Google ကနေ Pixel 4a စမတ်ဖုန်းကို ပြီးခဲ့တဲ့ရကပိုင်းတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Pixel 4a စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ $349 နဲ့ရောင်းချနေတာဖြစ်ပြီး အခုအချိန်မှာလည်း ရောင်းအားအကောင်းဆုံးစမတ်ဖုန်းအနေနဲ့ နေရာယူထားပြီးပြီလို့ သိရပါတယ်။
ဒါကတော့ US Amazon Website မှာ Samsung Galaxy A20s စမတ်ဖုန်းကို ကျော်လွန်ပြီးတော့ Best Unlock Smartphone တွေထဲမှာ Pixel 4a က နံပါတ် (၁) နေရာယူရယူထားတာဖြစ်ပါတယ်။ လောလောဆယ်မှာ Pixel 4a စမတ်ဖုန်းကို Amazon မှာ တရားဝင်ရောင်းချခြင်းမရှိသေးဘဲ Pre-order ပဲလက်ခံနေတာဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာ ရောင်းအားအကောင်းဆုံးဖုန်းအနေနဲ့ နေရာယူနိုင်ခဲ့တာပါ။
မနှစ်တုန်းက Google Pixel 3a စမတ်ဖုန်းကလည်း Amazon Website မှာ ရောင်းအားအကောင်းဆုံးဖုန်းအနေနဲ့ နေရာယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Pixel 4a က ပိုပြီးအချိန်တိုအတွင်းမှာ ရောင်းအားအကောင်းဆုံးဖုန်းဖြစ်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။
Amazon လိုမျိုးပဲ Best Buy Website မှာလည်း Pixel 4a စမတ်ဖုန်းဟာ ရောင်းအားအကောင်းဆုံးဖုန်းတွေထဲမှာ ဒုတိယအနေနဲ့ရယူထားပြီဖြစ်တယ်လို့ သိရပါတယ်။ Best Buy ရဲ့ ရောင်းအားအကောင်းဆုံးဖုန်းအနေနဲ့ကတော့ မနှစ်တုန်းက Pixel 3a XL ဖုန်းက နေရာယူထားတာဖြစ်ပါတယ်။
Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Pixel စမတ်ဖုန်းအလုံးရေ ၇.၂ သန်းအထိ ရောင်းချခဲ့ရပြီးတော့ OnePlus ထက်တောင် ပိုပြီးရောင်းအားကောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်အတွက် Pixel 4a စမတ်ဖုန်းဟာ Google အတွက် ပထမဆုံးမိတ်ဆက်ထားတဲ့ဖုန်းတစ်လုံးဖြစ်သလို Pixel 4 Series ဖုန်းတွေကိုလည်း ရောင်းချခြင်းမရှိတော့တဲ့အတွက် မနှစ်ကထက် ရောင်းအားကောင်းဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ပြောရမှာပါ။
Ref – Android Authority
The post Amazon နဲ့ Best Buy မှာရောင်းအားအကောင်းဆုံးဖုန်းအဖြစ်နေရာယူထားတဲ့ Google Pixel 4a appeared first on MyTech Myanmar.



Comments
Post a Comment