One Plus 7 Pro ဆိုတာကတော့ အခုချိန်မှာလူပြောအများဆုံးဖုန်းတစ်လုံး ဖြစ်နေသလို Android Phone တွေထဲမှာအကောင်းဆုံးဖုန်းတွေထဲပါဝင်သွားတဲ့ ဖုန်းတစ်လုံးဖြစ်နေပြီဖြစ်ပါတယ်။အဲ့လိုပဲ နောက်ဆုံးထွက်ဖုန်းတွေဖြစ်တဲ့ အလျှောက် One Plus 7 Pro မှာ Headphone Jack မပါဝင်တော့တဲ့အပြင် Type C adapter ပါ ဘူးထဲမထည့်ပေးလိုက်တော့တာက Apple ရဲ့ လုပ်ရပ်နဲ့ ခပ်ဆင်ဆင်လို့ ပြောရမှာပါ။ အဲ့ထက်ပိုဆိုးတာက One Plus က Type C adapter ကို ဈေးပါ ၂ ဆနီးပါမြင့်ပြီးရောင်းချလိုက်တာပဲဖြစ်ပါတယ်။
Image Credit: One Plus
မနှစ်ကမိတ်ဆက်ပေးခဲ့တဲ့ One Plus 6T မှာတုန်းကတော့ Type C to 3.5mm adapter ပါဝင်ခဲ့သလိုအကယ်၍ Dongle ပျောက်ဆုံးသွားလျင်လည်း $8 ၀န်းကျင်နဲ့ ပြန်လည်ဝယ်ယူနိုင်မှာပါ။ အခုတော့ One Plus က One Plus 7 Pro မှာ Dongle ကိုမထည့်ပေးတော့တဲ့အပြင် United State ရဲ့  One Plus website မှာတင်ထားတဲ့ဈေးအရ $12.95 နဲ့ ရောင်းချပေးနေတာတွေ့ ရမှာပါ။ နိုင်ငံအလိုက်တစ်ခြားသောနိုင်ငံတွေမှာလည်းဈေးနှုန်းပြောင်းလည်းမှုတွေ ရှိနေတယ်ဆိုပေမဲ့ မနှစ်ကထက်တော့သိသိသာသာဈေးတင်ထားတယ်လို့ ပြောရမှာပါ။ ပိုဆိုးတာက One Plus 7 Pro က Dongle မပါဝင်လာတဲ့အပြင် တစ်ချို့ သော USB to 3.5mm adapter တွေနဲ့အလုပ်မလုပ်ဖူးဆိုပြီးသတင်းတွေထွက်နေတာပါ။ အကယ်၍ Original Adapter မဟုတ်ပဲ အခြားသော Third Party adapter ၀ယ်မယ်ဆိုရင်တော့ စမ်းသတ်ပြီး မှ သတိထားဝယ်ယူဖို့ တိုက်တွန်းလိုက်ချင်ပါတယ်ဗျာ ။ Never Settle, eh?
Source: Android Police
The post One Plus 7 Pro မှာ မပါတော့တဲ့ Headphone Adapter ဈေးကို ၂ ဆမြင့်လိုက်တဲ့ One Plus appeared first on Myanmar Mobile Phones Review.

Comments
Post a Comment