Switch, Hub and Router တုိ႔အေၾကာင္း တုိလီမိုလီ

ကြၽန္ေတာ္တို႔ အင္တာနက္ကြန္ရက္ေတြအေၾကာင္း တီးမိေခါက္မိရွိတဲ့အခါ၊ ႐ံုးမွာပဲျဖစ္ျဖစ္၊ အိမ္မွာပဲျဖစ္ျဖစ္ ISP (Internet Service Provider) ေတြကတစ္ဆင့္ အင္တာနက္ခ်ိတ္ဆက္တဲ့အခါ Router တို႔၊ Switch တို႔ Hub တို႔ဆိုတာ ၾကားေနၾကစကားလံုးေတြပါ။ ဒါေပမယ့္ ဒီေကာင္ေတြ ဘယ္လုိအလုပ္လုပ္တယ္၊ ဘာအတြက္သံုးတယ္ဆိုတာကုိေတာ့ Network အင္ဂ်င္နီယာမဟုတ္ရင္ တိတိက်က်သိတဲ့သူ နည္းပါလိမ့္မယ္။ အဲဒီေတာ့ ဒီအေၾကာင္းကို နည္းနည္းရွင္းျပခ်င္ပါတယ္။

Switch, Hub နဲ႔ Router အကုန္လံုးက ကြန္ရက္ခ်ိတ္ဆက္တဲ့ေနရာမွာ အသံုးျပဳတဲ့ပစၥည္းေတြပါ။ Hub က အသံုးျပဳရတာ ႐ိုးရွင္းၿပီး ေစ်းေပါေပမယ့္ Bandwidth ျပဳန္းတီးမႈကိုျဖစ္ေစပါတယ္။ ေနာက္ၿပီး Hub ကတစ္ဆင့္ Data ေတြပို႔ၿပီဆိုရင္ ပို႔ခ်င္ခ်င္၊ မပို႔ခ်င္ခ်င္ Hub နဲ႔ ခ်ိတ္ဆက္ထား Device ေတြအကုန္လံုးဆီေရာက္ပါတယ္။ Hub က Packet တစ္ခုခ်င္းစီကို ပို႔ခ်င္တဲ့ Device ဆီကို တိတိက်က်ပို႔ႏိုင္စြမ္း မရွိေတာ့ဘူးလို႔ေျပာႏိုင္ပါတယ္။ Hub က သူ႔ဆီ၀င္လာတဲ့ Data တိုင္းကို ပြားၿပီးေတာ့ ကြန္ရက္နဲ႔ခ်ိတ္ဆက္ထားတဲ့ Device အကုန္လံုးကို ျပန္ပို႔ ပါတယ္။ မဆိုင္တဲ့ Device ေတြက၀င္လာတဲ့ Packet ေတြကို Ignore လုပ္ရပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Hub က ကြန္ရက္တစ္ခုေဆာက္ဖို႔အတြက္ ေစ်းအေပါဆံုး ပစၥည္းတစ္ခုပါပဲ။ ဒါေပမယ့္ သူ႔ရဲ႕အားနည္းခ်က္က မလိုအပ္တဲ့ Network Traffic ဆံုး႐ံႈးမႈေတြကို ျဖစ္ေစတာပါ။ ေနာက္ၿပီး Data လံုၿခံဳမႈမွာလည္း အားနည္းခ်က္ရွိေနပါတယ္။ မလိုအပ္တဲ့ Device ေတြကို Data ေတြသြားသြား ပို႔ေနတာေၾကာင့္ပါ။

Switch ကေတာ့ Hub ထက္ပိုၿပီး ဥာဏ္ရည္ျမင့္တဲ့အစ္ကုိႀကီးလို႔ ေျပာလို႔ရပါတယ္။ Hub နဲ႔အလုပ္လုပ္ပံုတူေပမယ့္ သူက မလိုအပ္တဲ့ Device ေတြဆီ Data ေတြ မပို႔ေတာ့ပါဘူး။ သူ႔ရဲ႕ Port တိုင္းမွာ လာခ်ိတ္ဆက္တဲ့ MAC Address ကို မွတ္ထားပါတယ္။ Ethernet ပဲျဖစ္ျဖစ္၊ Wifi ပဲျဖစ္ျဖစ္ ႏွစ္ခုလံုးနဲ႔ အလုပ္လုပ္ပါတယ္။ Switch က သူ႔ရဲ႕ဘယ္ Port မွာ၊ ဘယ္ကြန္ပ်ဴတာလာခ်ိတ္တယ္ဆိုတာကို Port နံပါတ္ရယ္ MAC Address ရယ္နဲ႔အတူ Switch Table မွာ မွတ္ထားပါတယ္။

