်ားအားျဖင့္ အႏုပညာရွင္ေတြ မ်ားပါတယ္။ နည္းပညာသမားေတြလည္းရွိေပမယ့္ အႏုပညာသမားေတြေလာက္ ပရိသတ္အားေပးမႈ မမ်ားပါဘူး။ ႏိုင္ငံတကာမွာလည္းအတူတူပါပဲ။ ဘာျဖစ္လို႔လဲလို႔ေမးရင္ နည္းပညာနယ္ပယ္ကနည္းနည္းပိုၿပီး Specific ျဖစ္လို႔ပါ။ မ်ားေသာအားျဖင့္ Social Media ေပၚမွာ ကြၽန္ေတာ္တို႔ အားက်တဲ့သူေတြရွိရင္ သူတို႔ ဘာတင္လဲဆိုတာကိုေစာင့္ၾကည့္ေလ့ ရွိပါတယ္။ Facebook ေပၚမွာဆိုရင္ေတာ့ Follow လုပ္ထားတယ္လို႔ ေျပာႏိုင္ပါတယ္။ အခုေျပာျပခ်င္တာက နည္းပညာ လံုၿခံဳေရးနယ္ပယ္မွာ ၾသဇာႀကီးတဲ့ ႏိုင္ငံတကာကဆိုက္ဘာလံုၿခံဳေရး Influencer ေတြ အေၾကာင္းပါ။ ျပသနာကသူတို႔က Facebook ထက္စာရင္ Twitter ကိုပိုၿပီးေတာ့ သံုးပါတယ္။ အဲဒီေတာ့ သူတို႔တင္သမွ်ကို Twitter မွာပဲ ေစာင့္ၾကည့္လို႔ရပါမယ္။

  1. Kim Zetter – @KimZetter

Kim Zetter ဟာ Wired မဂၢဇင္းရဲ႕ စီနီယာ၀န္ထမ္းတစ္ဦးျဖစ္သလို “Countdown to Zero Day” စာအုပ္ကို ေရးသားသူတစ္ဦးလည္းျဖစ္ပါတယ္။ ဒီစာအုပ္ကဆိုက္ဘာလံုၿခံဳေရးေလာကမွာ ေတာ္ေတာ္ေလးကို နာမည္ႀကီးတဲ့ စာအုပ္တစ္ အုပ္ပါ။ Iran ရဲ႕ နယူးကလီးယားဓာတ္ေပါင္းဖို ေတြကို ရပ္တန္႔ႏိုင္ခဲ့တဲ့အထိစြမ္းအားျပင္းတဲ့ Stuxnet Virus ရဲ႕ ဇာတ္ ေၾကာင္းကိုေရးသားထားတာျဖစ္ပါတယ္။ Kim ဟာ အခုအခ်ိန္အထိ Wired မွာေဆာင္းပါးေပါင္း ၁၀၀ ေက်ာ္ေရးသား ထုတ္ေ၀ခဲ့ၿပီးျဖစ္သလို NPR နဲ႔ CNN  တို႔မွာလည္း နည္းပညာအေၾကာင္းစာေတြေရးသားေနပါတယ္။ ေနာက္တစ္ခုက Mr.Robot တီဗီစီးရီးနဲ႔ပတ္သက္ၿပီး သူမရဲ႕ေရးသားခ်က္ေတြကလည္း ေတာ္ေတာ့္ကိုဖတ္လို႔ေကာင္းပါတယ္။

  1. Brian Krebs- @briankrebs

Brian က နာမည္ကေတာ့ ဒီေလာကမွာပိုပိုၿပီးလူသိမ်ားလာပါတယ္။ သူကဆိုက္ဘာလံုၿခံဳေရးေတြနဲ႔ပတ္သက္တဲ့ မႈခင္းသတင္းေထာက္ တစ္ေယာက္ပါ။ သူ႔ရဲ႕ေရးသားမႈေတြကဇာတ္လမ္းေတြကိုပိုၿပီးေတာ့ ၾကြေစသလို က်ိဳးေၾကာင္းသင့္ေလ်ာ္ ေအာင္ ေ၀ဖန္ျပမႈေတြကလည္း တကယ့္ကိုေကာင္းပါတယ္။ သူ႔ရဲ႕ေျပာင္ေျမာက္တဲ့အေရးအသားေတြကို ဖတ္ခ်င္တယ္ဆိုရင္ Spam Nation: The Inside Story of Organized Cyber-crime ဆိုတဲ့စာအုပ္မွာဖတ္ႏိုင္ပါတယ္။

