Honor X9d ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းရဲ့ အမိုက်ဆုံး အချက်တွေက ကြီးမားတဲ့ 8,300mAh ဆီလီကွန်-ကာဗွန် (Si-C) ဘက်ထရီနဲ့ အပူချိန်မြင့်မားတဲ့ ဖိအားသုံးရေပန်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ IP69K အဆင့် သတ်မှတ်ချက်တို့ပဲ ဖြစ်ပါတယ်။ X9d ဟာ တကယ်တော့ ဒီနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံမှာပဲ သီးသန့်ထုတ်လုပ်ခဲ့တဲ့ Honor X70 ကို နာမည်ပြောင်းထားတာဖြစ်ပြီး တစ်ခုတည်းသော ကွာခြားချက်ကတော့ 66W ကြိုးတပ်အားသွင်းစနစ်က အနည်းငယ်ပိုနှေးသွားတာပဲ ဖြစ်ပါတယ်။

X9d မှာ 6.79 လက်မ AMOLED (FHD+ 120Hz) display ကို အသုံးပြုထားပြီး Peak Brightness က 6,000 nits အထိ ရှိပါတယ်။ ဒီဖုန်းမှာ Qualcomm ရဲ့ Snapdragon 6 Gen 4 chipset ကို တပ်ဆင်ထားပြီး 12GB RAM နဲ့ 256GB ဒါမှမဟုတ် 512GB storage အမျိုးအစားတွေ ပါဝင်ပါတယ်။ ဒါ့အပြင် တုန်ခါမှုဒဏ်ကို စုပ်ယူနိုင်တဲ့ ဘေးဘောင်ကို သုံးထားပါတယ်။
X9d ရဲ့ ကျောဘက်မှာ X70 မှာလိုပဲ စက်ဝိုင်းပုံ ကင်မရာဒီဇိုင်းကို သုံးထားပေမယ့် 108MP main camera နဲ့ 5MP ultrawide lens တို့ကိုပဲ ထည့်သွင်းပေးထားပါတယ်။ Software ပိုင်းအနေနဲ့ Android 15 ကို အခြေခံထားတဲ့ MagicOS 9.0 ကို အသုံးပြုထားပါတယ်။
X9d ကို အညိုရောင်၊ အနက်ရောင်၊ ရွှေအိုရောင်နဲ့ အစိမ်းရောင်ဆိုတဲ့ အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ 12/256GB အမျိုးအစားကို မလေးရှားရင်းဂစ် ၁,၄၉၉ (အမေရိကန်ဒေါ်လာ ၃၅၆) နဲ့ 512GB storage အမျိုးအစားကိုတော့ မလေးရှားရင်းဂစ် ၁,၆၉၉ (အမေရိကန်ဒေါ်လာ ၄၀၃) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : gsmarena
The post 8,300mAh ဘက်ထရီ ပါတဲ့ Honor X9d ကို ကြေညာ appeared first on MyTech Myanmar.

Comments
Post a Comment