News Feed မူဝါဒကို ႀကီးႀကီးမားမား ေျပာင္းလဲဦးမယ့္ Facebook

[Zawgyi]

Facebook ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ဇန္နဝါရီလတုန္းက News Feed နဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ အေျပာင္းအလဲ တစ္ခုကို လုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ ေဒသတြင္းသတင္းေတြကိုပဲ ဦးစားေပးေဖာ္ျပေစတဲ့ မူဝါဒပဲ ျဖစ္ပါတယ္။ ဒီလိုလုပ္လိုက္ျခင္းက Facebook သုံးစြဲမႈအခ်ိန္ေတြ ပိုမိုျမင့္တက္လာေစခဲ့ပါတယ္။

အခုလည္း News Feed နဲ႔ပတ္သက္ၿပီး ႀကီးႀကီးမားမားေျပာင္းလဲမႈကို ျပဳလုပ္ဦးမယ္လို႔ Facebook က ေျပာပါတယ္။ ဒီတစ္ေခါက္ေျပာင္းလဲမႈက အသုံးျပဳသူေတြရဲ႕ တုံ႔ျပန္မႈေတြေပၚအေျခခံၿပီး ေျပာင္းလဲထားတာလို႔လည္း သိရပါတယ္။ လူမႈကြန္ရက္မွာ News Feed ဟာ အသုံးျပဳသူေတြအခ်င္းခ်င္း သူတို႔ရဲ႕ Posts ေတြကေနတစ္ဆင့္ ဆီေလ်ာ္တဲ့ ဆက္သြယ္မႈေတြ ရွာေဖြေနၾကတာ ျဖစ္ပါတယ္။

အသုံးျပဳသူေတြက သူတို႔ရဲ႕ လူမႈကြန္ရက္ေပၚမွာ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ရွိေနၾကသလဲဆိုတာက အေရးမႀကီးဘူး၊ ဒါေပမယ့္ သူတို႔ ဘယ္ေလာက္တန္ဖိုးရွိတဲ့အခ်ိန္ကို သုံးခြင့္ရခဲ့လဲဆိုတာပဲ အေရးႀကီးတယ္လို႔ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကလည္း Facebook က ေျပာခဲ့ပါေသးတယ္။ ဒါေၾကာင့္ အသုံးျပဳသူေတြအတြက္ပိုၿပီး တန္ဖိုးရွိတဲ့ အခ်ိန္ေတြျဖစ္ေစဖို႔ သူတို႔ရဲ႕ News Feed ကို ေျပာင္းလဲမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Facebook ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက စစ္တမ္းေကာက္ယူမႈေတြ အေတာ္မ်ားမ်ားလုပ္ခဲ့ၿပီးတဲ့ေနာက္ အသုံးျပဳသူေတြရဲ႕ အခ်ိန္အတြက္ ထိုက္တန္တဲ့အရာက ဘာလဲဆိုတာကို ဆုံးျဖတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ News Feed ပိုင္းဆိုင္ရာကို ေျပာင္းလဲျမႇင့္တင္ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။ ဒါေၾကာင့္ Updated News Feed ဟာ အသုံးျပဳသူတစ္ေယာက္စီတိုင္းအတြက္ တန္ဖိုးရွိတဲ့သတင္းေတြနဲ႔ပဲ ခ်ိတ္ဆက္ေနေအာင္လို႔ Facebook က ေထာက္ပံ့ေပးသင့္တယ္လို႔ ဆိုပါတယ္။

ဒီလိုေျပာင္းလဲလိုက္ျခင္းက News Feed ဟာ လူအခ်ိဳ႕ရဲ႕ Posts ေတြကိုပဲ အကန႔္အသတ္နဲ႔ ေဖာ္ျပသြားေတာ့မယ့္ အဓိပၸါယ္မဟုတ္သလို မိတ္ေဆြအခ်ိဳ႕ကိုပဲ ေတြ႕ျမင္ရေတာ့မယ္ဆိုတဲ့ အဓိပၸါယ္လည္း မဟုတ္ဘူးလို႔ Facebook က ေျပာပါတယ္။ အဲဒီအစား နီးကပ္တဲ့ဆက္သြယ္မႈရွိေနသူေတြရဲ႕ Posts ေတြကို News Feed ရဲ႕အေပၚပိုင္းမွာ အဓိကထား ေဖာ္ျပသြားေပးမယ္လို႔ ဆိုပါတယ္။

