One Plus က flagship ဘက်ကိုခုန်ကူးသွားတဲ့ One Plus 7 Series မှာ Feature အသစ်တော်တော်များများကို ထည့်သွင်းပေးသွားခဲ့သလို AMOLED Display ပေါ်မှာ 90 Hz Refresh rate ရအောင်ပြုလုပ်ပေးသွားခဲ့တာကတော့ ဒီတစ်ပါတ်အတွင်း ဖုန်းမိတ်ဆက်ပွဲတွေမှာ လူပြော အများဆုံးအကြောင်းအရာတစ်ခုလို့ ပြောလို့ ရပါတယ်။ ဒီလိုမျိုးထည့်သွင်းပေးထားတဲ့ Feature အသစ်တွေထဲမှာ Zen Mode နဲ့  Night Scape 2.0 ကလူကြိုက်များလာနိုင်တဲ့ Feature တစ်ခုဖြစ်သလို Zen Mode ဆိုတဲ့ Feature ကတော့ ဖုန်းကို မိနစ် ၂၀ ကြာအောင် အသုံးပြုလို့ မရအေင် ပိတ်ထားနိုင်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။ မိနစ် ၂၀ အတွင်းမှာတော့ ဖုန်းခေါ်ခြင်း ၊ ဓာတ်ပုံရိုက်ချင်း တို့ မှလွဲ ပြီး ဖုန်းတစ်ခုလုံးမှာပါတဲ့ မည်သည့် Feature မှ အသုံးပြုနိုင်မှာမဟုတ်သလို မိနစ် ၂၀ မပြည့်မချင်း ဒီ Zen Mode ကို လည်း ပြန်ဖြုတ်လို့ ရမှာမဟုတ်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။
Image Credit :Gizmochina
One Plus အနေနဲ့  One Plus 6T နဲ့  One Plus 6 တို့ ဝယ်ယူထားပြီးသားသူတွေအတွက်တော့ သတင်းကောင်းရော သတင်းဆိုးရော ထုတ်ပြန်ပေးသွားတယ်လို့ ပြောရမှာပါ.။ ဘာလို့ လဲဆိုရင် Zen Mode ဆိုတဲ့ Feature ကို One Plus 6 နဲ့  One Plus 6T တို့ မှာ အသုံးပြုနိုင်အောင်ပြုလုပ်ပေးသွားမယ်လို့ ဆိုခဲ့ပေမဲ့ One Plus ရဲ့  Feature အသစ် Night Scape 2.0 လိုမျိုး Feature ကိုတော့ One Plus 6 နဲ့  One Plus 6T တို့ မှာ ရရှိနိုင်မှာမဟုတ်ဘူးလို့ ကြေငြာသွားခဲ့တဲ့အတွက်ပါပဲ ။ One Plus ကတော့ Night Scape 2.0 ကို One Plus 6 နဲ့  6T တို့ မှာမရရှိနိုင်တဲ့အကြောင်းပြချက်ကတော့ Hardware Limitation ကြောင့်ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး Primary Camera ကြောင့်ဖြစ်တယ်လို့ ပြောသွားခဲ့ပါသေးတယ်။ အခြားသော Feature တွေအနေနဲ့ ဥပမာ Fnatic Mode နဲ့  Built- in Screen Recorder တွေအကြောင်းကိုမပြောသွားခဲ့သလို ဒီ Feature တွေကိုတော့ One Plus 7 Series တွေမှာ OTA Update နဲ့ ထုတ်ပေးသွားမယ်လို့ သိရှိရပါတယ်။ ဒီ Feature တွေကိုလည်း One Plus 6 နဲ့  6T မှာ ရရှိနိုင်မှာလားဆိုတာကတော့ မသိရှိရသေးပါဘူး။
Source:Gizmochina
The post Nightscape 2.0 ကိုရရှိမှာ မဟုတ်တဲ့ One Plus 6 နဲ့  One Plus 6T appeared first on Myanmar Mobile Phones Review.

Comments
Post a Comment