Switch Table က စစခ်င္းမွာ အလြတ္ႀကီးပါ။ တကယ္လို႔ ကြၽန္ေတာ္တို႔ ကြန္ပ်ဴတာ A ကေန ကြန္ပ်ဴတာ C ကို Switch ကေနတစ္ဆင့္ Packet ေတြကို ပို႔တယ္ဆိုပါစို႔။ Switch က စစခ်င္းမွာ ဘယ္ဟာ ကြန္ပ်ဴတာ A ၊ ကြန္ပ်ဴတာ C ဆိုတာမသိပါဘူး။ Packet ထဲမွာပါ၀င္တဲ့ Mac Address ေတြကတစ္ဆင့္ ေထာက္လွမ္းၿပီးေတာ့ ဘယ္ဟာ ကြန္ပ်ဴတာ A ၊ ဘယ္ဟာက ကြန္ပ်ဴတာ C ဆိုတာကို Switch Table ထဲမွာ မွတ္ထားလိုက္ပါတယ္။  ဒီလိုနည္းနဲ႔ ကြန္ရက္တစ္ခုလံုးကို ၿခံဳငံုမိသြားၿပီး Switch Table တစ္ခုလံုးျပည့္သြားပါတယ္။

Router ဆိုတာကေတာ့ လူတိုင္းၾကားဖူးေနၾက စကားလံုးတစ္လံုးပါ။ တကယ္လို႔ ကြၽန္ေတာ္တို႔ရဲ႕ ကုိယ္ပိုင္ ကြန္ပ်ဴတာ ကေန www.google.com ႐ိုက္ၿပီး ႏွိပ္လိုက္တယ္ဆိုပါစို႔။ ကြၽန္ေတာ္တို႔ ကြန္ပ်ဴတာက Packet  ေတြဟာ Router အဆင့္ဆင့္ကို ျဖတ္သန္းသြားရၿပီးမွ Google Server ဆီကို ေရာက္သြားတာပါ။ Google Server ကေနလည္း Router အဆင့္ ဆင့္ျပန္ျဖတ္သန္းၿပီးမွ ကြၽန္ေတာ္တို႔ရဲ႕ ကြန္ပ်ဴတာဆီ ျပန္ေရာက္ပါတယ္။

အနီးစပ္ဆံုးေျပာရရင္ အိမ္တို႔၊ ႐ံုးတို႔က ကိုယ့္ရဲ႕ Home Router ေလးကိုေတာ့ သတိျပဳမိၾကမွာပါ။ Modern Router ေတြမွာ Network Address Translation (NAT), IP Address ေတြကို အလုိအေလ်ာက္ သတ္မွတ္ေပးတဲ့ Dynamic Host Configuration Protocol (DHCP) နဲ႔ Wi-Fi လႊင့္ဖို႔ Access Point သတ္မွတ္ေပးတာေတြကိုပါ လုပ္ႏိုင္စြမ္း ရွိပါတယ္။

Router ေတြက Packet ေတြကို Routing Table ေတြအတိုင္း ပို႔ၾကပါတယ္။ ကိုယ့္ Router ရဲ႕ Routing Table ကို သိခ်င္တယ္ဆိုရင္ Window OS သံုးတဲ့သူဆုိရင္ CMD ကေန “route print” ဆိုၿပီး ႐ိုက္ရွာလို႔ရပါတယ္။

မင္းသုခ

(Unicode Version)

Switch, Hub and Router တို့အကြောင်း တိုလီမိုလီ

ကျွန်တော်တို့ အင်တာနက်ကွန်ရက်တွေအကြောင်း တီးမိခေါက်မိရှိတဲ့အခါ၊ ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ISP (Internet Service Provider) တွေကတစ်ဆင့် အင်တာနက်ချိတ်ဆက်တဲ့အခါ Router တို့၊ Switch တို့ Hub တို့ဆိုတာ ကြားနေကြစကားလုံးတွေပါ။ ဒါပေမယ့် ဒီကောင်တွေ ဘယ်လိုအလုပ်လုပ်တယ်၊ ဘာအတွက်သုံးတယ်ဆိုတာကိုတော့ Network အင်ဂျင်နီယာမဟုတ်ရင် တိတိကျကျသိတဲ့သူ နည်းပါလိမ့်မယ်။ အဲဒီတော့ ဒီအကြောင်းကို နည်းနည်းရှင်းပြချင်ပါတယ်။

