Social Media Marketing ကို စေလ့လာေနတဲ့လူေတြေရာ၊ လုပ္ေနတဲ့ လူေတြအတြက္ပါ အသံုး၀င္မယ့္ Tools ေလးေတြ အေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။ Social Media Marketing မွာ Tools ေတြကို အားကိုးၿပီး အလုပ္လုပ္တာဟာ ပိုၿပီးထိေရာက္တဲ့ ရလဒ္ေတြကို ရေစႏိုင္သလို ပိုမိုၿပီးေတာ့လည္း စနစ္က်ျမန္ဆန္ပါတယ္။ ကဲ…ဒါဆိုရင္ ေအာက္က Tools ေတြက ဘယ္လိုအေထာက္အကူရမလဲဆိိုတာ ဆက္ဖတ္ၾကည့္ရေအာင္ …..
Grammarly
Grammarly ဟာ English လို တင္ရမယ့္ သင့္ရဲ႕ Social media post ေတြကို စာလံုးေပါင္းစစ္ရာမွာ အေကာင္းဆံုး Tool တစ္ခု ျဖစ္ပါတယ္။
Grammarly ဟာ Software တစ္ခုျဖစ္တဲ့အျပင္ browser extention တစ္ခုလည္း ျဖစ္ပါတယ္။ ဒီ Tool ကို Mac နဲ႔ Windows computer ေတြမွာ free ေဒါင္းလို႔ ရပါတယ္။ Tool အသံုးျပဳရာသင့္ရဲ႕ document ေတြကို ထည့္ၿပီး စာလံုးေပါင္းနဲ႔ grammar မွန္မမွန္စစ္ေဆးလို႔ ရပါတယ္။ Safari, Chrome, and Firefox တို႔အတြက္ browser extension ႐ွိၿပီး သူက သင္ web မွာ ဘာပဲေရးေရး စစ္ေဆးေပးေနမွာျဖစ္ပါတယ္။ ဒီ Tool က သင္ေရးတဲ့ စကားလံုးအသံုးျပဳမႈ မွန္၊ မမွန္ ဆိုတာကိုလည္း စစ္ေဆးေပးမွာျဖစ္ပါတယ္။ Grammarly ရဲ႕ အားသာခ်က္ကေတာ့ standard spell-check လိုပဲ မွားေနတဲ့ေနရာကို highlight လုပ္ေပးထားမွာျဖစ္ပါတယ္။ သင္အမွားတစ္ခုေတြ႕တာနဲ႔ ခ်က္ခ်င္း ျပင္ႏိုင္မွာျဖစ္ပါတယ္။ Grammarly ရဲ႕ Free Version မွာ လုပ္ေဆာင္ခ်က္ေတြ အမ်ားႀကီးပါ၀င္ေပမယ့္လည္း ပိုက္ဆံေပးရတဲ့ version လည္း႐ွိၿပီး သူက ပိုေကာင္းတဲ့ စစ္ေဆးမႈေတြနဲ႔ အႀကံျပဳခ်က္ေတြပါ ပါလာမွာျဖစ္ပါတယ္။ Grammarly ကို အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ https://www. grammarly.com/ မွာ သြားေရာက္ အသံုးျပဳႏိုင္ပါတယ္။
Typeform
Online ေပၚမွာ Form တစ္ခုကို ဖန္တီးေတာ့မယ္ဆိုရင္ Typeform မွာ ႀကိဳးစားၾကည့္သင့္ပါတယ္။ သင္ဟာ Questionnaire တစ္ခုကို Google form, SurveyMonkey and Typeform လို Free ရတဲ့ ေနရာေတြမွာ ဖန္တီးႏိုင္ပါတယ္။ ဒါေပမယ့္ Typeform တျခားအရာေတြထက္ ပိုၿပီး အသံုး၀င္ပါတယ္။ Typeform မွာ information, survey ေကာက္ဖို႔ အတြက္တင္မဟုတ္ဘဲ payment system ေတြလည္း ပါ၀င္ပါတယ္။ TypeForm ကို ဖုန္းနဲ႔လည္း သံုးလို႔ရပါတယ္။ Typeform ဟာ web base ျဖစ္ၿပီး ဘယ္ platform မွာမဆို အလုပ္လုပ္ႏိုင္ပါတယ္။ ႐ိုး႐ုိး version မွာေတာ့ Form နဲ႔ Responses ေတြ Unlimited ပါ၀င္ပါတယ္။ pro နဲ႔ pro plus version ကို လစဥ္ေၾကးနဲ႔ upgrade လုပ္ႏိုင္ၿပီး သင့္ကို custom thank-you screen တစ္ခုနဲ႔ priority support ကိုေပးမွာျဖစ္ပါတယ္။ ဒီ Tool ကို အသံုးျပဳမယ္ဆိုရင္ေတာ့ Typeform.com မွာ သြားေရာက္အသံုးျပဳႏိုင္ပါတယ္။
