Plan B အတွက်အဆင်သင့်ဖြစ်နေပြီလား Huawei ?

အားလုံးသိပြီးသားဖြစ်ကြတဲ့အတိုင်း မနေ့ ကညထဲကတက်လာတဲ့သတင်းတွေအရ Google အပါအ၀င် Chipset ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Intel နဲ့  Qualcomm တို့ ကပါ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာပြီး တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကိုထောက်ပံနေတဲ့ Hardware ပိုင်း Software ပိုင်းမှာပါရပ်တန့် သွားတော့မှာဖြစ်ပါတယ်။ အထူးသဖြင့် ထိခိုက်လာနိုင်တာတွေကတော့ Huawei ရဲ့  စမတ်ဖုန်းထုတ်လုပ်တဲ့ လုပ်ငန်းဘက်မှာ အကြီးအကျယ်ထိခိုက်လာနိုင်မှာဖြစ်ပြီး Huawei ဖုန်းတွေမှာ Google ရဲ့  OS ဖြစ်တဲ့ Android OS ကိုအသုံးပြုခွင့်ရတော့မှာမဟုတ်ပဲ Open Source အနေနဲ့ အသုံးပြုခွင့်ပေးထားတဲ့ Android Open Source Project ဖိုင်ပေါ်မှာသာ EMUI ကိုဆက်ပြီးအသုံးပြုခွင့်ရရှိတော့မှာပါ။ ဒါ့ကြောင့်လည်း Huawei ဖုန်းတွေမှာနောက်ထွက်လာမဲ့ Android Q က စတင်ပြီး Update ရရှိတော့မှာမဟုတ်သလို Security Update များလည်းရရှိနိုင်တော့မှာမဟုတ်ပါဘူး။ Android OS တစ်ခုလုံးကြီးတောင်ဆုံးရှုံးသွားရတဲ့ Huawei အတွက်ပိုအထိနာတာတွေက Google Play Service တွေဖြစ်တဲ့ Gamil , Google Map , Youtube အစရှိတဲ့ Service တွေပါအပိတ်ခံရတဲ့အပြင် Intel ကထုတ်နေတဲ့ Chipset များ Qualcomm ကထုတ်လုပ်ပေးနေတဲ့ Chipset များကိုပါ အသုံးပြုခွင့်ရတော့မှာမဟုတ်ပါဘူး။

Image Credit : SCMP
ဒီရက်ပိုင်းအတွင်းထွက်လာတဲ့သတင်းတွေကိုပြန်ကြည့်မယ်ဆိုရင် Huawei အနေနဲ့  2019 ခုနှစ် Q1 မှာတင် Smart Phone ဈေးကွက်မှာအောင်မြင်မှုများစွာရရှိခဲ့သလို Apple ရဲ့ နံပါတ် ၂ နေရာကိုသိမ်းပိုက်နိုင်ခဲ့ပြီး ထိပ်ဆုံးမှာရှိနေတဲ့ Samsung ထက်တောင် မနှစ်ကထက်ပိုမိုရောင်းချထားနိုင်တဲ့အထိအခြေအနေကောင်းနေခဲ့တာပါ။ ဒါပေမဲ့လည်းအခုလိုမျိုးရုတ်တရက်အခက်တွေ့ လာတဲ့အချိန်မှာ Huawei အနေနဲ့ ဘယ်လိုမျိုးအကွက်ရွှေ့ သွားမလဲဆိုတာက ပိုစိတ်ဝင်စားဖို့ ကောင်းလာပြီဖြစ်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ကစားကွက်အောက်ကနေဘယ်လိုလွတ်မြောင်အောင် ရုန်းထွက်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဝရာပါပဲ။ဖြစ်လာနိုင်ချေရှိနေတာက Huawei အနေနဲ့ ကိုယ်ပိုင် OS တစ်ခုနဲ့ ရုန်းထွက်ဖို့ ကြိုးစားလာမလားဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ပြန်လည်သုံးသပ်ရမယ်ဆိုရင် Huaewi က ၂၀၁၂ ခုနှစ်ထဲက Telecommunication နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေကိုရောင်းချခွင့်ပိတ်ပင်ခံထားရပြီးနောက်ပိုင်းသတင်းတွေထွက်လာတာက Huawei အနေနဲ့ ၂၀၁၂ ခုနှစ်ထဲက ကိုယ်ပိုင် Operating System တစ်ခုကို စမတ်ဖုန်းတွေအတွက်သာမကပဲ ကွန်ပြူတာတွေအတွက်ပါ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပြီးပြီလို့ သိရှိရပါတယ်။ အဲ့လိုပဲ Huawei ရဲ့  CEO ဖြစ်သူ Richard Yu အနေနဲ့  German Publication က Interview တစ်ခုမှာဖြေကြားသွားပေးတာကတော့ Huawei အနေနဲ့ Google Android OS ရဲ့  Alternative ဖြစ်လာမဲ့  OS တစ်ခုကို ကာလရှည်ကြာ Project တစ်ခုအနေနဲ့ တည်ဆောက်ထားပြီးဖြစ်ပေမဲ့  မိမိတို့ ရဲ့  Partner ဖြစ်သူ ( Google’s Android OS ) ကို အပြည့်အ၀ Support ပေးထားမှာဖြစ်ကြောင်း နဲ့ မိမိတို့ အနေနဲ့ အဆိုပါ Operating System ကိုအသုံးပြုရတာသဘောကျနှစ်သက်သလို Customer တွေကလည်းသဘောကျတဲ့အတွက် Android နဲ့  Window တို့ ဟာ မိမိတို့ ရဲ့  ပထမဦးစားပေး OS တစ်ခုအနေနဲ့ တည်ရှိနေမှာလို့ ဖြေကြားထားခဲ့တာကြည့်ရင် Huawei က ဒီလိုအခြေအနေတွေကို ကြိုတင်ရိပ်စားထားမိကထဲက ပြင်ဆင်ထားပြီးဖြစ်နိုင်သလို ဖြစ်လာတဲ့အခြေအနေတွေအပေါ်မှာ အကောင်းဆုံး Plan B ကိုသုံးသွားဖို့ လည်းအဆင်သင့်ဖြစ်နေပုံပါပဲ ။

Image Credit: Huawei
ဒီလိုပဲ တစ်ခြားဘက်တွေကိုကြည့်ရင်လည်း Huawei အနေနဲ့ ကိုယ်ပိုင် Chipset တွေထုတ်လုပ်ပြီးလက်ရှိမှာလည်း Flagship ဖုန်းတွေ mid-range ဖုန်းတွေမှာအသုံးပြုနေပြီဖြစ်တဲ့အတွက်သိပ်ပြီးစိတ်ပူစရာတော့မရှိပါဘူး။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ Huawei အနေနဲ့ တစ်စုံတစ်ရာထုတ်ပြန်ကြေငြာချက်မပြုလုပ်သေးတဲ့အတွက် Huawei ဖုန်းအသုံးပြုသူတွေအနေနဲ့ စိတ်ပူနေကြသလို အကောင်းဆုံးအဖြေတစ်ခုကိုတော့မကြာခင် Huawei ကနေ ထုတ်ပြန်ပေးသွားဖို့ လည်းမျှော်လင့်နေကြပါတယ်။

The post Plan B အတွက်အဆင်သင့်ဖြစ်နေပြီလား Huawei ? appeared first on Myanmar Mobile Phones Review.

Comments