Xiaomi ကထုတ်လုပ်ထားခဲ့တဲ့ Mi 9 က P2P ပိုင်းကောင်းမွန်သလို ဈေးနှုန်းသက်သာတဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ထဲမှာအမြောက်အများရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ Digital Blogger တစ်ယောက်ဖြစ်သူ iceuniverse ကတစ်ဆင့်တင်ထားခဲ့တဲ့သတင်းအရ Xiaomi အနေနဲ့ အဆိုပါ Mi 9 ဖုန်းကို ၂၄ ကာရက်ရှိ ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ရောင်းချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Image Credit :Gizchina
အဆိုပါ ၂၄ ကာရက်ရွှေသားဖြင့်ပြုလုပ်ထားတဲ့ Mi 9 ကို Qinglong Chinese Design , White Tiger Style နဲ့  Koi of Fire Design ဆိုပြီး Design 3 မျိုးနဲ့ ရောင်းချသွားဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ လည်း ရွှေသားဖြင့်ကိုယ်ထည်ကိုအသုံးပြုခဲ့ပါက လက်ရှိ Mi 9 မှာအသုံးပြုနိုင်နေတဲ့ Wireless Charging စနစ်နဲ့  NFC စနစ်တွေအသုံးပြုလို့ ရပါ့ဦးမလားဆိုတာနဲ့ ပတ်သတ်ပြီးတော့မေးခွန်းထုတ်စရာတွေရှိလာနိုင်ပါတယ်။
တစ်ကယ်လို့ သာ Mi 9 ကို 24 ကာရက်ရှိရွှေသားစစ်စစ်ဖြင့်ပြုလုပ်ရောင်းချပေးခဲ့ရင် Limited Edition ဖြစ်တဲ့အလျောက်ဈေးနှုန်းပိုင်းမြင့်မားနိုင်မှာဖြစ်သလို ဘယ်ဈေးလောက်နဲ့ ရောင်းချပေးသွားမလဲဆိုတာက ခန့် မှန်းဖို့ စောနေပါသေးတယ်။လက်ရှိအချိန်မှာတော့ Mi 9 အတွက် အမြင့်ဆုံးဈေးနှုန်းအနေနဲ့ ( RAM 12GB/Storage 256GB) ကို တရုတ်ယွမ် 3999 ( မြန်မာငွေ ၉ သိန်း ၀န်းကျင် ) ခန့် နဲ့ ရောင်းချပေးနေတာပဲဖြစ်ပါတယ်။
Ref:GizChina
The post ၂၄ ကာရက် ရွှေသားနဲ့ ပြုလုပ်ထားတဲ့ Xiaomi Mi 9 ထွက်လာဖွယ်ရှိ appeared first on Myanmar Mobile Phones Review.

Comments
Post a Comment