Grytics
သင့္လုပ္ငန္းအတြက္ ေထာင္ထားတဲ့ Facebook group ထဲမွာ စာအမ်ားဆံုးဖတ္တဲ့ လူေတြကို သိရဖို႔အတြက္က သင့္ကို ဒုကၡေရာက္ေစပါတယ္။ Grytics က သင့္ကို active အျဖစ္ဆံုး members ေတြ engagement ေတြနဲ႔ activity scores ေတြကို စာရင္းဇယားေတြ ထုတ္ေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ group ထဲက top post ေတြကိုလည္း ျမင္ရေစမွာျဖစ္ပါတယ္။ သင့္ page ရဲ႕ Insight ကေန post တစ္ခုကို ဖြင့္လိုက္တဲ့အခါ ဒီ post ကုိ ဘယ္ႏွေယာက္ like ထားတယ္။ မႏွစ္သက္တဲ့ reaction ဘယ္ႏွေယာက္ေပးထားတယ္။ ဘယ္ႏွေယာက္ click ထားတယ္ စသျဖင့္ ေျပာျပေပးမွာျဖစ္ပါတယ္။ ဒီလိုပဲ Grytics ကလည္း သင့္ facebook group က post ေတြရဲ႕ အခ်က္အလက္မ်ိဳးေတြကို ေပးသြားမွာျဖစ္ပါတယ္။ Grytics က Member ေတြနဲ႔ engaged လုပ္ဖို႔ အသံုး၀င္ဆံုး Tool ပဲျဖစ္ပါတယ္။ Desktop Tool တစ္ခုျဖစ္ၿပီး Grytics.com မွာ သြားေရာက္ အသုံးျပဳႏိုင္ပါတယ္။ ၎ရဲ႕ Free Version မွာ basic data ေတြ ေတာ္ေတာ္မ်ားမ်ားေပးႏိုင္သလို premium, pro နဲ႔ enterprise versions ေတြကိုလည္း $၁၂, $၂၅ စတဲ့ လစဥ္ေၾကးေတြ features ေတြေပၚမွာ မူတည္ၿပီး ရယူႏိုင္မွာျဖစ္ပါတယ္။
Patch
အခုေနာက္ပိုင္းမွာ လူေတာ္ေတာ္မ်ားမ်ားက iOS ကို သံုးလာၾကၿပီဆိုေတာ့ သြားရင္းလာရင္း အေရးတႀကီး ပံု Edit လုပ္စရာေတြ ေပၚလာရင္ Patch က အသံုး၀င္မယ့္ iOS App ေလးတစ္ခုျဖစ္ပါတယ္။ Patch ဟာ iOS အတြက္ smart portrait editing app တစ္ခုျဖစ္ပါတယ္။ သင္ရဲ႕ ဓာတ္ပံုေတြကို အလိုအေလ်ာက္ edit လုပ္ေပးႏိုင္ၿပီး သင့္ပံုထဲက subject ကို ထင္ထင္႐ွား႐ွားေပၚေစဖို႔ background ကိုလည္း blur လုပ္ေပးမွာျဖစ္ပါတယ္။ ဓာတ္ပံုတစ္ပံုကို App ထဲကေနဖြင့္ၿပီး 10 second အတြင္းမွာ သင့္ရဲ႕ ဓာတ္ပံုကို ေျပာင္းလဲေပးႏိုင္ပါတယ္။ ပံုေတြကို သင့္ဖုန္းမွာ built in ပါတဲ့ ကင္မရာကေန ေသာ္လည္းေကာင္း၊ uploaded ပံုေတြကိုလည္းေကာင္း အျခားကင္မရာကေနေသာ္လည္းေကာင္း ရယူႏိုင္ပါတယ္။ Patch က္ို App Store မွာ free ရယူႏိုင္ၿပီး watermark မပါတဲ့ဟာ လိုခ်င္ရင္ေတာ့ $၁.၉၉ ေပးရမွာျဖစ္ပါတယ္။
Ripl
