Screen Refresh Rate ဆိုတာဘာလဲ ?

Basic ကနေ စပြောရမယ်ဆိုရင် Hz ဆိုတာ Hertz ကိုအတိုကောက်မှတ်ယူထားတဲ့စကားလုံးဖြစ်ပြီးတော့ သူက Screen ရဲ့  Refresh ကိုတိုင်းတာပေးတာလို့ သတ်မှတ်ထားကြပါတယ်။ အဲ့အတွက် ၁စက္ကန့် မှာ Display ကနေပြီး Image ပေါင်းဘယ်လောက်ပြသပေးလဲဆိုတဲ့ အတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်။ ဥပမာ 30Hz Display ဆိုရင် တစ်စက္ကန့် မှာ Frame ပေါင်း၃၀ ကို ပြသပေးမှာဖြစ်ပြီး 60 Hz Display ဆို Frame ပေါင်း ၆၀ ကို ပြသပေးတာဖြစ်သလို 90 Hz Display ဆိုတာကတော့ တစ်စက္ကန့် မှာ Frame ပေါင်း ၉၀ ထိကိုပြသပေးနိုင်တာကိုဆိုလို တာပါ။ ဆိုလိုချင်တာက Refresh Rate ပိုမိုများလာလေ screen မှပြသနေတဲ့ ပုံရိပ်တွေကြည့်ရတာ ပိုမို Smooth ဖြစ်လာလေ လို့ ဆိုလိုတာပါ။

Image Credit : hothardware.com
လက်ရှိများသောအားဖြင့် ကျွန်တော်တို့ သုံနေတဲ့ Smart Phone တွေရဲ့  Refresh Rate ဟာ 60Hz ထိရှိကြတဲ့အတွက် တော်တော်လေးကို မြန်ဆန်တဲ့ Refresh Rate ကိုရနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ မိတ်ဆက်လိုက်တဲ့ One Plus 7 Pro မှာဆို 90 Hz ထိသုံးပေးလိုက်တာဖြစ်တဲ့အတွက် အခုလက်ရှိကျွန်တော်တို့ တော်တော်များများသုံးနေတဲ့ဖုန်းတွေထက် တစ်စက္ကန့် အတွင်းမှာ ပုံရိပ်ပေါင်း Frame ပေါင်း ၃၀ ထိပိုမိုမြင်တွေ့ ရနိုင်မှာပါ။ ချွင်းချက်အနေနဲ့  ၂၀၁၇/၂၈ မှာထုတ်ခဲ့တဲ့ Razer ဖုန်း ၊ Sharp ရဲ့  Aquos R3 ဖုန်းတွေမှာ Refresh Rate 120 Hz ထိမြင်ရမှာဖြစ်သလို ASUS ရဲ့  ROG ဆို 90Hz ထိ အသုံးပြုနိုင်တဲ့ဖုန်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ Razer နဲ့  Aquos R3 တို့ မှာတော့ LCD Display Panel ကိုသာသုံးပေးထားတာဖြစ်ပြီး ASUS ရဲ့  ROG ဖုန်းမှာတော့ OLED ကိုသုံးပေးထားတာပါ။OLED တွေ LCD တွေကတော့ Refresh Rate အပေါ်မှာသပ်ရောက်မှု မရှိပေမဲ့ အခုလက်ရှိအချိန်မှာတော့ Smart Phone တွေအတွက် OLED တွေမှာ Refresh Rate 90 Hz ထိအသုံးပြုနိုင်တဲ့ဖုန်းတွေထွက်လာပြီဖြစ်သလို LCD ဖုန်းတွေမှာတော့ 120Hz ထိအသုံးပြုနိုင်တဲ့ဖုန်းတွေရှိပြီးသားလို့ ပြောရမှာပါ။

