Laptop အသစ္တစ္လံုး၀ယ္ခ်င္ေနတာကေတာ့ ေတာ္ေတာ္ၾကာၿပီ။ အခုသံုးေနတဲ့ Laptop က ေဟာင္းလာသလို ေမာ္ဒယ္ကလည္း နည္းနည္းနိမ့္ေနၿပီ။ ေနာက္ေတာ့ စာေရးတာနဲ႔ ႐ံုးသံုးေလာက္ပဲဆိုေတာ့ CPU ေတြ၊ RAM ေတြက အျမင့္ႀကီးမဟုတ္သလို Graphic ကလည္း Intel HD Graphics ေလးသာပါသည္။ ႐ံုးကေပးထားတဲ့ Laptop က Specification ျမင့္ေပမယ့္ ကုိယ္ပိုင္ Laptop ေကာင္းေကာင္းေလးတစ္လံုးေတာ့ လိုခ်င္မိတာက အမွန္ျဖစ္သည္။
ေတာ္ေတာ္မ်ားမ်ားလည္း ကိုယ့္ရဲ႕ Laptop ေဟာင္းသြားလို႔ပဲျဖစ္ျဖစ္၊ ေမာ္ဒယ္နိမ့္သြားလို႔ပဲျဖစ္ျဖစ္ အသစ္ေျပာင္းကိုင္ခ်င္ၾကတာက ဓမၼတာပဲျဖစ္ေပသည္။ အိမ္က မဒီကေတာ့ Laptop အသစ္၀ယ္တာကို သိပ္သေဘာမတူခ်င္။ သူ႔သေဘာက Laptop သံုးတာက ကုိယ့္အလုပ္နဲ႔ ကိုယ္ဆိုေတာ့ လူသိပ္မျမင္။ သြားသြားလာလာလည္း ယူသံုးလို႔မရဆိုေတာ့ Laptop ေမာ္ဒယ္ျမင့္ျမင့္က လူၾကားထဲသိပ္ထုတ္ျပခြင့္မရ။ အဲဒီအစား Note 8 ပဲျဖစ္ျဖစ္၊ iPhone X ပဲျဖစ္ျဖစ္ ၀ယ္ကိုင္ေစခ်င္သည္။ ဖုန္းေမာ္ဒယ္ျမင့္ျမင့္က ေနရာတကာ ကိုယ္နဲ႔မကြာ ယူသြားလို႔ရသလို Brand ျမင့္ျမင့္ဆိုေတာ့ လူရွိန္မည္ဟု သူမက ယူဆသည္။
သူမနဲ႔ အတိုက္အခံလုပ္ၿပီးမွ Laptop ၀ယ္ခြင့္ပါမစ္က်သည္။ ဒီလိုနဲ႔ Laptop ၀ယ္ဖို႔ စတင္ျပင္ဆင္ေတာ့သည္။ အရင္ဆံုး ဘတ္ဂ်က္သတ္မွတ္လိုက္သည္။ ကို္ယ္စုထားတာက စုစုေပါင္း ၁၄ သိန္း။ ၁၄ သိန္း ပတ္ခ်ာလည္မွာ အေကာင္းဆံုး Specification ဘယ္ဟာရႏိုင္မလဲဆိုတာကို အင္တာနက္ေပၚမွာ အရင္ဆံုးလိုက္ရွာသည္။ ၁၄ သိန္းဆိုေတာ့ ေဒၚလာနဲ႔တြက္ရင္ ေဒၚလာ ၁၀၀၀ ပတ္၀န္းက်င္ေလာက္ရွိသည္။ Apple ထဲကဆိုရင္ ၁၃.၃ လက္မ MacBook Air MLH72LL/A ရွိသည္။ ဒါေပမယ့္ Apple က ကုိယ္ေတြနဲ႔လက္ပြန္းတတီးရွိတာမဟုတ္။ Software မွာလည္း Crack လုပ္ထားတာခ်င္းအတူတူ သူက Window ေတြထက္ ပိုၿပီးေတာ့ ေစ်းႀကီးသည္။ ဒါေပမယ့္ Apple မွာလည္း သူဟာနဲ႔သူေတာ့ အားသာခ်က္ေတြရွိသည္။ ဒါေပမယ့္ ကုိယ္နဲ႔အကြၽမ္းတ၀င္မရွိေတာ့ ၀ယ္မယ့္စာရင္းထဲက ဖယ္ထားလိုက္သည္။