Ripl ဟာ App တစ္ခုျဖစ္ၿပီး images, video, captions နဲ႔ moving text ေတြကို တျခား App နဲ႔မတူဘဲ motion graphic ေတြကို လြယ္လြယ္ကူကူျပဳလုပ္ႏိုင္တဲ့ App တစ္ခုျဖစ္ပါတယ္။ Ripl ႐ိုး႐ိုး version ကေတာ့ free ရယူႏိုင္ၿပီး watermark မပါတဲ့ pro account version အတြက္ကိုေတာ့ $၉.၉၉ ကို လစဥ္ေၾကးအေနနဲ႔ ေပးရမွာျဖစ္ပါတယ္။ ဒါ့အျပင္ pro version မွာဆိုရင္ သင့္ရဲ႕ ကိုယ္ပိုင္ watermark ကိုထည့္ႏိုင္မွာျဖစ္ၿပီး တျခား popular ျဖစ္တဲ့ template design ေတြကို လည္း ရရွိမွာျဖစ္ပါတယ္။ Ripl app ကို iOS ေရာ Android မွာပါ ရရွိႏိုင္မွာျဖစ္ပါတယ္။ http://ripl.com/ မွာ သြားေရာက္ ေဒါင္းေလာ့ခ်ၿပီး အသံုးျပဳႏိုင္ပါတယ္။
Wetransfer
Wetransfer က Size ႀကီးတဲ့ File ေတြကို ေပးပို႔တဲ့ေနရာမွာ အေထာက္အကူအေတာ္ျဖစ္တဲ့ Tool တစ္ခုျဖစ္ပါတယ္။ ကိုယ္ေပးပို႔မယ့္ လူရဲ႕ Email နဲ႔ ကိုယ့္ Email ကိုထည့္ၿပီး Attach File မွာ ကုိယ္ပို႔ခ်င္တဲ့ File ကို တြဲၿပီး အလြယ္တကူ ေပးပို႔ႏိုင္ပါတယ္။ Password မလိုပါဘူး။ File ပို႔တာ ေရာက္သြားၿပီဆိုရင္ ပို႔တဲ့ Email ကိုေရာ အပို႔ခံရတဲ့ Email ကိုေရာ Link တစ္ခုေပးပို႔လာမွာပဲျဖစ္ပါတယ္။ ဒီ Link ကို ႏွိပ္ၿပီး အလြယ္တကူ ေဒါင္းယူႏိုင္ပါတယ္။ အႀကိဳက္ဆံုးအားသာခ်က္ကေတာ့ File Size ဘယ္ေလာက္ႀကီးႀကီးအခ်ိန္သိပ္မၾကာဘဲ ပို႔ႏိုင္တာျဖစ္ပါတယ္။ Android နဲ႔ iOS အတြက္ပါ App ထုတ္ေပးထားတာ ေၾကာင့္ File ေတြကို Transfer လုပ္ဖို႔အတြက္ အဆင္ေျပတဲ့ Tool တစ္ခုလို႔ Recommend ေပးခ်င္ပါတယ္။ အသံုးျပဳလိုတယ္ ဆိုရင္ေတာ့ https://wetransfer.com/ မွာ သြားေရာက္ အသံံုးျပဳႏိုင္ပါတယ္။
OneTab
OneTab ဟာ App တစ္ခုျဖစ္ၿပီး သင့္ရဲ႕ browser မွာ overload ျဖစ္ေနတဲ့ tab ေတြကို manage လုပ္ဖို႔ သင့္ကို ကူညီေပးမွာျဖစ္ပါတယ္။ သင့္ browser မွာ tab ေတြအမ်ားႀကီးဖြင့္ၿပီး သင့္ computer က bogging down ျဖစ္ေတာ့မယ္ ဆိုပါစို႔။ သင္ကလည္း ဒီ tab ေတြကို မဆံုး႐ႈံးခ်င္ဘူးဆိုရင္ OneTab ကို သံုးႏိုင္မွာျဖစ္ပါတယ္။ Google Chrome နဲ႔ firefox extension ေတြမွာ install ထားၿပီး ဒီေကာင္ေတြကို ၎ကို click လုပ္လိုက္မယ္ဆိုရင္ OneTab ထဲကို သင့္ရဲ႕ tab အားလံုးကို click လုပ္လို႔ရမယ့္ link အေနနဲ႔ list လုပ္ၿပီး ပို႔ေပးမွာျဖစ္ပါတယ္။ သင့္မွာ site အသစ္ ၆ ခု၊ ၇ ခု႐ွိၿပီး အဲဒီ site ေတြကို မနက္တိုင္း ၀င္ၾကည့္ျဖစ္တယ္ဆိုၾကပါစို႔။ သင့္ computer မွာ အဲ site တစ္ခုခ်င္းကို လိုက္ဖြင့္ၿပီး သင့္ computer ကို ေႏွးေစမယ့္အစား OneTab ရဲ႕ List ကို creat လုပ္ထားၿပီး သူတို႔အားလံုးကို တစ္ခ်က္တည္းနဲ႔ ဖြင့္ႏိုင္ပါတယ္။ ဒါဆိုရင္ သင္ဟာ ပထမဆံုးၿပီးစီးရမယ့္ tab ေတြေပၚမွာ အာ႐ံုစိုက္ႏိုင္ၿပီး အဲလို tab ေတြကိုေနာက္မွ reload ျပန္လုပ္ႏိုင္ပါတယ္။ အသံုးျပဳခ်င္ တယ္ဆိုရင္ေတာ့ http://bit.ly/1uSUwZL မွာ သြားေရာက္ အသံုးျပဳႏိုင္ပါတယ္။