  1. Nicole Perlroth- @nicoleperlroth

New York Times မွာဆိုက္ဘာလံုၿခံဳေရးနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကိုေရးသားေနသူပါ။

သူေရးသားခဲ့တဲ့အရာေတြမွာမွ NSA’s efforts to crack down on encryption နဲ႔ အေမရိကန္စစ္တပ္နဲ႔ အေျခခံအေဆာက္အအံုေတြအေပၚ ပစ္မွတ္ထားခဲ့တဲ့ တ႐ုတ္ရဲ႕ ဆိုက္ဘာသူလွ်ဳိလုပ္မႈေတြပါပဲ။ သူမေရးသားခဲ့တဲ့ “This is How They Tell Me the World Ends” စာအုပ္ကလည္း ၂၀၁၇ ခုႏွစ္ရဲ႕ အေရာင္းရဆံုးစာရင္းမွာပါ၀င္ခဲ့ပါတယ္။

  1. Bill Brenner- @billbrenner70

Bill Brennner ကေတာ့ နည္းပညာလံုၿခံဳေရးကုမၸဏီတစ္ခုျဖစ္တဲ့ Akamai Technologies ရဲ႕ အႀကီးတန္းပ႐ိုဂရမ္ မန္ေနဂ်ာတစ္ေယာက္ျဖစ္ပါတယ္။ Bill ဟာ ဆိုက္ဘာလံုၿခံဳေရးနဲ႔ပတ္သက္တဲ့ နည္းပညာ ေဆာင္းပါးေတြကို အြန္လိုင္းေပၚ အမ်ားအျပားေရးသားခဲ့သူျဖစ္သလို NAISG (National Information Security Group) ရဲ႕ ဒါ႐ိုက္တာတစ္ဦးလည္း ျဖစ္ပါတယ္။ သူမရဲ႕အေတြးအေခၚအေမွ်ာ္အျမင္ေတြဟာ ဆိုက္ဘာလံုၿခံဳေရးေလာကမွာ အၿမဲမွန္ကန္တတ္တာကလည္း ေလးစားဖို႔ ေကာင္းပါတယ္။

  1. Gene Kim- @realgenekim

Gene Kim ကေတာ့ Tripwire ရဲ႕ တည္ေထာင္သူတစ္ဦးျဖစ္သလို စာေရးဆရာတစ္ဦးလည္းျဖစ္ပါတယ္။ Advance Threat Solution ကုမၸဏီကိုတည္ေထာင္ခဲ့တဲ့အခ်ိန္ကစၿပီးေတာ့ Infosec Community အတြင္းမွာ သူ႔ရဲ႕လႊမ္းမိုးမႈက တျဖည္းျဖည္းျမင့္တက္လာခဲ့သူတစ္ေယာက္ပါ။  အခုအခ်ိန္မွာေတာ့ DevOPs မွာ ပံုမွန္ေဆာင္းပါးေတြေရးသားေနသလို Infosec နယ္ပယ္အတြင္းမွာလည္း အေၾကာင္းအရာေပါင္းအေျမာက္အမ်ားကိုေရးသားေနပါတယ္။ Infosec နယ္ပယ္နဲ႔ ပတ္သက္ၿပီး အၿမဲ Up-to-Date ျဖစ္ခ်င္ရင္ေတာ့ သူေရးတဲ့ေဆာင္းပါးေတြကို ေစာင့္ၾကည့္တာ အေကာင္းဆံုးပါပဲ။

