ကြၽန္ေတာ့္ကုိ အေမးမ်ားတဲ့ Processor ေတြအေၾကာင္း

ကြၽန္ေတာ္နည္းပညာအေၾကာင္းကို တတ္သေလာက္မွတ္သေလာက္ စာေတြ ေရးပါတယ္။ နည္းပညာနဲ႔ပတ္သက္တဲ့ အေၾကာင္းေတြကို ေမးလာရင္လည္း အားရင္အားသလိုေျဖေပးပါတယ္။ ဒီထဲမွာမွ နည္းပညာနယ္ပယ္ထဲက မဟုတ္တဲ့သူေတြရဲ႕ ေမးခြန္းေတြလည္းပါပါတယ္။ ကြၽန္ေတာ့္ကို ေမးေလ့ေမးထရွိတာက Processor နဲ႔ပက္သက္တဲ့ နည္းပညာေတြအေၾကာင္းပါ။ မုိဒယ္နံပါတ္ေတြ၊ မ်ိဳးဆက္ေတြကေနစၿပီး ပါ၀င္တဲ့နည္းပညာေတြအထိ အမ်ိဳးမ်ိဳးေမးတတ္ၾကပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ဒီေမးခြန္းေတြကို မစုထားမိခဲ့ပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ တစ္ရက္၊ ႏွစ္ရက္တုန္းက Processor ေတြနဲ႔ ပတ္သက္ၿပီး အေမးမ်ားတဲ့ ေမးခြန္းေတြကို စုစည္းေပးထားတဲ့ ေဆာင္းပါးတစ္ပုဒ္ကို ဖတ္ျဖစ္ပါတယ္။ ဒီေဆာင္းပါးထဲမွာ Processor ေတြနဲ႔ပက္သက္ၿပီး အေမးမ်ားတဲ့ ေမးခြန္း ၇ ခုအေၾကာင္း နားလည္လြယ္ေအာင္ေရးေပးထားပါတယ္။ ဒါေလးကိုပဲ ျပန္ၿပီးမွ်ေ၀ ေပးပါရေစ။

၁. HyperThreaded Processor ဆိုတာဘာပါလဲ?

ပ႐ိုဂရမ္မင္းအေခၚအေ၀ၚေတြအရေတာ့ Hyper-Threading ဆိုတာက Intel Microprocessor ေတြမွာသံုးတဲ့နည္းပညာ တစ္ခုျဖစ္ပါတယ္။ Processor တစ္ခုပဲျဖစ္ေပမယ့္ Operation System ေတြ၊ Application Program ေတြကို ေဆာင္ရြက္တဲ့ ေနရာမွာ Processor ႏွစ္ခုကေဆာင္ရြက္သလို ေဆာင္ရြက္ေပးတဲ့နည္းပညာပါ။ Intel IA-32 မွာပါ၀င္တဲ့ Feature တစ္ခုလည္းျဖစ္ပါတယ္။

၂. CPU Core တစ္ခုမွာ Threads ဘယ္ႏွခုရွိလဲ?

တကယ္လို႔ ကုိယ့္ရဲ႕ CPU Socket 4 ခုရွိတယ္ဆိုရင္ တစ္ခုစီမွာ Cores 12 ခုအထိ ရွိႏိုင္ၿပီး Core တစ္ခုစီမွာ Threads 2 ခုအထိ ရွိႏိုင္ပါတယ္။ အမ်ားဆံုး Threads ကိုတြက္ခ်င္ရင္ 4 CPU x 12 cores x 2 threads per core ဆိုၿပီး တြက္လို႔ရပါတယ္။ အဲဒီေတာ့ 12 x 4 x 2 = 96 ဆိုၿပီး တြက္လို႔ရပါတယ္။ အမ်ားဆံုး Thread အေနနဲ႔ အမ်ားဆံုး Count ကေတာ့ 48 ပါ။

၃. Logical Processor ဆိုတာ ဘာပါလဲ?

Physical Cores ဆိုတာကေတာ့ ရွင္းပါတယ္။ CPU ထဲမွာ တကယ္ပါတဲ့ ဟာေတြပါ။ Logical Cores ဆိုတာကေတာ့ တကယ္ ပါ၀င္တာမဟုတ္ဘဲ Single Core တစ္ခုထဲကို ႏွစ္ခု (သို႔) ႏွစ္ခုထက္ ပိုတဲ့ လုပ္ေဆာင္ခ်က္ေတြကို တစ္ၿပိဳင္နက္ လုပ္ေဆာင္ႏိုင္ေအာင္ ေထာက္ပံ့ေပးတာျဖစ္ပါတယ္။ Pentium  4  CPus ေတြကစၿပီး ဒီ  Feature ပါ၀င္လာခဲ့တာျဖစ္ၿပီး ဒါကို Hyper Threading (HTT) လုိ႔ေခၚပါတယ္။