Crowdfire
Crowdfire ဟာ iOS နဲ႔ Android အတြက္ Web App တစ္ခုျဖစ္ၿပီး သင့္ကို Facebook,Twitter နဲ႔ Instagram မွာ ပိုစ့္တင္ျခင္း၊ သင့္ follower ေတြနဲ႔ ဆက္သြယ္ျခင္း၊ သင့္ follower ေတြကို ႐ွင္းလင္းျခင္း၊ keyword ေတြနဲ႔ follower အသစ္ေတြ ႐ွာေဖြျခင္း၊ Post တင္ဖို႔ အေကာင္းဆံုး အခ်ိန္ဇယားေတြ ဆြဲေပးျခင္း စတဲ့ အလုပ္ေတြကို ခြင့္ျပဳေပးမွာျဖစ္ပါတယ္။ Crowdfire ဟာ သင့္ရဲ႕ smartphone ေပၚမွာ content ေတြကို ဖန္တီးတဲ့ process ေတြကို သင္နဲ႔အတူလုပ္ေဆာင္ေပးမွာ ျဖစ္ၿပီး အဲဒီ့ content ေတြကို hopper တစ္ခုထဲမွာ မွတ္ထားဖို႔လည္း ခြင့္ျပဳေပးမွာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ app က ဇယားထဲက အခ်ိန္မွာ သင့္ကိုအခ်က္ေပးမွာျဖစ္ၿပီး သင့္ post ကို manual တင္ႏိုင္မွာ ျဖစ္ပါတယ္။
Editorr
Editorr ဟာ text edit အတြက္ အေကာင္းဆံုး service တစ္ခုျဖစ္ပါတယ္။ သင္ကသာ submit လုပ္ထားမယ္ဆိုရင္ သင့္ရဲ႕ စာေတြကို edit လုပ္ေပးမယ့္ တကယ့္လူအစစ္ေတြဆီက writing help ေတြကုိ 24/7 ရ႐ွိႏိုင္မွာျဖစ္ပါတယ္။ သူတို႔ကို စာပိုဒ္တစ္ပိုဒ္ သို႔မဟုတ္ ႏွစ္ပိုဒ္ပါတဲ့ press release, blog post နဲ႔ social media post ေတြအတြက္ပါ သံုးႏိုင္ပါတယ္။ သင္ iOS, Android (သို႔) web ေပၚမွာ draft လုပ္ခဲ့တဲ့ စာေတြကိုယူၿပီး submit လုပ္လိုက္ပါ။ အဲဒီစာက သူတို႔ရဲ႕ team ကို ေရာက္႐ွိသြားၿပီး သူတို႔ထဲက editor တစ္ေယာက္က အလုပ္ကို လက္ခံပါလိမ့္မယ္။ သင့္ရဲ႕ စာလံုးေတြကို edit လုပ္ေပးၿပီး သင့္ဆီျပန္ပို႔မွာျဖစ္ကာ ေျပာင္းလဲထားတဲ့ စကားလံုးေတြရဲ႕ေအာက္မွာလည္း point out ထုတ္ေပးထားမွာျဖစ္ပါတယ္။ သင့္ရဲ႕ ပထမဆံုးစာလံုး အလံုးတစ္ရာအတြက္ကေတာ့ Free ျဖစ္ၿပီး ေနာက္ထပ္စာလံုးေတြ ထပ္ျပင္ခ်င္ရင္ေတာ့ စကားလံုးေတြ ၀ယ္ရမွာျဖစ္ပါတယ္။ Starter Package ကေတာ့ စာလံုး ၁၅၀ အတြက္ $၅ ျဖစ္ပါတယ္။ အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ http://bit.ly/29MuiCA မွာ သြားေရာက္ အသံုးျပဳႏိုင္ပါတယ္။
ဒီေလာက္ဆုိရင္ေတာ့ Tools ေတြရဲ႕ အသံုး၀င္ပံုကို သိေလာက္ၿပီလို႔ထင္ပါရဲ႕၊ အေပၚမွာ ေျပာျပခဲ့တဲ့ Tools ေတြကို အသံုးျပဳၿပီး ပိုမိုေကာင္းမြန္တဲ့ Social Media Marketing ရလဒ္မ်ားကုိ ဖန္တီးႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။
David Jame
(Unicode Version)
အသုံးဝင်စေမည့် Social Media Marketing လက်နက်များ