ေနာက္ထပ္ ေရြးခ်ယ္စရာေတြအေနနဲ႔ Microsoft Surface Pro 12.3 Inches, ASUS Zenbook Flip, HP Pavilion X360, Dell XPS 13.3 Inches တို႔ရွိသည္။ သူတို႔အားလံုး တကယ္ကို ေပါ့ေပ့ါပါးပါးနဲ႔ ျမန္ဆန္သြက္လက္တဲ့ Laptop ေတြျဖစ္ၾကသလို Touchscreen လည္းပါသည္။ ဒါေပမယ့္ ကိုယ္က Game သမားဆိုေတာ့ တစ္ခါတေလ Laptop နဲ႔ ဂိမ္းေကာင္းေကာင္းေဆာ့တတ္ေသးသည္။ ကုိယ့္အတြက္က Nividia GeForce 2GB ေလာက္ပါမွ အဆင္ေျပမွာ ေသခ်ာသည္။ အဲဒီေတာ့ Gaming Laptop ေတြဘက္ကို နည္းနည္းသြားရွာသည္။
ကုိယ္သံုးမယ့္ ဘတ္ဂ်က္ကဟိုမေရာက္၊ ဒီမေရာက္ဆိုေတာ့ Gaming ထဲမွာဆိုရင္ Budget Laptop ေလာက္သာ သြားရသည္။ တခ်ိဳ႕ဟာေတြဆိုရင္ SSD ေတာင္မပါခ်င္။ SSD က ပံုမွန္ Hard Disk ေတြထက္ ၈ဆ ေလာက္ျမန္တာဆိုေတာ့ SSD ေလးေတြကိုလည္း သြားရည္ယိုမိေသးသည္။ ႏိုင္ငံျခားေပါက္ေစ်းနဲ႔ဆိုရင္ေတာ့ Acer Predator Helios, Asus VivoBook, Lenovo Legion Y520, Acer Aspire VX5-591G-75RM နဲ႔ MSI GL62M တို႔ ရႏိုင္ေပမယ့္ ျမန္မာႏိုင္ငံမွာ၀ယ္ရမယ့္ ေစ်းႏႈန္းက နည္းနည္းမ်ားေနသည္။ အဲဒီအထဲမွာမွ အခုတေလာပ႐ိုမိုးရွင္းေတာ္ေတာ္ လုပ္လာတဲ့ MSI Gaming Laptop ေတြရယ္၊ Lenovo Y520 ရယ္၊ Acer ထဲကဆိုရင္ Nitro 5 တုိ႔ရွိမည္။ ASUS တို႔၊ HP တုိ႔ကိုေတာ့ သိပ္မေလ့လာမိပါ။ Dell ကိုဆိုရင္ေတာ့ ကုိယ္လက္လွမ္းမီတာက Inspiron 7567 ရွိသည္။ MSI ထဲကဆိုရင္ေတာ့ ေပါ့ေပ့ါပါးပါး Gaming Laptop တစ္ခုျဖစ္တဲ့ MSI GS63-7rd Stealth နဲ႔ နည္းနည္း ပိုထူမယ့္ GP62M 7REX Leopard တို႔ရွိမည္။
သူငယ္ခ်င္းတစ္ေယာက္ကလွမ္းၿပီးေတာ့ Macbook Killer လို႔ နာမည္ႀကီးေနတဲ့ Mi Notebookpro ကို၀ယ္ဖုိ႔ အႀကံေပးေသးသည္။ သူကလည္း Metal Body ကိုမွ တကယ့္ကိုေပ့ါေပါ့ပါးပါးေလးျဖစ္သလို Nividia Graphic 2GB ပါေသးသည္။ ဒါေပမယ့္ Gaming ေတြလို GTX Series ေတာ့မဟုတ္။ ဒါေပမယ့္ သူ႔ေစ်းနဲ႔သူကေတာ့ ေတာ္ေတာ္ တန္သည္။ Active Mobile နဲ႔ Win Mobile မွာ 1,370,000 နဲ႔ ေရာင္းေပမယ့္ ရန္ကုန္က Mi Store ေတြမွာေတာ့ ၁၄ သိန္းေက်ာ္သည္။ ကြၽန္ေတာ္ေၾကာက္တာက ၀ယ္ၿပီးတစ္ႏွစ္ႏွစ္ႏွစ္ၾကာရင္ ဒီေကာင္ေတြအတြက္ လိုအပ္မယ့္အပိုပစၥည္းနဲ႔ After Sales Service ေတြျဖစ္သည္။