တကယ္ေတာ့ တျခားနာမည္ႀကီးေတြ အေျမာက္အမ်ားရွိပါေသးတယ္။ ဒါေပမယ့္ အခုေဖာ္ျပခဲ့တဲ့ ၅ ေယာက္က ဒီနယ္ပယ္မွာ ေတာ္ေတာ့္ကိုအေရးအသားၾသဇာႀကီးပါတယ္။ တျခားမွအခ်ိန္ကုန္ခံမယ့္အစား ဒီလူေတြဘာေရးသလဲဆိုတာကို ေစာင့္ဖတ္တာက အမ်ားႀကီး အက်ိဳးရွိမယ္လုိ႔ အႀကံျပဳပါရေစ။

မင္းသုခ

(Unicode Version)

အမြဲတမ်းစောင့်ကြည့်နေသင့်တဲ့ ထိပ်တန်းဆိုက်ဘာလုံခြုံရေး Influencer များ

ကျွန်တော်တို့ Facebook ပေါ်မှာအားကျရတဲ့ Social Influencer တွေရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် အနုပညာရှင်တွေ များပါတယ်။ နည်းပညာသမားတွေလည်းရှိပေမယ့် အနုပညာသမားတွေလောက် ပရိသတ်အားပေးမှု မများပါဘူး။ နိုင်ငံတကာမှာလည်းအတူတူပါပဲ။ ဘာဖြစ်လို့လဲလို့မေးရင် နည်းပညာနယ်ပယ်ကနည်းနည်းပိုပြီး Specific ဖြစ်လို့ပါ။ များသောအားဖြင့် Social Media ပေါ်မှာ ကျွန်တော်တို့ အားကျတဲ့သူတွေရှိရင် သူတို့ ဘာတင်လဲဆိုတာကိုစောင့်ကြည့်လေ့ ရှိပါတယ်။ Facebook ပေါ်မှာဆိုရင်တော့ Follow လုပ်ထားတယ်လို့ ပြောနိုင်ပါတယ်။ အခုပြောပြချင်တာက နည်းပညာ လုံခြုံရေးနယ်ပယ်မှာ သြဇာကြီးတဲ့ နိုင်ငံတကာကဆိုက်ဘာလုံခြုံရေး Influencer တွေ အကြောင်းပါ။ ပြသနာကသူတို့က Facebook ထက်စာရင် Twitter ကိုပိုပြီးတော့ သုံးပါတယ်။ အဲဒီတော့ သူတို့တင်သမျှကို Twitter မှာပဲ စောင့်ကြည့်လို့ရပါမယ်။

Kim Zetter – @KimZetter
Kim Zetter ဟာ Wired မဂ္ဂဇင်းရဲ့ စီနီယာဝန်ထမ်းတစ်ဦးဖြစ်သလို “Countdown to Zero Day” စာအုပ်ကို ရေးသားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီစာအုပ်ကဆိုက်ဘာလုံခြုံရေးလောကမှာ တော်တော်လေးကို နာမည်ကြီးတဲ့ စာအုပ်တစ် အုပ်ပါ။ Iran ရဲ့ နယူးကလီးယားဓာတ်ပေါင်းဖို တွေကို ရပ်တန့်နိုင်ခဲ့တဲ့အထိစွမ်းအားပြင်းတဲ့ Stuxnet Virus ရဲ့ ဇာတ် ကြောင်းကိုရေးသားထားတာဖြစ်ပါတယ်။ Kim ဟာ အခုအချိန်အထိ Wired မှာဆောင်းပါးပေါင်း ၁၀၀ ကျော်ရေးသား ထုတ်ဝေခဲ့ပြီးဖြစ်သလို NPR နဲ့ CNN  တို့မှာလည်း နည်းပညာအကြောင်းစာတွေရေးသားနေပါတယ်။ နောက်တစ်ခုက Mr.Robot တီဗီစီးရီးနဲ့ပတ်သက်ပြီး သူမရဲ့ရေးသားချက်တွေကလည်း တော်တော့်ကိုဖတ်လို့ကောင်းပါတယ်။