Social Media Marketing ကို စလေ့လာနေတဲ့လူတွေရော၊ လုပ်နေတဲ့ လူတွေအတွက်ပါ အသုံးဝင်မယ့် Tools လေးတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။ Social Media Marketing မှာ Tools တွေကို အားကိုးပြီး အလုပ်လုပ်တာဟာ ပိုပြီးထိရောက်တဲ့ ရလဒ်တွေကို ရစေနိုင်သလို ပိုမိုပြီးတော့လည်း စနစ်ကျမြန်ဆန်ပါတယ်။ ကဲ…ဒါဆိုရင် အောက်က Tools တွေက ဘယ်လိုအထောက်အကူရမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင် …..
Grammarly
Grammarly ဟာ English လို တင်ရမယ့် သင့်ရဲ့ Social media post တွေကို စာလုံးပေါင်းစစ်ရာမှာ အကောင်းဆုံး Tool တစ်ခု ဖြစ်ပါတယ်။
Grammarly ဟာ Software တစ်ခုဖြစ်တဲ့အပြင် browser extention တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Tool ကို Mac နဲ့ Windows computer တွေမှာ free ဒေါင်းလို့ ရပါတယ်။ Tool အသုံးပြုရာသင့်ရဲ့ document တွေကို ထည့်ပြီး စာလုံးပေါင်းနဲ့ grammar မှန်မမှန်စစ်ဆေးလို့ ရပါတယ်။ Safari, Chrome, and Firefox တို့အတွက် browser extension ရှိပြီး သူက သင် web မှာ ဘာပဲရေးရေး စစ်ဆေးပေးနေမှာဖြစ်ပါတယ်။ ဒီ Tool က သင်ရေးတဲ့ စကားလုံးအသုံးပြုမှု မှန်၊ မမှန် ဆိုတာကိုလည်း စစ်ဆေးပေးမှာဖြစ်ပါတယ်။ Grammarly ရဲ့ အားသာချက်ကတော့ standard spell-check လိုပဲ မှားနေတဲ့နေရာကို highlight လုပ်ပေးထားမှာဖြစ်ပါတယ်။ သင်အမှားတစ်ခုတွေ့တာနဲ့ ချက်ချင်း ပြင်နိုင်မှာဖြစ်ပါတယ်။ Grammarly ရဲ့ Free Version မှာ လုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပေမယ့်လည်း ပိုက်ဆံပေးရတဲ့ version လည်းရှိပြီး သူက ပိုကောင်းတဲ့ စစ်ဆေးမှုတွေနဲ့ အကြံပြုချက်တွေပါ ပါလာမှာဖြစ်ပါတယ်။ Grammarly ကို အသုံးပြုချင်တယ်ဆိုရင်တော့ https://www. grammarly.com/ မှာ သွားရောက် အသုံးပြုနိုင်ပါတယ်။
Typeform
Online ပေါ်မှာ Form တစ်ခုကို ဖန်တီးတော့မယ်ဆိုရင် Typeform မှာ ကြိုးစားကြည့်သင့်ပါတယ်။ သင်ဟာ Questionnaire တစ်ခုကို Google form, SurveyMonkey and Typeform လို Free ရတဲ့ နေရာတွေမှာ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် Typeform တခြားအရာတွေထက် ပိုပြီး အသုံးဝင်ပါတယ်။ Typeform မှာ information, survey ကောက်ဖို့ အတွက်တင်မဟုတ်ဘဲ payment system တွေလည်း ပါဝင်ပါတယ်။ TypeForm ကို ဖုန်းနဲ့လည်း သုံးလို့ရပါတယ်။ Typeform ဟာ web base ဖြစ်ပြီး ဘယ် platform မှာမဆို အလုပ်လုပ်နိုင်ပါတယ်။ ရိုးရိုး version မှာတော့ Form နဲ့ Responses တွေ Unlimited ပါဝင်ပါတယ်။ pro နဲ့ pro plus version ကို လစဉ်ကြေးနဲ့ upgrade လုပ်နိုင်ပြီး သင့်ကို custom thank-you screen တစ်ခုနဲ့ priority support ကိုပေးမှာဖြစ်ပါတယ်။ ဒီ Tool ကို အသုံးပြုမယ်ဆိုရင်တော့ Typeform.com မှာ သွားရောက်အသုံးပြုနိုင်ပါတယ်။
