ကမ္ဘာ့ ပထမဆုံး AI ဝန်ကြီး ကိုယ်ဝန်ရှိလာပြီး ကလေး ၈၃ ယာက် မွေးဖွားမည်

အယ်လ်ဘေးနီးယားနိုင်ငံ ဝန်ကြီးချုပ် အက်ဒီ ရာမာက ကမ္ဘာ့ပထမဆုံး AI ဝန်ကြီး ဒိုင်လာဟာ “ကိုယ်ဝန်ရှိနေ” ပြီး ဒစ်ဂျစ်တယ် သားသမီး ၈၃ ယောက်ကို “မွေးဖွား” ပေးတော့မှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် တစ်ကမ္ဘာလုံး အံ့အားသင့်သွားခဲ့ကြပါတယ်။

Albania appoints world's first AI government minister to tackle corruption - BLiTZ

ဘာလင်မြို့မှာ ကျင်းပတဲ့ Global Dialogue မှာ သူက ကြေညာခဲ့တာဖြစ်ပြီး နည်းပညာလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။

အဲဒီနှစ်အစောပိုင်းမှာ အယ်လ်ဘေးနီးယား နိုင်ငံက ကမ္ဘာ့ ပထမဆုံး AI ဝန်ကြီး ဒိုင်လာကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။  သူမရဲ့ “ကလေးတွေ” ဟာ ပြည်သူ့အုပ်ချုပ်ရေးကို ခေတ်မီစေဖို့၊ ဆုံးဖြတ်ချက်ချတာကို ချောမွေ့စေဖို့နဲ့ အယ်လ်ဘေးနီးယားကို AI အုပ်ချုပ်မှုမှာ ကမ္ဘာ့ခေါင်းဆောင်အဖြစ် ရပ်တည်နိုင်ဖို့  ဒီဇိုင်းထုတ်ထားတာ ဖြစ်နိုင်ပါတယ်။ AI-နည်းပညာနဲ့ ဥပဒေ အသစ်တွေကို ပြဌာန်းဖို့ ရည်ရွယ်ထားပါတယ်။

Meet Diella, the Albanian AI minister who is 'pregnant' with 83 digital assistants - The Tribune

အဲဒီဒစ်ဂျစ်တယ် သားသမီးတွေဟာ ပါလီမန်မှာရှိတဲ့ အယ်လ်ဘေးနီးယား ဆိုရှယ်လစ်ပါတီ အဖွဲ့ဝင်တွေအတွက် virtual assistants တွေအဖြစ် ဆောင်ရွက်မယ့်အကြောင်း ရာမာ က ရှင်းပြခဲ့ပါတယ်။

ဒီနေရာမှာ ဒိုင်လာ ဆိုတာ ဘယ်သူလဲဆိုတာ မသိသေးသူတွေအတွက် ပြောပြချင်ပါတယ်။ အယ်လ်ဘေးနီးယား အစိုးရဟာ အဂတိလိုက်စားမှု ပပျောက်စေဖို့ အတွက် ဒိုင်လာကို ဒီနှစ်အစောပိုင်းက မိတ်ဆက်ခဲ့ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ကန်ထရိုက်တာတွေကြား စာချုပ်တွေနဲ့ တင်ဒါတွေကို ကြီးကြပ်ဖို့ တာဝန်ရှိတဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒိုင်လာဟာ လူတွေရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်တဲ့ ဘက်မလိုက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ algorithms တွေနဲ့ ဒေတာ-မောင်းနှင်တဲ့ ယုတ္တိဗေဒကို အသုံးပြုပါတယ်။

Ref : Times of India

The post ကမ္ဘာ့ ပထမဆုံး AI ဝန်ကြီး ကိုယ်ဝန်ရှိလာပြီး ကလေး ၈၃ ယာက် မွေးဖွားမည် appeared first on MyTech Myanmar.

Comments