Comic Book ဖတ္႐ႈရတာ ၀ါသနာပါသူေတြအတြက္ အခမဲ့နဲ႔ အလြယ္တကူ Comic Book ေတြ ဖတ္ႏိုင္၊ ေဒါင္းလုတ္ဆြဲႏိုင္၊ ေလ့လာႏုိင္ေစမယ့္ ေနရာေလးေတြနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ Comic Book ဇာတ္ေကာင္ေတြ ေခတ္စားေနခဲ့တာ ဆယ္စုႏွစ္နဲ႔ ခ်ီေနၿပီျဖစ္ေပမယ့္ Comic Book ေတြ၊ Manga ေတြ ဖတ္႐ႈတဲ့လူငယ္ေတြမ်ားလာေနတာကေတာ့ ခုေနာက္ပိုင္း ႏွစ္ေတြမွပါ။ Print Version ေတြက ေစ်းႏႈန္း ႀကီးျမင့္တဲ့အတြက္ ၀ါသနာရွင္အမ်ားစုဟာ အခမဲ့ရတဲ့ e-book ေတြကို အခ်င္းခ်င္းမွ်ေ၀ၿပီး ဖတ္႐ႈၾကရ တာမ်ားပါတယ္။ ဒါေၾကာင့္ Comic Book ေတြကို စိတ္၀င္စားသူေတြနဲ႔ ခုမွ စတင္ဖတ္႐ႈဖို႔ ႀကံရြယ္ထားသူေတြ အတြက္ Comic Book ေတြ၊ Comic Book ေတြနဲ႔ပတ္သက္တဲ့ ေနာက္ဆံုးရသတင္းေတြကို ေအးေအး ေဆးေဆးရွာေဖြဖတ္႐ႈလို႔ရမယ့္ေနရာေတြကို လမ္းညႊန္ေပးလုိက္ပါတယ္ …
Website – http://getcomics.info/
Getcomics.info ကို Comic ၀ါသနာရွင္ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးနား၀ရွိၾကမယ္ထင္ပါတယ္။ ကမၻာေပၚမွာ အစံုလင္ဆံုး အခမဲ့ေဒါင္းလုတ္ဆြဲခြင့္ျပဳထားတဲ့ Comic Book ဆိုက္တစ္ခုျဖစ္ပါတယ္။ ဒီဆိုက္မွာ Publisher မ်ိဳးစံုတို႔ရဲ႕ Latest အျဖစ္ဆံုး Comic Book ေတြကို အလြယ္တကူနဲ႔ အခမဲ့ေဒါင္းလုတ္ဆြဲလို႔ရပါတယ္။ အသစ္ထြက္ရွိလာတဲ့ Comic Book ေတြအျပင္ လူသိမ်ားတဲ့ Comic Book စီးရီးေတြရဲ႕ Storyline ေတြကို အေျချပဳၿပီး Collection ေတြ လုပ္ထားေပးေလ့ရွိတာေလးကလည္း Comic ၀ါသနာအိုးေတြအႀကိဳက္ျဖစ္ေစပါတယ္။ ဥပမာ DC ရဲ႕ New 52 Complete Collection တို႔ Marvel ရဲ႕ Civil War complete Collection တို႔လိုမ်ိဳးေပါ့။ ဒီဆိုက္ထဲမွာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္နဲ႔ခ်ီတဲ့ ကာလက Comics ေတြက အစ ရွာလို႔ရပါတယ္။
Application – Comics
Comic App ကို နာမည္ေက်ာ္ ComiXology Comics Website က ဖန္တီးထားတာျဖစ္ၿပီးေတာ့ ရက္ ၃၀ အခမဲ့ ဖတ္႐ႈလို႔ရတဲ့ App တစ္ခုျဖစ္ပါတယ္။ DC, Marvel, Image Comics, Dark Horse Comics, IDW Publishing, BOOM! Studios, Dynamite Entertainment, Kodansha Comics, Oni Press, Valiant Entertainment, Archie Comics, Fantagraphics Books, Humanoids, Action Lab Entertainment, Aspen Comics, Zenescope Entertainment စတဲ့ နာမည္ေက်ာ္ Publisher ေတြ ထုတ္ေ၀ထားတဲ့ Comics Book 75000 ေက်ာ္ေလာက္ကို စုစည္းေပးထားပါတယ္။ Trail ကာလေက်ာ္သြားရင္ေတာ့ သတ္မွတ္ အခေၾကး ေငြေပးေခ်ၿပီး ဖတ္႐ႈရမွာျဖစ္ေပမယ့္ တန္ဖိုးေတာ္ေတာ္နည္းပါတယ္။ Offline ဖတ္႐ႈႏုိင္တဲ့ စနစ္ပါတဲ့အတြက္ လည္း ေတာ္ေတာ္အဆင္ေျပေစပါတယ္။
Facebook Page – Great Comics Web Myanmar
