ကင်မရာ ( ၄ ) လုံး Kirin 980 SoC နဲ့ မိတ်ဆက်လိုက်တဲ့ Honor 20 နဲ့  20 Pro

Huawei အနေနဲ့ Mobile Photography ဆိုတဲ့ နာမည်တစ်ခုကိုထူထောင်ခဲ့ပြီးနောက်မှာတော့ Sub Brand ဖြစ်တဲ့ Honor ကိုပါ Mobile Photography လိုင်းထဲ ဆွဲထည့်တော့မယ်လို့ ပြောရတော့မှာပါ။ ဘာကြောင့်လဲဆိုရင်တော့ ဒီနေ့ မိတ်ဆက်လိုက်တဲ့ Honor 20 Series မှာ Micro Camera ကိုသီးခြားထည့်သွင်းပေးလိုက်သလို Honor 20 Pro Model မှာတော့  Main Camera မှာ ကြီးမားတဲ့ Aperture ကိုထည့်သွင်းပေးလိုက်တဲ့အတွက်လို့ ပဲစပြောရမှာပါ။ Honor 20 Pro မှာတော့ Main Camera မှာထည့်သွင်းပေးထားတဲ့ Sony Sensor IMX 586 48 Megapixel Camera ကိုထည့်သွင်းပေးလိုက်သလို ဒီကင်မရာ Sensor ကနေ Aperture f/1.4 ထိရိုက်ကူးနိုင်မှာဖြစ်တဲ့အတွက် f/1.8 ထက်အလင်းရောင် ၆၀ ရာခိုင်နှုန်းပိုမိုဝင်နိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာနောက်တစ်ခုကတော့ ဒီ Main Sensor Camera မှာ OIS လို့ ခေါ်တဲ့ Optical Image Stabilization ရော EIS လို့ ခေါ်တဲ့ Electronic Image Stabilization တို့ လည်းပါဝင်လာမှာဖြစ်ပါတယ်။

Image Credit: Honor Twitter
ကင်မရာ ၄ လုံးထိတပ်ဆင်ပေးထားတဲ့ Honor 20 Pro မှာ 8MP Telephoto Camera ကို 3x Optical Zoom နဲ့  5x Hybrid Zoom ထိရိုက်ကူးနိုင်မှာဖြစ်ပြီး 30x Digital Zoom ထိရိုက်ကူးနိုင်မှာပါ။ အဆိုပါ Telephoto Camera မှာတော့ OIS ပါဝင်လာမှာပဲဖြစ်ပါတယ်။ နောက် Smart Phone Camera တွေမှာအရင်ကကျွန်တော်တို့ မတွေ့ ခဲ့ရတဲ့ Micro Camera ကို သပ်သပ်ထည့်သွင်းပေးထားပြီး အဆိုပါ Micro Camera ကိုတော့ 2MP sensor ကိုတပ်ဆင်ပေးထားပြီး 4cm ကနေပုံရိပ်တွေရိုက်ကူးနိုင်မယ်လို့ သိရှိရပါတယ်။ ဒါဟာ Honor မှာစမ်းသတ်ပေးလိုက်တဲ့ပုံစံဖြစ်နိုင်သလို ဒီကင်မရာကို ကျွန်တော်တို့ လာမဲ့ Huawei Flagship Smart Phone တွေမှာပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ မြင်တွေ့ ရဖို့ ရှိနေတယ်လို့ ပြောရမှာပါ။ နောက်ဆုံးကင်မရာအနေနဲ့ တော့ 16 MP Ultra wide angle Camera ကိုတပ်ဆင်ပေးထားပြီး 117 Degree ထိ မြင်ကွင်းကျယ်ပုံရိပ်တွေ ရိုက်ကူးနိုင်မှာပါ။Honor 20 Pro မှာတော့ Camera ပိုင်းအတွက် Dual NPU နဲ့  ISP ကိုထည့်ပေးထားသလို AIS Super Night Mode ဆိုတဲ့ Feature တစ်ခုပါဝင်လာပြီး အဆိုပါ Feature ကနေ Low Light လိုအနေအထားမှာ တစ်ချိန်ထဲ ပုံရိပ်တွေများစွာဖမ်းယူနိုင်မှာဖြစ်ပြီး အကောင်းဆုံးပုံတစ်ပုံရအောင်ပြန်လည်ပေါင်းစပ်ပေးနိုင်တဲ့ Feature တစ်ခုကတော့သဘောကျစရာလို့ ပြောရမှာပါ။

