Qualcomm ရဲ့ CEO ဖြစ်တဲ့ Cristiano Amon က 6G သုံးနိုင်တဲ့ Device တွေကို ၂၀၂၈ ခုနှစ်မှာ စတင်မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ Device တွေက စီးပွားဖြစ်ရောင်းချမယ့် စမတ်ဖုန်းတွေထက် စမ်းသပ်တဲ့ Device တွေ ဖြစ်နိုင်ခြေများပါတယ်။
6G ကွန်ရက်ကို အပြည့်အဝ စတင်နိုင်မယ့်အချိန်က ၂၀၃၀ ခုနှစ်လောက်မှာ ဖြစ်မယ်လို့ မျှော်လင့်ရပြီး အဲဒီအချိန်မှာ Apple၊ Samsung နဲ့ OnePlus တို့က 6G စမတ်ဖုန်းတွေကို ရောင်းချနိုင်ပါတယ်။
6G ကွန်ရက်ဟာ 5G ထက် အဆ ၁၀၀ ပိုမြန်ပြီး ဒါဟာ AI အသုံးချပရိုဂရမ်တွေနဲ့ 3D ဂိမ်းတွေအတွက် အရေးကြီးပါတယ်။ အိန္ဒိယနဲ့ တခြားနိုင်ငံတွေကလည်း 6G အခြေခံအဆောက်အအုံကို စတင်တည်ဆောက်နေကြပြီ ဖြစ်ပါတယ်။
၂၀၂၈ ခုနှစ်က အလှမ်းဝေးသေးတယ်လို့ ထင်ရပေမယ့် 4G ကနေ 5G ကို လျင်မြန်စွာ ကူးပြောင်းနိုင်သလိုမျိုး 5G ကနေ 6G ကိုလည်း ကူးပြောင်းတဲ့အခါမှာလည်း အလားအလာကောင်းနိုင်ပါတယ်။
Ref : Fossbytes
The post ၂၀၂၈ ခုနှစ်မှာ 6G စမတ်ဖုန်း ထွက်မည် appeared first on MyTech Myanmar.
Comments
Post a Comment