OnePlus 7 စီးရီးမွာ စတင္ပါဝင္လာတဲ့ Zen Mode အေၾကာင္း သိေကာင္းစရာ

[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက မိတ္ဆက္သြားတဲ့ OnePlus 7 နဲ႔ OnePlus 7 Pro တို႔မွာ Zen Mode လို႔ေခၚတဲ့ Software feature အသစ္ ပါဝင္လာခဲ့ပါတယ္။ Zen Mode ကို Activate ျပဳလုပ္လိုက္မယ္ဆိုရင္ မည္သည့္ Notifications ေတြကိုမဆို ျမင္ရေတာ့မွာ မဟုတ္သလို ၾကားလည္း ၾကားရေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ Application အသုံးျပဳခြင့္ေတြကိုလည္း ပိတ္ပင္လိုက္တယ္လို႔ သိရပါတယ္။

Zen Mode ကို တစ္ခါ Activate ျပဳလုပ္လိုက္ၿပီဆိုရင္ အနည္းဆုံး မိနစ္ ၂၀ ၾကာျမင့္မွာျဖစ္ၿပီး ဖုန္းပိုင္ရွင္က လုပ္ပိုင္ခြင့္ ၂ခုပဲ ရွိပါတယ္။ ပထမ တစ္ခုက ဖုန္းလက္ခံေျပာဆိုခြင့္ ျဖစ္ၿပီး ဒုတိယတစ္ခုကေတာ့ ဓာတ္ပုံ႐ိုက္ကူးခြင့္ ျဖစ္ပါတယ္။ မိနစ္ ၂၀ မျပည့္မခ်င္း ေဖာ္ျပပါ လုပ္ပိုင္ခြင့္ ၂ခုပဲ ရရွိမွာျဖစ္ၿပီး၊ စိတ္ေျပာင္းသြားလို႔ Cancel ျပန္လုပ္ခ်င္တယ္ဆိုရင္လည္း လုပ္ပိုင္ခြင့္ မရွိေတာ့ဘူးလို႔ သိရပါတယ္။ ဖုန္းကို Restart ခ်ေတာင္မွ မရဘူးလို႔ ဆိုပါတယ္။ ( OnePlus 7 Pro ႀကီး ကိုင္ၿပီး ေျမာက္ကား ေျမာက္ကား ျဖစ္ေနတဲ့ သူငယ္ခ်င္းေတြကို Zen Mode ဖြင့္ၿပီး ေဆးထိုးႏိုင္ပါတယ္ )

သတင္းေတြအရ OnePlus Community က Members ေတြရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ Zen Mode ကို OnePlus က ဖန္တီးေပးလိုက္တယ္လို႔ သိရပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ မိသားစု ထမင္းဝိုင္းလိုမ်ိဴး တန္ဖိုးရွိလွတဲ့ အခ်ိန္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ အတူတူ စကားေျပာေနတဲ့ အခ်ိန္ေတြ၊ ညအိပ္ယာဝင္ခါနီး အခ်ိန္မ်ိဴးေတြမွာ ဖုန္းမသုံးျဖစ္ေအာင္ တာဆီးႏိုင္ဖို႔ ျပဳလုပ္ထားတာ ျဖစ္ႏိုင္ပါတယ္။ Zen Mode feature ကို OnePlus 7 နဲ႔ 7 Pro အျပင္ OnePlus 6 နဲ႔ 6T တို႔မွာပါ ထည့္သြင္းေပးသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

Ref : Android Authority

[Unicode]

OnePlus 7 စီးရီးမှာ စတင်ပါဝင်လာတဲ့ Zen Mode အကြောင်း သိကောင်းစရာ

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မိတ်ဆက်သွားတဲ့ OnePlus 7 နဲ့ OnePlus 7 Pro တို့မှာ Zen Mode လို့ခေါ်တဲ့ Software feature အသစ် ပါဝင်လာခဲ့ပါတယ်။ Zen Mode ကို Activate ပြုလုပ်လိုက်မယ်ဆိုရင် မည်သည့် Notifications တွေကိုမဆို မြင်ရတော့မှာ မဟုတ်သလို ကြားလည်း ကြားရတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Application အသုံးပြုခွင့်တွေကိုလည်း ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

Zen Mode ကို တစ်ခါ Activate ပြုလုပ်လိုက်ပြီဆိုရင် အနည်းဆုံး မိနစ် ၂၀ ကြာမြင့်မှာဖြစ်ပြီး ဖုန်းပိုင်ရှင်က လုပ်ပိုင်ခွင့် ၂ခုပဲ ရှိပါတယ်။ ပထမ တစ်ခုက ဖုန်းလက်ခံပြောဆိုခွင့် ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဓာတ်ပုံရိုက်ကူးခွင့် ဖြစ်ပါတယ်။ မိနစ် ၂၀ မပြည့်မချင်း ဖော်ပြပါ လုပ်ပိုင်ခွင့် ၂ခုပဲ ရရှိမှာဖြစ်ပြီး၊ စိတ်ပြောင်းသွားလို့ Cancel ပြန်လုပ်ချင်တယ်ဆိုရင်လည်း လုပ်ပိုင်ခွင့် မရှိတော့ဘူးလို့ သိရပါတယ်။ ဖုန်းကို Restart ချတောင်မှ မရဘူးလို့ ဆိုပါတယ်။ ( OnePlus 7 Pro ကြီး ကိုင်ပြီး မြောက်ကား မြောက်ကား ဖြစ်နေတဲ့ သူငယ်ချင်းတွေကို Zen Mode ဖွင့်ပြီး ဆေးထိုးနိုင်ပါတယ် )

သတင်းတွေအရ OnePlus Community က Members တွေရဲ့ တောင်းဆိုချက်ကြောင့် Zen Mode ကို OnePlus က ဖန်တီးပေးလိုက်တယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်ကတော့ မိသားစု ထမင်းဝိုင်းလိုမျိူး တန်ဖိုးရှိလှတဲ့ အချိန်တွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ စကားပြောနေတဲ့ အချိန်တွေ၊ ညအိပ်ယာဝင်ခါနီး အချိန်မျိူးတွေမှာ ဖုန်းမသုံးဖြစ်အောင် တာဆီးနိုင်ဖို့ ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။ Zen Mode feature ကို OnePlus 7 နဲ့ 7 Pro အပြင် OnePlus 6 နဲ့ 6T တို့မှာပါ ထည့်သွင်းပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Ref : Android Authority

The post OnePlus 7 စီးရီးမွာ စတင္ပါဝင္လာတဲ့ Zen Mode အေၾကာင္း သိေကာင္းစရာ appeared first on MyTech Myanmar.

Comments