Grytics
သင့်လုပ်ငန်းအတွက် ထောင်ထားတဲ့ Facebook group ထဲမှာ စာအများဆုံးဖတ်တဲ့ လူတွေကို သိရဖို့အတွက်က သင့်ကို ဒုက္ခရောက်စေပါတယ်။ Grytics က သင့်ကို active အဖြစ်ဆုံး members တွေ engagement တွေနဲ့ activity scores တွေကို စာရင်းဇယားတွေ ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့် group ထဲက top post တွေကိုလည်း မြင်ရစေမှာဖြစ်ပါတယ်။ သင့် page ရဲ့ Insight ကနေ post တစ်ခုကို ဖွင့်လိုက်တဲ့အခါ ဒီ post ကို ဘယ်နှယောက် like ထားတယ်။ မနှစ်သက်တဲ့ reaction ဘယ်နှယောက်ပေးထားတယ်။ ဘယ်နှယောက် click ထားတယ် စသဖြင့် ပြောပြပေးမှာဖြစ်ပါတယ်။ ဒီလိုပဲ Grytics ကလည်း သင့် facebook group က post တွေရဲ့ အချက်အလက်မျိုးတွေကို ပေးသွားမှာဖြစ်ပါတယ်။ Grytics က Member တွေနဲ့ engaged လုပ်ဖို့ အသုံးဝင်ဆုံး Tool ပဲဖြစ်ပါတယ်။ Desktop Tool တစ်ခုဖြစ်ပြီး Grytics. com မှာ သွားရောက် အသုံးပြုနိုင်ပါတယ်။ ၎င်းရဲ့ Free Version မှာ basic data တွေ တော်တော်များများပေးနိုင်သလို premium, pro နဲ့ enterprise versions တွေကိုလည်း $၁၂, $၂၅ စတဲ့ လစဉ်ကြေးတွေ features တွေပေါ်မှာ မူတည်ပြီး ရယူနိုင်မှာဖြစ်ပါတယ်။
Patch
အခုနောက်ပိုင်းမှာ လူတော်တော်များများက iOS ကို သုံးလာကြပြီဆိုတော့ သွားရင်းလာရင်း အရေးတကြီး ပုံ Edit လုပ်စရာတွေ ပေါ်လာရင် Patch က အသုံးဝင်မယ့် iOS App လေးတစ်ခုဖြစ်ပါတယ်။ Patch ဟာ iOS အတွက် smart portrait editing app တစ်ခုဖြစ်ပါတယ်။ သင်ရဲ့ ဓာတ်ပုံတွေကို အလိုအလျောက် edit လုပ်ပေးနိုင်ပြီး သင့်ပုံထဲက subject ကို ထင်ထင်ရှားရှားပေါ်စေဖို့ background ကိုလည်း blur လုပ်ပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံကို App ထဲကနေဖွင့်ပြီး 10 second အတွင်းမှာ သင့်ရဲ့ ဓာတ်ပုံကို ပြောင်းလဲပေးနိုင်ပါတယ်။ ပုံတွေကို သင့်ဖုန်းမှာ built in ပါတဲ့ ကင်မရာကနေ သော်လည်းကောင်း၊ uploaded ပုံတွေကိုလည်းကောင်း အခြားကင်မရာကနေသော်လည်းကောင်း ရယူနိုင်ပါတယ်။ Patch ကို App Store မှာ free ရယူနိုင်ပြီး watermark မပါတဲ့ဟာ လိုချင်ရင်တော့ $၁.၉၉ ပေးရမှာဖြစ်ပါတယ်။
Ripl