YouTube ေပၚတက္ၿပီး Laptop Reviews ေတြ၊ Hand-on Reviews ေတြၾကည့္သည္။ ျမန္မာႏိုင္ငံကဆိုရင္ေတာ့ ITZEN ကလုပ္တဲ့ Review ေလးေတြက ေတာ္ေတာ္ေကာင္းသည္။ ေနာက္တစ္ခုက ကြန္ပ်ဴတာ၀ယ္ေတာ့မယ္ဆိုရင္ ကြၽမ္းကြၽမ္းက်င္က်င္ သိထားသင့္တာက Specification ေတြအေၾကာင္းျဖစ္သည္။ Core i7 ခ်င္းအတူတူ မိုဒယ္နံပါတ္ေတြလိုက္ စြမ္းေဆာင္ရည္ကြာေသးသည္။ RAM မွာလည္း အမ်ိဳးမ်ိဳးရွိသလို၊ Nividia Graphic မွာလည္း မိုဒယ္နံပါတ္ေတြ တသီတသန္းႀကီးရွိသည္။ ဒါေတြအေၾကာင္းမသိထားရင္ နံပါတ္ေတြရဲ႕ လွည့္စားျခင္းခံရၿပီး တစ္ခါတစ္ရံ ဂ်င္းမိတတ္ေသးသည္။
ကြၽန္ေတာ္အခုအခ်ိန္အထိ Laptop မ၀ယ္ရေသးပါ။ ၁၄ သိန္း ပတ္၀န္းက်င္လက္ေတာ့တစ္လံုးကို အေကာင္းအေန အထားရဖို႔အတြက္ ခ်င့္ခ်ိန္ေနရသည္။ Group ေတြမွာ ၀င္ေမးတာလည္းေတာ္ေတာ္စံုေနၿပီ။ Specification ေတြ ခ်ေရး မွတ္ထားရတာလည္း လက္ေတြေညာင္းေနၿပီ။ စာဖတ္တဲ့သူေတြကိုလည္း သိန္းဆယ္ဂဏန္းေလာက္ Laptop ၀ယ္မယ္ ဆိုရင္လည္း နားလည္တဲ့သူေတြနဲ႔ တိုင္ပင္ၿပီး၀ယ္ေစခ်င္သည္။ လွည့္စားတတ္တဲ့ Specification နံပါတ္ေတြအေၾကာင္း၊ Laptop ထုတ္တဲ့ ကုမၸဏီေတြ၊ ဖုန္းကုမၸဏီေတြက ဒီနံပါတ္ေတြနဲ႔ ဘယ္လိုဂ်င္းထည့္တတ္တယ္ဆိုတာကို ကြၽန္ေတာ္အခ်ိန္ရရင္ ေရးေပးပါဦးမည္။
မင္းသုခ
(Unicode Version)
Laptop တစ်လုံးအဝယ်ထွက်ခြင်း
Laptop အသစ်တစ်လုံးဝယ်ချင်နေတာကတော့ တော်တော်ကြာပြီ။ အခုသုံးနေတဲ့ Laptop က ဟောင်းလာသလို မော်ဒယ်ကလည်း နည်းနည်းနိမ့်နေပြီ။ နောက်တော့ စာရေးတာနဲ့ ရုံးသုံးလောက်ပဲဆိုတော့ CPU တွေ၊ RAM တွေက အမြင့်ကြီးမဟုတ်သလို Graphic ကလည်း Intel HD Graphics လေးသာပါသည်။ ရုံးကပေးထားတဲ့ Laptop က Specification မြင့်ပေမယ့် ကိုယ်ပိုင် Laptop ကောင်းကောင်းလေးတစ်လုံးတော့ လိုချင်မိတာက အမှန်ဖြစ်သည်။
တော်တော်များများလည်း ကိုယ့်ရဲ့ Laptop ဟောင်းသွားလို့ပဲဖြစ်ဖြစ်၊ မော်ဒယ်နိမ့်သွားလို့ပဲဖြစ်ဖြစ် အသစ်ပြောင်းကိုင်ချင်ကြတာက ဓမ္မတာပဲဖြစ်ပေသည်။ အိမ်က မဒီကတော့ Laptop အသစ်ဝယ်တာကို သိပ်သဘောမတူချင်။ သူ့သဘောက Laptop သုံးတာက ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ လူသိပ်မမြင်။ သွားသွားလာလာလည်း ယူသုံးလို့မရဆိုတော့ Laptop မော်ဒယ်မြင့်မြင့်က လူကြားထဲသိပ်ထုတ်ပြခွင့်မရ။ အဲဒီအစား Note 8 ပဲဖြစ်ဖြစ်၊ iPhone X ပဲဖြစ်ဖြစ် ဝယ်ကိုင်စေချင်သည်။ ဖုန်းမော်ဒယ်မြင့်မြင့်က နေရာတကာ ကိုယ်နဲ့မကွာ ယူသွားလို့ရသလို Brand မြင့်မြင့်ဆိုတော့ လူရှိန်မည်ဟု သူမက ယူဆသည်။
