Official Render ပုံစံတွေနဲ့ အချက်အလက်တွေ ထွက်ရှိလာပြီဖြစ်တဲ့ Realme X

Realme ရဲ့ ဖုန်းအသစ်ဖြစ်တဲ့ Realme X ကို လာမဲ့ မေလ ၁၅ ရက်နေ့ ဆို တရုတ်နိုင်ငံမှာတရားဝင်မိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ အထူးသဖြင့် Entry ဖုန်း segment နဲ့  mid-range ဖုန်း segment ပိုင်းတွေမှာအရှိန်ပြင်းပြင်းဝင်ရောက်နေတဲ့ Realme ကတော့ အခုတစ်ခါမှာလည်း Realme X ကို upper mid-range ဖုန်းတစ်လုံးအဖြစ် မိတ်ဆက်ပေးသွားဖို့ ရှိနေပါတယ်။ အခုတစ်ခါမှာတော့ Realme က သူတို့ ရဲ့ တရုတ်နိုင်ငံအတွင်းကို ပထမဆုံးဝင်ရောက်ဖို့ ခြေလှမ်းတစ်ရပ် ကို စတင်နေပြီဖြစ်ပြီး ဒီနေ့ မှာပဲ တရုတ်နိုင်ငံ Social Network ဖြစ်တဲ့ weibo မှာ Realme X ရဲ့ ပုံစံကိုချပြလိုက်ပြီပဲဖြစ်ပါတယ်။

Image Credit : GSMArena
Realme X ကိုတော့ Blue/Purple gradient အရောင်အနေနဲ့ မြင်တွေ့ ရမှာဖြစ်ပြီး 6.5 လက်မအရွယ်အစားရှိတဲ့ FHD+ AMOLED Display Panel ကိုအသုံးပြုပေးထားသလို Fingerprint sensor ကိုတော့ In Display Finger Print sensor ကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ Full View Display ရရှိဖို့ အတွက် Selfie Camera ကို pop up selfie camera အနေနဲ့ အသုံးပြုထားပြီး အဆိုပါ pop up Selfie Camera ကိုတော့ 16MP Camera Sensor ကိုအသုံးပြုပေးထားသလို ကျောဘက်မှာတော့ 48 Megapixel sensor နဲ့  5Megapixel depth sensor တို့ ကို တွဲပြီးအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။

Image Credit:GSMArena
Upper mid range segment ထဲဝင်ရောက်ဖို့ အတွက် Processor ပိုင်းမှာ Qualcomm ရဲ့  Snapdragon 710 SoC ကို RAM 6GB Storage 128GB နဲ့ တွဲပေးထားသလို Android Pie ကိုအခြေခံထားတဲ့ Color 6.0 နဲ့ ပဲထွက်ရှိလာဖို့ ရှိနေပါတယ်။ Battery ကိုတော့ 3680 mAh ကိုအသုံးပြုပေးထားပြီး VOVV 3.0 fast Charging Support ပြုလုပ်ပေးသွားမှာပါ။ ဒါ့အပြင်အခြားသော စိတ်ဝင်စားဖို့ ကောင်းတဲ့ Feature အချို့ လဲပါဝင်လာဖို့ ရှိသလို Dolby Surround Sound ကို လည်း Support ပြုလုပ်ပေးသွားမဲ့ Feature တွေလည်းပါဝင်လာဖို့ ရှိနေပါတယ်။ ဖုန်းရဲ့ တရားဝင်မိတ်ဆက်ပွဲကို လာမဲ့ မေလ၁၅ ရက်နေ့ မှသာပြုလုပ်ပေးသွားမှာဖြစ်ပေမဲ့ ဖုန်းနဲ့ ပတ်သတ်တဲ့အချက်အလက်တော်တော်များများကထွက်ရှိလာခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့် တစ်ကယ်မိတ်ဆက်ပွဲပြီးသွားရင်တော့ ဒီအချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ref:GSMArena

The post Official Render ပုံစံတွေနဲ့ အချက်အလက်တွေ ထွက်ရှိလာပြီဖြစ်တဲ့ Realme X appeared first on Myanmar Mobile Phones Review.

Comments