Zenfone 6 တွင် SD855SoC,48MP Camera,5000mAh Battery ပါဝင်လာမည်ဟု ASUS မှအတည်ပြု

လာမဲ့ မေလ ၁၆ ရက်နေ့ တွင် တရားဝင်မိတ်ဆက်ပေးတော့မှာဖြစ်တဲ့ Zenfone 6 နဲ့ ပတ်သတ်တဲ့ အချက်အလက်အချို့ ကို ASUS အနေနဲ့ အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ASUS အနေနဲ့  Twitter မှာ တင်ခဲ့တဲ့ပုံစံအရ Zenfone 6 မှာ Qualcomm ရဲ့ နောက်ဆုံးထွက် flagship SoC ဖြစ်တဲ့ Snapdragon 855 SoC ပါဝင်လာမှာဖြစ်ပြီး အခြားအသေးစိတ်အချက်အလက်တွေဖြစ်တဲ့ Notification LED နဲ့  3.5mm headphone jack တို့ အပြင် USB Type C ပေါက်တို့ ပါဝင်လာမယ်ဆိုတာကိုသိရှိခဲ့ရပြီပဲဖြစ်ပါတယ်။

Image Credit:GSMArena
ASUS ရဲ့  executive အချို့ အနေနဲ့  Zenfone 6 ရဲ့  Morse Code ကို Instagram မှာတင်ထားပေးခဲ့သလိုအဆိုပါ Code ကို Converted ပြုလုပ်ကြည့်တဲ့အခါမှာတော့ Zenfone 6 မှာ 48 Megapixel +13 Megapixel Camera Setup တို့ ပါဝင်လာမှာဖြစ်သလို Battery အနေနဲ့ လည်း 5000 mAh ထိပါဝင်လာဖို့ ရှိနေပါတယ် ။Zenfone 6 ရဲ့  Antutu Benchmark ရမှတ်ကလည်းလတ်တလောကျေနပ်ဖို့ ကောင်းလောက်တဲ့ရမှတ်လို့ ပြောလို့ ရတဲ့ 363172 မှတ်ထိရရှိထားကြောင့်သိရှိခဲ့ပြီးဖြစ်သလို Antutu Benchmark တိုင်းတုန်းကထွက်ရှိထားတဲ့ Screen resolution မှာလည်း 2340×1080 FullHD+ resolution နဲ့ထွက်လာဖို့ သေချာသလောက်ရှိနေပြီလို့ ပြောရမှာပါ။Zenfone 6 ကိုတော့ Slider ပါဝင်လာတဲ့ Full View ဖုန်းတစ်လုံးအဖြစ်မကြာခင်မှာမြင်တွေ့ ရတော့မှာဖြစ်သလို ထိုင်ဝမ် ကုမ္ပဏီအနေနဲ့ ၂၀၁၉ flagship ဖုန်းတွေမှာပါတဲ့အခြားသော Feature တွေလည်းထည့်သွင်းလာဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Ref:GSMArena

The post Zenfone 6 တွင် SD855SoC,48MP Camera,5000mAh Battery ပါဝင်လာမည်ဟု ASUS မှအတည်ပြု appeared first on Myanmar Mobile Phones Review.

Comments