Switch, Hub နဲ့ Router အကုန်လုံးက ကွန်ရက်ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုတဲ့ပစ္စည်းတွေပါ။ Hub က အသုံးပြုရတာ ရိုးရှင်းပြီး ဈေးပေါပေမယ့် Bandwidth ပြုန်းတီးမှုကိုဖြစ်စေပါတယ်။ နောက်ပြီး Hub ကတစ်ဆင့် Data တွေပို့ပြီဆိုရင် ပို့ချင်ချင်၊ မပို့ချင်ချင် Hub နဲ့ ချိတ်ဆက်ထား Device တွေအကုန်လုံးဆီရောက်ပါတယ်။ Hub က Packet တစ်ခုချင်းစီကို ပို့ချင်တဲ့ Device ဆီကို တိတိကျကျပို့နိုင်စွမ်း မရှိတော့ဘူးလို့ပြောနိုင်ပါတယ်။ Hub က သူ့ဆီဝင်လာတဲ့ Data တိုင်းကို ပွားပြီးတော့ ကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ Device အကုန်လုံးကို ပြန်ပို့ ပါတယ်။ မဆိုင်တဲ့ Device တွေကဝင်လာတဲ့ Packet တွေကို Ignore လုပ်ရပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Hub က ကွန်ရက်တစ်ခုဆောက်ဖို့အတွက် ဈေးအပေါဆုံး ပစ္စည်းတစ်ခုပါပဲ။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်က မလိုအပ်တဲ့ Network Traffic ဆုံးရှုံးမှုတွေကို ဖြစ်စေတာပါ။ နောက်ပြီး Data လုံခြုံမှုမှာလည်း အားနည်းချက်ရှိနေပါတယ်။ မလိုအပ်တဲ့ Device တွေကို Data တွေသွားသွား ပို့နေတာကြောင့်ပါ။

Switch ကတော့ Hub ထက်ပိုပြီး ဉာဏ်ရည်မြင့်တဲ့အစ်ကိုကြီးလို့ ပြောလို့ရပါတယ်။ Hub နဲ့အလုပ်လုပ်ပုံတူပေမယ့် သူက မလိုအပ်တဲ့ Device တွေဆီ Data တွေ မပို့တော့ပါဘူး။ သူ့ရဲ့ Port တိုင်းမှာ လာချိတ်ဆက်တဲ့ MAC Address ကို မှတ်ထားပါတယ်။ Ethernet ပဲဖြစ်ဖြစ်၊ Wifi ပဲဖြစ်ဖြစ် နှစ်ခုလုံးနဲ့ အလုပ်လုပ်ပါတယ်။ Switch က သူ့ရဲ့ဘယ် Port မှာ၊ ဘယ်ကွန်ပျူတာလာချိတ်တယ်ဆိုတာကို Port နံပါတ်ရယ် MAC Address ရယ်နဲ့အတူ Switch Table မှာ မှတ်ထားပါတယ်။

Switch Table က စစချင်းမှာ အလွတ်ကြီးပါ။ တကယ်လို့ ကျွန်တော်တို့ ကွန်ပျူတာ A ကနေ ကွန်ပျူတာ C ကို Switch ကနေတစ်ဆင့် Packet တွေကို ပို့တယ်ဆိုပါစို့။ Switch က စစချင်းမှာ ဘယ်ဟာ ကွန်ပျူတာ A ၊ ကွန်ပျူတာ C ဆိုတာမသိပါဘူး။ Packet ထဲမှာပါဝင်တဲ့ Mac Address တွေကတစ်ဆင့် ထောက်လှမ်းပြီးတော့ ဘယ်ဟာ ကွန်ပျူတာ A ၊ ဘယ်ဟာက ကွန်ပျူတာ C ဆိုတာကို Switch Table ထဲမှာ မှတ်ထားလိုက်ပါတယ်။  ဒီလိုနည်းနဲ့ ကွန်ရက်တစ်ခုလုံးကို ခြုံငုံမိသွားပြီး Switch Table တစ်ခုလုံးပြည့်သွားပါတယ်။

Router ဆိုတာကတော့ လူတိုင်းကြားဖူးနေကြ စကားလုံးတစ်လုံးပါ။ တကယ်လို့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ကွန်ပျူတာ ကနေ www.google. com ရိုက်ပြီး နှိပ်လိုက်တယ်ဆိုပါစို့။ ကျွန်တော်တို့ ကွန်ပျူတာက Packet  တွေဟာ Router အဆင့်ဆင့်ကို ဖြတ်သန်းသွားရပြီးမှ Google Server ဆီကို ရောက်သွားတာပါ။ Google Server ကနေလည်း Router အဆင့် ဆင့်ပြန်ဖြတ်သန်းပြီးမှ ကျွန်တော်တို့ရဲ့ ကွန်ပျူတာဆီ ပြန်ရောက်ပါတယ်။

အနီးစပ်ဆုံးပြောရရင် အိမ်တို့၊ ရုံးတို့က ကိုယ့်ရဲ့ Home Router လေးကိုတော့ သတိပြုမိကြမှာပါ။ Modern Router တွေမှာ Network Address Translation (NAT), IP Address တွေကို အလိုအလျောက် သတ်မှတ်ပေးတဲ့ Dynamic Host Configuration Protocol (DHCP) နဲ့ Wi-Fi လွှင့်ဖို့ Access Point သတ်မှတ်ပေးတာတွေကိုပါ လုပ်နိုင်စွမ်း ရှိပါတယ်။

Router တွေက Packet တွေကို Routing Table တွေအတိုင်း ပို့ကြပါတယ်။ ကိုယ့် Router ရဲ့ Routing Table ကို သိချင်တယ်ဆိုရင် Window OS သုံးတဲ့သူဆိုရင် CMD ကနေ “route print” ဆိုပြီး ရိုက်ရှာလို့ရပါတယ်။

မင်းသုခ

Comments