[Zawgyi]
၂၀၁၉ မွာ ထြက္လာမယ့္ iPhone ေတြနဲ႔ ပတ္သက္တဲ့သတင္းေတြအေတာ္မ်ားမ်ားက ေက်ာဘက္ကင္မရာပိုင္းနဲ႔ ကြန္ရက္ ခ်ိတ္ဆက္ႏိုင္မႈအပိုင္းေတြကိုပဲ အဓိကထားၿပီး ေဖာ္ျပေလ့ရွိၾကပါတယ္။ ဒါေပမယ့္ ၂၀၁၉ iPhone ေတြဟာ လုံးဝအသစ္ျဖစ္သြားမွာမဟုတ္ဘဲ ၂၀၁၈ iPhone ေတြနဲ႔ အေတာ္မ်ားမ်ား တူညီေနၾကဦးမွာပါ။
၂၀၁၉ မွာထြက္လာမယ့္ iPhone XR ကလည္း ၿပီးခဲ့တဲ့ႏွစ္က iPhone XR နဲ႔ အမ်ားႀကီးကြာျခားမႈရွိမွာမဟုတ္ဘူးလို႔ ေဖာ္ျပခဲ့ဖူးပါတယ္။ သိပ္မၾကာေသးခင္က ထြက္ေပၚလာတဲ့ ၂၀၁၉ iPhone XR ရဲ႕ 3D render မွာေတာ့ ဒီဇိုင္းပိုင္းက အေဟာင္းနဲ႔အသစ္ တစ္ဝက္စီ ေရာယွက္ထားတဲ့ ပုံစံကို ေတြ႕ျမင္ရပါတယ္။
၂၀၁၉ iPhone XR မွာ သိသိသာသာေျပာင္းလဲသြားဖြယ္ရွိတာက ေက်ာဘက္ကင္မရာပိုင္း ျဖစ္ပါတယ္။ ေလးေထာင္ေဘာင္ထဲမွာ ကင္မရာႏွစ္လုံး ပါဝင္လာဖြယ္ ရွိတာပါ။ မ်က္ႏွာျပင္အ႐ြယ္အစားလည္း ေျပာင္းလဲမႈမရွိသလို၊ အရင္အတိုင္း ႀကီးမားတဲ့ Notch နဲ႔ပဲ ျဖစ္မယ္လို႔ သတင္းထြက္ထားတာပါ။
ၿပီးခဲ့တဲ့ရက္က ထပ္ၿပီးထြက္ေပၚလာတဲ့သတင္းကေတာ့ ၂၀၁၉ iPhone XR ကို အေရာင္ႏွစ္ေရာင္ တိုးၿပီးထုတ္လုပ္မယ္ ဆိုတာပါပဲ။ iPhone သစ္ေတြထဲမွာ ေဈးအသက္သာဆုံးအေနနဲ႔ ရွိေနဦးမယ့္ ၂၀၁၉ iPhone XR ဟာ iPhone XR 2 နဲ႔ iPhone 11R ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ထုတ္မယ္လို႔ သတင္းထြက္လာတာပါ။
Mac Otakara, AppleInsider နဲ႔ 5To5Mac စတဲ့ မီဒီယာေတြမွာ ေဖာ္ျပထားတာကေတာ့ Green နဲ႔ Lavender ေတြကို Coral နဲ႔ Blue ေနရာမွာ အစားထိုးဖို႔ Apple က စီစဥ္ေနတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ ၂၀၁၉ iPhone XR ေတြဟာ White, Black, Yellow, (PRODUCT) RED တို႔အျပင္ Green နဲ႔ Lavender ဆိုၿပီး အေရာင္ ၆ ေရာင္ျဖစ္လာႏိုင္ပါတယ္။
Ref: 9To5Mac
[Unicode]
၂၀၁၉ ထုတ် iPhone XR မှာ အရောင်နှစ်ရောင် ပြောင်းလဲမယ်လို့ သတင်းထွက်
၂၀၁၉ မှာ ထွက်လာမယ့် iPhone တွေနဲ့ ပတ်သက်တဲ့သတင်းတွေအတော်များများက ကျောဘက်ကင်မရာပိုင်းနဲ့ ကွန်ရက် ချိတ်ဆက်နိုင်မှုအပိုင်းတွေကိုပဲ အဓိကထားပြီး ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ၂၀၁၉ iPhone တွေဟာ လုံးဝအသစ်ဖြစ်သွားမှာမဟုတ်ဘဲ ၂၀၁၈ iPhone တွေနဲ့ အတော်များများ တူညီနေကြဦးမှာပါ။
၂၀၁၉ မှာထွက်လာမယ့် iPhone XR ကလည်း ပြီးခဲ့တဲ့နှစ်က iPhone XR နဲ့ အများကြီးကွာခြားမှုရှိမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ဖူးပါတယ်။ သိပ်မကြာသေးခင်က ထွက်ပေါ်လာတဲ့ ၂၀၁၉ iPhone XR ရဲ့ 3D render မှာတော့ ဒီဇိုင်းပိုင်းက အဟောင်းနဲ့အသစ် တစ်ဝက်စီ ရောယှက်ထားတဲ့ ပုံစံကို တွေ့မြင်ရပါတယ်။
၂၀၁၉ iPhone XR မှာ သိသိသာသာပြောင်းလဲသွားဖွယ်ရှိတာက ကျောဘက်ကင်မရာပိုင်း ဖြစ်ပါတယ်။ လေးထောင်ဘောင်ထဲမှာ ကင်မရာနှစ်လုံး ပါဝင်လာဖွယ် ရှိတာပါ။ မျက်နှာပြင်အရွယ်အစားလည်း ပြောင်းလဲမှုမရှိသလို၊ အရင်အတိုင်း ကြီးမားတဲ့ Notch နဲ့ပဲ ဖြစ်မယ်လို့ သတင်းထွက်ထားတာပါ။
ပြီးခဲ့တဲ့ရက်က ထပ်ပြီးထွက်ပေါ်လာတဲ့သတင်းကတော့ ၂၀၁၉ iPhone XR ကို အရောင်နှစ်ရောင် တိုးပြီးထုတ်လုပ်မယ် ဆိုတာပါပဲ။ iPhone သစ်တွေထဲမှာ ဈေးအသက်သာဆုံးအနေနဲ့ ရှိနေဦးမယ့် ၂၀၁၉ iPhone XR ဟာ iPhone XR 2 နဲ့ iPhone 11R ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်မယ်လို့ သတင်းထွက်လာတာပါ။
Mac Otakara, AppleInsider နဲ့ 5To5Mac စတဲ့ မီဒီယာတွေမှာ ဖော်ပြထားတာကတော့ Green နဲ့ Lavender တွေကို Coral နဲ့ Blue နေရာမှာ အစားထိုးဖို့ Apple က စီစဉ်နေတယ်ဆိုတာပါပဲ။ ဒါကြောင့် ၂၀၁၉ iPhone XR တွေဟာ White, Black, Yellow, (PRODUCT) RED တို့အပြင် Green နဲ့ Lavender ဆိုပြီး အရောင် ၆ ရောင်ဖြစ်လာနိုင်ပါတယ်။
Ref: 9To5Mac
The post ၂၀၁၉ ထုတ္ iPhone XR မွာ အေရာင္ႏွစ္ေရာင္ ေျပာင္းလဲမယ္လို႔ သတင္းထြက္ appeared first on MyTech Myanmar.


Comments
Post a Comment