၄. Virtual Core Processor ဆိုတာဘာပါလဲ?

Virtual Core ဆိုတာက CPU ကို ခြဲျခမ္းယူတဲ့ နည္းပညာတစ္ခု ျဖစ္ပါတယ္။ Virtual Core တစ္ခုက အျခားတစ္ခုကို မထိခိုက္ဘဲ လုပ္ငန္းတာ၀န္ေတြကို ခြဲျခမ္းေဆာင္ရြက္ႏိုင္ပါတယ္။ Physical Core နဲ႔မတူတာက သူတို႔ကို တကယ္ခြဲျခမ္းေပး စရာမလိုတာပါ။

၅. HyperThreading ဆိုတာဘာပါလဲ?

Hyper-Threading နည္းပညာကို HT နည္းပညာလို႔လည္း ေခၚၿပီး HTT (သို႔) HT နဲ႔ေရးပါတယ္။ Thread အမ်ားအျပားကို တစ္ၿပိဳင္နက္ လုပ္ေဆာင္ႏိုင္တဲ့ Intel ရဲ႕ Simultaneous Multithreading (SMT) နည္းပညာတစ္ခုျဖစ္ၿပီး x86 Microprocessors ေတြမွာ ေကာင္းေကာင္း ေတြ႕ရမွာပါ။

၆. What is a thread in a Processor?

CPU မွာ Physical Cores 2 ပဲပါေပမယ့္ Thread 4 ခုကို Hyper Threading (သို႔) Simultaneous Multithreading (SMT) ကိုသံုးၿပီး တစ္ၿပိဳင္နက္လုပ္ႏိုင္တယ္လို႔ေျပာခ်င္တာျဖစ္ပါတယ္။ တကယ့္လက္ေတြ႕မွာေတာ့ Physical Core တစ္ခုက တစ္ႀကိမ္မွာ Thread တစ္ခုကိုပဲ ေမာင္းႏွင္ႏိုင္တာပါ။ ဒါေပမယ့္ Hyper threading ကိုသံုးရင္ေတာ့ တစ္ၿပိဳင္နက္အမ်ားႀကီး ေမာင္းႏွင္ႏိုင္ပါတယ္။

၇. HyperThreading နဲ႔ Multi-Threading ဘာေတြကြာပါလဲ?

HyperThreading ဆိုတာက Intel က မွတ္ပံုတင္ထားတဲ့ နည္းပညာနာမည္တစ္ခုပါ။ CPU ရဲ႕ Cycle တစ္ခု အတြင္းမွာ Thread အမ်ားႀကီးတစ္ၿပိဳင္နက္ လုပ္ေဆာင္ေပးေအာင္ ေထာက္ပံ့ေပးတဲ့ Simultaneous Multithreading နည္းပညာ ျဖစ္ပါတယ္။

မင္းသုခ

(Unicode Version)

ကျွန်တော့်ကို အမေးများတဲ့ Processor တွေအကြောင်း

ကျွန်တော်နည်းပညာအကြောင်းကို တတ်သလောက်မှတ်သလောက် စာတွေ ရေးပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ အကြောင်းတွေကို မေးလာရင်လည်း အားရင်အားသလိုဖြေပေးပါတယ်။ ဒီထဲမှာမှ နည်းပညာနယ်ပယ်ထဲက မဟုတ်တဲ့သူတွေရဲ့ မေးခွန်းတွေလည်းပါပါတယ်။ ကျွန်တော့်ကို မေးလေ့မေးထရှိတာက Processor နဲ့ပက်သက်တဲ့ နည်းပညာတွေအကြောင်းပါ။ မိုဒယ်နံပါတ်တွေ၊ မျိုးဆက်တွေကနေစပြီး ပါဝင်တဲ့နည်းပညာတွေအထိ အမျိုးမျိုးမေးတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဒီမေးခွန်းတွေကို မစုထားမိခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်တုန်းက Processor တွေနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေကို စုစည်းပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ Processor တွေနဲ့ပက်သက်ပြီး အမေးများတဲ့ မေးခွန်း ၇ ခုအကြောင်း နားလည်လွယ်အောင်ရေးပေးထားပါတယ်။ ဒါလေးကိုပဲ ပြန်ပြီးမျှေ၀ ပေးပါရစေ။

