Google ရဲ့ လူကြိုက်များတဲ့ Gemini 2.5 Flash Image model အသစ်ဖြစ်တဲ့ Nano Banana ဟာ Adobe Photoshop ကိုရောက်လာပြီ ဖြစ်ပါတယ်။ Photoshop ရဲ့ beta app ကို သုံးစွဲခွင့်ရတဲ့သူတွေဟာ Nano Banana ကို အသုံးပြုပြီး ပုံတွေ ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။ Nano Banana ဟာ ဓာတ်ပုံတွေကနေ လူကြိုက်များတဲ့ 3D အရုပ်သေးသေးလေးတွေ ဖန်တီးပေးနိုင်တာနဲ့ လူသိများပါတယ်။ အခုဆိုရင် Adobe ရဲ့ ကိုယ်ပိုင် Firefly model နဲ့အတူ Generative Fill tool ထဲမှာ တိုက်ရိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Nano Banana ဟာ Black Forest Labs က ထုတ်လုပ်တဲ့ contextual model အသစ်တစ်ခုနဲ့အတူ ဒီ platform ပေါ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ Black Forest Labs ဆိုတာကတော့ X platform မှာ Grok အသုံးပြုတဲ့ AI ပုံဖန်တီးပေးတဲ့ နည်းပညာကို ရေးဆွဲခဲ့တဲ့ developer တွေဖြစ်ပြီး သူတို့ရဲ့ model အသစ်ကို FLUX.1 Kontext [pro] လို့ ခေါ်ပါတယ်။

ဒါဟာ Adobe ရဲ့ AI မဟာဗျူဟာအတွက် ထူးခြားတဲ့ တိုးချဲ့မှုတစ်ခု ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ အရင်က Adobe ဟာ သူတို့ကိုယ်တိုင် တည်ဆောက်ထားတဲ့ model တွေပေါ်မှာပဲ အဓိက အားကိုးခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ Photoshop သုံးတဲ့သူတွေဟာ Nano Banana ကိုသုံးပြီး စိတ်ကူးယဉ်ဆန်တဲ့ နောက်ခံဒီဇိုင်းတွေကို ဖန်တီးနိုင်ပါပြီ။ ပြီးတော့ FLUX.1 ကိုသုံးပြီး လက်တွေ့ကျတဲ့ အရိပ်တွေနဲ့ ပြန်လည်မွမ်းမံနိုင်သလို၊ Firefly ကိုသုံးပြီး အပြီးသတ် ပြင်ဆင်တာတွေကို Generative Fill feature တစ်ခုတည်းမှာပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Adobe ဟာ Photoshop ကို AI model မျိုးစုံ အသုံးနိုင်တဲ့ နေရာတစ်ခု အဖြစ် ဖန်တီးနေတာ ဖြစ်ပါတယ်။
Nano Banana နဲ့ FLUX တို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အားသာချက်တွေ ရှိနေပါတယ်။ Google ရဲ့ model ကတော့ စာသားကနေတစ်ဆင့် ဖန်တီးတဲ့ ဒီဇိုင်းပိုင်းလှပမှုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေအတွက် လူသိများပါတယ်။ တစ်ချိန်တည်းမှာပဲ Black Forest Labs ကတော့ သူတို့ရဲ့ model ဟာ ပိုပြီး လက်တွေ့ကျပြီး တစ်သားတည်းကျတဲ့ ပုံတွေအတွက် အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
Ref : Tech Radar
The post Photoshop မှာ Google Nano Banana AI သုံးနိုင်ပြီ appeared first on MyTech Myanmar.
Comments
Post a Comment