[Zawgyi]
စမတ္ဖုန္းတစ္လံုးနဲ႔ လကို ဓာတ္ပံုရိုက္ဖို႔ဆိုတာ ဟိုအရင္ကေတာ့ မျဖစ္ႏုိင္ခဲ့တဲ့ ကိစၥတစ္ခုပါပဲ။
ဒါေပမယ့္ အခုေခတ္မွာေတာ့ စမတ္ဖုန္းတစ္လံုးရိွရံုနဲ႔ ၾကယ္ေတြ လေတြကိုပါ ရိုက္ကူးႏုိင္လာျခင္းဟာ နည္းပညာေတြ တုိးတက္လာျခင္းရဲ႕ သက္ေသပါပဲ။
ဒါကို ပထမဆံုး စခဲ့သူက Huawei ျဖစ္ျပီး လရဲ႕ဓာတ္ပံုကို P30 Pro ဖုန္းနဲ႔ ရိုက္ကူးခဲ့တာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ Xiaomi ကလည္း သူ႔ရဲ႕Flagship ဖုန္းျဖစ္တဲ့ Mi 9 မွာ Feature အသစ္တစ္ခုကို အားက်မခံ ထပ္ထည့္ခဲ့ပါတယ္။
Mi 9 နဲ႔ လရဲ႕ဓာတ္ပံုကို ရုိက္ကူးႏုိင္ခဲ့အျပီးမွာေတာ့ Mi 9 SE အတြက္ပါ ရလာေတာ့မွာျဖစ္ပါတယ္။
Xiaomi က Mi 9 SE အတြက္ လာမယ့္ MIUI Update မွာ လကို ရိုက္ကူးႏုိင္မယ့္ Moon Mode ကို ထည့္သြင္းေပးလာမယ့္ပံုပါပဲ။
ဒီ Feature ေလးကို စမ္းသပ္ခ်င္တယ္ဆိုရင္ေတာ့ Mi 9 သို႔မဟုတ္ Mi 9 SE ရဲ႕ ကင္မရာ App ကုိဖြင့္ျပီး AI Mode ကို ေျပာင္းရပါမယ္။
ေနာက္ျပီး Zoom ကို ၄ဆ 4x ထိခ်ဲ႕လိုက္ရင္ “Moon Mode” ေလး ေပၚလာပါလိမ့္မယ္။
ျပီးရင္ေတာ့ Zoom ကို အဆံုးစြန္ထိ ခ်ဲ႕လိုက္ရင္ လရဲ႕ပံုကို ရိုက္ကူးႏုိင္ျပီျဖစ္ပါတယ္။ (ေအာက္မွာလည္း Xiaomi ရဲ႕ ဗီဒီယိုေလးကို ေဖာ္ျပထားပါတယ္)
ေနာက္ထပ္ MIUI Update အသစ္မွာ ပါဝင္လာမွာေတြကေတာ့ AI Smart Story Album Organization နဲ႔ Game Booster ေတြအျပင္ တျခား Feature ေတြပါ ပါဝင္လာဦးမွာပါ။
MIUI Update က တရုတ္ႏုိင္ငံမွာေတာ့ ရေနျပီလို႔ သိရျပီး လာမယ့္ ရက္သတၱပတ္ေတြအတြင္းမွာ အကုန္လံုးရလာႏုိင္ေတာ့မွာ ျဖစ္ပါတယ္။
Source : GsmArena
[Unicode]
စမတ်ဖုန်းတစ်လုံးနဲ့ လကို ဓာတ်ပုံရိုက်ဖို့ဆိုတာ ဟိုအရင်ကတော့ မဖြစ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခုပါပဲ။
ဒါပေမယ့် အခုခေတ်မှာတော့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ ကြယ်တွေ လတွေကိုပါ ရိုက်ကူးနိုင်လာခြင်းဟာ နည်းပညာတွေ တိုးတက်လာခြင်းရဲ့ သက်သေပါပဲ။
ဒါကို ပထမဆုံး စခဲ့သူက Huawei ဖြစ်ပြီး လရဲ့ဓာတ်ပုံကို P30 Pro ဖုန်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် Xiaomi ကလည်း သူ့ရဲ့Flagship ဖုန်းဖြစ်တဲ့ Mi 9 မှာ Feature အသစ်တစ်ခုကို အားကျမခံ ထပ်ထည့်ခဲ့ပါတယ်။
Mi 9 နဲ့ လရဲ့ဓာတ်ပုံကို ရိုက်ကူးနိုင်ခဲ့အပြီးမှာတော့ Mi 9 SE အတွက်ပါ ရလာတော့မှာဖြစ်ပါတယ်။
Xiaomi က Mi 9 SE အတွက် လာမယ့် MIUI Update မှာ လကို ရိုက်ကူးနိုင်မယ့် Moon Mode ကို ထည့်သွင်းပေးလာမယ့်ပုံပါပဲ။
ဒီ Feature လေးကို စမ်းသပ်ချင်တယ်ဆိုရင်တော့ Mi 9 သို့မဟုတ် Mi 9 SE ရဲ့ ကင်မရာ App ကိုဖွင့်ပြီး AI Mode ကို ပြောင်းရပါမယ်။
နောက်ပြီး Zoom ကို ၄ဆ 4x ထိချဲ့လိုက်ရင် “Moon Mode” လေး ပေါ်လာပါလိမ့်မယ်။
ပြီးရင်တော့ Zoom ကို အဆုံးစွန်ထိ ချဲ့လိုက်ရင် လရဲ့ပုံကို ရိုက်ကူးနိုင်ပြီဖြစ်ပါတယ်။ (အောက်မှာလည်း Xiaomi ရဲ့ ဗီဒီယိုလေးကို ဖော်ပြထားပါတယ်)
နောက်ထပ် MIUI Update အသစ်မှာ ပါဝင်လာမှာတွေကတော့ AI Smart Story Album Organization နဲ့ Game Booster တွေအပြင် တခြား Feature တွေပါ ပါဝင်လာဦးမှာပါ။
MIUI Update က တရုတ်နိုင်ငံမှာတော့ ရနေပြီလို့ သိရပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ အကုန်လုံးရလာနိုင်တော့မှာ ဖြစ်ပါတယ်။
Source : GsmArena
The post Mi 9 SE နဲ႔ လကို ဓာတ္ပံုရိုက္ၾကမယ္ appeared first on MyTech Myanmar.

Comments
Post a Comment