Great Comics Web Myanmar ကေတာ့ Comic Book ေတြကို ျမန္မာလို ျပန္ဆိုေပးေနတဲ့ Facebook Page တစ္ခုပါ။ ဒီ Page မွာ DC နဲ႔ Marvel တို႔က နာမည္ေက်ာ္ Comic Book ေတြကို ျမန္မာဘာသာနဲ႔ ျပန္ဆိုၿပီး ေဒါင္းလုတ္ဆြဲႏိုင္ေအာင္ တင္ေပးထားပါတယ္။ ဒါ့အျပင္ http://bit.ly/30bsFGE ဆိုတဲ့ Site နဲ႔လည္း ခ်ိတ္ဆက္ထားတာေၾကာင့္ ဒီဆိုက္ေပၚမွာလည္း တိုက္႐ိုက္သြားေရာက္ ရွာေဖြလို႔ ရပါတယ္။
Instagram – Comicommunity
Comicommunity ဟာ Instagram မွာ Follower မ်ားတဲ့ Comic ေတြနဲ႔ သက္ဆုိင္တဲ့ Account တစ္ခုပါ။ Comic ေတြနဲ႔သက္ဆုိင္တဲ့ သတင္းဓာတ္ပံုေတြကို အခ်ိန္နဲ႔ တစ္ေျပးညီမွ်ေ၀သလို ဆန္းသစ္တဲ့ Graphic Art ေတြကိုလည္း ဖန္တီးတင္ဆက္ေလ့ရွိပါတယ္။ 472K Follower ရွိတဲ့ Comi-community က Instagram မွာေတာ့ မျဖစ္မေန Follow ထားသင့္တဲ့ ေနရာတစ္ခုပါ။
Twitter – Free Comic Book Day @Freecomicbook
Comics Book ေတြရဲ႕ သတင္းေတြကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ဖို႔ ဆိုရင္ေတာ့ Free Comic Book Day ဆိုတဲ့ Account ကို Follow လုပ္ထားဖို႔ မျဖစ္မေနလိုအပ္ပါတယ္။ Free Comic Book Day မွာ ေန႔စဥ္နဲ႔အမွ် ထြက္ရွိလာတဲ့ Comic Book အေၾကာင္းေတြအျပင္ Comic နဲ႔ ဆက္ႏြယ္ေနတဲ့ ႐ုပ္ရွင္၊ ဗီြဒီယို၊ ကာတြန္း႐ုပ္ရွင္၊ ႐ုပ္သံဇာတ္လမ္းတြဲနဲ႔ ဗီြဒီယိုဂိမ္းေတြအေၾကာင္း သတင္းေတြကိုလည္း အဆက္မျပတ္ တင္ဆက္ေပးေနပါ တယ္။
မင္းသုခ
(Unicode Version)
Online ပေါ်မှာ Comics ဖတ်ကြမယ်
Comic Book ဖတ်ရှုရတာ ဝါသနာပါသူတွေအတွက် အခမဲ့နဲ့ အလွယ်တကူ Comic Book တွေ ဖတ်နိုင်၊ ဒေါင်းလုတ်ဆွဲနိုင်၊ လေ့လာနိုင်စေမယ့် နေရာလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Comic Book ဇာတ်ကောင်တွေ ခေတ်စားနေခဲ့တာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်ပေမယ့် Comic Book တွေ၊ Manga တွေ ဖတ်ရှုတဲ့လူငယ်တွေများလာနေတာကတော့ ခုနောက်ပိုင်း နှစ်တွေမှပါ။ Print Version တွေက ဈေးနှုန်း ကြီးမြင့်တဲ့အတွက် ဝါသနာရှင်အများစုဟာ အခမဲ့ရတဲ့ e-book တွေကို အချင်းချင်းမျှဝေပြီး ဖတ်ရှုကြရ တာများပါတယ်။ ဒါကြောင့် Comic Book တွေကို စိတ်ဝင်စားသူတွေနဲ့ ခုမှ စတင်ဖတ်ရှုဖို့ ကြံရွယ်ထားသူတွေ အတွက် Comic Book တွေ၊ Comic Book တွေနဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို အေးအေး ဆေးဆေးရှာဖွေဖတ်ရှုလို့ရမယ့်နေရာတွေကို လမ်းညွှန်ပေးလိုက်ပါတယ် …
Website – http://getcomics.info/
Getcomics.info ကို Comic ဝါသနာရှင် တော်တော်များများ ကြားဖူးနားဝရှိကြမယ်ထင်ပါတယ်။ ကမ္ဘာပေါ်မှာ အစုံလင်ဆုံး အခမဲ့ဒေါင်းလုတ်ဆွဲခွင့်ပြုထားတဲ့ Comic Book ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဆိုက်မှာ Publisher မျိုးစုံတို့ရဲ့ Latest အဖြစ်ဆုံး Comic Book တွေကို အလွယ်တကူနဲ့ အခမဲ့ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ အသစ်ထွက်ရှိလာတဲ့ Comic Book တွေအပြင် လူသိများတဲ့ Comic Book စီးရီးတွေရဲ့ Storyline တွေကို အခြေပြုပြီး Collection တွေ လုပ်ထားပေးလေ့ရှိတာလေးကလည်း Comic ဝါသနာအိုးတွေအကြိုက်ဖြစ်စေပါတယ်။ ဥပမာ DC ရဲ့ New 52 Complete Collection တို့ Marvel ရဲ့ Civil War complete Collection တို့လိုမျိုးပေါ့။ ဒီဆိုက်ထဲမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ ကာလက Comics တွေက အစ ရှာလို့ရပါတယ်။
