တရုတ်မှာ မောင်းသူမဲ့ တက္ကစီ ၃ သိန်း ပြေးဆွဲမည်

Artificial Intelligence (AI) နည်းပညာ တိုးတက်မှုတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လျှပ်စစ်ကား (EV) ကဏ္ဍတွေရဲ့ အားကောင်းမှုတွေကြောင့် တရုတ်နိုင်ငံရဲ့ ထိပ်တန်းမြို့ကြီး လေးမြို့မှာ ၂၀၃၀ ခုနှစ် အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီအစီးရေ ၃၀၀,၀၀၀ လောက် ပြေးဆွဲနေတာကို မြင်တွေ့ရနိုင်ခြေရှိတယ်လို့ UBS က ပြောပါတယ်။

An Apollo Go self-driving car in Wuhan. Photo: Xinhua

တရုတ်ခရီးသည်တွေက နည်းပညာအသစ်တွေကို လက်ခံသုံးစွဲလိုစိတ် ပိုရှိလာတဲ့အတွက် တရုတ်ပြည်မကြီးမှာရှိတဲ့ ရိုဘိုတက္ကစီ အရေအတွက်က ၂၀၃၀ ပြည့်နှစ်တွေရဲ့ နှောင်းပိုင်းလောက်မှာ အစီးရေ ၄ သန်းအထိ ခုန်တက်လာဖို့ မျှော်လင့်ရတယ်လို့ UBS ရဲ့ တရုတ်မော်တော်ယာဉ်ဆိုင်ရာ သုတေသနဌာနခေါင်းဆောင် ပေါလ်ဂေါင်က ပြောပါတယ်။

China to have 300,000 driverless cabs by 2030

“နည်းပညာတွေ အမြန်တိုးတက်လာတာနဲ့ အလုပ်သမားစရိတ်တွေ ပိုပိုပြီးဈေးကြီးလာတာကြောင့် မောင်းသူမဲ့ ယာဉ်တွေက ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးရာမှာ အလွန်အထောက်အကူပြုပါလိမ့်မယ်” လို့ သူက ပြောပါတယ်။ တက္ကစီအစီးရေ နှစ်သန်းနဲ့ ride-hailing ပလက်ဖောင်းတွေမှာ ပြေးဆွဲနေတဲ့ ကားအစီးရေ ငါးသန်းလုံးကို မောင်းသူမဲ့တက္ကစီတွေနဲ့ အစားထိုးနိုင်ခဲ့မယ်ဆိုရင် တရုတ်ပြည်မကြီးရဲ့ ရိုဘိုတက္ကစီဈေးကွက်က တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၈၃ ဘီလီယံအထိ နောက်ဆုံးမှာ ရောက်လာနိုင်တယ်လို့လည်း သူက ထပ်ပြောပါတယ်။

လူသားခရီးသည်တွေကို ဝန်ဆောင်မှုပေးတာအပြင် တရုတ်ပြည်မကြီးမှာရှိတဲ့ မောင်းသူမဲ့ တက္ကစီတွေက ကုန်စည်ပို့ဆောင်ရေးနဲ့ ပစ္စည်းပို့ဝန်ဆောင်မှုတွေကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ တန်ဖိုးရှိတဲ့ ဝင်ငွေကိုလည်း ရှာပေးနိုင်တယ်လို့ HSBC က ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

မောင်းသူမဲ့ နည်းပညာတွေပါတဲ့ လျှပ်စစ်ကား (EV) တွေကို တည်ဆောက်တဲ့ ကုန်ကျစရိတ် သက်သာလာတာက တရုတ်ပြည်မကြီးမှာ ရိုဘိုတက္ကစီယာဉ်တန်းတွေ တိုးချဲ့ဖို့အတွက် အကြီးမားဆုံး တွန်းအားဖြစ်တယ်လို့ ဂေါင်က ပြောပါတယ်။ မောင်းသူမဲ့ တက္ကစီတစ်စီး ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ယွမ် ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၁,၉၃၅) အောက်ကို လျော့ကျသွားမယ်လို့လည်း သူက ထပ်ပြောပါတယ်။

Ref : southchinamorningpost

The post တရုတ်မှာ မောင်းသူမဲ့ တက္ကစီ ၃ သိန်း ပြေးဆွဲမည် appeared first on MyTech Myanmar.

Comments