သူမနဲ့ အတိုက်အခံလုပ်ပြီးမှ Laptop ဝယ်ခွင့်ပါမစ်ကျသည်။ ဒီလိုနဲ့ Laptop ဝယ်ဖို့ စတင်ပြင်ဆင်တော့သည်။ အရင်ဆုံး ဘတ်ဂျက်သတ်မှတ်လိုက်သည်။ ကိုယ်စုထားတာက စုစုပေါင်း ၁၄ သိန်း။ ၁၄ သိန်း ပတ်ချာလည်မှာ အကောင်းဆုံး Specification ဘယ်ဟာရနိုင်မလဲဆိုတာကို အင်တာနက်ပေါ်မှာ အရင်ဆုံးလိုက်ရှာသည်။ ၁၄ သိန်းဆိုတော့ ဒေါ်လာနဲ့တွက်ရင် ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင်လောက်ရှိသည်။ Apple ထဲကဆိုရင် ၁၃.၃ လက်မ MacBook Air MLH72LL/A ရှိသည်။ ဒါပေမယ့် Apple က ကိုယ်တွေနဲ့လက်ပွန်းတတီးရှိတာမဟုတ်။ Software မှာလည်း Crack လုပ်ထားတာချင်းအတူတူ သူက Window တွေထက် ပိုပြီးတော့ ဈေးကြီးသည်။ ဒါပေမယ့် Apple မှာလည်း သူဟာနဲ့သူတော့ အားသာချက်တွေရှိသည်။ ဒါပေမယ့် ကိုယ်နဲ့အကျွမ်းတဝင်မရှိတော့ ဝယ်မယ့်စာရင်းထဲက ဖယ်ထားလိုက်သည်။
နောက်ထပ် ရွေးချယ်စရာတွေအနေနဲ့ Microsoft Surface Pro 12.3 Inches, ASUS Zenbook Flip, HP Pavilion X360, Dell XPS 13.3 Inches တို့ရှိသည်။ သူတို့အားလုံး တကယ်ကို ပေါ့ပေ့ါပါးပါးနဲ့ မြန်ဆန်သွက်လက်တဲ့ Laptop တွေဖြစ်ကြသလို Touchscreen လည်းပါသည်။ ဒါပေမယ့် ကိုယ်က Game သမားဆိုတော့ တစ်ခါတလေ Laptop နဲ့ ဂိမ်းကောင်းကောင်းဆော့တတ်သေးသည်။ ကိုယ့်အတွက်က Nividia GeForce 2GB လောက်ပါမှ အဆင်ပြေမှာ သေချာသည်။ အဲဒီတော့ Gaming Laptop တွေဘက်ကို နည်းနည်းသွားရှာသည်။
ကိုယ်သုံးမယ့် ဘတ်ဂျက်ကဟိုမရောက်၊ ဒီမရောက်ဆိုတော့ Gaming ထဲမှာဆိုရင် Budget Laptop လောက်သာ သွားရသည်။ တချို့ဟာတွေဆိုရင် SSD တောင်မပါချင်။ SSD က ပုံမှန် Hard Disk တွေထက် ၈ဆ လောက်မြန်တာဆိုတော့ SSD လေးတွေကိုလည်း သွားရည်ယိုမိသေးသည်။ နိုင်ငံခြားပေါက်ဈေးနဲ့ဆိုရင်တော့ Acer Predator Helios, Asus VivoBook, Lenovo Legion Y520, Acer Aspire VX5-591G-75RM နဲ့ MSI GL62M တို့ ရနိုင်ပေမယ့် မြန်မာနိုင်ငံမှာဝယ်ရမယ့် ဈေးနှုန်းက နည်းနည်းများနေသည်။ အဲဒီအထဲမှာမှ အခုတလောပရိုမိုးရှင်းတော်တော် လုပ်လာတဲ့ MSI Gaming Laptop တွေရယ်၊ Lenovo Y520 ရယ်၊ Acer ထဲကဆိုရင် Nitro 5 တို့ရှိမည်။ ASUS တို့၊ HP တို့ကိုတော့ သိပ်မလေ့လာမိပါ။ Dell ကိုဆိုရင်တော့ ကိုယ်လက်လှမ်းမီတာက Inspiron 7567 ရှိသည်။ MSI ထဲကဆိုရင်တော့ ပေါ့ပေ့ါပါးပါး Gaming Laptop တစ်ခုဖြစ်တဲ့ MSI GS63-7rd Stealth နဲ့ နည်းနည်း ပိုထူမယ့် GP62M 7REX Leopard တို့ရှိမည်။