Image Credit: Honor Twitter
အရှေ့ ဘက် Display မှာတော့ Punch hole ပါဝင်လာပြီး Punch hole ထဲမှာ 32MP Selfie Camera ကိုထည့်သွင်းပေးပြီး Display Size အနေနဲ့  6.26 လက်မ LCD Display အမျိုးအစားကို အသုံးပြုပေးထားပြီး resolution အနေနဲ့  1080p+ resolution ရှိမှာပါ။ Finger Print Sensor ကိုတော့ ဖုန်းရဲ့ ဘေးဘက် Frame မှာတပ်ဆင်ပေးထားပြီး Face Unlock ကိုလည်း Support ပေးထားပါသေးတယ်။ Processor ကိုတော့ Huawei ရဲ့ ကိုယ်ပိုင် Kirin 980 SoC ကိုအသုံးပြုပေးထားပြီး RAM 8GB နဲ့  Storage 256 GB ထည့်သွင်းပေးထားပါတယ်။Honor 20 Pro မှာတော့ Graphene Cooling Sheet ဆိုတဲ့ Thermal Conductivity ပါဝင်တဲ့ Chipset Feature ပါဝင်လာပြီး ပုံမှန် Copper ထက် ၁ဆခွဲလောက်ပိုမိုကောင်းမွန်တယ်လို့ သိရှိရပါတယ်။

Image Credit:Honor Twitter
Battery အနေနဲ့  4000 mAh ပါဝင်လာမှာဖြစ်ပြီး Charging Rate ကိုတော့ 22.5W Super Charge ပါဝင်လာမှာဖြစ်သလို 50 ရာခိုင်နှုန်းကိုမိနစ် ၃၀ အတွင်းအားပြန်သွင်းနိုင်မှာဖြစ်ပါတယ်။Audio ပိုင်းမှာတော့ headphone နဲ့ အသုံးပြုရင် Virtual 9.1 Surround Sound ပါဝင်လာမှာဖြစ်ပြီး Personal အမြင်အရပြောရရင်တော့ Virtual 9.1 Surround Sound ဆိုတာ ပုံမှန် 5.1 Surround Sound လောက်တောင်ကောင်းတဲ့အမျိုးအစားမဟုတ်ဘူးလို့ ပြောရမှာပါ။နောက်ပြီး Stereo Speaker မဟုတ်ပဲ Mono Speaker နဲ့ ပဲပွဲထွက်လာတာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ တော့ ယူရို ၆၀၀( မြန်မာငွေကျပ် ၁၀သိန်း ၅သောင်းဝန်းကျင်ခန့် )ရှိမှာပဲဖြစ်ပါတယ်။
Honor 20 နဲ့  Honor 20 Pro မှာတော့အဓိကအားဖြင့် ကင်မရာပိုင်းကွာခြားသွားတာဖြစ်ပြီး Honor 20 မှာတော့ 48 megapixel Camera ကိုတပ်ဆင်ပေးထာပေမဲ့ Aperture ကတော့ f/1.8 နဲ့ ပဲရိုက်ကူးနိုင်မှာ ဖြစ်သလို Optical Image Stabilization လည်းမပါဝင်ပါဘူး။ Micro Camera နဲ့  Ultra wide Camera လည်းပါဝင်လာမှာဖြစ်ပေမဲ့ telephoto Camera နေရာမှာတော့ Depth sensor နဲ့ အစားထိုးလိုက်ပါတယ်။ Screen Size အနေနဲ့ တော့ 6.26 လက်မကို 1080p+ resolution နဲ့ Honor 20 Pro လို ပဲ Punch hole Display ကိုအသုံးပြုပေးထားပါတယ်။ Finger Print Sensor ကိုလည်းဘေးဘက်မှာပဲတပ်ဆင်ပေးထားတာပါ။

Image Credit: Honor Twitter
Processor ကိုတော့ Kirin 980 SoC ကို ပဲအသုံးပြုပေးထားသလို RAM အနေနဲ့  6GB Storage အနေနဲ့  128GB ကိုအသုံးပြုပေးထားပါတယ်။ Honor 20 မှာတော့ 20 Pro မှာပါဝင်တဲ့ Graphene Sheet လဲပါဝင်လာမှာမဟုတ်ပဲ Honor 20 Pro လိုမျိုး GPU Turbo 3.0 ကိုတော့ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။Battery အနေနဲ့ တော့ 3750 mAh ပါဝင်လာမှာပါ။ Honor 20 ကတော့ Honor 20 Pro ထက် သိသိသာသာပိုမိုပါးတဲ့အရွယ်အစားရှိမှာဖြစ်ပြီး Honor 20 ကတော့ 7.87mm ရှိမှာဖြစ်သလို Honor 20 Pro ကတော့ 8.44 mm ရှိမှာလည်းဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့Honor 20 နဲ့  Honor 20 Pro နှစ်မျိုးလုံးမှာ 3.5 mm headphone jack ပါဝင်လာမှာမဟုတ်ပါဘူး။ Honor 20 ကိုတော့ ယူရို ၅၀၀ မြန်မာငွေ ( ၈သိန်း၆သောင်း ၀န်းကျင်ခန့် ကျသင့်မှာဖြစ်ပါတယ်။

Ref: GSMArena

The post ကင်မရာ ( ၄ ) လုံး Kirin 980 SoC နဲ့ မိတ်ဆက်လိုက်တဲ့ Honor 20 နဲ့  20 Pro appeared first on Myanmar Mobile Phones Review.

Comments