Image Credit:ASUS
အဲ့လိုပဲ Apple ရဲ့ နောက်ဆုံးထွက် iPhone Display တွေမှာဆိုရင်အသုံးပြုပေးထားတဲ့နည်းပညာတွေက Refresh Rate ကို 60Hz သာအသုံးပြုနိုင်မှာဖြစ်ပေမဲ့ touch Sensing rate ကို 120 Hz ထိ Support ပြုလုပ်ပေးထားတာတွေရှိပါသေးတယ်။ ဘာကွဲလဲဆိုရင်တော့ Touch Screen က နေ 120 times per second လက်နဲ့ ထိလိုက်တဲ့နေရာကို Tracking လုပ်ပေးမှာဖြစ်တဲ့ အတွက် Screen မှာပေါ်နေတဲ့ Image တွေရဲ့  Refresh Rate ဟာ 60 Hz သာရှိနေပေမဲ့လည်း Touches ကို Tracking လိုက်နေတဲ့အတွက် အသုံးပြုနေတာကိုကြည့်ရတာပိုမိုမြန်ဆန်တယ်ထင်ရမှာဖြစ်သလို ပိုမို Smooth ဖြစ်နေမှာပါ။ Smart Phone တွေရဲ့  Refresh Rate ဟာပိုမိုတိုးတက်လာတဲ့ဘက်ကို အခုဆို Smart Phone Maker တွေပြုလုပ်လာကြတော့မယ်လို့ မျှော်လင့်လာရသလို တစ်ခြားဖက်မှာလည်း Apple ရဲ့  iPad Pro မှာ 120 Hz Display ကိုအသုံးပြုပေးထားတာပါ။

Image Credit:Apple

ပုံမှန်အားဖြင့် ကျွန်တော်တို့ ကြည့်နေ ကြတဲ့ TV တွေမှာဆိုရင်လည်း Refresh Rate ကို 120 Hz ထိ ကြည့်ရှုရနေပြီဖြစ်သလို တစ်ခြားသော Computer Monitor တွေမှာဆိုရင်လည်း အမြင့်ဆုံး 240 Hz ထိ ရှိတဲ့ Monitor တွေရှိနေပေမဲ့လည်း လက်တလောမှာတော့ 144 Hz ထိ ကြည်ရှုနိုင်တဲ့ Monitor တွေကို အသုံးများနေသေးတယ်လို့ ပြောရမှာပါ။ ။အဲ့လိုပဲ Laptop တွေဘက်မှာဆိုရင်လည်း ကျွန်တော်တို့ ကို ပြီးခဲ့တဲ့ရက်ပိုင်းကပြသပေးခဲ့တဲ့ ASUS ရဲ့  July လအတွင်းမှာ တင်သွင်းလာမဲ့ Gaming Laptop အချို့ ဆို 240 Hz ထိကို Support ပြုလုပ်ပေးထားတဲ့ Display တွေပါလာပါသေးတယ်။

Image Credit: ASUS
ဘယ်အရာမဆိုအကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့အလျောက် refresh rate များလာတာဟာ အသုံးပြုရတာ Display ကို ကြည်ရှုရတာပိုမိုကောင်းလာတယ်ဆိုပေမဲ့ တစ်ခြားဘက်မှာလည်းဆိုးကျိုးတစ်ခုကရှိနေပါသေးတယ်။ အဲ့တာဘာလဲဆိုရင်တော့ Refresh rate များလာလေ ဖုန်းတွေရဲ့  Battery စားသုံးမှုပမာဏဟာပိုမိုများလာလေဖြစ်ပါတယ်။ ဒါကြောင့်လည်း One Plus 7 Pro လိုဖုန်းမျိုးမှာ Battery ပိုမိုအားကုန်တာမြန်တယ်ဆိုတဲ့သတင်းတွေလည်းထွက်လာတာပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်စေ Display တွေရဲ့  Refresh Rate တွေပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်လာကြသလို Refresh Rate များလာတဲ့အတွက်ကုန်သွားမဲ့ Battery ပမာဏကိုလည်းပိုမိုတာရှည်ခံအောင် Smart Phone Maker တွေကမလွဲမသွေလုပ်ဆောင်သွားနိုင်ပါကြောင်းပြောကြားရင်း …….

The post Screen Refresh Rate ဆိုတာဘာလဲ ? appeared first on Myanmar Mobile Phones Review.

Comments