သူငယ်ချင်းတစ်ယောက်ကလှမ်းပြီးတော့ Macbook Killer လို့ နာမည်ကြီးနေတဲ့ Mi Notebookpro ကိုဝယ်ဖို့ အကြံပေးသေးသည်။ သူကလည်း Metal Body ကိုမှ တကယ့်ကိုပေ့ါပေါ့ပါးပါးလေးဖြစ်သလို Nividia Graphic 2GB ပါသေးသည်။ ဒါပေမယ့် Gaming တွေလို GTX Series တော့မဟုတ်။ ဒါပေမယ့် သူ့ဈေးနဲ့သူကတော့ တော်တော် တန်သည်။ Active Mobile နဲ့ Win Mobile မှာ 1,370,000 နဲ့ ရောင်းပေမယ့် ရန်ကုန်က Mi Store တွေမှာတော့ ၁၄ သိန်းကျော်သည်။ ကျွန်တော်ကြောက်တာက ဝယ်ပြီးတစ်နှစ်နှစ်နှစ်ကြာရင် ဒီကောင်တွေအတွက် လိုအပ်မယ့်အပိုပစ္စည်းနဲ့ After Sales Service တွေဖြစ်သည်။
YouTube ပေါ်တက်ပြီး Laptop Reviews တွေ၊ Hand-on Reviews တွေကြည့်သည်။ မြန်မာနိုင်ငံကဆိုရင်တော့ ITZEN ကလုပ်တဲ့ Review လေးတွေက တော်တော်ကောင်းသည်။ နောက်တစ်ခုက ကွန်ပျူတာဝယ်တော့မယ်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင် သိထားသင့်တာက Specification တွေအကြောင်းဖြစ်သည်။ Core i7 ချင်းအတူတူ မိုဒယ်နံပါတ်တွေလိုက် စွမ်းဆောင်ရည်ကွာသေးသည်။ RAM မှာလည်း အမျိုးမျိုးရှိသလို၊ Nividia Graphic မှာလည်း မိုဒယ်နံပါတ်တွေ တသီတသန်းကြီးရှိသည်။ ဒါတွေအကြောင်းမသိထားရင် နံပါတ်တွေရဲ့ လှည့်စားခြင်းခံရပြီး တစ်ခါတစ်ရံ ဂျင်းမိတတ်သေးသည်။
ကျွန်တော်အခုအချိန်အထိ Laptop မဝယ်ရသေးပါ။ ၁၄ သိန်း ပတ်ဝန်းကျင်လက်တော့တစ်လုံးကို အကောင်းအနေ အထားရဖို့အတွက် ချင့်ချိန်နေရသည်။ Group တွေမှာ ဝင်မေးတာလည်းတော်တော်စုံနေပြီ။ Specification တွေ ချရေး မှတ်ထားရတာလည်း လက်တွေညောင်းနေပြီ။ စာဖတ်တဲ့သူတွေကိုလည်း သိန်းဆယ်ဂဏန်းလောက် Laptop ဝယ်မယ် ဆိုရင်လည်း နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးဝယ်စေချင်သည်။ လှည့်စားတတ်တဲ့ Specification နံပါတ်တွေအကြောင်း၊ Laptop ထုတ်တဲ့ ကုမ္ပဏီတွေ၊ ဖုန်းကုမ္ပဏီတွေက ဒီနံပါတ်တွေနဲ့ ဘယ်လိုဂျင်းထည့်တတ်တယ်ဆိုတာကို ကျွန်တော်အချိန်ရရင် ရေးပေးပါဦးမည်။
မင်းသုခ
Comments
Post a Comment