Snapdragon 710 SoC ,48MP Camera တွေနဲ့ မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Realme X

မိခင်နိုင်ငံကို ပထမဆုံးအကြိမ်ဝင်ရောက်လာတဲ့ Realme X ကတော့ သူတို့ ရဲ့ ပထမခြေလှမ်းကို ခပ်ကျဲကျဲလှမ်းလိုက်တယ်လို့ ပြောရမှာပါ။ Entry Level ဖုန်းတွေနဲ့  Mid range ဖုန်းဈေးကွက်ထဲမှာပဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့ Realme X ကတော့ ပထမဆုံးအကြိမ်အဖြစ် Upper mid range ဈေးကွက်ကိုခြေချလိုက်ပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူကြည့်ပဲလားဆိုရင်တော့ Realme X Lite လေးနဲ့ ပါလို့ ပြောရမှာပါ။ ဟုတ်ပါတယ် Realme က ဒီနေ့ တရုတ်နိုင်ငံမှာ Realme X နဲ့  Realme Lite ကိုတရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။Realme X Lite ကိုတော့တစ်ခြား သတင်းတစ်ခုအနေနဲ့ သပ်သပ်ထပ်ပြီးတင်ပေးသွားပါမယ်။

Image Credit:Realme
Realme X ကိုတော့ 6.5 လက်မ AMOLED Display ကို 1080 Full HD+ resolution သုံးပေးထားတယ်။အဲ့တာကိုမှ in display fingerprint scanner ထည့်ပေးထားပါသေးတယ်။ အဲ့အပြင် ဘာ Notch ဘာ Punch Hole မှမပါတဲ့ Full View Display ဖြစ်အောင် pop up selfie camera ကိုတပ်ဆင်ပေးထားတဲ့အတွက် Realme X ရဲ့  Display ပိုင်းကသဘောကျစရာကောင်းနေမှာပါ။ သုံးပေးထားတဲ့ Fingerprint scanner က ပုံမှန် Fingerprint scanner တွေထက် 44 ရာခိုင်နှုန်းပိုမိုကြီးမားတဲ့ Finger Print Scanner ကို DSP acceleration engine နဲ့ ပေါင်းစပ်ပေးထားတဲ့အတွက် Unlock ပြုလုပ်တဲ့နေရာမှာ သိသိသာသာမြန်ဆန်မှာဖြစ်သလို Unlock ပြုလုပ်နိုင်တဲ့ Area ကလည်းတော်တော်လေးကိုကျယ်တယ်လို့ ပြောရမှာပါ။ဒီနည်းပညာကိုတော့ Realme က New Light Sensitive Screen Fingerprint လို့ ခေါ်ဝေါ်ခဲ့သလို အရင် generation ထကိ ၂၈.၅ ရာခိုင်နှုန်းထိပိုမိုမြန်ဆန်မယ်လို့ ပြောထားပါတယ်။


Image Credit : Realme
Processor ပိုင်းမှာတော့ Qualcomm ရဲ့  Snapdragon 710 SoC ကိုသုံးပေးထားသလို RAM အနေနဲ့  8GB ထိအမြင့်ဆုံးပါဝင်မှာဖြစ်သလို Storage အနေနဲ့ တော့ 128GB ထိပါဝင်လာမှာဖြစ်ပါတယ်။ out of the box မှာ Android Pie ကိုအခြေခံထားတဲ့ Color OS 6.0 နဲ့ ပဲပွဲထွက်လာမှာပါ။ ဒီ Realme X ရဲ့  အဓိက Key Selling Point အနေနဲ့  Camera ပိုင်းကိုအဓိကထားထားတာတွေ့ ရပြီး Main Camera sensor ကိုတော့ 48 Megapixel Camera ကို Aperture f/1.7 ကိုအသုံးပြုပေးထားပြီး နောက်ထပ် Sensor တစ်ခုကိုတော့ 5Megapixel f/2.4 depth sensor ကိုသုံးပေးထားပါတယ်။ မျှော်လင့်ထားသလို Ultra wide sensor ဖြစ်မလာတာတော့ စိတ်မကောင်းရာပါပဲ။ 48 Megapixel Camera sensor ကိုတော့ Sony ရဲ့  IMX 586 Sensor ကိုသုံးပေးထားတာဖြစ်သလို ဒီနှစ်ပိုင်းအတွင်းဖုန်းတွေမှာမြင်တွေ့ ရတဲ့အတိုင်း 12MP ၄ပုံကိုပေါင်းပြီး 48MP အဖြစ်ပြန်လည်ပြောင်းပစ်ပေးလိုက်တာပါ။

Image Credit : Realme
ဒါပေမဲ့ Realme ကတော့ Camera ပိုင်းမှာ Software trick လေးတွေထည့်ပေးထားတယ်လို့ ပြောခဲ့ပြီး Chroma Boost , AI Scene recognition , Nightscape , new portrait styles အစရှိတဲ့ Feature တွေပါလာမှာဖြစ်ပါတယ်။ selfie camera ကိုတော့ 16MP f/2.0 elevating camera ကိုထည့်သွင်းပေးထားပြီး Beauty Mode အသစ်တစ်ခုပါလာကာ ဒီ Feature နဲ့ ရိုက်ကူးမယ်ဆိုရင်တော့ groupလိုက် ပုံတွေရိုက်တဲ့အခါမျိုးမှာ အကုန်လုံး Beauty mode ကသက်ရောက်အောင်လုပ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။Pop up selfie camera ကိုတော့ Sony ရဲ့  IMX 471 Sensor ကိုသုံးပေးထားသလို ဒီ Sensor ကို Sapphire Glass Lens နဲ့ ဖုန်းအုပ်ပေးထားတဲ့အပြင် Drop Protection Mechanism ကိုသုံးပေးထားပါသေးတယ်။ အကြိမ်အရေအတွက် ၂၀၀၀၀၀ ထိစမ်းသပ်ပေးထားပြီး တစ်နေ အကြိမ် ၅၀ အဖွင့်အပိတ်လုပ်မယ်ဆိုရင်တောင ၁၀ နှစ်ထိခံနိုင်မယ်လို့ ကျွေးကြော်ထားခဲ့ပါတယ်။ Battery အနေနဲ့  3765 mAh ပါဝင်လာမှာဖြစ်ပြီး VOCC Charge 3.0 ကို Support ပေးထားသလို 55ရာခိုင်နှုန်းထိကို မိနစ် ၃၀ နဲ့ ပြန်လည်အားသွင်းနိုင်မှာပါ။

Image Credit : Realme
Realme X ကိုတော့ Steam White နဲ့  Punk Blue ဆိုပြီး အရောင် ( ၂ ) ရောင်ရောင်းချပေးသွားမယ်လို့ သိရှိရပြီး RAM 4GB/64GB Version အတွက် CNY 1499 ( မြန်မာငွေ ၃သိန်း၎သောင်းဝန်းကျင် ) RAM 6GB /64GB အတွက် CNY 1599 ( မြန်မာငွေ ၃သိန်း ၆သောင်းဝန်းကျင် ) နဲ့  RAM 8GB /128GB အတွက် CNY 1799 ( မြန်မာငွေ ၄သိန်း ၂သောင်းဝန်းကျင်ခန့် ) သာကျသင့်မှာဖြစ်လို့ ဒီဈေးတန်းကတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းတဲ့ဈေးတန်းလို့ ပြောရမှာပါ။

Ref:GSMArena

The post Snapdragon 710 SoC ,48MP Camera တွေနဲ့ မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Realme X appeared first on Myanmar Mobile Phones Review.

Comments