Ripl ဟာ App တစ်ခုဖြစ်ပြီး images, video, captions နဲ့ moving text တွေကို တခြား App နဲ့မတူဘဲ motion graphic တွေကို လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Ripl ရိုးရိုး version ကတော့ free ရယူနိုင်ပြီး watermark မပါတဲ့ pro account version အတွက်ကိုတော့ $၉.၉၉ ကို လစဉ်ကြေးအနေနဲ့ ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် pro version မှာဆိုရင် သင့်ရဲ့ ကိုယ်ပိုင် watermark ကိုထည့်နိုင်မှာဖြစ်ပြီး တခြား popular ဖြစ်တဲ့ template design တွေကို လည်း ရရှိမှာဖြစ်ပါတယ်။ Ripl app ကို iOS ရော Android မှာပါ ရရှိနိုင်မှာဖြစ်ပါတယ်။ http://ripl.com/ မှာ သွားရောက် ဒေါင်းလော့ချပြီး အသုံးပြုနိုင်ပါတယ်။
Wetransfer
Wetransfer က Size ကြီးတဲ့ File တွေကို ပေးပို့တဲ့နေရာမှာ အထောက်အကူအတော်ဖြစ်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ ကိုယ်ပေးပို့မယ့် လူရဲ့ Email နဲ့ ကိုယ့် Email ကိုထည့်ပြီး Attach File မှာ ကိုယ်ပို့ချင်တဲ့ File ကို တွဲပြီး အလွယ်တကူ ပေးပို့နိုင်ပါတယ်။ Password မလိုပါဘူး။ File ပို့တာ ရောက်သွားပြီဆိုရင် ပို့တဲ့ Email ကိုရော အပို့ခံရတဲ့ Email ကိုရော Link တစ်ခုပေးပို့လာမှာပဲဖြစ်ပါတယ်။ ဒီ Link ကို နှိပ်ပြီး အလွယ်တကူ ဒေါင်းယူနိုင်ပါတယ်။ အကြိုက်ဆုံးအားသာချက်ကတော့ File Size ဘယ်လောက်ကြီးကြီးအချိန်သိပ်မကြာဘဲ ပို့နိုင်တာဖြစ်ပါတယ်။ Android နဲ့ iOS အတွက်ပါ App ထုတ်ပေးထားတာ ကြောင့် File တွေကို Transfer လုပ်ဖို့အတွက် အဆင်ပြေတဲ့ Tool တစ်ခုလို့ Recommend ပေးချင်ပါတယ်။ အသုံးပြုလိုတယ် ဆိုရင်တော့ https://wetransfer.com/ မှာ သွားရောက် အသံုံးပြုနိုင်ပါတယ်။
OneTab
OneTab ဟာ App တစ်ခုဖြစ်ပြီး သင့်ရဲ့ browser မှာ overload ဖြစ်နေတဲ့ tab တွေကို manage လုပ်ဖို့ သင့်ကို ကူညီပေးမှာဖြစ်ပါတယ်။ သင့် browser မှာ tab တွေအများကြီးဖွင့်ပြီး သင့် computer က bogging down ဖြစ်တော့မယ် ဆိုပါစို့။ သင်ကလည်း ဒီ tab တွေကို မဆုံးရှုံးချင်ဘူးဆိုရင် OneTab ကို သုံးနိုင်မှာဖြစ်ပါတယ်။ Google Chrome နဲ့ firefox extension တွေမှာ install ထားပြီး ဒီကောင်တွေကို ၎င်းကို click လုပ်လိုက်မယ်ဆိုရင် OneTab ထဲကို သင့်ရဲ့ tab အားလုံးကို click လုပ်လို့ရမယ့် link အနေနဲ့ list လုပ်ပြီး ပို့ပေးမှာဖြစ်ပါတယ်။ သင့်မှာ site အသစ် ၆ ခု၊ ၇ ခုရှိပြီး အဲဒီ site တွေကို မနက်တိုင်း ဝင်ကြည့်ဖြစ်တယ်ဆိုကြပါစို့။ သင့် computer မှာ အဲ site တစ်ခုချင်းကို လိုက်ဖွင့်ပြီး သင့် computer ကို နှေးစေမယ့်အစား OneTab ရဲ့ List ကို creat လုပ်ထားပြီး သူတို့အားလုံးကို တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။ ဒါဆိုရင် သင်ဟာ ပထမဆုံးပြီးစီးရမယ့် tab တွေပေါ်မှာ အာရုံစိုက်နိုင်ပြီး အဲလို tab တွေကိုနောက်မှ reload ပြန်လုပ်နိုင်ပါတယ်။ အသုံးပြုချင် တယ်ဆိုရင်တော့ http://bit.ly/1uSUwZL မှာ သွားရောက် အသုံးပြုနိုင်ပါတယ်။
