ထိုင်းနိုင်ငံ ပတ္တရား ကမ်းလွန်ပင်လယ်ပြင်မှာ ကယက်လှေမှောက်ပြီး လမ်းပျောက်နေခဲ့တဲ့ လူငယ်တစ်ဦးက သူ့ရဲ့ Apple Watch ကနေတစ်ဆင့် အရေးပေါ်အကူအညီတောင်းခံခဲ့လို့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် Santipong ဆိုသူဟာ စက်တင်ဘာ ၂၅ ရက်နေ့ည ၁၁ နာရီလောက်မှာ Kratinglai ကမ်းခြေ ကနေ Koh Lan Island ကို camping ထွက်ဖို့အတွက် တစ်ယောက်တည်း ကယက်လှေလှော်ခတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်မှာ ရုတ်တရက် လေပြင်းတွေတိုက်ခတ်ပြီး လှိုင်းကြီးလာတာကြောင့် သူ့ရဲ့ကယက်လှေဟာ မှောက်သွားခဲ့ပါတယ်။

လှေမှောက်သွားချိန်မှာ သူ့ရဲ့ဖုန်းနဲ့ တခြားပစ္စည်းတွေ ရေထဲမျောပါသွားခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ သူဝတ်ဆင်ထားတဲ့ Apple Watch က အသုံးဝင်သွားခဲ့ပါတယ်။ သူဟာ Apple Watch မှာပါဝင်တဲ့ SOS feature ကိုသုံးပြီး ပင်လယ်ရေကြောင်းဘေးအန္တရာယ်ကာကွယ်ရေးစင်တာ (Marine Disaster Prevention Center) ကို အရေးပေါ်အကူအညီ တောင်းခံခဲ့တာဖြစ်ပါတယ်။ အဲဒီ feature က သူ့ရဲ့တည်နေရာကိုပါ တစ်ပါတည်း ပေးပို့ပေးခဲ့ပါတယ်။
အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ နာရီကပေးပို့တဲ့ တည်နေရာကို အခြေခံပြီး ပင်လယ်ပြင်ထဲမှာ ရှာဖွေခဲ့ကြပါတယ်။ မကြာခင်မှာပဲ Santipong ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ်းခြေကို ဘေးမသီရန်မခဘဲ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ခေတ်မီ နည်းပညာတွေက မမျှော်လင့်တဲ့ အရေးပေါ်အခြေအနေတွေမှာ လူ့အသက်တွေကို ကယ်တင်နိုင်တာကို မီးမောင်းထိုးပြနေပါတယ်။
Ref : Khaosod
The post Apple Watch က ပင်လယ်ထဲ လှေမှောက်သွားတဲ့ လူတစ်ဦးရဲ့ အသက်ကို ကယ်တင် appeared first on MyTech Myanmar.
Comments
Post a Comment