Brian Krebs- @briankrebs
Brian က နာမည်ကတော့ ဒီလောကမှာပိုပိုပြီးလူသိများလာပါတယ်။ သူကဆိုက်ဘာလုံခြုံရေးတွေနဲ့ပတ်သက်တဲ့ မှုခင်းသတင်းထောက် တစ်ယောက်ပါ။ သူ့ရဲ့ရေးသားမှုတွေကဇာတ်လမ်းတွေကိုပိုပြီးတော့ ကြွစေသလို ကျိုးကြောင်းသင့်လျော် အောင် ဝေဖန်ပြမှုတွေကလည်း တကယ့်ကိုကောင်းပါတယ်။ သူ့ရဲ့ပြောင်မြောက်တဲ့အရေးအသားတွေကို ဖတ်ချင်တယ်ဆိုရင် Spam Nation: The Inside Story of Organized Cyber-crime ဆိုတဲ့စာအုပ်မှာဖတ်နိုင်ပါတယ်။

Nicole Perlroth- @nicoleperlroth
New York Times မှာဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုရေးသားနေသူပါ။

သူရေးသားခဲ့တဲ့အရာတွေမှာမှ NSA’s efforts to crack down on encryption နဲ့ အမေရိကန်စစ်တပ်နဲ့ အခြေခံအဆောက်အအုံတွေအပေါ် ပစ်မှတ်ထားခဲ့တဲ့ တရုတ်ရဲ့ ဆိုက်ဘာသူလျှိုလုပ်မှုတွေပါပဲ။ သူမရေးသားခဲ့တဲ့ “This is How They Tell Me the World Ends” စာအုပ်ကလည်း ၂၀၁၇ ခုနှစ်ရဲ့ အရောင်းရဆုံးစာရင်းမှာပါဝင်ခဲ့ပါတယ်။

Bill Brenner- @billbrenner70
Bill Brennner ကတော့ နည်းပညာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Akamai Technologies ရဲ့ အကြီးတန်းပရိုဂရမ် မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ Bill ဟာ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ နည်းပညာ ဆောင်းပါးတွေကို အွန်လိုင်းပေါ် အများအပြားရေးသားခဲ့သူဖြစ်သလို NAISG (National Information Security Group) ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့အတွေးအခေါ်အမျှော်အမြင်တွေဟာ ဆိုက်ဘာလုံခြုံရေးလောကမှာ အမြဲမှန်ကန်တတ်တာကလည်း လေးစားဖို့ ကောင်းပါတယ်။

Gene Kim- @realgenekim
Gene Kim ကတော့ Tripwire ရဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ Advance Threat Solution ကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့အချိန်ကစပြီးတော့ Infosec Community အတွင်းမှာ သူ့ရဲ့လွှမ်းမိုးမှုက တဖြည်းဖြည်းမြင့်တက်လာခဲ့သူတစ်ယောက်ပါ။  အခုအချိန်မှာတော့ DevOPs မှာ ပုံမှန်ဆောင်းပါးတွေရေးသားနေသလို Infosec နယ်ပယ်အတွင်းမှာလည်း အကြောင်းအရာပေါင်းအမြောက်အများကိုရေးသားနေပါတယ်။ Infosec နယ်ပယ်နဲ့ ပတ်သက်ပြီး အမြဲ Up-to-Date ဖြစ်ချင်ရင်တော့ သူရေးတဲ့ဆောင်းပါးတွေကို စောင့်ကြည့်တာ အကောင်းဆုံးပါပဲ။

တကယ်တော့ တခြားနာမည်ကြီးတွေ အမြောက်အများရှိပါသေးတယ်။ ဒါပေမယ့် အခုဖော်ပြခဲ့တဲ့ ၅ ယောက်က ဒီနယ်ပယ်မှာ တော်တော့်ကိုအရေးအသားသြဇာကြီးပါတယ်။ တခြားမှအချိန်ကုန်ခံမယ့်အစား ဒီလူတွေဘာရေးသလဲဆိုတာကို စောင့်ဖတ်တာက အများကြီး အကျိုးရှိမယ်လို့ အကြံပြုပါရစေ။

မင်းသုခ

Comments