Crowdfire
Crowdfire ဟာ iOS နဲ့ Android အတွက် Web App တစ်ခုဖြစ်ပြီး သင့်ကို Facebook,Twitter နဲ့ Instagram မှာ ပိုစ့်တင်ခြင်း၊ သင့် follower တွေနဲ့ ဆက်သွယ်ခြင်း၊ သင့် follower တွေကို ရှင်းလင်းခြင်း၊ keyword တွေနဲ့ follower အသစ်တွေ ရှာဖွေခြင်း၊ Post တင်ဖို့ အကောင်းဆုံး အချိန်ဇယားတွေ ဆွဲပေးခြင်း စတဲ့ အလုပ်တွေကို ခွင့်ပြုပေးမှာဖြစ်ပါတယ်။ Crowdfire ဟာ သင့်ရဲ့ smartphone ပေါ်မှာ content တွေကို ဖန်တီးတဲ့ process တွေကို သင်နဲ့အတူလုပ်ဆောင်ပေးမှာ ဖြစ်ပြီး အဲဒီ့ content တွေကို hopper တစ်ခုထဲမှာ မှတ်ထားဖို့လည်း ခွင့်ပြုပေးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ app က ဇယားထဲက အချိန်မှာ သင့်ကိုအချက်ပေးမှာဖြစ်ပြီး သင့် post ကို manual တင်နိုင်မှာ ဖြစ်ပါတယ်။
Editorr
Editorr ဟာ text edit အတွက် အကောင်းဆုံး service တစ်ခုဖြစ်ပါတယ်။ သင်ကသာ submit လုပ်ထားမယ်ဆိုရင် သင့်ရဲ့ စာတွေကို edit လုပ်ပေးမယ့် တကယ့်လူအစစ်တွေဆီက writing help တွေကို 24/7 ရရှိနိုင်မှာဖြစ်ပါတယ်။ သူတို့ကို စာပိုဒ်တစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ်ပါတဲ့ press release, blog post နဲ့ social media post တွေအတွက်ပါ သုံးနိုင်ပါတယ်။ သင် iOS, Android (သို့) web ပေါ်မှာ draft လုပ်ခဲ့တဲ့ စာတွေကိုယူပြီး submit လုပ်လိုက်ပါ။ အဲဒီစာက သူတို့ရဲ့ team ကို ရောက်ရှိသွားပြီး သူတို့ထဲက editor တစ်ယောက်က အလုပ်ကို လက်ခံပါလိမ့်မယ်။ သင့်ရဲ့ စာလုံးတွေကို edit လုပ်ပေးပြီး သင့်ဆီပြန်ပို့မှာဖြစ်ကာ ပြောင်းလဲထားတဲ့ စကားလုံးတွေရဲ့အောက်မှာလည်း point out ထုတ်ပေးထားမှာဖြစ်ပါတယ်။ သင့်ရဲ့ ပထမဆုံးစာလုံး အလုံးတစ်ရာအတွက်ကတော့ Free ဖြစ်ပြီး နောက်ထပ်စာလုံးတွေ ထပ်ပြင်ချင်ရင်တော့ စကားလုံးတွေ ဝယ်ရမှာဖြစ်ပါတယ်။ Starter Package ကတော့ စာလုံး ၁၅၀ အတွက် $၅ ဖြစ်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ http://bit.ly/29MuiCA မှာ သွားရောက် အသုံးပြုနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ Tools တွေရဲ့ အသုံးဝင်ပုံကို သိလောက်ပြီလို့ထင်ပါရဲ့၊ အပေါ်မှာ ပြောပြခဲ့တဲ့ Tools တွေကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ Social Media Marketing ရလဒ်များကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
David Jame
Comments
Post a Comment