Application – Comics
Comic App ကို နာမည်ကျော် ComiXology Comics Website က ဖန်တီးထားတာဖြစ်ပြီးတော့ ရက် ၃၀ အခမဲ့ ဖတ်ရှုလို့ရတဲ့ App တစ်ခုဖြစ်ပါတယ်။ DC, Marvel, Image Comics, Dark Horse Comics, IDW Publishing, BOOM! Studios, Dynamite Entertainment, Kodansha Comics, Oni Press, Valiant Entertainment, Archie Comics, Fantagraphics Books, Humanoids, Action Lab Entertainment, Aspen Comics, Zenescope Entertainment စတဲ့ နာမည်ကျော် Publisher တွေ ထုတ်ဝေထားတဲ့ Comics Book 75000 ကျော်လောက်ကို စုစည်းပေးထားပါတယ်။ Trail ကာလကျော်သွားရင်တော့ သတ်မှတ် အခကြေး ငွေပေးချေပြီး ဖတ်ရှုရမှာဖြစ်ပေမယ့် တန်ဖိုးတော်တော်နည်းပါတယ်။ Offline ဖတ်ရှုနိုင်တဲ့ စနစ်ပါတဲ့အတွက် လည်း တော်တော်အဆင်ပြေစေပါတယ်။
Facebook Page – Great Comics Web Myanmar
Great Comics Web Myanmar ကတော့ Comic Book တွေကို မြန်မာလို ပြန်ဆိုပေးနေတဲ့ Facebook Page တစ်ခုပါ။ ဒီ Page မှာ DC နဲ့ Marvel တို့က နာမည်ကျော် Comic Book တွေကို မြန်မာဘာသာနဲ့ ပြန်ဆိုပြီး ဒေါင်းလုတ်ဆွဲနိုင်အောင် တင်ပေးထားပါတယ်။ ဒါ့အပြင် http://bit.ly/30bsFGE ဆိုတဲ့ Site နဲ့လည်း ချိတ်ဆက်ထားတာကြောင့် ဒီဆိုက်ပေါ်မှာလည်း တိုက်ရိုက်သွားရောက် ရှာဖွေလို့ ရပါတယ်။
Instagram – Comicommunity
Comicommunity ဟာ Instagram မှာ Follower များတဲ့ Comic တွေနဲ့ သက်ဆိုင်တဲ့ Account တစ်ခုပါ။ Comic တွေနဲ့သက်ဆိုင်တဲ့ သတင်းဓာတ်ပုံတွေကို အချိန်နဲ့ တစ်ပြေးညီမျှဝေသလို ဆန်းသစ်တဲ့ Graphic Art တွေကိုလည်း ဖန်တီးတင်ဆက်လေ့ရှိပါတယ်။ 472K Follower ရှိတဲ့ Comi-community က Instagram မှာတော့ မဖြစ်မနေ Follow ထားသင့်တဲ့ နေရာတစ်ခုပါ။
Twitter – Free Comic Book Day @Freecomicbook
Comics Book တွေရဲ့ သတင်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ ဆိုရင်တော့ Free Comic Book Day ဆိုတဲ့ Account ကို Follow လုပ်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ Free Comic Book Day မှာ နေ့စဉ်နဲ့အမျှ ထွက်ရှိလာတဲ့ Comic Book အကြောင်းတွေအပြင် Comic နဲ့ ဆက်နွယ်နေတဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ ကာတွန်းရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲနဲ့ ဗွီဒီယိုဂိမ်းတွေအကြောင်း သတင်းတွေကိုလည်း အဆက်မပြတ် တင်ဆက်ပေးနေပါ တယ်။
မင်းသုခ
Comments
Post a Comment