Xiaomi ကဖုန်းတွေကို Customer တွေဆီ တိုက်ရိုက်ရောင်းချတဲ့ နည်းလမ်းနဲ့ ၀ယ်ယူသူတွေအကုန်အကျသက်သာအောင် ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ဒါပေမဲ့လည်း မည်သည့်ထုတ်ကုန်ပစ္စည်းမဆို တစ်ဆင့်ခံ ရောင်းချမှုဆွေရှိနေသလိုမျိုး Xiaomi ဖုန်းတွေဟာလည်းတစ်ဆင့်ခံရောင်းချပေးတဲ့ သူဆွေဆီကအနည်းငယ်ပိုများတဲ့ ဈေးနဲ့ပေးဝယ်ကြရတာပဲ ဖြစ်ပါတယ်။

Image Credit : Mi India
ဒီ့အတွက် ဖြေရှင်းဖို့ Xiaomi က ဘယ်အချိန်ခဲကကြိုးပမ်းထားလဲမသိပေမဲ့ အခု အကောင်အထည်ဖော်လိုက်တဲ့ နည်းကတော့လက်ဖျားခါစရာပါ။ ဘယ်လိုနည်းလမ်းလဲ ဆိုရင်တော့ ဖုန်းတွေကို လူစည်ကားရာအရပ်တွေ ပန်းခြံ တွေ နဲ့ tech Zone တွေမှာ Vending Machine တွေချပေးပြီး တိုက်ရိုက်ဝယ်ယူနိုင်ခွင့်ပေးတဲ့နည်းကိုအသုံးပြုလိုက်တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ Vending Machine ဖြစ်တဲ့ Mi Express Kioksတွေကို india နိုင်ငံထဲမှာပဲစတင်အသုံးပြုခွင့်ပေးထားတာဖြစ်ပြီးနောက်ပိုင်းမှာတော့ တစ်ခြားနို်င်ငံတွေမှာပါ Mi Express Kioks တွေကိုမြင်တွေ့ရဖို့ရှိနေပြီပဲ ဖြစ်ပါတယ်။
Ref:Mi India
The post Vending Machine စက်ထဲ ဖုန်းတွေထည့်ရောင်းတော့မဲ့Xiaomi appeared first on Myanmar Mobile Phones Review.
Comments
Post a Comment