၁. HyperThreaded Processor ဆိုတာဘာပါလဲ?
ပရိုဂရမ်မင်းအခေါ်အဝေါ်တွေအရတော့ Hyper-Threading ဆိုတာက Intel Microprocessor တွေမှာသုံးတဲ့နည်းပညာ တစ်ခုဖြစ်ပါတယ်။ Processor တစ်ခုပဲဖြစ်ပေမယ့် Operation System တွေ၊ Application Program တွေကို ဆောင်ရွက်တဲ့ နေရာမှာ Processor နှစ်ခုကဆောင်ရွက်သလို ဆောင်ရွက်ပေးတဲ့နည်းပညာပါ။ Intel IA-32 မှာပါဝင်တဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။

၂. CPU Core တစ်ခုမှာ Threads ဘယ်နှခုရှိလဲ?
တကယ်လို့ ကိုယ့်ရဲ့ CPU Socket 4 ခုရှိတယ်ဆိုရင် တစ်ခုစီမှာ Cores 12 ခုအထိ ရှိနိုင်ပြီး Core တစ်ခုစီမှာ Threads 2 ခုအထိ ရှိနိုင်ပါတယ်။ အများဆုံး Threads ကိုတွက်ချင်ရင် 4 CPU x 12 cores x 2 threads per core ဆိုပြီး တွက်လို့ရပါတယ်။ အဲဒီတော့ 12 x 4 x 2 = 96 ဆိုပြီး တွက်လို့ရပါတယ်။ အများဆုံး Thread အနေနဲ့ အများဆုံး Count ကတော့ 48 ပါ။

၃. Logical Processor ဆိုတာ ဘာပါလဲ?
Physical Cores ဆိုတာကတော့ ရှင်းပါတယ်။ CPU ထဲမှာ တကယ်ပါတဲ့ ဟာတွေပါ။ Logical Cores ဆိုတာကတော့ တကယ် ပါဝင်တာမဟုတ်ဘဲ Single Core တစ်ခုထဲကို နှစ်ခု (သို့) နှစ်ခုထက် ပိုတဲ့ လုပ်ဆောင်ချက်တွေကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးတာဖြစ်ပါတယ်။ Pentium  4  CPus တွေကစပြီး ဒီ  Feature ပါဝင်လာခဲ့တာဖြစ်ပြီး ဒါကို Hyper Threading (HTT) လို့ခေါ်ပါတယ်။

၄. Virtual Core Processor ဆိုတာဘာပါလဲ?
Virtual Core ဆိုတာက CPU ကို ခွဲခြမ်းယူတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ Virtual Core တစ်ခုက အခြားတစ်ခုကို မထိခိုက်ဘဲ လုပ်ငန်းတာဝန်တွေကို ခွဲခြမ်းဆောင်ရွက်နိုင်ပါတယ်။ Physical Core နဲ့မတူတာက သူတို့ကို တကယ်ခွဲခြမ်းပေး စရာမလိုတာပါ။

၅. HyperThreading ဆိုတာဘာပါလဲ?
Hyper-Threading နည်းပညာကို HT နည်းပညာလို့လည်း ခေါ်ပြီး HTT (သို့) HT နဲ့ရေးပါတယ်။ Thread အများအပြားကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်တဲ့ Intel ရဲ့ Simultaneous Multithreading (SMT) နည်းပညာတစ်ခုဖြစ်ပြီး x86 Microprocessors တွေမှာ ကောင်းကောင်း တွေ့ရမှာပါ။

၆. What is a thread in a Processor?
CPU မှာ Physical Cores 2 ပဲပါပေမယ့် Thread 4 ခုကို Hypet Threading (သို့) Simultaneous Multithreading (SMT) ကိုသုံးပြီး တစ်ပြိုင်နက်လုပ်နိုင်တယ်လို့ပြောချင်တာဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ Physical Core တစ်ခုက တစ်ကြိမ်မှာ Thread တစ်ခုကိုပဲ မောင်းနှင်နိုင်တာပါ။ ဒါပေမယ့် Hyperthreading ကိုသုံးရင်တော့ တစ်ပြိုင်နက်အများကြီး မောင်းနှင်နိုင်ပါတယ်။

၇. HyperThreading နဲ့ Multi-Threading ဘာတွေကွာပါလဲ?
HyperThreading ဆိုတာက Intel က မှတ်ပုံတင်ထားတဲ့ နည်းပညာနာမည်တစ်ခုပါ။ CPU ရဲ့ Cycle တစ်ခု အတွင်းမှာ Thread အများကြီးတစ်ပြိုင်နက် လုပ်ဆောင်ပေးအောင် ထောက်ပံ့ပေးတဲ့ Simultaneous Multithreading နည်းပညာ ဖြစ်ပါတယ်။

မင်းသုခ

Comments