Ref: Phone Arena

[Unicode]

News Feed မူဝါဒကို ကြီးကြီးမားမား ပြောင်းလဲဦးမယ့် Facebook

Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလတုန်းက News Feed နဲ့ပတ်သက်ပြီး ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဒေသတွင်းသတင်းတွေကိုပဲ ဦးစားပေးဖော်ပြစေတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းက Facebook သုံးစွဲမှုအချိန်တွေ ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။

အခုလည်း News Feed နဲ့ပတ်သက်ပြီး ကြီးကြီးမားမားပြောင်းလဲမှုကို ပြုလုပ်ဦးမယ်လို့ Facebook က ပြောပါတယ်။ ဒီတစ်ခေါက်ပြောင်းလဲမှုက အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုတွေပေါ်အခြေခံပြီး ပြောင်းလဲထားတာလို့လည်း သိရပါတယ်။ လူမှုကွန်ရက်မှာ News Feed ဟာ အသုံးပြုသူတွေအချင်းချင်း သူတို့ရဲ့ Posts တွေကနေတစ်ဆင့် ဆီလျော်တဲ့ ဆက်သွယ်မှုတွေ ရှာဖွေနေကြတာ ဖြစ်ပါတယ်။

အသုံးပြုသူတွေက သူတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ အချိန်ဘယ်လောက်ကြာကြာ ရှိနေကြသလဲဆိုတာက အရေးမကြီးဘူး၊ ဒါပေမယ့် သူတို့ ဘယ်လောက်တန်ဖိုးရှိတဲ့အချိန်ကို သုံးခွင့်ရခဲ့လဲဆိုတာပဲ အရေးကြီးတယ်လို့ လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း Facebook က ပြောခဲ့ပါသေးတယ်။ ဒါကြောင့် အသုံးပြုသူတွေအတွက်ပိုပြီး တန်ဖိုးရှိတဲ့ အချိန်တွေဖြစ်စေဖို့ သူတို့ရဲ့ News Feed ကို ပြောင်းလဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက စစ်တမ်းကောက်ယူမှုတွေ အတော်များများလုပ်ခဲ့ပြီးတဲ့နောက် အသုံးပြုသူတွေရဲ့ အချိန်အတွက် ထိုက်တန်တဲ့အရာက ဘာလဲဆိုတာကို ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် News Feed ပိုင်းဆိုင်ရာကို ပြောင်းလဲမြှင့်တင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် Updated News Feed ဟာ အသုံးပြုသူတစ်ယောက်စီတိုင်းအတွက် တန်ဖိုးရှိတဲ့သတင်းတွေနဲ့ပဲ ချိတ်ဆက်နေအောင်လို့ Facebook က ထောက်ပံ့ပေးသင့်တယ်လို့ ဆိုပါတယ်။

ဒီလိုပြောင်းလဲလိုက်ခြင်းက News Feed ဟာ လူအချို့ရဲ့ Posts တွေကိုပဲ အကန့်အသတ်နဲ့ ဖော်ပြသွားတော့မယ့် အဓိပ္ပါယ်မဟုတ်သလို မိတ်ဆွေအချို့ကိုပဲ တွေ့မြင်ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း မဟုတ်ဘူးလို့ Facebook က ပြောပါတယ်။ အဲဒီအစား နီးကပ်တဲ့ဆက်သွယ်မှုရှိနေသူတွေရဲ့ Posts တွေကို News Feed ရဲ့အပေါ်ပိုင်းမှာ အဓိကထား ဖော်ပြသွားပေးမယ်လို့ ဆိုပါတယ်။

Ref: Phone Arena

The post News Feed မူဝါဒကို ႀကီးႀကီးမားမား ေျပာင္းလဲဦးမယ့္ Facebook appeared first on MyTech Myanmar.

Comments